Translator- a_tar13
Thanks atar❤️
ကျောက်ကျင်ရှင်းက သူ့ကို အဓိပ္ပာယ်ပါပါလှမ်းကြည့်ပြီးမှ ချစ်စရာကောင်းပြီး နူးညံ့တဲ့အပြုံးတစ်ပွင့်ကို လှစ်ဟပြလေသည်။
"အန်ကယ်လီတို့လင်မယားနဲ့ မတွေ့တာတောင် အတော်ကြာပြီနော်...အခုချိန်ထိအန်တီလီက ငယ်ရွယ်နုပျိုပြီးလှနေတုန်းပါလား..."
ထိုစကားကြောင့် မစ္စလီကမျက်လုံးထောင့်စွန်းတွေ တွန့်ကုန်သည်အထိ ရယ်လိုက်လေသည်။
"ကျင်ရှင်းတို့များ အရွယ်ရောက်လာတာတောင် စကားချိုချိုလေးတွေပြောတဲ့အကျင့်က မပျောက်သေးဘူး..."
ကျောက်ကျင်ရှင်းအကြည့်တို့က လီရှေ့အပေါ် ကျရောက်လာပြီးမှ ပျော်ရွင်သွားဟန်ဖြင့် ဆိုသည်။
"ဒါအစ်ကိုကြီးလား...အတော်ခန့်တာပဲ..."
"တွေ့ရတာဝမ်းသာပါတယ်..."
လီရှော့သည်ကျောက်ကျင်ရှင်းကိုခေါင်းအသာဆတ်ပြရင်း နှစ်ယောက်ကြားဘာကိစ္စမှမရှိဖူးတဲ့ ပထမဆုံးအကြိမ်တွေ့ဖူးသူတွေလိုနှုတ်ဆက်လိုက်လေသည်။
"အန်ကယ်ကျောက်နဲ့အန်တီကျောက်တို့ရော
နေကောင်းကြတယ်မလား...""အိုက်ယိုး...ဘယ်လိုတောင်အရည်အချင်း
ရှိလိုက်မဲ့လူကြီးဖြစ်နေပြီလဲ..."ကျောက်ရုန်ထျန်းက လီရှော့ကိုအသာအကဲခတ်ရင်း စကားဆက်ပြောလေသည်။
"နောက်ဆုံးအကြိမ် အန်ကယ်နဲ့မင်းတွေ့တုန်းက မင်းကလေးပဲရှိသေးတယ်..."
မစ္စလီကကျောက်ရုန်းထန်စကားကိုထောက်ခံပြောဆိုပါ၏။
"ဟုတ်တာပေါ့...အဲ့တုန်းက ကျင်ရှင်းတောင်
လေးဘက်သွားတုန်းပဲရှိသေးတယ်...မျက်စိ
တစ်မှိတ်အတွင်းမှာပဲ ငါတို့ကလေးတွေက
အရွယ်ရောက်လာပြီး ငါတို့ကတော့အိုမင်း
ကုန်ပြီ...""ကိုယ်တွေမိသားစုနှစ်စုဆုံဖြစ်တိုင်း ကျင်ရှင်း
မရှိတာနဲ့ လီရှော့မလာနိုင်တာနဲ့ ဘယ်တုန်းကမှ လူမစုံခဲ့ဖူးဘူး...ဒါပထမဆုံးအကြိမ်
ခြောက်ယောက်အတူတူဆုံဖူးတာပဲ...လာလေ။ အိမ်ထဲအမြန်ဝင်ကြ...အထဲရောက်မှ
စကားအေးဆေးဆက်ပြောတာပေါ့..."
VOCÊ ESTÁ LENDO
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...