Chapter 8.2 (Unicode)

16.7K 2.4K 64
                                    

Translator : a_tar13

ကုန်းနေရာမှ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ပြီးနောက် လီရှော့သည်နာရီအနည်းငယ်ကြာပြီးမှ ဆက်သွယ်မည့်အကြောင်း ရှန်းနဉ်ထံ စာလှမ်းပို့ပြီးနောက် ဖုန်းကို စက်ပိတ်ထားလိုက်သည်။

ယခု ဖြစ်နေသည့် အခြေအနေတို့ကဖြင့် လီရှော့အတွက် လုံးဝထွက်ပေါက်မရှိပါပေ။စုံစမ်းစစ်ဆေးရေးဖက်က လီရှော့ကိုစွဲချက်တင်ဖို့ အမှုဖန်တီးပေမယ့် ခိုင်လုံတဲ့သက်သေအထောက် အထားမရှိသေးသဖြင့် ဖမ်းဝရမ်းကတော့ဖြင့် မကျသေး။သို့သော်လည်း လီရှော့ရဲ့ ရှေ့နေကတော့ အနှေးနဲ့အမြန် သူတို့ဘက်မှာ သက်သေတစ်ခုရတော့မှာဖြစ်သည့်အတွက် အိုဗာစီးတွင် ခေတ္တခဏရှောင်နေရမည်ဖြစ်ကြောင်း အသေအချာပြောထား၏။

လီရှော့သည် ကိုယ့်ဟာကိုယ်လဲ စိတ်ပူတာမှန်ပေသော်ငြား ကျန်နေခဲ့သည့် လီချန်းရှို့အတွက်ကိုလဲ ထပ်တူ ထပ်မျှပူလောင်နေမိသည်။ပြီးခဲ့တဲ့နှစ်ရက်အတွင်းကြုံခဲ့ရသည့် ကိစ္စတွေအပေါ်အခြေခံလို့ လီရှော့ကြိုသိနေတာတစ်ခုကဖြင့် ရှောက်ချွမ်သည်
သူ့ကိုအတည်တိုက်ခိုက်ဖို့စိတ်ကူးမရှိဘူး ဆိုတာပင်။ထို့အပြင် ရှောက်ချွမ်တွင် လုံလောက်တဲ့သက်သေမရှိဘူးဆိုတာပါ လီရှော့ရိပ်မိထားသည်။ သို့သော် ဒီလိုလုပ်ခြင်းအားဖြင့်တော့ သူ့ကိုတရုတ်ကိုပြန်မလာအောင် တားဆီးနိုင်ထားပေသည်။ ထိုသို့ မပြန်နိုင်သေးပဲ ကမ္ဘာတစ်ဖက်ခြမ်းမှာ သောင်တင်နေသ၍ လီချန်းရှို့ကို သူထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ လမ်းသိပ်မမြင်ပါချေ။

မနက်ဖြန်ဆိုလျှင်တော့ လီရှော့လက်ထောက်က လီချန်းရှို့ကို ဟိုတယ်တစ်ခုဆီ ယာယီပို့ထားပေးလိမ့်မည်။ရွေးချယ်ထားသည့် နေရာက အတော်အသင့်လုံခြုံပြီး အချိန်တစ်ခုအထိတော့ ရှောက်ချွမ်ရန်မှ လွတ်အောင် လီချန်းရှို့ကို ဖွက်ထားပေးနိုင်သည်။နိုင်ငံခြားသံရုံးနဲ့ ရင်းနှီးတဲ့အခံကို သုံးပြီး အားချင်းဗီဇာတစ်ခုလည်း လျှောက်ထားပေးသည်မို့ သုံးရက်အတွင်းရမည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ လီချန်းရှို့တစ်ယောက် သူ့မျက်စိရှေ့ရောက်လာပြီဆိုသည်နှင့်
တစ်ပူအေးပြီဖြစ်၍ စိတ်ချလက်ချကာကွယ်နိုင်မည်ဖြစ်ပေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now