Chapter 46(Zawgyi)

2.1K 358 80
                                    

ကျောက်ကျင်ရှင်းသည် အရုပ်တစ်ရုပ်ကိုင်ထားသော ကလေးတစ်ယောက်အလား လီရှော့အား လက်မောင်းကြားမှာပွေ့ထားကာ နှင်းဆီပွင့်ဖတ်များကြားတွင် လူးလှိမ့်လိုက်သည်။ လီရှော့သည် သူ့ကြောင့် တစ်ဖြည်းဖြည်းရွှင်မြူးလာရင်း ကူကယ်ရာမဲ့စွာ ဆိုလိုက်ရသည်။

"ဟုတ်ပါပြီ။ မင်းကိုယ့်အိမ်ထဲမှာ နှင်းဆီပွင့်ဖတ်တွေအများကြီး ကြဲထားတာနော်။ မင်း သန့်ရှင်းရေးပြန်လုပ်ပေးရမယ်"

"မပူပါနဲ့"

ကျောက်ကျင်ရှင်းက သူ့မျက်နှာအား ချစ်မြတ်နိုးစွာနမ်းရှိုက်လိုက်ရင်း

"ကျွန်တော်တို့ ခုထိ နှင်းဆီပင်လယ်ပြင်ကြီးထဲမှာ ချစ်တင်းမနှောဖူးသေးဘူးလေ"

လီရှော့ သူ့ခေါင်းကိုတွန်းဖယ်ပစ်လိုက်ရင်း

"တစ်နေကုန်ချစ်တင်းနှောဖို့အကြောင်းချည်း တွေးမနေစမ်းနဲ့"

ကျောက်ကျင်ရှင်းက တစ်ဟီးဟီးရယ်လိုက်ရင်းဆိုလာသည်။

"ခင်ဗျားကိုမြင်နေရရင် မနေနိုင်ဘူးဗျ။ ကျွန်တော့်ကိုတစ်နေကုန်ဆွဲဆောင်ဖို့ ခင်ဗျားလေးကို ဘယ်သူပြောတုန်း"

လီရှော့မှာ စိတ်လည်းဆိုးသွားသလို တစ်ချိန်တည်းမှာ သဘောတကျလည်းဖြစ်ရသည်။

"ကိုယ်မင်းကိုဘယ်မှာဆွဲဆောင်လို့လဲ။ အခု ကိုယ်မှမူးမနေပဲနဲ့"

"ကျွန်တော်ရှေ့မှာ ရပ်နေတာကလည်း ဆွဲဆောင်နေတာပဲ"

ကျောက်ကျင်ရှင်းက နှုတ်ခမ်းစူလိုက်ရင်း

"လီရှုရှုက သိပ်ဆိုးတာပဲ။ ဆွဲဆောင်ပြီးတော့ တာဝန်လည်းမယူဘူး"

"လာနောက်မနေနဲ့တော့"

လီရှော့က နဖူးပေါ်လက်တင်လိုက်သည်။ ခုထိ တိမ်တွေမြူတွေကြားက စိတ်ကူးယဉ်ဆန်သည့်ခံစားချက်လိုမျိုး ရှိနေဆဲပင်။

"ကိုယ် ခေါင်းကိုက်တယ်"

"ကျွန်တော် နှိပ်ပေးမယ်"

ကျောက်ကျင်ရှင်းက လီရှော့၏ မျက်ရိုးနှင့် နားထင်တို့ကို အားအသင့်အတင့်ဖြင့် ပွတ်သပ်နှိပ်နယ်ပေးကာ ညင်သာစွာဖြင့်လေမှုတ်ပေးလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora