သူက သိချင်စိတ်ဖြင့် စာကိုဖွင့်ကြည့်လိုက်တော့ Screenပေါ်မှာ ပေါ်လာသည်က အဝတ်မပါတဲ့ ရင်အုပ်တစ်စုံပါပင်။ ပုံက လည်ပင်းအောက်နဲ့ ခါးအထက်ပိုင်းကြားက ခန္ဓာကိုယ်ကိုသာ ရိုက်ပြထားသည်။ ထိုလူ့ ပုံက ခုမှရေချိုးပြီးစပုံပင်။ တောက်ပချောမွေ့သော အသားရေပေါ်တွင်ကား ရေစက်တို့က တွဲလဲခိုလျက်။
ဤခန္ဓာကိုယ်က တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပင်။ ရင်အုပ်ကြွက်သားတို့က ကျစ်လစ်ပြီးတောင့်တင်းမည့်ဟန်။ ရှစ်မြှောင်းသော ဝမ်းဗိုက် ကြွက်သားတို့ကလည်း ကျောက်တုံးကျောက်ခဲတွေအလား အဖုဖုအထစ်အထစ်နဲ့ ဖော်ပြလို့နေသည်။ဝမ်းဗိုက်သားအောက်က V Lines တွေကလည်း ခါးသိမ်သိမ် ကို အသားပေးဖော်ပြနေသလိုလို။ဓာတ်ပုံအောက်က မမြင်ရတဲ့ အပိုင်းတွေကတော့ ကြည့်တဲ့လူကို စိတ်ကူးဆက်ယဉ်ကြည့်စေဖို့ ဆွဲဆောင်နေသည့်အလားပင်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. လီရှော့ရဲ့ လည်ဇလုတ်က သူတံတွေးမြိုချလိုက်ချိန်မှာ အထက်အောက်ရွှေ့လျားသွားကာ ဓာတ်ပုံကို စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
သူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတိုင်းက သူသဘောကျတဲ့ပုံစံမျိုးက ငယ်ငယ်ရွယ်ရွယ်တက်တက်တက်ကြွကြွနဲ့ နှစ်လိုဖွယ် ကောင်းတာမျိုး ဆိုတာကို သိကြပြီးသားပင်။ အဲ့လို သိမ်မွေ့နုနယ်တဲ့ ကောင်လေးတွေက သူ့အတွက်တော့ ကာကွယ်စောင့်ရှောက်ပေးချင်စိတ်တွေ ဖြစ်ပေါ်စေသည်။
ယောကျာ်းတိုင်းကတော့ ချစ်စရာကောင်းပြီး သိမ်မွေ့တာမျိုးကို သဘောကျကြတာပင်။ကျိုးနွံနာခံတတ်သူဆိုရင်တော့ သဘောအကျဆုံးပေါ့။ ဒါပေမဲ့လည်း အဲဒီယောကျာ်းတွေက မီးလိုရဲရဲတောက်ပြီး ဆက်ဆီကျတဲ့ပုံစံမျိုးကို သဘောမကျတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒီဓာတ်ပုံထဲက တစ်ယောက်လိုပေါ့။တော်တော်လေးကို မျက်စိပသာဒဖြစ်သွားစေတယ်လေ။
![](https://img.wattpad.com/cover/228735036-288-k595811.jpg)
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...