CHAPTER 1: သူတို့ဘ၀ သူတို့အကြောင်း

3K 55 1
                                    


CHAPTER 1: သူတို့ဘ၀ သူတို့အကြောင်း

(၈) နှစ်ဆိုသော အချိန်ကာလသည် လျှပ်တပြတ်အတွင်း ကုန်ဆုံး သွား ပြီ။ လွန်ခဲ့သော (၈)နှစ်က Gu Hai ကိုအရာအားလုံး ပြောဆိုနိုင်သူများ နဲ့ ၄င်းရဲ့သူငယ်ချင်းဆိုတဲ့သူများမှာ ယခုအခါ တစိမ်းတရံမျှသာ ဖြစ်လာကြတယ်။ တစ်ခါက Gu Hai နိုင်ငံခြားသွား တုန်း Canadaမှာ ပြောင်းရွှေ့ နေတဲ့ Li Shou (Gu Hai ၏ သူငယ်ချင်းမျက်မှန်နဲ့ တစ်ယောက်) နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွား တွေ့တယ်။ Lu Shou က နိုင်ငံခြားမှာနေခဲ့တဲ့ ဘ၀အတွေ့အကြုံ အချို့ကို စားမြုံ့ပြန်နေတယ်။ ပြီးတော့ သူသက်ပြင်း ချလိုက်တယ်။ Bejing မြို့မှာ နေထိုင်ခဲ့ရတဲ့ ရွှေရောင်အတိတ်ကို သူတကယ်သတိရနေတဲ့အပြင် ရိုးရာပွဲလမ်းသဘင် တွေနဲ့ မြိုင်ဆိုင် စွာ စည်ကားနေတတ်တဲ့ ပတ်ဝန်းကျင်မှာ နှစ်သစ်ကူး ပွဲတော်ထဲ ပါဝင်ဆင်နွှဲ နိုင်တဲ့ Gu Hai ကိုလည်း အားကျနေသေးတယ်။ သူက ရိုးရာနံ့ပါနေတဲ့ အငွေ့တထောင်းထောင်း Strew (စတူး) ပူပူ တစ်ပွဲလောက်လည်း စား ချင်သည်။
"မင်းအချိန်မရွေး ပြန်လို့ရတာပဲကွာ"Gu Hai ကပြောလိုက် တယ်။
            Li Shuo က သက်ပြင်းချလျက် "အဲ့မှာ ငါ့အိမ် မရှိတော့ ပြန်ရင် လည်း ငါလေလွင့်နေမှာပဲ"
"အိမ်မရှိပေမယ့် ငါတို့ရှိပါသေးတယ်ကွ"
            Li Shuo က ရုတ်တရက် တစ်ခုခုကို သတိရ လိုက်ပြီး"အော် ဒါနဲ့၊ Bai Luo Yin ကော?"
"ငါမသိဘူး"Gu Hai က ခံစားချက်မဲ့စွာဖြင့် "နိုင်ငံခြား မှာနေ မှာပေါ့"
"နိုင်ငံခြားမှာ ဟုတ်လား?"
