CHAPTER-82=>အတိတ်သို့အလည်တခေါက်

127 10 0
                                    

CHAPTER-82=>အတိတ်သို့အလည်တခေါက်

    Bai Luo Yin အိပ်ပျော်သွားတာ (၁၀)နာရီကျော်ပြီ။ သူနိုးလာတော့ နောက်နေ့ မနက်ပိုင်းတောင်ရောက်နေပြီ။
  သူ့မျက်လုံးနှစ်လုံးဖွင့်လိုက်တော့ သူ့မှတ်ဉာဏ်ထဲက အရာနဲ့တူတဲ့ ခေါင်မိုးတစ်ခုကို မပြတ်မသားမြင်ရတယ်။ Bai Luo Yin လန့်သွားတယ်။
            တခန်းလုံးကိုလိုက်ကြည့်တယ်။ ရင်းနှီးနေတဲ့ နံရံကပ်စက္ကူဒီဇိုင်းကနေစပြီး သူ ကိုယ်တိုင်ချိတ်ဆွဲထားခဲ့တဲ့ နံရံပေါ်ကပန်းချီကားအထိ။ အဲ့ဒီနောက် ညာဘက်ကို ကြည့်တော့ သင်တန်းအချိန်စာရင်းကို ချိတ်ထားဆဲဖြစ်တဲ့ ရင်းနှီးပြီးသားတံခါးကို တွေ့ရပြန်တယ်။ နှစ်တွေဆွေးနေတာတောင် သင်တန်းအချိန်စာရင်းက အံ့သြစရာ ကောင်းလောက်အောင် အသစ်အတိုင်းပဲ။
      Bai Luo Yin ခေါင်းကုတ်ပြီး၊ငုံ့ကြည့်တော့ သူအခုခြုံထားတဲ့စောင်က အတိတ်တုန်း က စောင်နဲ့တစ်ပုံစံတည်းပဲ။ သူနှာတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်တော့လည်း ရင်းနှီးပြီးသား ကိုယ်သင်းရနံ့ရှိနေတုန်းပဲ။
    *နှစ်တွေအများကြီးကြာနေတာတောင် ၊ဒီစောင်ကဘယ်လိုဖြစ်လို့ ဒီလောက် နူးညံ့နေ သေးတာလဲ?*
            သူ့ခေါင်းကိုလှည့်ကြည့်တဲ့အခါ သူတို့ကျောင်းတက်တုန်းကဝတ်ခဲ့တဲ့ ကျောင်း ယူနီဖောင်းတောင်တွေ့ရပြီး၊ သူ့ဘေးကခုံလေးပေါ်မှာ သပ်သပ်ရပ်ရပ်ခေါက်ထားတယ်။
     *ဘာတွေဖြစ်နေတာတုန်း? ငါအိပ်မက်မက်နေတာများလား?*
     Bai Luo Yin သူ့ကိုယ်သူ ဆိတ်ကြည့်တော့ ၊စူးကနဲနာသွားတယ်။
   * ဒါတွေအားလုံး တကယ်ကြီးဟ*
    * Gu Hai စိတ်ရူးပေါက်ပြီး အိမ်ကပစ္စည်းတွေကိုယူလာပြီး အတိတ်ကမြင်ကွင်းပုံစံ ပြောင်းထားတာများလား*
     သူဒီအကြောင်းကို စဉ်းစားတွေဝေနေတုန်းမှာပဲ အပြင်ဘက်မှာ တံခါးသံကြားရတော့ Bai Luo Yin တံခါးဘက် မြန်မြန်လှည့်ကြည့်တယ်။
      နုပျိုနေတဲ့ပုံပေါ်နေတဲ့ Gu Hai ဟာ တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲဝင်လာတယ်။ သူကလည်းအရင်တုန်းက ကျောင်းယူနီဖောင်းကိုပဲဝတ်ထားပြီး၊ အရင်က ရင်းနှီးပြီးသား လက်အိတ်တွေ စွပ်ထားတယ်။ သူအရင်ကလုပ်နေကျပုံစံနဲ့ တစ်ပုံစံထဲပဲ Gu Hai တစ်ယောက်မှန်ရှေ့မှာ ကေတောင်သနေတယ်။
