Chapter 39(Unicode)

14.6K 2K 138
                                    

လီရှော့ မျက်နှာကို ရေအေးတို့ဖြင့်ပက်ဖျန်းပစ်ကာ မှန်ထဲကသူ့ကိုယ်သူကြည့်ရင်း တစ်ဖြည်းဖြည်း စိတ်ငြိမ်လာသည်။

ဤနေရာမှာ စိတ်တိုနေ၍လည်း သူ့အတွက်က အသုံးမဝင်ပေ။ခုချိန်မှာအရေးကြီးဆုံးက ကျောက်ကျင်ရှင်းအားစိတ်ဆိုးအောင်လုပ်မိသော အကျိုးဆက်များကို ဟန်ဖေးယဲ့အား ခံစားခွင့်မပြုနိုင်ခြင်းပင်ဖြစ်သည်။

သူ တီရှုးတစ်ရွက်ဆွဲယူကာ မျက်နှာနှင့်ဆံစအဖျားနားကရေတွေကိုသုတ်ပစ်လိုက်ရင်း သန့်စင်ခန်းထဲကလှည့်ထွက်လာခဲ့လိုက်သည်။

ကျောက်ကျင်ရှင်းက သူ့ဘေးနားမှာလာပြန်ထိုင်သည့် လီရှော့ကိုကြည့်ရင်းပြုံးလေသည်။

လီရှော့သည် သူ့လက်ချောင်းများကိုယှက်သွယ်ကာ ဒူးပေါ်တင်လိုက်၍ အရှေ့က ဖလက်တီဗွီ၏ဖန်သားပြင်ကိုကြည့်ရင်း ခပ်ဖြည်းဖြည်းမေးလိုက်သည်။

"မင်းလိုချင်တာ ဘာလဲ"

"ကျွန်တော်က ခင်ဗျားကောင်းဖို့လုပ်ခဲ့တာ"

ကျောက်ကျင်ရှင်းက စိတ်အေးလက်အေးသံဖြင့်ဆိုသည်။

လီရှော့ လေးနက်စွာဖြင့်ပြောလိုက်သည်။

"မင်း တကယ်ပဲကိုယ်ကောင်းဖို့အတွက်ဆိုရင် ကိုယ်နဲ့ကိုယ့်ရွေးချယ်မှုကိုမင်းလေးစားသင့်တယ်။ဒီနည်းလမ်းမျိုးနဲ့တစ်ယောက်ယောက်ကိုစမ်းသပ်တာမျိုး ကိုယ်မလိုဘူး။ဒါက သိပ်လွန်လွန်းအားကြီးတယ်"

"ဟန်ဖေးယဲ့က ဒီတစ်ခါဘာကိုရွေးမလဲဆိုတာ ခင်ဗျားတကယ်မသိချင်ဘူးလား"

"မသိချင်ဘူး။ဒါက အဖြေမှန်တစ်မျိုးကိုရွေးပေးရတဲ့မေးခွန်းပုံစံလည်းမဟုတ်ဘူး။ အလုပ်နဲ့အချစ်ရေးကြားမှာရွေးချယ်အောင် သူ့ကိုဖိအားပေးဖို့အတွက် ဘယ်သူ့မှာမှ အရည်အချင်းမပြည့်မှီဘူး"

"ဒါဖြင့် ကျွန်တော် သိချင်တာလို့သဘောထားလိုက်လေ"

ကျောက်ကျင်ရှင်းက သွားပေါ်အောင်ပြုံးလိုက်သည်။

"မင်း ဒီလိုတွေလုပ်နေတာ ဘာအဓိပ္ပါယ်လဲ။ ဒါက မင်းအပေါ်အထင်သေးသွားစေဖို့ပဲ ဖြစ်နေမှာကွ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now