"အေး"
            ဒီ high-tech enterprise (နည်းပညာမြင့် အကျိုးတူ ဖက်စပ် လုပ်ငန်း) က Beijing မြို့လယ်ကောင် နည်းပညာ ဖွံဖြိုးရေးဇုံမှာရှိတယ်။ ကုမ္ပဏီရဲ့ အဓိက၀န်ဆောင်မှုတွေက စစ်တပ် နည်းပညာလိုအပ်မှု ဖြည့်တင်းရေးနဲ့ ပြည်သူ့ အကျိုးပြု လျှပ်စစ်ဝန်ဆောင်မှု့ ဖြည့်တင်းရေး တို့အပြင် ဆက်သွယ်ရေးကိရိယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်တင်း ရေးတို့ဖြစ်တယ်။ မြို့လယ်မှာ ဒီလို ကုမ္ပဏီမျိုး အခြားအခြားသော လုပ်ငန်းစုများရှိပေမယ့်လည်း ၎င်းရဲ့တမူထူးခြား တဲ့အုပ်ချုပ်ရေးပုံစံ ကြောင့် လူအများ ၏ စိတ်ဝင်စားမှုကို ခံနေရတယ်။
            ကုမ္ပဏီ ဥက္ကဌ (MD) ကလွဲလို့ စီမံအုပ်ချုပ်မှု အမြင့်ဆုံးမှစ အဆင့်နိမ့်ဆုံး ရုံး stuff အကူတွေအထိ ၀န်ထမ်း အားလုံးက အမျိုးသမီး အချောအလှလေးများသာဖြစ်ကြတယ်။ ယေဘုယျအားဖြင့် ဒီလို နည်း ပညာနဲ့ပတ်သတ်တဲ့နယ်ပယ်များ မှာ အမျိုးသမီးဝန်ထမ်းတွေ နေရာမရ တတ်ပေမယ့်လည်း လက်ရှိ MD ကတော့ ကျား၊မ ၀န်ထမ်းကို ကန့်သတ်ပြီး အမျိုးသမီး ၀န်ထမ်းများကိုသာ ရွေးခန့်တာကြောင့် နှစ်စဉ် ကုမ္ပဏီ ၀န်ထမ်း စုဆောင်းရေးကာလဟာ လှပတဲ့အမျိုးသမီးထုအတွက် အခွင့် အရေးတရပ်သာဖြစ်တယ်။
            သို့ပေမယ့် ကုမ္ပဏီ၏ရွေးချယ်မှုပုံစံက အရမ်းတင်းကြပ်တယ်။ အလုပ်လာလျှောက်သူ အမျိုးသမီးက ရုပ်ရည်ချောမောရမယ်။ သိပ္ပံ ပညာရပ်ဖြင့်ဘွဲ့ရပြီးသူဖြစ်ရမယ်။ ထက်ထက်မြက်မြက် နဲ့ ပညာအရည် အချင်းထူးချွန်ရမယ်။ ထပ်ပိုးပြီ အပျိုဖြစ်ရမယ်။ "ဘ၀လက်တွဲဖော် ရွေးချယ်မည်ဆိုလျှင် လုပ်ငန်းစီမံကိန်းနှင့် စပ်ဆက်မှု ရှိနေစေရမည်။" ဟူသော စကားပုံအတိုင်း ထိုမိန်းမချောများကို ကုမ္ပဏီအလုပ်လာအပ်သူ များနဲ့ တတ်နိုင်သလောက် date လုပ်ရန် ညွှန်ကြားထားသေးတယ်။
            ယခုလက်ရှိ ဒီနည်းပညာလောကမှာ မိန်းကလေးဝန်ထမ်း နေရာမရမှုကြောင့် သိပ္ပံပညာတတ်အမျိုးသားများအတွက် နေရာ မကျန် လောက်အောင် သိပ္ပံဘွဲ့ရအမျိုးသမီးများနဲ့ပဲ ကုမ္ပဏီ ၀န်ထမ်းနေရာလပ် တို့ ပြည့်သွားသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
            ဒါ့ကြောင့်ကုမ္ပဏီနှစ်စဉ်တွေ့ဆုံပွဲမှာ အမျိုးသား MD တစ်ဦး တည်းကို မိန်းမလှပေါင်းရာပေါင်းများစွာက မျက်နှာချင်း ဆိုင်နေပုံက အိမ်ရှေ့မင်းသား ကြင်ယာတော်ရွေးနေသလိုပဲ။
            လုပ်သက်ရင့် "မကျန်ရစ်" တို့ရဲ့ နေ့စဉ်လုပ်တဲ့ကိစ္စက သူတို့ရဲ့ MD အကြောင်းပြောခြင်း ဖြစ်ပြီး သူ့အကြောင်းပြောရတာ ရိုးအီ သွားတယ်မရှိ။ လက်တလော ၀န်ထမ်းစုဆောင်းရေးကာလ ဖြစ်တာ ကြောင့် ၄င်းတို့ ပြောစရာစကား များများရှိနေကြတယ်။
"ဟဲ့ ကြားပြီးပလား? အခုနှစ် ၀န်ထမ်းခေါ်ပွဲက လျှောက်လွှာတွေက အရင်နှစ်က နှစ်ဆပဲတဲ့။ ကြည့်ရတာ သူ့ထက်ငါ အပြိုင်လှကြောင်း Beijing အနုပညာပွဲမှာ လူရွေးနေသလိုပဲတဲ့"
"လှတော့ရော ဘာလုပ်ရမှာလဲ။ သူ့မှာသာ အရည်အချင်း မရှိရင်တော့ သွားမှာပဲ။ ပြီးခဲ့တဲ့လက Xiao Liang ဆိုတဲ့ ၀န်ထမ်း သစ်လေ ခဏလေး နဲ့ အလုပ်ထွက်သွားရတယ်မလား?"
"သူက ငါတို့ MD ကို ကပ်ချင်လို့ အလုပ်ဝင်လာတာ၊ သူဌေးဖမ်း ဖို့ပေါ့ အေ၊ ဒါပေမဲ့ ငါတို့ MD က သူ့ကိုလှည့်တောင် မကြည့်ဘူး အေ့"
"ငါတို့ MD က ဘယ်သူ့များ အရေးတယူ လုပ်နေလို့လဲ? ညဉ်း ကို လုပ် သလား? နင့်ကိုရော အရေးလုပ်သလား?"
"အဲ့တာတော့ အမှန်ပဲ၊ ငါတို့ MD ဘာတွေတွေးနေလဲမသိ၊ မိန်းမ ချောလေးတွေချည်းပဲ ၀န်ထမ်းခန့်တယ်။ အဲ ပြီးတော့ တချက်တောင် မကြည့်ဘူး။ မိန်းကလေးတွေကတော့ ဒီကိုအလှပြင်ဖို့ လာတယ် ထင်ကြမှာပဲ၊ တကယ်တော့လဲ အလုပ်ပဲ အသေလုပ်ရ တာပဲပေါ့!"
"သူ့ကို ရင်ခုန်အောင်လုပ်နိုင်တဲ့သူကိုစောင့် စောင့်နေတာထင် တယ်။ ဘယ်လိုကံကောင်းတဲ့ မိန်းကလေးကို ဘယ်အချိန် MD တွေ့မလဲဆိုတာ ဘယ်သူသိမလဲ, ကဲ?"
"ငါကတော့ အဲ့ကောင်မလေးကို သနားတယ်အေ့၊ စဉ်းစားကြည့် လေ ငါတို့ MD က ဗိုလ်ချုပ်ရဲ့သား ဥာဏ်ရည်ထက်တယ် အရည်အချင်းရှိ တယ် ပြီးတော့ ကုမ္ပဏီလည်းပိုင်သေး အဓိကကတော့ အေ ရုပ်ရည် ချောမောတာပဲ မဟုတ်လား! သူကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ နင်ပဲ စဉ်းစားကြည့်လေ ဒီလို ပြည့်စုံ နေတဲ့ သူကို နင်ရရင် သူ့ကို ဘယ်လို ထိန်းမလဲ? နေ့တိုင်း နေ့တိုင်း အမျိုးသမီးရာကျော်ရဲ့ အားကျတဲ့မျက်လုံး တွေကို နင်ခံနိုင်ပါ့မလား?"
