CHAPTER 7 - ပူးပေါင်းလုပ်ကိုင်နိုင်သူ ရှာဖွေခြင်း Liu Chong က စာရွက်တစ်ထပ်ကြီးသယ်ပြီး အလုပ်ခန်းထဲ ယူလာ တယ်။ Bai Luo Yin ဟာ စစ်အင်ဂျင်နီယာဗိုလ်မှူးတွေနဲ့ အရေးကြီးကိစ္စ ဆွေးနွေးနေတာကို မြင်ပြီး အနှောက်အယှက်မပေးချင်တာနဲ့ နောက်မှာ ပဲ ရပ်စောင့်နေလိုက်တယ်။
သူ့ရှေ့မှာ စားလက်စပေါင်မုန့်တစ်ဝက်နဲ့ အေးစက်နေတဲ့ လက်ဖက်ရည်တစ်ခွက်။
"ဘာကိစ္စရှိလဲ?" Bai Luo Yin အသံ ရုတ်တရက်ပေါ်လာတယ်။
Liu Chong နည်းနည်းလန့်သွားတယ်။ သူဟာ Bai Luo Yin ဘက်ကို လှည့်လိုက်ပြီး အရူးလို နှစ်ခါလောက် ရယ်ပြလိုက်တယ်။
"ကျွန်တော် ဆရာ့ဆီဖုန်းခေါ်သေးတယ် ဆရာဖုန်းမကိုင်လို့"
Bai Luo Yin က ထိုင်လိုက်ပြီး စာရွက်စာတမ်းတွေကြည့်ရင်း မေးတယ် "ဒါတွေအားလုံး မင်းစုဆောင်းလာတဲ့ စစ်တပ်ဘက် ကုမ္ပဏီတွေရဲ့ အသေးစိတ်အကြောင်းတွေလား?"
"အားလုံးတော့ မဟုတ်ဘူးခင်ဗျ။ ကုမ္ပဏီအများစုကတော့ ကျွန်တော်တို့ နဲ့ အရင်ကလက်တွဲဖူးပြီးတော့ အချို့ဟာတွေက ပူးပေါင်းဖို့ အရည် အချင်းမီတဲ့ ကုမ္ပဏီတွေပါ"
Bai Luo Yin တစ်ယောက် ခေါင်းညိတ်ရင်း ပေါ့ပေါ့ပါးပါး ပြန်ပြော တယ် "တကယ်တော့ ငါကလည်း ပုဂ္ဂလိကကုမ္ပဏီတွေကို အခွင့်အရေးပေး ကြည့်ချင်တာ။ ငါတို့စီမံကိန်းက သုတေသန သုံးစုခွဲထားတယ်။ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍတစ်ခုတင် မဟုတ်တော့ ငါတို့သေချာစဉ်းစားဖို့ လိုမယ် ငါမင်းစုထားတဲ့ အချက်အလက်တွေကိုလည်း ကြည့်မယ်လေ။ ငါတို့ အရင်က လက်တွဲခဲ့တဲ့ ကုမ္ပဏီတွေနဲ့လုပ်ရင်တော့ quality လဲ ပိုကောင်း မယ်၊ ပိုလဲစိတ်ချရမယ်။ဒါပေမဲ့ အဲ့ဒီကုမ္ပဏီတွေက အကြီးစား တွေဆိုတော့ ကုန်ကျစရိတ်လည်း မြင့်မယ်၊ နောက်ကျတာမျိုး တွေ လည်း ဖြစ်နိုင်တယ်"
ဒီအချက်ကို Liu Chong လည်းအပြည့်အ၀ ထောက်ခံတယ် "ကုမ္ပဏီ အကြီးကြီးတွေနဲ့ မဆက်ဆံချင်ဘူး။ သူတို့က တအားကလိမ်ကျတယ်"
Bai Luo Yin က စာရွက်တွေလှန်နေရင်း ကုမ္ပဏီတစ်ခုရဲ့ နာမည်လည်း တွေ့လိုက်ရော အဲ့ဒီစာမျက်နှာမှာ ရပ်လိုက်တယ်။
