ကျောက်ကျင်ရှင်းသည် သူတို့ပထမဦးဆုံး တွေ့ဆုံစဉ်ကနှင့် အတော်ကြီး ကွာခြားနေပါ၏။သူတို့ပထမဆုံးတွေ့ဆုံစဉ်ကတော့ ထိုသူသည် ပေါ့ပေါ့တန်တန်နဲ့ အလေးအနက်လည်းမရှိခဲ့။ လှပလွန်းတဲ့မြွေပွေးတစ်ကောင်လို တစ်ဖြည်းဖြည်းလည်း ချဉ်းကပ်တတ်သေးသည်မို့ ခပ်တန်းတန်း ခပ်ခွာခွာ နေဖို့သာ သင့်တော်ပါ၏။နောက်ပိုင်းမှ သူသိလာရသည်က ထိုလူသည် ကလူ၏သို့မြူ၏သို့လုပ်ရတာတွေ၊ ပေတိပေကတ်လုပ်ရတာတွေ၊ စနောက်ရတာတွေကို သဘောကျတတ်ကြောင်းပင် ဖြစ်သည်။သို့သော်လည်း ထိုအရာတွေကို အတိုင်းအတာတစ်ခုအတွင်းမှာပင် အမြဲထိန်းချုပ်ထားတတ်လေရာ လူတွေကို မသက်မသာ ဖြစ်စေရလေသည်။
တစ်ခါတစ်လေတော့ အနည်းငယ်ချစ်ဖို့ကောင်းတယ်လို့ ခံစားရသော်လည်း လီရှော့သည် ထိုသူနဲ့ နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံလာရလေ ထိုသူပြသတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် တစ်ဖြည်းဖြည်း စိတ်ရှုပ်ထွေး တွေဝေလာရလေပင်။သူသည် ထိုသူ့ရဲ့ အတ္တဆန်တဲ့နောက်ကွယ်က နူးညံ့သိမ်မွေ့မှုတို့ကိုလည်း မြင်ခဲ့ရပါ၏။
ကျောက်ကျင်ရှင်းအပေါ်မှာထားတဲ့သူ့အမြင်တွေကတော့ တောင်ခြေရဲ့ အောက်ကနေ အပေါ်ကိုတစ်ဟုန်ထိုး မြှင့်တက်သွားပြီပဲ ဖြစ်သည်။ ခုဆို ကျောက်ကျင်ရှင်းရဲ့ စိတ်အားတက်ကြွမှုတွေကို မတုံ့ပြန်နိုင်ခဲ့သည့်အတွက် အနည်းငယ် အပြစ်ရှိသလိုတောင် ခံစားနေရသည်။
ကျောက်ကျင်ရှင်းကလည်း မတ်တပ်ထရပ်လာသည်။
"တရုတ်မှာ ကျွန်တော့်သူငယ်ချင်းတွေ အများကြီးရှိတယ်။ ခင်ဗျားအတွက် သူ့ကိုသေချာပေါက် ကျွန်တော်ရှာပေးမယ်။ ဒီတစ်ခါတော့ ကျွန်တော့်ကို အပြင်လူလို မဆက်ဆံနဲ့တော့။ လူရှာရာမှာ အကူညီရတာက အရေးကြီးဆုံး အရာပဲလေ..ဟုတ်တယ်မလား"
လီရှော့က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတော့ သူက ဖြည်းညှင်းစွာသာ ခေါင်းငြိမ့်ပြလိုက်မိသည်။
"ကျင်ရှင်း...ကျေးဇူးပါပဲ"
"ကိစ္စမရှိပါဘူးဗျာ"
ကျောက်ကျင်ရှင်းက သူ့လက်ညိုးဖြင့် လီရှော့ရဲ့ မေးစေ့အား ဆွဲယူလိုက်ရင်း။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...