Unicode
လီရှော့သည် ကျောက်ကျင်ရှင်းတစ်ယောက် လေယာဥ်ပေါ်မှာ ရိုးသားလိမ့်မည်မဟုတ်ကြောင်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် မျက်နှာပျက်ရမည့်အရေးကနေ ကာကွယ်ဖို့ရာ သူဟာ First class တစ်ခုလုံးကို ဝယ်ထားလိုက်တာဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် လေယာဥ်စထွက်၍ သိပ်မကြာခင်မှာပင် ကျောက်ကျင်ရှင်းက စတင်၍နှောင့်ယှက်လာတော့သည်။ လီရှော့လက်မောင်းကိုဖက်ထားကာ ခေါက်တုံ့ခေါက်ပြန်ပွတ်သပ်ရင်း သူ့ကိုနမ်းလိုက်၊ ပွတ်သီးပွတ်သပ်လုပ်လိုက်ဖြင့် ကြောင်တစ်ကောင်အလား လူကပ်နေတော့သည်။
လီရှော့မှာ ကူကယ်ရာမဲ့စွာ ဆိုရတော့သည်။
"ကိုယ်တို့အချိန်အကြာကြီး လေယာဥ်စီးရမှာနော်။တစ်လျှောက်လုံး ဒီလိုမျိုး တို့လိုက်၊ ထိလိုက်နဲ့ ကယုကယင်တွေလုပ်နေမှာလား"
"မရဘူးလား"
ကျောက်ကျင်ရှင်းက အပြုံးနှင့်ဆိုသည်။
"ကိုဟ်တို့တွေ စကားပြောမလား၊ ချက်စ်ကစားကြမလား"
"ဟင့်အင်း ခင်ဗျားကိုကြည့်နေရတာက ပိုပျော်ဖို့ကောင်းတယ်"
လီရှော့မှာ ရယ်ရမလို ငိုရမလိုပင်။
"ဒါဆို ကိုယ် မင်းကိုစာအုပ်ဖတ်ပြမယ် မကောင်းဘူးလား"
"ဟင့်အင်း"
ကျောက်ကျင်ရှင်းက ခေါင်းခါပြသည်။
"ကျွန်တော်တို့နှစ်ယောက်က လေယာဥ်နဲ့ တကယ့်ကို ရေစက်ပါတယ်နော်။ နယူးယောက်ကနေ ပေကျင်းကို အတူခရီးထွက်ရတာ ဘယ်အကြိမ်တွေရှိပြီလဲ"
"အကြိမ်ရေအများကြီးပဲ"
ဒါကိုတွေးမိတော့ လီရှော့သည် မနေနိုင်စွာပင် ခံစားချက်တို့ဖြင့် သက်ပြင်းရှိုက်မိသွားရသည်။သူတို့နှစ်ယောက်ကြားက ပထမဆုံးတွေ့ဆုံမှုမြင်ကွင်းကို သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။ယင်းက သူ့ဘဝမှာတော့ တကယ့်ကို အထူးခြားဆုံးနေ့ရက်လေးပင်ဖြစ်ပေသည်။
"တကယ်တော့ ဒီလောက်အကြိမ်ရေအများကြီး ခေါက်တုံ့ခေါက်ပြန်သွားနေတာတောင် ကျွန်တော့်မှာ မပြည့်ဝသေးတဲ့ ဆန္ဒတစ်ခု အမြဲရှိနေတယ်"

YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...