"Beijing (ဘေဂျင်း) Hai Yin ကုမ္ပဏီဆိုပါလား" သူတီးတိုး ရေရွတ် လိုက်တယ်။ Bai Luo Yin ရဲ့ တီးတိုးသံကိုကြားတော့ Liu Chong က မြန်မြန်ပဲရှင်းပြလိုက်တယ် "အဲ့ဒီကုမ္ပဏီက ထောင်ထားတာ မကြာသေးပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တစ်ဟုန် ထိုးတိုးတက်ခဲ့ တယ်။ သူတို့တွေ စစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်ဖို့ အလားအလာတွေ အများကြီးရှိတယ်။ ဆရာစိတ်ဝင်စားရင် အခြားတပ်စုဘက်က လူတွေနဲ့ ဆက်သွယ်ပြီး အချက်အလက် တွေပို့ခိုင်းလိုက်မယ်ခင်ဗျ"
Bai Luo Yin က ထောက်ကူပစ္စည်းတွေကို အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီ သေးသေးလေးက ငါးနှစ်တောင်မပြည့်သေးတဲ့လုပ်သက် နဲ့ စစ်တပ်ကို ထိုးဖောက်လာတာ အံ့သြစရာပဲလို့ထင်တယ် "ဒါတွေက ဒီကုမ္ပဏီရဲ့ အချက်အလက် အကုန်ပဲလား?" Bai Luo Yin က မေးတယ်။
Liu Chong က ခေါင်းကိုဆန့်လိုက်ပြီး "သူတို့မှာ တမူထူးတဲ့ အုပ်ချုပ်ရေး စနစ် ရှိတယ်ဆိုပဲဆရာ"။ Bai Luo Yin က သိချင်လာပြီး "ဘာစနစ်လဲ ကွ?"
"ကျွန်တော်ကြားထားတာတော့ သူတို့ကုမ္ပဏီမန်နေဂျင်းကလွဲလို့ ကျန်တဲ့အကြီးပိုင်းအုပ်ချုပ်သူတွေ ၀န်ထမ်းတွေအားလုံး မိန်းကလေးတွေ ချည်ပဲတဲ့ဆရာ"
Liu Chong ပြောနေတုန်း Bai Luo Yin ရဲ့ နဖူးမှာ ချွေးသီးကြီးတွေ ထွက်လာတယ်။ သူနားထောင်လေလေ Gu Hai ကုမ္ပဏီနဲ့တူလေလေပဲ။ ဒီတော့ နောက်စာမျက်နှာ နှစ်ရွက် နောက်မှာ ကုမ္ပဏီဦးစီးတည်ထောင် တဲ့ နေရာမှာ စာလုံးကြီးနဲ့ အထင်ကြီးစရာ နှစ်လုံးပဲရေးထားတယ်။'Gu Hai' တဲ့။
Bai Luo Yin က လည်ချောင်းရှင်းပြီး
"ရပြီ မင်းလည်းအလုပ်များမှာပဲ၊ကဲ ငါလည်း ဒါဆက်ကြည့်ထား လိုက် မယ်"
"အို!" Liu Chong က ဆက်ပြောတယ် "ဗိုလ်မှူးရာ အလုပ်များတယ် ဆိုရင်တောင် အစာလေးတော့ သေချာစားပါဦး!"
"ကောင်းပြီ"
Lui Chong ထွက်သွားတော့ Bai Luo Yin က စာရွက်ကို ဆက်ကြည့် နေတုန်းပဲ
"ဘေဂျင်း Hai Yin High-Tech Company ... Han Yin တဲ့လား!"
အစည်းအဝေးမှာ လေတပ်နှင့်ပူးပေါင်းညှိနှိုင်းရေးဌာနက Team Leader တစ်ဦးဖြစ်တဲ့ Xiao Tao ဟာ ဌာနမှူးအဖြစ် ရုတ်တရက် ရာထူးတိုးသွား တယ်။ သူမရဲ့ ရုတ်ချည်းရာထူးတိုးမှုဟာ လူတွေ ကို စိတ်ရှုပ်ထွေးစေ တယ်။ MD ကတော့ သင့်တော်လို့ ရွေးလိုက်တာလို့ပဲ ရိုးရိုးလေးဆင်ခြေ ပေးတယ်။
Yan Ya Jing ကတော့ ဒီလိုတုံ့ပြန်တယ် "ဒီဆင်ခြေက ၀န်ထမ်း တွေကို ယုံအောင်လုပ်နိုင်မှာလား?"