"ငါ ဟိုလိုလဲကြားထားသေးတယ်။ MD ကတစ်ယောက်တည်း နေတာ တဲ့။ အိမ်အကူတောင်မထားဘူးတဲ့၊ ဟင်းချက်လည်း အရမ်းတော်တာ တဲ့"
"ဘုရား ဘုရား နှစ်တစ်ရာမှာ တစ်ခါမတွေ့နိုင်တဲ့ ရှားပါး ပစ္စည်းပါ လား! ငါတော့ သူကြိုက်မယ့် ကောင်မလေးကို ပိုသနား လာပြီ"
"တော်စမ်းပါအေ ညဉ်းကိုသာကြိုက်ကြည့်ပါလား၊ ကျိတ်ပျော်နေမှာ မှန်း ဟွန်း"
"ဟေး တော်တော့ MD လာနေပြီ"
ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ Gu Hai က အရောင်းဌာနကို ဖြတ်ပြီးရုံးခန်းဆီ တန်းတန်းလျှောက်လာတယ်။
သူ့နောက်ကကပ်လျက် ငယ်ရွယ်ချောမောတဲ့ ဒုဥက္ကဌ လိုက်ပါ သွား တယ်။ သိပ်မကြာခင် Gu Hau ရုံးခန်းထဲ ၀င်သွားတယ်။ အစောက ငြိမ်သွားကြတဲ့အလုပ်နေရာမှာ ဆူညံမှုများ တစ်ဖန် ပြန်ပေါ်လာတယ်။
"တွေ့လိုက်လား ငါတို့ MD ဒီနေ့ ခရမ်းရောင်လေး ၀တ်ထား တာ"
"တွေ့ပ တွေ့ပ သူ့ရုပ်ရည်လေးနဲ့ သိပ်လိုက်"
"အေးလေ ငါတို့ ဒု ဥက္ကဌကို မနာလိုလိုက်တာသူဆို ရုံးခန်းထဲ ၀င်လိုက်ထွက်လိုက် လုပ်လို့ရတယ်"
"သူနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ သူက MD ကိုယ်တိုင်လစာ ကောင်းကောင်းပေးပြီး ခေါ်ထားတာ။ တကယ်တော့ သူက တရားဝင် သာမကြေငြာရသေးတာ MD က သေချာဂေါင်းကောက်ထားတဲ့ အမျိုးသမီး ဖြစ်နိုင်တယ်"
"မသေချာသေးပဲ အပြောပါနဲ့ဦးအေ။ ငါဒီမှာ နှစ်နှစ်လောက် နေဦးမှာ ပါဆို ငါ့အတွက် နေရာလေးတော့ ပေးစမ်းပါဦး"
Yan Ya Jing ဟာGu Hai အား စာရွက်စာတမ်းတစ်ထပ် ပေးလျက်
"ဒီမှာ လက်မှတ်ထိုး"
Gu Hai သည် တစ်ရွက်ပြီးတစ်ရွက် လှမ်ပြီး စာချုပ်များတွင် လက်မှတ် ထိုးလိုက်တယ်။
Gu Hai နာမည်နဲ့ လက်မှတ်ထိုးလိုက်သည်ကို မြင်တိုင်း သူမ စိတ်လှုပ်ရှားတတ်တယ်။
"MD Gu ဘာလို့ နင့်လက်ရေးက ဒီလိုအမြဲလှနေရတာလဲ?  နင် ဘယ်လိုလေ့ကျင့်ထားတာလဲဟင်?"
Gu Hai ဘာမှ ပြန်မဖြေပါ။
Yan Ya Jing က ရေတစ်ခွက်ယူပြီး Gu Hai နှင့် မျက်နှာချင်းဆိုင် ထိုင်လျက် Gu Hai ရဲ့မှုန်သုန်သုန်မျက်နှာကို ကြည့်ပြီး တိုးတိုး လေး မေးလိုက်တယ်။
"MD Gu, နင်ဘာလို့ မိန်းကလေးဝန်ထမ်းပဲ ခန့်တာလဲ? နင်သိ လား သူတို့မှာလဲ နေ့တိုင်း နင့်အကြောင်းချည်းပဲပြောနေကြတယ်၊ ဒီနေ့ တောင် ငါဓါတ်လှေကားစီးရင်း နင့်ကြွက်သားတွေအကြောင်း ၀န်ထမ်း နှစ်ယောက် ပြောနေတာ ငါကြားခဲ့တယ်၊ သူတို့ကပြောတယ် နင့် ကြွက်သားတွေကို ကိုင်ကြည့်လို့ရရင် ဘယ်လိုနေမလဲမသိဘူးတဲ့"
Gu Hai ကတော့ ခပ်တည်တည်ပဲ ပြန်ဖြေတယ်
"နောက်တစ်ခါ နင်အဲ့လိုကြားရင် ငါ့အစား ကျေးဇူးတင် ပေးစမ်းပါ"
"အေး နင်တော့နော်" Yan Ya Jing က စိတ်ဆိုးသယောင် လုပ်ပြီး Gu Hai ကိုကြည့်လိုက်တယ်။
"နင့်ကိုအဲ့လိုတွေ အာရုံစိုက်နေကြတာ နင်သဘောကျနေတာ မဟုတ်လားဟမ်?"
"ဒါက လေးစားခံရခြင်းရဲ့ဗျူဟာပဲ"Gu Hai က အတင်းလုပ် ပြုံး တယ်။
Yan Ya Jing က Gu Hai အတွက် ရေတစ်ခွက်ငှဲ့ပေးပြီး နှစ်ယောက် သား စကားဆက်ပြော နေကြတယ်။
"အော် ဒါနဲ့ MD Gu ဒီနေ့လိင်ပြောင်းထားတဲ့ လူတစ်ယောက် အလုပ် လာ လျှောက်သေးတယ်"
Gu Hai  ပါးစပ်ထဲက ရေတွေထွက်သွားတော့မလို ဖြစ်သွားတယ်။
"သူ့ကို အရောင်းဌာနမှာ ခန့်လိုက်"Gu Hai က ခပ်တည်တည် ပြောတယ်။
"ဖောက်သည်တစ်ယောက်လောက်တော့ အဲ့တစ်ယောက်ကို သဘော ကျလောက်ပါတယ်"
"အေး နင်က လိင်ပြောင်းထားတဲ့သူကျ လက်ခံတယ် ယောက်ျား စစ်စစ်ကျတော့ လက်မခံဘူး
နင်ဘာလို့ ဒီလောက် ယောက်ျားတွေအပေါ် စိတ်နာနေရတာလဲ? ဒါပေမဲ့ ကောင်းတာတစ်ခုကတော့ အနည်းဆုံး နင့်ကို gay လို့ ထင်ကြတော့မှာ တော့ မဟုတ်ဘူး"
Gu Hai ကမျက်ခုံးကို မြှင့်လိုက်ပြီး Yau Ya Jing ကြက်သီး ထသွားလောက်အောင် စူးရှတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ ခဏကြာ တော့မှ Gu Hai ၏မျက်လုံးတွေဟာ ပုံမှန်အနေအထား ပြန်ဖြစ်သွား တယ်။
"ငါ့ Computer ထဲက အစည်းအဝေး မှတ်တမ်း အသေးစိတ်ကို ထုတ်၊ အထဲက File ကို ဒီ ဘက်ထဲ ပြောင်းလိုက်စမ်းပါ"
Yan Ya Jing ကခွက်ကိုချပြီး Gu Hai ရဲ့Computer ဘက်ကို လှည့်လိုက်တယ်။ Folder တွေ အစဉ်လိုက်ရှာပြီးပေမယ့်လည်း Gu Hai ပြောတဲ့အစည်းအဝေးမှတ်တမ်း အသေးစိတ်ကိုတော့ ရှာမတွေ့။
"MD GU, ဒီမှာ မရှိဘူး"
Gu Hai က မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး"ဒါဆို ငါ့ Laptop ထဲမှာနေမှာ။ မနေ့က အစည်းအဝေး မှာ Laptop ယူသွား လိုက်တာ၊ ဟုတ်တယ်"
"ဟယ် ငါအဲ့တာဖွင့်လို့ ဖြစ်ပါ့မလား?" Yan Ya Jing က မဆိုင်းမတွ မေးလိုက်တယ်။
Gu Hai ကတော့ ပေါ့ပေါ့ပါးပါးပါးပင် "သေချာတာပေါ့" လို့ပြန်ဖြေတယ်။
နောက်ဆုံးတော့ screen ပေါ်လာသည်။ Yan Ya Jing က desktop မှာ ပေါ်လာတဲ့ ပုံကို ကြည့်ပြီး အသံထွက်ရယ်မောနေ တယ်။
"MD Gu, ဒီပုံကို ကြည့်ရင်း ငါနင့်ကို ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကို ပြန်သတိရတယ် သိလား"
Gu Hai ဒီ backgroup ပုံကို ဒီရှစ်နှစ်အတွင်း တစ်ခါမှ မပြောင်းဖူး ဘူး။
"ဒီကောင်လေးက ဘယ်သူလဲ? "Yau Ya Jing က ဖွဖွမေးလိုက် တယ်။
Gu Hai ကသူ့မှတ်ဥာဏ်ထဲမှာ စွဲစွဲမြဲမြဲနေရာယူထားတဲ့ပုံထဲက မျက်နှာ တစ်ခုကို Computer Screen ပေါ်မှာကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ တော့ ခံစားချက်တွေကလက်ဆတ်နေသေးတယ်။
"ငါနဲ့ နှစ်ပေါင်းများစွာ အဆက်သွယ်ပျက်နေတဲ့ အစ်ကို....."