       Bai Luo Yin ကြောင်နေတယ်။ *သူဒီလိုကြီးသရုပ်ဆောင်ဖို့လိုလို့လား?*
     Gu Hai လှည့်လိုက်ပြီး Bai Luo Yin ဆီလျှောက်လာကာ သူ့လက်အေးကြီးတွေကို Bai Luo Yin စောင်ထဲထိုးထည့်လိုက်တယ်။ လက်တွေကအေးလွန်းလို့ သူတောင် ကြက်သီးထသွားတယ်။ ပြီးတော့ သူ့ရဲ့မကောင်းဆိုးဝါးလက်တစ်စုံက အပေါ်ဘက် တက်လာပြီး၊ နောက်ဆုံးတော့ Bai Luo Yin ရဲ့ပါးတွေပေါ် ရောက်လာပြီး ခပ်ပြင်းပြင်း လေးညှစ်ပစ်လိုက်တယ်။
            "မင်းခုထိမထသေးဘူးလား? အခုမထရင် ငါတို့ကျောင်းနောက်ကျလိမ့်မယ်"
      Bai Luo Yin ကGu Hai လက်တွေကို ဆွဲဖယ်လိုက်ပြီး "တကယ့်အရူးပဲ"
      အဲ့ဒီလိုပြောပြီး ၊Bai Luo Yin နောက်ပြန်လှဲချလိုက်ပြီး ဆက်အိပ်နေတယ်။
    မမျှော်လင့်ဘဲ Gu Hai ကသူ့နောက်ကျောကို "ဖြန်းခနဲ" ရိုက်ချလိုက်တယ်။ အရင်တုန်းကလေသံနဲ့ "ဘယ်သူကရူးတာလဲ?" ငါ့မှာအစောကြီးထပြီး မင်းစားဖို့မနက်စာ သွားဝယ်ရတယ်။ ပြန်လာပြီး မင်းကိုအိပ်ယာထဖို့နှိုးရတယ်။ဒါတောင် ငါ့ကို "အရူး" ပြောနေသေးတယ်။ မြန်မြန်ထစမ်း!"
    Bai Luo Yin ကစိတ်ရှည်လက်ရှည်နဲ့ ပြန်ပြောတယ်။ "အဲ့ဒီလိုပေါက်တတ်ကရတွေ လာလုပ်မနေနဲ့တော့။ ကိုအရူးလုပ်တာကိုတော့ လုံးဝမခံတော့ဘူး"
      "ငါ, မင်းကိုကောင်းကောင်းပြောနေတယ်နော်? မင်း အိပ်ယာမထသေးရင်တော့၊ ပေါက်စီတွေအေးကုန်တော့မယ်။ အအေးတွေစားပြီး ဝမ်းလျှောမှငါ့ကို အပြစ်လာမတင်နဲ့။ ပြောထားမယ်နော်- အရင်နှစ်ရက်က အန်တီကသိပ်နေကောင်းတာမဟုတ်ဘူး။ ငါတို့ အတွက် ဒီမနက်စာတွေတောင် သူမ မနည်းလုပ်ထားရတာ။ မင်း မထသေးဘူး ဆိုရင် တော့ သူမစေတနာကိုစော်ကားတာပဲ"
     Bai Luo Yin က Gu Hai ကို ဘုကြည့်ကြည့်ပြီး"သရုပ်ဆောင်လိုက်ဦး ၊ ဆက်ပြီး သရုပ်ဆောင်လိုက်ဦး"
   "ငါကဘာတွေများ သရုပ်ဆောင်နေလို့လဲ?" Gu Hai ကအတည်ပေါက်ကြီးနဲ့ ဒေါသ တကြီးပြောတယ်။ "အခုတလော အန်တီကသိပ်နေကောင်းတာမဟုတ်ဘူး။ ဒီနေ့ ကျောင်းကပြန်ရင် သူမကိုတွေ့ဖို့ ငါတို့ အဲ့ဒီအိမ်ကို သွားရမယ်"
      Bai Luo Yin က  "မင်းကို ဆက်ရူးခွင့်ပေးထားမယ်၊ ဒါပေမယ့် ဘာမှပြန်မပြောချင် တော့ဘူး"ဆိုတဲ့ သဘောနဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။
    Gu Hai ထပ်ပြောတယ်။ "မနေ့ညက ဓာတုဗေဒအိမ်စာကိုမလုပ်ဘဲ၊မနက်ကျ ကျောင်းရောက်မှ လုပ်မယ်လို့ပြောတာ ဘယ်ကကောင်စုတ်လေးလဲ ဟမ် ?"
