CHAPTER-80: ငါ,မင်းအကြောင်းပဲတွေးနေမိတယ်

148 9 0
                                    

CHAPTER-80:  ငါ,မင်းအကြောင်းပဲတွေးနေမိတယ်   

    အဆင့်နိမ့်ရဲဝန်းထမ်းတသိုက်ဟာ Haidian မြို့နယ် Garden လမ်းရှိရဲစခန်းအတွင်း ဖဲရိုက်နေကြတယ်။
   "ဟေ့!ကစားနေကြတာတွေရပ်လိုက်တော့......"ခေါင်းဆောင်Zhou ကလက်ခုပ်တီး ရင်း "ဒီနေ့နေ့လည် အနောက်ပိုင်း Jin Du ဟိုတယ်မှာ လက်ပတ်နာရီ တံဆိပ်အသစ် မိတ်ဆက်ပွဲကို ဆယ်လီတစ်ယောက် ပွဲတက်လိမ့်မယ်။မင်းတို့တွေကအမိန့်နာခံဖို့နဲ့ အဲ့ဒီဆယ်လီကို ကာကွယ်ပေးဖို့ တာဝန်ယူရမယ်"
     လမ်းရောက်တော့၊Yan Meng ကပရိုမိုးရှင်းပိုစတာကို ကောက်ကြည့်တယ်။
"You-wu-zui-hong-chen "စာလုံးတစ်လုံးချင်းစီ အော်ဖတ်ပြီးတဲ့နောက်သူစိတ်တိုတိုနဲ့ ဆဲတယ်။"F**k,ဒါလူနာမည်မှ ဟုတ်ရဲ့လား?ဘယ်လိုငတုံးမိဘကများ သူ့သားကို ဒီလို နာမည် ပေးထားတာပါလိမ့်?"
     ရဲသားတစ်ယောက်ကYan Meng ကို ဘေးကနေ ဂရုဏာသက်တဲ့ ပုံစံနဲ့ကြည့်ပြီး" အဲ့ဒါ ပရိုမိုးရှင်းသံချက်ကွ"
     "အော်"Yan Meng တကယ့်ကိုတုံးအ,တာပါ။ "ငါက"You" ဆိုတဲ့စကားလုံးတွေ့ တော့ မျိုးရိုးနာမည်ထင်နေတာ"
     Yan Meng နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပရိုမိုးရှင်းပွဲနေရာကိုရောက်တော့၊ ပတ်ဝန်းကျင်မှာ ပရိတ်သတ်ထောင်ပေါင်းများစွာ ရောက်နေပြီ။နေ့လည် ၂ နာရီ ထိုးပြီး နောက်၊ ဇိမ်ခံကား၂စီး အဝင်ပေါက်မှာရပ်လာတယ်။Yan Meng ကဆယ်လီတွေ နောက်တကောက်ကောက်မလိုက်ဖူးