ကျောက်ကျင်ရှင်းတစ်ယောက် မနက်စာကိုယူ၍အိပ်ခန်းထဲ ပြန်လာခဲ့ပေမယ့် လီရှော့ကတော့ အိပ်ရာထဲမယ်မရှိတော့။ရေချိုးခန်းထဲကရေကျသံတွေကိုတော့ကြားလိုက်ရသည်။
သူသည် မနက်စာလင်ဗန်းကို အောက်ချကာ ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ ရေနွေးငွေ့တွေကြားထဲက သူမြင်လိုက်ရသည်က သူ့အားကျောခိုင်းထားသော လီရှော့ရဲ့နောက်ပိုင်းခန္ဓာကိုယ်ကိုပါပင်။ ပခုံးပြင်၊ ခါးသွယ်သွယ်၊ တင်ပါးတို့နှင့် ခြေအစုံတို့မှာ လှပမှုနှင့်ခွန်အားတို့ကရှိနေသည်။ရေကြောင့်စွတ်စိုနေသော အသားအရေတို့က ဖျော့တော့တဲ့နီမြန်းတောက်ပမှုတွေကို လွှင့်ထုတ်လျက်သား။
နောက်ကျောပြင်ပေါ်က ရမ္မက်နိုးကြွဖွယ်ရာ အရိပ်အယောင်တို့က ကျောက်ကျင်ရှင်းရဲ့နှလုံးသားအား ကဆုန်ပေါက်ပြေးနေတဲ့မြင်းတစ်ကောင်အလားဖြစ်စေ၏။အနည်းငယ်ကောက်ကွေးနေတဲ့ဆံနွယ်ထိပ်ဖျားတို့နဲ့ပန်းရောင်သမ်းနေတဲ့ခြေဖနောင့်တို့ကပင် အပြင်းထန်ဆုံးသော ဖြားယောင်းမှုတစ်ရပ်အလား အဓိပ္ပါယ်ဖွင့်လို့ရနေပါ၏။
ကျောက်ကျင်ရှင်းသူ့နှုတ်ခမ်းသူ ကိုက်မိသည်။ သူ့မျက်ဝန်းတို့ကတော့နက်ရှိုင်းလာကာ လိုအင်ဆန္ဒတို့က ဖုံးကွယ်ထားခြင်းမရှိတော့။
လီရှော့ကသူ့နောက်က တစ်စုံတစ်ရာကိုသတိပြုမိသွားသည်မို့ ရုတ်ချည်းပင် နောက်လှည့်ကြည့်လိုက်သည်။ ကျောက်ကျင်ရှင်းမျက်လုံးတွေထဲက အလိုဆန္ဒတွေကတော့ ဖုံးကွယ်ထားဖို့ရာ သိပ်ကိုနောက်ကျသွားပြီဖြစ်သည်မို့ လက်ပူးလက်ကြပ်အမိခံလိုက်ရတော့သည်။
နှစ်ဦးသားကြက်သေသေနေရာမှ ကျောက်ကျင်ရှင်းက ခပ်ဖွဖွချောင်းဟန့်ရင်း ရှက်ရွံ့မှုကိုဖုံးကွယ်လိုက်ရသည်။
လီရှော့ကပြုံးရင်း
"ချောင်းကြည့်တယ်ပေါ့လေ ဟမ့်"
"ချောင်းမကြည့်ပါဘူး"
ကျောက်ကျင်ရှင်းက မျက်တောင်မခပ်စိုက်ကြည့်ရင်းပင်။
"ကျွန်တော်က ပေါ်တင်ကြည့်တာ"
လီရှော့ကရေပန်းကိုပိတ်ရင်း သဘတ်တစ်ထည်ယူလိုက်ကာ တစ်ဖြည်းဖြည်းလှည့်လာလိုက်သည်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...