သူ့ထပ် ၁၁နှစ်တောင်ငယ်တဲ့ ကောင်စုတ်လေးကများ၊ အမြဲတမ်း လူပါးဝတဲ့အပြုံး ပြုံးနေတတ်တဲ့ကောင်ကများ၊ တကယ်ကြီး သူ့ကို ဖာခ့် ချင်နေတာတဲ့လား။
သူ့စိတ်ထဲမယ်တော့ ကျောက်ကျင်ရှင်းသည် ခပ်ဆိုးဆိုး ကြောင်ရိုင်းလေးသာ။သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံက အနည်းငယ်တော့ ထွားသည်ဆိုသော်ငြား ၊ ဂေးအသိုင်းအဝိုင်းတွင်တော့ လူတစ်ယောက်ရဲ့အရွယ်အစားက topဖြစ်ခြင်း၊ Bottom ဖြစ်ခြင်းနှင့် မသက်ဆိုင်ပါချေ။
ကျောက်ကျင်ရှင်းက နောက်တီးနောက်တောက်လုပ်တတ်သလို ကလူ၏သို့ မြှူ၏သို့ လည်း လုပ်တတ်သည်။ အမြဲလိုပင် သူက လီရှော့အပေါ်မှာ တစ်စုံတစ်ရာကို လုပ်ပစ်ဖို့ စောင့်ဆိုင်းနေတဲ့ပုံပေါက်နေတယ် ဆိုပေမယ့်လည်း သူက တကယ်ကြီးကို..........။
ကြက်သေ သေနေရာက သတိပြန်ဝင်လာသော လီရှော့က မပြုံးပဲ ဝါးလုံးကွဲ ရယ်သည်။
"မင်းရူးနေလား"
တောက်တောက်ပပပြုံးရင်း ကျောက်ကျင်ရှင်းက သူ့ရဲ့တကယ်ကြီးတည်ရှိမနေသော စကပ်စကို လက်နဲ့ခပ်ဖွဖွမကာ ခြေတစ်ဖက်ရှေ့ထုတ်၍ဒူးညွှတ်ကာ ဂါရဝပြုသည့်ဟန်ကို နှစ်လိုဖွယ်ကောင်းစွာ ပြုမူပြ၏။
"ကျွန်တော့်ခေါင်းက အရမ်းကိုကြည်လင်နေပါတယ်ဗျာ"
"ကိုယ့်ကို အဲ့လိုတွေလုပ်ဖို့ စဉ်းစားထားတယ်ဆိုတော့ မင်းကအတော်သတ္တိရှိနေတာကိုး"
လီရှော့သည် ပြက်လုံးကောင်းကောင်းတစ်ခုကို ကြားလိုက်ရသည့်အလား။ ရယ်ချပစ်ချင်စိတ်ကိုထိန်းမရတော့ချေ။ကျောက်ကျင်ရှင်းက တကယ်ပဲသူ့အပေါ် တပ်မက်မှု ရှိနေတယ်ဆိုတာတော့ သူလုံးဝ မယုံပါပေ။တကယ်တော့လည်း ထိုသူဟာ အရင်ကတည်းက စဉ်းစဉ်းစားစား ပြောတတ်သူမှ မဟုတ်ပေသည်ကိုး။
"ကျွန်တော် ခင်ဗျားကိုကြိုက်တယ်။ ခင်ဗျားနဲ့ အိပ်ချင်တယ်လေ။"
ကျောက်ကျင်ရှင်းက လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြကာ အလွန်အမင်းပွင့်လင်းဟန်ဖြင့်။
"ကျွန်တော် မှားလား"
"မမှားပါဘူး။ ဆက်သာ အိမ်မက် မက်နေလိုက်"

YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...