Chapter 17 (Unicode)

18.9K 2.4K 335
                                    

တင်းနစ်နဲ့ စကွက်ရ်ှမှာ ကစားတဲ့Methodတွေက တူညီကြတာများသည်။ သို့သော် တကယ်ကစားတဲ့အချိန်ရောက်တော့ ကွာခြားမှုကနည်းနည်းလေးပင်မဟုတ်။ မည်သို့ပင်ဖြစ်စေ ပရိုဖက်ရှင်နယ်ကစားသမားတစ်ယောက်နီးပါးဖြစ်ခဲ့ဖူးသော လီရှော့အတွက်တော့ စကွက်ရ်ှကစားဖို့ တင်းနစ်ကစားနည်းmethodတွေသာ သုံးဖို့ပြင်ထားသည်။ ဤသည်က ရိုးရိုးပီယာနိုတစ်လုံးကိုတီးပြီးချိန်မှာ အီလက်ထရွန်းနစ်ပီယာနိုတစ်လုံးကို တီးရတာမျိုးနှင့်တူသည်။ ထို့ကြောင့်ပင် သူက ယုံကြည်မှုအပြည့်ရှိလေသည်။

လီရှော့က ကျောက်ကျင်ရှင်းထံ ဘောလုံးပစ်ပေးလိုက်သည်။

"လာ serve လုပ်လိုက်"

ကျောက်ကျင်ရှင်းက ဘောလုံးကိုဖမ်းကာ လက်ထဲမှာ နှစ်ခါလောက်မြှောက်ကစားပြီးမှ ရက်ကတ်တံနဲ့ ရိုက်ထုတ်လိုက်သည်။ ဘောလုံးက ပစ်ကွင်းကို အတိအကျသွားမှန်ကာ လျှင်မြန်စွာဖြင့် ပြန်ကန်ထွက်လာလေသည်။

ဒီရိုက်ချက်တစ်ခုတည်းနှင့်ပင် လီရှော့မှာ ကျောက်ကျင်ရှင်းရဲ့ တက္ကနစ်တွေက အလွန်သာမန်ဆန်လွန်းတာကို အတည်ပြုနိုင်သွားသည်။ရိုက်ချက်ထောင့်ကတော့ တော်တော်လေး စိတ်ကျေနပ်စရာကောင်းသလို သူ့အနေနဲ့ receiveလုပ်ဖို့လည်း လွယ်ကူသည်။သို့သော်လည်း ပထမဆုံးဘောလုံးသည်က ပုံမှန်ဆို ပြိုင်ဘက်ကိုရှော့ခ်ရအောင်လုပ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာနည်းလမ်းအနေနဲ့သုံးကြတာမျိုးပင်။ထို့ကြောင့်ပင် ဒါက ကျောက်ကျင်ရှင်းရဲ့ ခွန်အားအမှန်ဖြစ်ဖို့ များလေသည်။

လီရှော့က ရှေ့ကိုခြေလှမ်းတိုးကာ ဘောလုံးကိုပြန်ရိုက်လိုက်သည်။ပြန်ကန်ထွက်လာသော ဘောလုံးက သူ့ဘေးနားကနံရံနဲ့ နီးကပ်သွားသည်။ ကျောက်ကျင်ရှင်းက လျှင်မြန်စွာပင်တုံ့ပြန်ကာ ခြေလှမ်းအနည်းငယ်နှင့်ပင် အကောင်းဆုံးအနေအထားကိုရောက်ရှိသွားသည်။

သို့သော် ဒါသည်က လီရှော့တစ်ယောက် ဘောလုံးကိုပရိယာယ်ဖြင့်ကစားနေခြင်းဖြစ်သည်။ဘောလုံးက ဘေးနံရံနဲ့ အလွန်နီးကပ်နေကာ ပြန်ကန်ထွက်လာချိန်မှာတော့ ကျောက်ကျင်ရှင်းအဖို့ ရက်ကတ်တံကို ဆန့်ထုတ်ဖို့ တော်တော်ခက်ခဲသွားသည်။သူဘောလုံးကို ဖမ်းမိလိုက်သော်လည်း ဘယ်သန်သမားဖြစ်နေသည်မို့ဘောလုံးက လွတ်ထွက်သွားကာ ဘေးနံရံကိုထိပြီးမှ အောက်ကို ကျသွားလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now