"အဆက်အသွယ်ပြတ်တယ်? ဘယ်လိုပြတ်တာလဲ?"
Yan Ya Jing က Gu Hai ပြန်ဖြေချင်ပုံမရတာကိုရိပ်မိပြီး စကား လမ်းကြောင်း ပြောင်းလိုက်တယ်။
"ဒီပုံကို Qing Dao မှာရိုက်ထားတာလား?"
Gu Hai က ခေါင်းညိတ်တယ်။"ဟုတ်တယ်၊ ငါ Qing Dao မှာ နင်နဲ့ ၀င်တိုက်မိတဲ့နှစ်က သွားရင်း ရိုက်ခဲ့တာ"
Yan Ya Jing က ပုံကို နှစ်ခါပြန်ကြည့်ပြီး ရယ်မြဲ ရယ်နေသည်။
"ဒီဓါတ်ပုံက တကယ်မိုက်တယ်၊ သူ့ကြည့်ရင်း သူတော်စင် တစ်ယောက် ကို သွားသတိရတယ်"
"သူတော်စင်ဆိုတာ ဘယ်လိုပုံစံဆိုတာများရှိလား?"
"နင် ဒီလောက်ချောတဲ့ သူတော်စင်ကိုများ တွေ့ဖူးလို့လား?"
"MD Gu, MD Gu! Gu Hai!!" Yan Ya Jing က ကျယ်ကျယ် အော်လိုက်တော့မှ Gu Hai ကြည့်ရတာ ခုမှ လိပ်ပြာပြန်လည်လာ သလို "ဘာလဲ?"
Yan Ya Jing က ကျိတ်ပြုံးကလေးဖြင့် "Gu Hai ငါနင့်ကို မေးကြည့်ချင် တဲ့ဟာရှိတယ်"
"မေးလေ"Gu Hai က ခပ်တည်တည်ပြောတယ်။
"အဲ့မှာတုန်းက ငါ နင့်အပေါ် ရေမွှေးတွေ ဖျန်းလိုက်တာလေ အဲ့တာ အလုပ်ဖြစ်လား?"
Gu Hai သည် အေးစက်စက် ပြုံးလျက် "အလုပ်ထွက်စာရေးပြီး မနက်ဖြန်တင်လိုက် ငါ ဒုဥက္ကဌ နောက်တစ်ယောက်ထပ်ခန့်လိုက်မယ်"
Yan Ya Jing မှာ ဇတ်ပုသွားပြီး Gu Hai ရဲ့Computer ပေါ်က စာရွက်စာတမ်း Files များယူပြီးတိတ်တိတ်ထွက်သွားတော့တယ်။
--------------------------
သဲကန္တာရထဲမနက်စောစော အသဲခိုက်အောင် လေအေးများတိုက် နေတယ်။ လိမ္မော်ရောင် တောက်တောက် မီးခိုးငွေ့တန်းဟာ ကောင်းကင်က ဖြတ်သွားတယ်။
ငယ်ရွယ်ပြီး စူးရှတောက်ပတဲ့မျက်လုံးများနဲ့ ချောမောလှတဲ့ လေတပ် ဗိုလ်မှူးက အေးစက်စွာ အသံပြုလိုက်တယ်။      "တက်!!"
