Chapter 26 (Unicode)

16.2K 2.1K 229
                                    

လီရှော့သည် ရှန့်နဉ်ထံမှ တရုတ်သို့ တတ်နိုင်သမျှ အမြန်ဆုံးပြန်လာခဲ့ဖို့ ဆော်သြတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။ ရှန့်နဉ် သူ့ကို ဤသို့ ဆော်သြခြင်းသည် ပထမဆုံးအကြိမ် မဟုတ်တော့ချေ။

တွဲဖက်ဖြစ်သူက ရှန့်နဉ်ကို ဖိအားတွေပေးပြန်ပြီဟုသာ သူခန့်မှန်းကြည့်လိုက်သည်။ သူ တရုတ်ကို ပြန်လာမရနိုင်တဲ့အချိန်အတောတွင်းမှာ ရှန့်နဉ်ကသာ သူ့ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးနေရတာ ဖြစ်သည်။သူ အပြစ်ရှိစိတ် ခံစားရသလို စိုးလည်းစိုးရိမ်ပူပန်လာသည်။ ထို့ကြောင့်ပင် ရှေ့နေကို ထပ်မံခေါ်ကာ စာချုပ်ဖြစ်စဉ်အခြေအနေကို မေးမြန်းလိုက်သည်။ သို့သော်လည်း အဖြေကတော့ သူသည် ကုမ္ပဏီဘောင်အတွင်းက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအချို့ကို ဖြတ်သန်းရဦးမည် ဖြစ်ကြောင်း ဆိုတာပဲ ဖြစ်လေသည်။

ကျောက်ကျင်ရှင်း လှည့်စားနေတယ်ဆိုတာတော့ လီရှော့ ခပ်ရေးရေးမျှ တွေးမိသည်။ အရင်ကတော့ သူသည် ဒီဖြစ်စဉ်တွေကို မကြာခင်မှာပဲ ပြီးပြတ်ကာ အစောဆုံးအနေနဲ့ လာမည့်တနင်္လာနေ့မှာပါ လက်မှတ်ထိုးနိုင်မည်ဟု ဆိုထားခဲ့ဖူးသည်။ သို့သော်လည်း ခုချိန်မှာတော့ ဘယ်ချိန်ထိအချိန်ဆွဲထားမလဲဆိုတာ သူလည်း မသိတော့ပေ။

လီရှော့က တတ်နိုင်သမျှအစောဆုံးပြန်လာပါ့မယ် ဟူ၍သာ ရှန့်နဉ်ကိုချွေးသိပ်ထားလိုက်ရသည်။ ထို့နောက်မှာတော့ ရှေ့နေဖြစ်သူကို လောဆော်ကြည့်သည်။သို့သော်လည်း ထိုရှေ့နေ့မှာ ဒီကိစ္စကို တွန်းအားပေးလှုံ့ဆောင်နိုင်ဖို့ တတ်နိုင်စွမ်းမရှိဘူးဆိုတာ သူကောင်းကောင်းကြီး သိသည်။

သူ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်ရုန်ထျန်းကိုလည်း မနှောင့်ယှက်ချင်ပေ။ ဒီတော့ ကျောက်ကျင်ရှင်းကို ဖုန်းဆက်ဖို့သာ ရှိတော့သည်။ သို့သော်လည်း အတော်ကြာအောင် တုံ့ဆိုင်းနေပြီးသွားတဲ့အထိ သူ ကျောက်ကျင်ရှင်းကို ခေါ်ချင်စိတ်မရှိပေ။ ထို့ကြောင့်ပင် နောက်နှစ်ရက်လောက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ကျောက်ကျင်ရှင်းက ဒီရက်တွေမှာ အားလပ်ချိန်မရှိလှ။ သူက လီရှော့ကိုတော့ အချိန်တိုင်း မက်ဆေ့ခ်ျတွေပို့သည်။ လီရှော့ကတော့ လျစ်လျူရှုထားလိုက်သည်ပင်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now