Unicode
တချို့ကိစ္စများဟာ အချိန်ကြာကြာဖိနှိပ်ထားလေ၊ လွှတ်ပေးလိုက်ချိန်မှာ ပိုမိုစိတ်အားထက်သန်လာလေပင်။ လိုအင်ဆန္ဒများဟာလည်း ဤနှယ်ပင်၊ ခံစားချက်များဟာလည်း ဤနှယ်ပင် ဖြစ်ချေသည်။
လီရှော့သည် ကျောက်ကျင်ရှင်း၏ လက်ကို ထိမှာစိုး၍ သူ့လှုပ်ရှားမှုတွေက အနည်းငယ်မရဲတရဲဖြစ်နေပေမဲ့လည်း ကျောက်ကျင်ရှင်းကတော့ စိတ်ပူပန်ခြင်းမရှိပါဘဲ အရူးအမူး နမ်းရှိုက်ကာ ညင်သာစွာ ပွတ်သပ်၍ စိတ်အားထက်သန်မှုအပြည့်၊ အာရုံစူးစိုက်မှုအပြည့်နှင့်အတူ လီရှော့ခန္ဓာကိုယ်က အရေပြားတစ်လက်မ,မကျန်၏ အပူချိန်ကို ခံစားလို့နေပေသည်။
ခံစားချက်တို့ဟာ တဖြည်းဖြည်း ထိန်းချုပ်မှုလွတ်လာကာ ပြင်းထန်လာသည်။ ညဥ့်နက်နေသောညမဟူရာသည် လွန်စွာ တိတ်ဆိတ်နေကာ တစ်ဖက်လူ၏ အသက်ရှုသံက သူ၏ နှလုံးခုန်နှုန်းနှင့် ဆက်နွယ်နေသကဲ့သို့ ဆောင့်ချက်တိုင်းသည် စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးကို သွားထိလေ၏။ယင်းက ကမ္ဘာကြီးတစ်ခုလုံးမှာ သူတို့နှစ်ယောက်တည်းသာ ကျန်ရှိတော့သည့်အလား။
သို့သော်လည်း အထွတ်အထိပ်ရောက်ခါနီးမှာ ကျောက်ကျင်ရှင်းက သူ့လှုပ်ရှားမှုအကုန်လုံးကို ရပ်တန့်ပစ်လိုက်၏။ သူ့မျက်ဝန်းတွေက ချွေးစိုကာရွှဲနေသည့် ဆံမြိတ်စတို့နောက်မှာ ပုန်းကွယ်နေသည်မို့ အနည်းငယ်နားလည်ရခက်သည့်ပုံပေါက်သွားစေလေသည်။ သူက လီရှော့၏ နီမြန်းနေသော ပါးပြင်ကို ပွတ်သပ်လိုက်ရင်း နူးညံ့စွာ ဆိုလိုက်၏။
"တကယ်တော့ ကျွန်တော့်မှာ သံသယတစ်ခုရှိတယ်"
လီရှော့က ကျောက်ကျင်ရှင်း၏ ကိုယ်ပေါ်မှာ ထိုင်နေခြင်းဖြစ်သည်။ ဤအခိုက်အတန့်မှာ သူသည် ချစ်စိတ်ရမ္မက်တို့ဖြင့် မွှန်ထူနေကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ပုရွက်ဆိတ်တွေကိုက်နေသလိုမျိုး တရွရွဖြစ်ကာ အခုန်မြန်နေသည့် နှလုံးသားဟာလည်း သူ့ရင်ဘတ်ကိုပြင်းထန်စွာဖြင့် နိမ့်ချည်၊မြင့်ချည်ဖြစ်နေစေသည်။ သူ ခန္ဓာကိုယ်ကို မသက်မသာနိုင်စွာ တစ်ချက်တွန့်လိမ်လိုက်ရင်း အံကြိတ်လိုက်၏။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...