CHAPTER 56 => မင်း ငါ့အကြောင်း မသိဘူး

107 17 0
                                    

CHAPTER 56 => မင်း ငါ့အကြောင်း မသိဘူး

Gu Yang က Bai Lou Yin  ကို ခဏလောက် ကြည့်တယ်။ ပြီးတော့ သူ့အိတ်ထဲကနေ မျက်မှန်ကို ချက်ချင်းထုတ်ယူလိုက်ပြီး  Bai Lou Yin  မျက်စေ့ရှေ့ဝှေ့ယမ်းပြလိုက်တယ်။

   " Bai Lou Yin , မင်း ကငါ့အသည်းကို နာအောင် လုပ်လွန်းတယ် "

Bai Lou Yin က အေးစက်စက် ခနဲ့တယ်။

"ခင်ဗျားမှာ အသည်းနှလုံး ရှိလို့လား? "

  "ငါက ဘာကိစ္စနှလုံးသား မရှိရမှာလဲ ?" Gu Yang က လက်ဗွေရာတွေ ထင်သွားတဲ့အထိ Bai Lou Yin  ပါးတွေကို ခပ်မြဲမြဲ ဆွဲစိတ်တယ်။ " ငါ့မှာ နှလုံးသား မရှိရင် ၊ ငါ အရာအားလုံးကိုပစ်ထားခဲ့ပြီး မင်းကိုရှာဖို့ ဒီကိုလာခဲ့မှာမဟုတ်ဘူး။ "ငါ ဒီကို အလုပ် ကိစ္စလာတယ်လို့ မင်းတကယ်ထင်နေတာလား? ငါ..ဒီရက်ပိုင်း အတွင်း ဖေါက်သည်နဲ့ တွေ့တာတို့ ( ဒါမှမဟုတ်) စီးပွါးရေးအတွက်ဆက်သွယ်တာတို့ လုပ်တာများတွေ့ဖူးလို့လား? "

   Bai Lou Yin  မကြားချင်လို့ နားပိတ်ထားတယ်။

   " ငါက Zhou Ling Yin ရဲ့ သုံ့ပန်း ဘယ်လို ဖြစ်သွားသလဲဆိုတာ မင်းသိချင်လား?  ဘာလို့လဲဆိုတော့..ငါ့မျက်မှန်ကို ယူသွားလို့ပဲ။ ငါက သူ့ထဲက မျက်မှန်ကို ပြန်လိုချင်တာနဲ့..သူ့ကိုကားနဲ့ ဝင်တိုက်ခဲ့တယ်။ အဲဒီ အချိန်တုန်းက ၊ မင်းနဲ့ Gu Hai ဝိုင်းချထားလို့ ရန်ပွဲကနေ ဒဏ်ရာရနေတာ...ငါ့လက်တွေက ကား steering ခွေကိုတောင် အခုထိပဲ ကောင်းကောင်းမကိုင်နိုင်သေးဘူး။ ငါ နောက်ဆုံးမှ နားလည် လိုက်တာက ငါမျက်မှန်ကို ပြန်ယူဖို့ အစွန့်စားကြီး စွန့်စားခဲ့တာ..မင်းကြောင့်ပဲ"

    Bai Lou Yin အလေးမထားပဲ ပြန်ပြောတယ်။ "ကျွန်တော်က ဟာသ လုပ်လိုက်တာပါ။"

" ဟာသ ဟုတ်လား? " Gu Yang ကဝမ်းနည်းစွာနဲ့ ရယ်မောတယ်။  " Gu Hai  အပြစ်တွေပေးဆပ်ဖို့ ငါ့ခန္ဓာကိုယ်ကို မင်းသုံးခဲ့တာကို..ဟာသအဖြစ်သဘောထားတယ်ပေါ့? ဒါဖြင့် မင်းမျက်စိထဲမှာ ဘာက ဟာသ မဟုတ်တာလဲ  ?"

   Bai Lou Yin  မျက်လုံးတွေက အေးစက်စက် အရောင်လက်နေတယ်။

   " ခင်ဗျားနဲ့ ပတ်သတ်တဲ့ ကိစ္စ မှန်သမျှ အားလုံးဟာသချည်းပဲ "

Addicted? Book2 (Zawgyi)Where stories live. Discover now