    Bai Luo Yin က သေချင်ယောင် ဆက်ဆောင်နေတယ်။
   Gu Hai က သူ့ကိုလက်တစ်ဖက်တည်းနဲ့ ဆွဲထူပြီး ၊မျက်နှာချင်းဆိုင်နံရံက ဒစ်ဂျစ်တယ် နာရီကိုလက်ညှိုးထိုးပြတယ်။ ပြီးတော့ဒေါသထွက်ထွက်နဲ့ပြောသေးတယ်။ "မင်း မထသေးဘူးလား? ဘယ်နှစ်နာရီရှိနေပြီလဲ ကြည့်ဦး!"
      Bai Luo Yin ကနာရီမကြည့်မိဘဲ ရက်စွဲကိုအာရုံစိုက်မိသွားတယ်။ သူအံ့သြသွား တယ်။ ၂၀၀၂ခုနှစ်တဲ့။ အစပိုင်းတော့သူလန့်သွားပေမယ့် ချက်ချင်းပြန်အမှတ်ရသွားပြီး Gu Hai ကိုဟာသနှောပြီးပြောတယ်။ " MD Gu, မင်းပြင်ဆင်ထားတာက  တကယ့်ကို တမူထူးနေတာမဟုတ်ဘူးလား?"
    "MD Gu,ဟုတ်လား?" Gu Hai ကစိတ်ရှုပ်တဲ့မျက်နှာပေးနဲ့။
     နောက်, သူကBai  Luo Yin နဖူးကိုလက်နဲ့သွားစမ်းပြီး " မင်းအကြာကြီးအိပ်လိုက် လို့များ ရူးသွားတာလား"
     *ဟုတ်တာပေါ့၊ သိပ်မှန်တယ်--- ဒီလို prank (အရူးလုပ်ခြင်း) သေးသေးလေးကိုများ ငါ့ကိုယုံအောင်လှည့်စားချင်သေးတယ်* Bai Luo Yin က Gu Hai ဆီက မျက်နှာခွါပြီး တော့ စောင်အောက်ထဲခေါင်းမြီးခြုံလိုက်တယ်။ ဒါပေမယ့်မာတဲ့ပစ္စည်းတစ်ခုနဲ့ ရိုက်မိ တယ်။ သူကောက်ကိုင်ကြည့်တော့ အဲ့ဒါလက်ကိုင်ဖုန်းတစ်လုံးပဲ။
     ဒါတင်မကဘူး၊ အဲ့ဒါကသူအရင်ကကိုင်ခဲ့တဲ့ လက်ကိုင်ဖုန်းနဲ့မော်ဒယ်အတူတူပဲ။
       ဒီဖုန်းပျက်သွားတာကြာပြီဆိုတာကို Bai Luo Yin ရှင်းရှင်းကြီးမှတ်မိနေပြီး ဒီလို ဖုန်းမော်ဒယ်တွေက မထုတ်လုပ်တော့ဘူးလေ။ ဒါကို Gu Hai ဘယ်ကဝယ်လာတာလဲ? ပြီးတော့ ဒါကဖုန်းအသစ်နဲ့လည်း မတူပါဘူး။ တကယ်တော့ သူကြည့်လေကြည့်လေ၊ အရင်တုန်းကသူသုံးခဲ့တဲ့ ဖုန်းနဲ့တူလေလေပဲ။ ဖုန်းအခွံနောက်ကအခြစ်၊ အပွန်းအရာ လေးတွေကတောင် ရင်းနှီးနေသလိုခံစားရတယ်။
    သူစဉ်းစားနေတုန်း Bai Luo Yin က ကျွမ်းကျွမ်းကျင်ကျင်သော့ဖြည် (unlock) လိုက်ပြီး ၊ဖုန်းမှတ်တမ်းကိုရှာတယ်။
      ရုတ်တရက် ၊ယားကျိယားကျိ ဖြစ်လာသလိုတောင်ခံစားရတယ်။  
     ဒီဖုန်းမှတ်တမ်းထဲက လူတွေရဲ့စာရင်းတွေက သူအရင်ကမှတ်ထားတာတွေနဲ့ အတူတူပဲဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နောက်တစ်ကြိမ်၊ အဲ့ဒီလူတွေရဲ့ ဖုန်းနံပါတ် ကိုပြန်ကြည့်တယ်။ နံပါတ်တွေတောင်အရင်ကနဲ့အတူတူပဲ။
      Bai Luo Yin က Bai Han Qiဆီဖုန်းခေါ်တယ်။
       "ဟယ်လို---" နွမ်းနယ်နေတဲ့ အသံတစ်သံပေါ်လာတယ်။
    ဖုန်းကလိုင်းတကယ်ဝင်သွားပြီး ၊ ဖုန်းဖြေတာကလည်း သူ့အဖေပဲ။
     Bai Luo Yin အသံတွေတုန်နေတယ်။ "အဖေ ---တကယ်အဖေလား?"
     "ငါမဟုတ်လို့ ၊ဘယ်သူဖြစ်ရမှာလဲ?" Bai Han Qi သမ်းဝေလိုက်ပြီး" မင်းကျောင်း မရောက်သေးဘူးလား?"
     ကြောင်တောင်တောင်နဲ့ ၊ Bai Luo Yin ဖုန်းချလိုက်ပြီး သူ့လက်ဖဝါးတွေ အေးစက် လာတယ်။
    Gu Hai ကဘေးကနေချောင်းဟန့်လိုက်ပြီး "ငါ မင်းကိုမစောင့်တော့ဘူးနော်။ ငါအရင် မနက်စာသွားစားထားလိုက်မယ်"
    Bai Luo Yin စိတ်ရှုပ်နေတုန်းပဲ။သူ့ကိုယ်သူ ထပ်ခါတလဲလဲပြောနေတယ်။ ဒါက မဖြစ်နိုင်ဘူးလို့။ Gu Hai ကသူ့အဖေနဲ့ လက်ဝါးချင်းရိုက်ထားတာပဲဖြစ်ရမယ်- သူ့စိတ်ထဲ ဒီလိုပဲဆက်တွေးပြီးတော့ ၊ Yan Meng ရဲ့ နံပါတ်ကိုခေါ်လိုက်တယ်။  
  "ငါနောက်ကျနေပြီ!" Yan Meng ကအမောတကောပြောတယ်။ "မင်းပြောချင်တာရှိရင်၊ အတန်းထဲရောက်မှသာပြောတော့!!"
       တူ တူ တူ --- ဖုန်းလိုင်းပြတ်သွားပြန်ပြီ။
       ဒီမကောင်းဆိုးဝါးကို Bai Luo Yin မယုံနိုင်သေးလို့ Liu Chong ဆီဖုန်းခေါ်တယ်။ ဒါပေမယ့်ဖုန်းဖြေတဲ့သူက တိုင်းရင်းသားလေသံပေါက်နေတဲ့ မိန်းမကြီးတစ်ယောက်။
      "ဘယ်သူ့ရှာလဲ?"
      "Liu Chong---"
     "ကြက်သွန်?"  (Chong ဆိုတာ ကန်တုန်စကားမှာ ကြက်သွန်ကိုဆိုလိုသည်) မိန်းမကြီးက ခဏရပ်သွားပြီးမှ  " လု (မင်း) ဖုန်းမှားနှိပ်တယ်နော့?"
   Bai Luo Yin "---"
    ဖုန်းကိုချလိုက်ပြီး Bai Luo Yin ရုတ်တရက်စိုးထိတ်လာတယ်။ အရာအားလုံးက အရင်တုန်းကနဲ့ တထပ်တည်းတူနေတယ်။ အိပ်ယာအဖုံး၊ စောင်၊ အဝတ်ခြင်း၊ ကျောင်း လွယ်အိတ်၊ဖိနပ်တွေ----
    * ငါ အိပ်မက်မက်နေတုန်းများ ဖြစ်နေမလား?*
    Bai Luo Yin လက်သီးတင်းတင်းဆုပ်မိတယ်။ သူ့ခန္ဓာကိုယ်က ခံစားချက်ရော၊ သူ့စိတ်ကရော အရှင်းသားကြီးထင်းနေတယ်။ ဒါ့ကြောင့် သူအပြည့်အဝနိုးနေပြီဆိုတာ သေချာပါတယ်။
       *ဒါပေမယ့် ဒါဆိုဘာကြောင့်----"
      Bai Luo Yin ပေါက်ချလာမှာကို ငြိမ်ငြိမ်လေးစောင့်ရင်း ၊ပေါက်စီကို စိမ်ပြေနပြေစား နေတယ်။သူ့လက်ထဲကပေါက်စီက နောက်ဆုံးတစ်ကိုက်ကျန်တော့မှ၊နောက်ဆုံးမှာ Bai Luo Yin အလောတကြီး အခန်းထဲကပြေးထွက်လာပြီး ဆံပင်ကလည်းရှုပ်ပွလို့--- မျက်နှာကလည်းညစ်ပေလို့။ Gu Hai ရဲ့ဟန်ဆောင်ထားတဲ့ အံ့သြတဲ့အမူအရာအောက် မှာ Bai Luo Yin က Gu Hai လက်ကို ဆွဲဖမ်းပြီးကိုင်ထားတယ်။
      "ကို , မင်း, ငါ့ကို တမင်သက်သက် ခြောက်နေတာမဟုတ်လား?"