ခဏအတွင်းမှာပဲ သံမဏိလင်းယုန် ဒါဇင်ပေါင်းမျာစွာရဲ့တိုက်ပွဲ ကောင်းကင်မှာညံလာတယ်။ Beijing လေတပ် လက်တွေ့ လေ့ကျင့်ခန်း ဆင်းတိုက်ပွဲများ စချေပြီ။ ယခုအရာဟာ လွယ်ကူတဲ့တပ်ယာဉ်မောင်း လေ့ကျင့်ချိန်မဟုတ်ပေ။ သူတို့ရဲ့ target မှာ မိုင်ထောင်ပေါင်းမျာစွာ ဝေးကွာလှတဲ့ကန္တာရ တစ်နေရာမှာသာ ဖြစ်တယ်။ ဒုံးကျည်များ၊ လျှပ်စစ် သံလိုက်ဖြတ် radar များ ပတ်လည်ဝိုင်းနေတဲ့အနေအထားနဲ့ လေတပ် စစ်ပွဲတစ်ခုက ကြီးမားတဲ့အန္တရာယ်များစွာနဲ့ ၄င်းတို့ကို စောင့်ဆိုင်းနေကြ တယ်။ ထိုအရာများကို ခရီးလမ်းမှဆူးညှောင့်များအဖြစ် တင်စားနိုင် တယ်။ တိုက်လေယာဉ်တွေကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ချနေတာ ကြောင့် သူကိုယ်တိုင်ကကို ကိုယ်ပျောက်တိုက်လေယာဉ် တဖြစ်လဲ၊ လေတပ်ဗိုလ်မှူးဟာ မြေပြင်က ဒုံကျည်အဖွဲ့ကို အဓိက တိုက်ခိုက်ပြီး တိုက်ပွဲတစ်ခုလုံးကို ဦးဆောင်နေတယ်။
"အရှိန်နဲ့ထိုးဆင်းဟေ့" ဗိုလ်မှူးရဲ့အမိန့်ပေးသံက အခြားသော pilot တွေရဲ့နားထဲ အရှိန်ပြင်း Bomb တစ်လုံး ကွဲသလို စူးရှလွန်း တယ်။
ခဏအတွင်း ဗိုလ်မှူးမောင်းတဲ့ယာဉ်နဲ့ အတူ ဒါဇင်ပေါင်းများစွာ သော တိုက်လေယာဉ်တွေဟာ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ မြေပြင် သို့ထိုးဆင်း လာကြတယ်။ ကမ်းခြေ ကုလားအုတ်များက pilot များရဲ့မျက်စိရှေ့မှ ရှောင်ကွင်းသွားကြပြီး လုံးတက်လာတဲ့ သဲဖုန်များထဲသို့ လေယာဉ် အတောင်ပံတို့က ဓါးသွားပမာ ဖြတ်သွားကြတယ်။ ဒုံးကျည်ကမီးခိုးငွေ့ တန်း ထုတ်လွှတ်လျက် ဆူညံတဲ့ ပါက်ကွဲသံနဲ့Target ဆီကိုတည့်တည့် ပျံသွားပြီး 10 meters (ပေ ၃၀ ခန့်) အမြင့်ရှိတဲ့သဲလှိုင်းများဖြစ်ပေါ် လာပြီးနောက် Target ကိုဖျက်စီးလိုက်တယ်။
Missionရဲ့ပထမအဆင့်ကို အောင်အောင်မြင်မြင် ပြီးဆုံးပြီးနောက် ဗိုလ်မှူးက ချောမွေ့လှပတဲ့ရည်ရည်နဲ့ဂျစ်ကန်ကန်ပုံ မျက်နှာကို ဖုံးကွယ် ထားတဲ့ လေယာဉ်မောင်း ဦးထုတ်ချွတ်ပြီး လေယာဉ်ရှေ့ ခေါင်းမှ ထွက်လာခဲ့တယ်။
"ဗိုလ်မှူး ရေသောက်ပါဦး"
ဗိုလ်မှူးက ရေဘူးကို ယူလိုက်ပြီး ရေလုတ်ကြီးကြီးမြိုချပြီးနောက် ရေဘူး ကို လွှင့်ပစ်လိုက်တယ်။ "ကျေးဇူးပဲ"
"ဗိုလ်မှူး ကျွန်တော်တို့ နိုင်ဖို့ ရာခိုင်နှုန်းဘယ်လောက် မှန်းလဲခင်ဗျ"
Bai Luo Yin က နှုတ်ခမ်းထောင့်စွန်းလေးကို ကွေးလိုက်ပြီး အဆိပ်ပြင်း တဲ့အပြုံးတစ်ခု ပြုံးလိုက်ရင်း ပြန်ဖြေတယ်။
"ရာနှုန်းပြည့်"

End of Chapter 1

Addicted? Book2 (Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