Chapter 88(Uni+ Zawgyi)

20.5K 2.4K 568
                                    

Unicode

လီရှော့ကတော့ မျက်နှာပျက်စရာကောင်းသည်ဟု ခံစားမိတာကြောင့် နောက်ဆုံးမှာ ကျောက်ကျင်ရှင်း၏ လက်ထဲကနေ အတင်းအကြပ်ဆွဲခွာရတော့သည်။

သို့သော်လည်း ကော်ဖီဆိုင်ထဲက အတော်များများကတော့ သူတို့ကို သတိပြုမိသွားကြချေပြီဖြစ်၏။ နှစ်ယောက်စလုံးဟာ ရုပ်ရည်သွင်ပြင်ပိုင်းမှာ အလွန်အမင်း ပေါ်လွန်ထင်ရှားသူများဖြစ်သည့်အပြင် ဒွိဟဖြစ်စေဖွယ်ရာ လှုပ်ရှားမှုများကြောင့် လူတွေကို စောင်းငဲ့မကြည့်စေဖို့ဆိုသည်မှာ ရှောင်လွှဲမရသောအရာပါပင်။

သူတို့နှစ်ယောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကြချိန်မှာ ချန်ဝမ်ဝူ၏ မျက်လုံးတွေကလည်း အနည်းငယ် သိလိုစိတ်တွေဖြစ်လာလေ၏။

လီရှော့က အားတုံ့အားနာ စကားဆိုလိုက်သည်။

"စိတ်မရှိပါနဲ့ဗျာ။ ဆေးရုံသွားပြနေရလို့ နည်းနည်းနောက်ကျသွားတယ်"

"ကိစ္စမရှိပါဘူးဗျာ"

ချန်ဝမ်ဝူ၏ မျက်လုံးတို့ကတော့ ကျောက်ကျင်ရှင်းအပေါ်တွင်သာ ကျရောက်နေလျက်သား။

"ဒါဘယ်သူလဲဗျ"

"ဪ ...သူက ပေကျင်းရုံးခွဲက အန်းနန် Group ရဲ့အမှုဆောင်ဥက္ကဋ္ဌ ကျောက်ကျင်ရှင်းလေ။ ကျင်ရှင်း..ဒါက မစ္စတာချန်တဲ့ "

"မင်္ဂလာပါ မစ္စတာချန်...ကျွန်တော်က သူ့ချစ်သူကောင်လေးပါ"

ကျောက်ကျင်ရှင်းက ပြုံးလိုက်ရင်း လက်တစ်ဖက်ဆန့်ထုတ်ပေးလိုက်၏။

"အယ်.."

ချန်ဝမ်ဝူက ခဏမျှကြက်သေ သေသွားပြီးမှ တဟားဟားရယ်လာတော့သည်။

"မင်္ဂလာပါ မင်္ဂလာပါဗျာ"

လီရှော့က မျက်နှာတစ်ချက်မပျက် ပြုံးလို့သာနေရင်း ကျောက်ကျင်ရှင်း၏ ပေါင်ကို တိတ်တိတ်လေး ခိုးဆိတ်ဆွဲပစ်လိုက်သည်။

ချန်ဝမ်ဝူက ကိုယ်ရေးရာဇဝင်တချို့ကိုယူလာသည်။ အနည်းငယ်က သူနှင့် အဆက်အသွယ်ရှိသော ထူးချွန်လူငယ်များဖြစ်ပြီး အနည်းငယ်ကတော့ သူ့ကျောင်းသားများဖြစ်သည်။ လီရှော့က အကြမ်းဖျင်း လှန်လှောကြည့်လိုက်သည်။ အရည်အချင်းတွေဟာဖြင့် အတော် မဆိုးလှချေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now