    Gu Hai ရယ်ချင်တာကိုအောင့်ထားပြီး" ငါကဘာကိစ္စမင်းကိုခြောက်ရမှာလဲ?"
     "ဒါတွေအားလုံးကြိုတင်စီစဉ်ထားတာမဟုတ်ဘူးလို့ပြောရဲလားလို့?" Bai Luo Yin က Gu Hai ကို စိုက်ပြီးကြည့်နေတယ်။
      Gu Hai က Bai Luo Yin ပါးတွေကိုအုပ်ကိုင်လိုက်ပြီး စိတ်ပူပန်တဲ့ အမူအရာနဲ့ ကြည့်နေတယ်။
    "မင်း ဘာတွေဖြစ်နေတာလဲကွာ"
    " ဟုတ်တယ်၊ သွားရာ, သွားအရာ--" Bai Luo Yin ကပြောရင်း Gu Hai ရဲ့ အင်္ကျီ ကော်လံကိုဆွဲပြီး သူ့ပုခုံးပေါ်ကိုကြည့်ရင်း သွားအရာရှိမရှိစစ်ဆေးတယ်။ ဒါပေမယ့် သူ စိတ်ပျက်သွားတယ်။ သူဘာမှရှာမတွေ့ဘူး။ Gu Hai ပုခုံးသားလေးတွေက ချောမွတ် နေတာပဲ။
      " ဘာ သွားအရာလဲ?" Gu Hai ကရူးချင်ယောင်ဆောင်နေတုန်းပဲ။
     အခုတော့ Bai Luo Yin အရမ်းကိုကြောက်လန့်နေပြီ။ သူ့လက်တွေက Gu Hai လည်ပင်းကိုတင်းနေအောင်ညှစ်ထားပြီး ထိန်းမနိုင်သိမ်းမရ ငြီးတွားတော့တယ်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မနေ့ညက ငါ, မင်းကို ကိုက်ခဲ့တာ ရှင်းရှင်းကြီးမှတ်မိပါ တယ်။ သွားအရာကဘယ်ရောက်သွားတာလဲ? သွားအရာကဘယ်ရောက်သွားတာလဲ?"
    Gu Hai က Bai Luo Yin ကို တင်းတင်းဖက်ပြီး ၊စိတ်ရှည်လက်ရှည်နဲ့ သူ့စိတ်တွေ တည်ငြိမ်သွားအောင်ချော့ရင်း" ဘေဘီ, အခုထိ မနိုးလာသေးဘူးလား? အိပ်ရင်းလမ်းထ လျှောက်နေတာလား? ကိုယ့်ကိုမခြောက်ပါနဲ့ကွာ!" ဒီလိုပြောပြီး၊ Bai Luo Yin ရဲ့ ခေါင်းနောက်ကိုထိလိုက်တယ်။
       Bai Luo Yin ဒီအရာကိုသေတောင်မယုံကြည်ချင်ဘူး။ သူအိပ်မက်မက်နေတာပဲ။ ပြီးတော့ သူတကယ့်ကို အချိန်နဲ့ခရီးသွားခဲ့တာပဲ။
      Gu Hai က Bai Luo Yin ကို တစ်နေရာမှာထိုင်ဖို့ ဆွဲခေါ်ပေမယ့် Bai Luo Yin ကထိုင်ဖို့ ငြင်းဆန်နေတယ်။ သူက စိတ်ရှုပ်ထွေးဟန်နဲ့ တစ်အိမ်လုံးကို လျှောက်ကြည့် နေတယ်။ သူယုတ္တိမရှိတဲ့အရာကိုရှာရမယ်။ တွေ့အောင်ရှာရမယ်။   
    ဒါပေမယ့် သူဘယ်လောက်ပဲစဉ်းစားစဉ်းစား၊ မမေ့နိုင်တဲ့ အမှတ်တရတွေအားလုံးကို Gu Hai ကသူ့ရှေ့ကိုချပြပြီးပြီ။
   "အော် အော် အော် ---!!" Bai Luo Yin အခန်းထဲမှာ အော်ဟစ်နေတယ်။ "ငါ့ ယူနီဖောင်း ငါ့ယူနီဖောင်း ဘယ်ရောက်သွားလဲ?" Gu Hai ကတံခါးကိုမှီပြီး ၊သူ့ကို စိတ်ဝင်တစားကြည့်နေတယ်။
    "မင်း ကျောင်းလစ်ချင်လို့လား? အဲ့ဒါကြောင့်ငါ့ရဲ့ရှေ့မှာ သရဲတစ်ကောင်လိုလုပ်နေ တာလား?"