Gu Hai က Yan Ya Jing ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါဆို နင်ပဲ သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုလောက် ဖန်တီးပြီး ငြိမ်အောင်လုပ် လိုက်!"
Yan Ya Jing က အသက်ကို မျှင်မျှင်လေးရှုပြီး မကျေနပ်တဲ့ပုံစံနဲ့ ကြည့်လိုက်တော့ Gu Hai က တည်တည်ငြိမ်ငြိမ်နဲ့ မီးခြစ်လေးကို ဆော့ ကစားရင်း ပြုံးရိပ်တွေပေါ်လာတယ်။
"ငါသူ့ကို ရာထူးတိုးပေးလိုက်တာ ဖင်ကြီးလို့ဟာ"
"နင်နော်.....!" Yan Ya Jing ကရှက်လို့ဘာပြောရမလဲ မသိတော့ ဘူး။ Gu Hai က အေးစက် တဲ့ပုံပြန်ပြောင်းသွားပြီး "ထားတော့ Xiao Tao ကိုခေါ်ပေး"
Yan Ya Jing ဟာမျက်နှာမသာမယာနဲ့ ပြန်ထွက်သွားတယ်။
Xiao Tao ဟာ MD ရုံးခန်းထဲ အခေါ်ခံရတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်။ တစ်လမ်းလုံး သူဟာ တင်ကိုလိမ်ပြီး ပဲနဲ့လျှောက်လာတယ်။ အခြားအလုပ်ကြိုးစားကြတဲ့ ၀န်ထမ်းတွေက သူမကို မလိုမုန်းထားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ သို့သော်လည်း သူမကတော့ အရမ်း ကျေနပ်နေတယ်။
"MD Gu ရှင့် ....."
Gu Hai မျက်လုံးမော့ကြည့်တော့ အပြုံးမျက်နှာတစ်ခုတွေ့ရတယ်။
"ထိုင်"
Xiao Tao ဟာ အနည်းငယ်ရှက်နေသလိုပဲ။
"ငါမင်းကို တာဝန်တစ်ခုပေးမယ်" Gu Hai က Xiao Tao ကို ကြည့်ရင်း ပြောတယ်။
"ငါတို့လေတပ်နဲ့ပူးပေါင်းလုပ်ကိုင်ဖို့ လက်တလောစီစဉ်နေတယ်။ ဒါက စီမံကိန်းတာဝန်ခံပဲ။ မင်းတာဝန်က အဲ့တာဝန်ခံကို ဆွဲဆောင်ပြီး ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပြောရမှာ"Gu Hai ဟာ Bai Luo Yin ရဲ့ဓါတ်ပုံနဲ့ အချက်အလက်တွေကို Xiao Tao ဆီတွန်းပို့လိုက်တယ် "မင်းမြင်လား ဒါက အဲ့ဒီခေါင်းဆောင် တာဝန်ခံပဲ"
"အဲတော့ ဒါကဟိုချောတဲ့ စစ်ဗိုလ်မလား!" Xiao Tao ရင်တွေ ခုန်လာပြီး သူ့နှုတ်ခမ်းက အပြုံးကြီးကြီးတစ်ခုအဖြစ်ကွေးသွား တယ်။
"ဟုတ်ကဲ့ ကျွန်မအကောင်းဆုံးကြိုးစားပါမယ်ရှင့်"
Gu Hai ခေါင်းညိတ်လိုက်တယ်။
Xiao Tao ရင်ထဲမတင်မကျဖြစ်နေပေမယ့် ရှေ့တိုးပြီးမေးလိုက် တယ်။
"MD Gu, ကျွန်မတစ်ခုလောက်မေးလို့ရမလားဟင်?"
"မေးပါ"
"ဆရာက တကယ်ပဲ အနီရောင်အင်္ကျီနဲ့ အစိမ်းရောင်ဘောင်းဘီ ၀တ်ရင်ကြိုက်သလားလို့?"
Gu Ha မျက်လုံးအရောင်ပြောင်းသွားပြီး ပြန်ပြောလိုက်တယ်
"မင်းတကယ်သိချင်တာလား?"
