ကျယ်လောင်သော ဆူညံသံနှင့်အတူ ပြင်းထန်လှသည့်တုန်ခါမှုပါ ဖြစ်ပေါ်လာ၏။ထိုတဒင်္ဂမှာ လီရှော့နှလုံးသားသည် သွေးရူးသွေးတန်း ခုန်ပေါက်သွားကာ သူ့ဦးရေပြားတွေက ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ ၄တန်မျှလေးသည့် SUV ကားကြီးကတော့ ကစားစရာအရုပ်တစ်ခုအလား လှုပ်ခါယိမ်းထိုးသွား၏။ သူသည် ဖုန်းကိုလွှတ်ချကာ မသိလိုက်စွာပင် ဒရိုက်ဘာရဲ့ခုံအနောက်ဘက်ကို ဆုပ်ကိုင်ထား၍ ခန္ဓာကိုယ် တည်ငြိမ်သွားရုံမျှ အနိုင်နိုင် ထိန်းလိုက်ရသည်။
ဘာတွေ ဖြစ်သွားတာလဲ!။
လီရှော့ ထိတ်လန့်တုန်ယင်သွားကာ ပေါက်ကွဲသံထွက်ပေါ်ရာဆီ လှည့်ကြည့်လိုက်သည်။သူတို့ရဲ့အနောက်ဘက် မီတာတစ်ရာမျှဝေးသည့်နေရာတွင်တော့ မီးညွှန့်တို့က လေထဲသို့ တစ်လူလူထိုးထွက်နေကာ မီးခိုးငွေ့တို့က တစ်လိပ်လိပ် ဖြစ်နေလေသည်။ ကားဟွန်းသံတို့ကလည်း ဆူညံပြင်းထန်နေလျှက်။ လမ်းမပေါ်က လူတွေကလည်း ကြောက်မက်ဖွယ်ရာ မီးလျှံတွေနဲ့ဝေးရာဆီ ထွက်ပြေးနေကြ၏။ များစွာသော လူတွေရဲ့ "ဗုံးပေါက်တာ!" ဟူသော အလန့်တကြားအော်ဟစ်သံတို့ကိုလည်း သူကြားလိုက်ရသည်။
"ဆရာ!"
အန်ကယ်ကွမ်းက အလန့်တကြားအော်လိုက်တော့၏။
လီရှော့ သူ့ခေါင်းကို ဆတ်ခနဲ ပြန်လှည့်ကြည့်လိုက်သည်။ သူ့ဖခင်မှာ ယဉ်မောင်းဘေးက ထိုင်ခုံမှာ မှီရင်း လက်တစ်ဖက်က ရင်ဘတ်ကိုဖိထားနေရသည်ကို မြင်လိုက်ရလေသည်။ သူ့ဖခင်မျက်နှာမှာ ဖြူလျှော်နေကာ မျက်လုံးတွေကလည်း ပြူးကျယ်၍ ချာချာလည်နေသည်။ တစ်ကိုယ်လုံးကလည်း တုန်ယင်နေ၏။
လီရှော့ အလန့်တကြား ဖြစ်သွားရသည်။
"ဖေဖေ.."
တစ်ခြားတစ်ဖက်တွင်လည်း အန်းနန်Groupရှိရုံးခန်းတွင် ကျောက်ကျင်ရှင်းသည် ကျယ်လောင်လှသည့်ဆူညံသံကို ပြတင်းပေါက်ကနေ ကြားလိုက်ရသလို တစ်ချိန်တည်းမှာပင် သူ့ရဲ့ဖုန်းထဲကပါ ကြားလိုက်ရသည်။ သူ တောင့်ခဲသွားတော့၏။
ရှေ့နေဖြစ်သူက ရုတ်တရပ်ပင် မတ်တပ်ထရပ်ကာ ပြတင်းပေါက်ရှိရာဆီ အပြေးသွား၍ အော်ဟစ်လိုက်လေသည်။
![](https://img.wattpad.com/cover/228735036-288-k595811.jpg)
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...