     "သရဲလို လုပ်နေတာကမှမင်း! " Bai Luo Yin အမြန်ပြေးလာပြီး Gu Hai ရဲ့ကော်လံ ကို လက်တစ်ဖက်နဲ့ဆောင့်ဆွဲရင်း" မင်းကုမ္ပဏီက အခုမှစာရင်းဝင်သွားတာမလား? ငါက အခုမှလေယာဉ်အလှပြပွဲလုပ်လို့ပြီးသွားတာမဟုတ်ဘူးလား?"
     Gu Hai က Bai Luo Yin လက်ကို ဆွဲချလိုက်ပြီး "တော်လောက်ပြီ၊ မြန်မြန်လုပ်၊ အင်္ကျီဝတ်တော့။ အခုချက်ချင်း ကျောင်းသွားဖို့ထွက်ရင် ပထမအချိန်မှီနိုင်သေးတယ်"
      Bai Luo Yin ပုံလဲသွားပြီး သူ့လက်သီးနဲ့ Gu Hai ရင်ဘတ်ကိုထုနေတယ်။ ဒီလို "အရူးလုပ်ခံ" နေရတဲ့ အမူအရာလေးက တကယ်ချစ်ဖို့ကောင်းတယ်။
  "မင်း ဟင်းတွေအများကြီးချက်တတ်နေပြီမဟုတ်လား? ခရမ်းသီးအစာသွပ်ဖက်ထုပ် လေ။ ကြက်သားကုန်းဘောင်ကြီးကြော်လေ။ မြေအိုးတိုဟူးလေ။ မင်းပြောတော့ ငါပြန်လာရင်၊ အားအင်တွေပြန်ပြည့်အောင် ဟင်းတွေချက်ကျွေးမယ်ဆို---"
     Gu Hai ကသူ့နောက်ကစားပွဲပေါ်ကကြက်ဥပြုတ်ကိုယူပြီး Bai Luo Yin ရှေ့မှာ ထောင်ပြတယ်။
     "ငါဖြင့် ဒါပဲလုပ်တတ်တယ်"
    *ဘာလို့လဲ?*   Bai Luo Yin က Gu Hai ရဲ့ဆံပင်တွေကို အသေဆွဲဆုပ်ပြီး *ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ပြီးခဲ့တဲ့(၉)နှစ်ကိုကျော်ဖြတ်ရတာ လွယ်တာမဟုတ်ဘူး။ ဒီနေ့ရာထူးထိရောက်ဖို့ မလွယ်ဘူး။ သူဒီလောက်ကောင်းတဲ့စာဖိုမှူးဖြစ်ဖို့လဲမလွယ်ဘူး။ တစ်စက္ကန့်အတွင်းပဲ၊ သူဘယ်လိုလုပ် ကြက်ဥပြုတ်အဆင့်ကို ပြန်ရောက်သွားတာလဲ? တစ်စက္ကန့်အတွင်းပဲ၊ ငါ့ဘဝဟောင်းကို ဘယ်လိုလုပ်ပြန်ရောက်သွားတာလဲ?*
      ဘယ်လိုဖြစ်ဖြစ် ၊ Bai Luo Yin ဟာ ဒီအမှန်တရားကို လက်မခံချင်ဘူး။ သူ့နှလုံးသားက ဂျုံလုံးလိုတွန့်လိမ်နေပြီ။ သူအသက်မရှင်ချင်တော့လောက်အောင် နာကျင်နေတဲ့အချိန် ၊ရုတ်တရက်သူတစ်ခုခုကိုသတိထားမိတယ်။
     * အားလုံးကအိမ်ထဲမှာပဲပြန်ပြင်ထားလို့ရမယ်။ ဒါပေမယ့် အပြင်ကမ္ဘာကိုတော့ ပြန်ပြင်လို့မရဘူးမလား? သူဘယ်လောက်ပဲစွမ်းစွမ်း အပြင်ဘက်ကလေထုတွေ၊လမ်းတွေ အဆောက်အအုံတွေကို ဖန်တီးလို့တော့မဖြစ်နိုင်ဘူးမဟုတ်လား?*