Xiao Tao ကခေါင်းညိတ်လိုက်တယ်။
"မင်း ငါပေးတဲ့တာဝန်အောင်မြင်ရင် မင်းကိုပြောပြမယ်"
နှစ်ရက်လောက်ကြာပြီးသည့်နောက် Xiao Tao ဟာ မျက်နှာ မသာမယာ နဲ့ Gu Hai ရုံးခန်းထဲ ပြန်ရောက်လာတယ်။
"MD ကျွန်မအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ကျွန်မ အဲ့ဗိုလ်မှူးကို နည်းမျိုးစုံသုံးပြီး ဆွဲဆောင်ပါတယ်။ ဒါပေမဲ့ သူကလှုပ်တောင်မလှုပ်ဘူး"
Gu Hai ကြည့်ရတာ စိတ်ပျက်တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ မေးလိုက်တယ် "မင်းက ဘယ်လို ပြောလိုက်တာလဲ?"
"ကျွန်မတို့ရဲ့ ကုမ္ပဏီရဲ့အားသာတဲ့အချက်တွေကို အဓိကထားပြီး ကုမ္ပဏီအခြေအနေတွေကို ရှင်းပြပါတယ်။ အရည်အသွေး ကောင်းတာ တွေကိုပြဖို့ ကုန်ပစ္စည်းနမူနာတွေကိုလည်း ယူပြပါတယ်ရှင်။ ပြီးတော့ ကုမ္ပဏီအကျိုးအတွက် ကျွန်မရဲ့သိက္ခာကိုတောင်စတေးပြီး မိန်းမ မာယာနဲ့လည်း ဆွဲဆောင်ပါတယ်။ ဒါပေမဲ့ အဲ့ဗိုလ်မှူးကသစ်သားတုံးလိုပဲ ... ကျွန်မလည်း ...!" Xiao Tao ဟာ ရေလိုက်မှားခဲ့တဲ့အတွက် ဘာမှမပြောနိုင်တော့ဘူး။
Gu Hai က ထပ်မေးတယ် "သူက ငါတို့နဲ့ မပူးပေါင်းချင်တာ ဘာကြောင့် လဲ?"
အဲ့တာပြောဖို့ဆိုရင် Xiao Tao ပြန်ပြောပြဖို့ တော်တော်ခက်နေတယ်။
"သူ...သူကပြောတယ်၊ ကျွန်မတို့ကုမ္ပဏီအခြေအနေက ကောင်းပေမဲ့ တဲ့ အားကိုးယုံကြည်ရမှု အားနည်းတယ်တဲ့၊သူက မင်းတို့ MD ရဲ့စာရိတ္တ ကိုလည်း သိပ်စိတ်မချဘူးလို့ပြောသေးတယ်။ သူက MD ပုံစံကို မကြိုက်ဘူးတဲ့၊ နောက်ထပ်ပြောသေးတယ်.... သူက အမျိုးသမီးတွေ ချည်းငှားထားတဲ့ ကုမ္ပဏီနဲ့လည်း တွဲမလုပ်နိုင်ဘူးတဲ့"
ဒီဟာက ပထမဆုံးအကြိမ် Gu Hai ရဲ့မျက်နှာအသက်ဝင်ပြီး ကြည်နူးနေ တဲ့ပုံကို Xiao Tao တွေ့ဖူးတာပဲ။ သူမဟာ စကား တစ်လုံးလောက် မှားခဲ့ရင် သူ့ရဲ့လက်ရှိတိုးထားတဲ့ ရာထူးနဲ့ အရေးပေးခံရမှုကို ဆုံးရှုံးသွား မှာစိုးလို့ သူမရင်ထဲ အရမ်းကြောက် နေခဲ့တယ်။
Gu Hai ကတော့ တစ်ခွန်းတောင်မပြောဘဲ ထ ထွက်သွားတယ်။
"ဗိုလ်မှူး ဧည့်သည်လာတယ်"
Bai Luo Yin အလုပ်ခန်းကနေ ထွက်ကြည့်တော့ Gu Hai ရဲ့ကား အပြင်မှာရပ်ထားတာ တွေ့လိုက်ရတယ်။ Gu Hai က ကားတံခါး မှီရပ် ရင်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်ကိုတွေ့တဲ့ပုံနဲ့ Bai Luo Yin ကို ကားနား လေးလာဖို့ ရင်းရင်းနှီးနှီးကြီး လက်ယှက်ခေါ်နေတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ဖြစ်ခဲ့တာ သူမဟုတ်သလိုပဲ။ Bai Luo Yin က စိတ်မပါ လက်မပါနဲ့ Gu Hai ဆီလျှောက်သွားတယ်။
"ငါတို့ခဏလောက်စကားပြောဖို့ အပြင်သွားလို့ရလား?" Gu Hai က မေးလိုက်တယ်။
Bai Luo Yin ကခေါင်းညိတ်ပြီး "ကောင်းပြီ ငါမောင်းမယ်!"