    *ငါ ခုမှ ဒါကိုသတိရတော့တယ်* သူ့စိတ်ထဲမှာ ဒီလိုတွေးပြီး Bai Luo Yin ဟာ ပြတင်းပေါက်ဆီအမြန်ပြေးသွားတယ်။
သူကပြတင်းပေါက်လိုက်ကာကိုဖွင့်ခါရှိသေးတယ်--- မိုးခြိမ်းသံလိုအသံနက်ကြီးက ချက်ချင်းပေါ်လာပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံတွေ အများကြီးကြားရတယ်။ Bai Luo Yin က အမြန်ပဲနောက်နှစ်လမ်းဆုတ်လိုက်ပေမယ့် သူ့တစ်ကိုယ်လုံး နှင်းဆီပွင့်ဖတ်တွေနဲ့ ပက်ဖြန်းခံလိုက်ရတယ်။
      "Hahaha---"
     Bai Luo Yin တစ်ယောက် သူ့ရှေ့ကမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်မသွားခင် သူ့ကိုယ်သူတောင်မြဲအောင်မရပ်နိုင်တော့ဘူး။ Liu Chong က ရဟတ်ယာဉ်မောင်းနေပြီး Yan Meng က ဘေးကထိုင်ကာ ၊သူတို့နှစ်ဦးလုံး Bai Luo Yin ကို ညီညီညာညာ လက်ဝှေ့ယမ်းပြနိုင်သေးတယ်။
     "မင်းတို့နှစ်ကောင်တော့---" Bai Luo Yin စိတ်ဆိုးရမလား၊ ထရယ်ရမလား မသိ တော့ဘူး။
   ရဟတ်ယာဉ်က တဖြည်းဖြည်းမြင့်တက်လာပြီး ပန်းပွင့်အစိုတွေနဲ့အလှဆင်ထားတဲ့ အဝတ်စအကြီးကြီးတစ်ခုက Bai Luo Yin ရဲ့မျက်စိရှေ့မှာတင် ပွင့်ကျလာတယ်။ အဝတ်စရဲ့ဘေးသားတွေမှာ အနီရောင်နှင်းဆီပန်းတွေနဲ့ကွပ်ထားပြီး အတွင်းပိုင်းမှာ တော့ တဖိတ်ဖိတ်လက်နေတဲ့ စာလုံးကြီးလေးလုံး ပါဝင်တယ်။ စာလုံး တစ်လုံးပြီးတစ်လုံး အပေါ်မြင့်တက်လာတယ်။
    " Hap-py-Birth-day!"
            အဝတ်စကြီးကတိုက်(၁၀)ထပ်စာလောက်ရှည်ပြီး တံခါး(၂)ချပ်စာ လောက် ကျယ်တယ်။ အဝတ်စတစ်ခုလုံးကို ပန်းအစိုတွေနဲ့ပဲရက်လုပ်ထားတယ်။ ကဗျာဆန်တဲ့ မြင်ကွင်းက လူအုပ်ကြီးရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နေပေမယ့် Bai Luo Yin ကတော့ ပြတင်းပေါက်မှာ ရပ်ရင်း ကြက်သေသေနေပြီ။
      လေယာဉ်တံခါးပွင့်လာပြီး၊ အထဲကနေ Yan Meng ကလှမ်းအော်တယ်။
     "ရဟတ်ယာဉ်ပေါ်တက်! ဒီကအစ်ကိုက မင်းကို အချိန်ခရီးသွားဖို့ခေါ်သွားမယ်"

End of CH- 82

Addicted? Book2 (Zawgyi)Tahanan ng mga kuwento. Tumuklas ngayon