မိနစ်နှစ်ဆယ်လောက်ကြာတော့ နှစ်ယောက်သား လူရှင်းတဲ့ ကော်ဖီ ဆိုင် တစ်ဆိုင်ထဲဝင်သွားတယ်။
အချိန်အတန်ကြာ ငြိမ်သက်နေကြပြီးမှ Gu Hai ကစပြော တယ်။"ငါ့ဝန်ထမ်းကပြောတယ် ငါတို့နဲ့ ပူးပေါင်းဖို့ မင်းငြင်းခဲ့တာ ငါ့ပုံစံကိုစိတ်မချလို့ဆို"
"အမှန်ပဲ" Bai Luo Yin ကပွင့်ပွင့်လင်းလင်းပြောတယ် "ငါတို့ အခုလုပ် ရမဲ့စီမံကိန်းက အရမ်းလျှို့ဝှက်တယ်။ ဒါ့အပြင် ပူးပေါင်းမယ့်ကုမ္ပဏီက အရည်အချင်းလည်းပြည့်မှီရမယ်၊ ဂုဏ်သတင်းလည်း ကျော်ရမယ်၊ ငါ့ အထင် အမျိုးသမီးတွေချည်ခန့်ထားတဲ့ ကုမ္ပဏီ MD က မယုံရဘူး။ ဒီလို ကုမ္ပဏီမျိုးနဲ့ ပူးပေါင်းဖို့ ငါလည်း မရဲဘူး"
Gu Hai က မှင်သေသေပြုံးလိုက်ပြီး "ကောင်းပြီလေ ဒါဆိုဒီနေ့ပဲ ငါ့ရဲ့ စာရိတ္တဘယ်လောက်ကောင်းလဲဆိုတာ မင်းကို သက်သေပြမယ်"
နောက်နှစ်နာရီလုံးလုံး သူတို့နှစ်ယောက်ဟာ အပိုစကားတစ်ခွန်းမှ မပါဘဲ အလုပ်အကြောင်းတွေချည်းအပြန်အလှန် ပြောနေကြတယ်။ Bai Luo Yin ကတော့ Gu Hai ပြောတဲ့ သက်သေဆိုတာကို စောင့်ပြီးရင်း စောင့်နေတယ်။ နောက်ဆုံးမှာ နေ၀င်သွားတာတောင် Gu Hai ရဲ့ သက်သေကို မတွေ့ရသေးဘူး။
"MD Gu!" Bai Luo Yin က Gu Hai စကားကိုဖြတ်ပြောတယ် "စကား လက်စသတ်ပြီး လိုရင်းသွားသင့်ပြီထင်တယ်။ ငါ့မှာ အချိန်မရှိဘူး"
"လိုရင်းဆိုတာ ဘာလဲ?"
Bai Luo Yinက သတိပေးလိုက်တယ် "မင်းရဲ့စာရိတ္တ ကောင်းမွန် ကြောင်း သက်သေပြမယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား?"
"ငါသက်သေပြပြီးသွားပြီလေ"Gu Hai က လက်နှစ်ဖက်ဖြန့်ပြီး ပြောလိုက်တယ်။
Bai Luo Yin မျက်လုံးအရောင်မှိန်သွားပြီး "ဘယ်မှာပြလို့လဲ?"
Gu Hai က သပ်သပ်ရပ်ရပ်ပြုံးလိုက်ပြီး "အချစ်ဟောင်းကြီးရယ်... မင်းနဲ့ငါ နှစ်ယောက်တည်း ဒီမှာထိုင်နေတာ သုံးနာရီတောင် ကျော်သွား ပြီ။ ငါမင်းကို အာဘွားလေးတစ်ချက်တောင် မပေးခဲ့ဘူးလေ၊ အဲ့တာ အကောင်းဆုံးသက်သေမဟုတ်လို့ ဘာလဲ?"End of Chapter 7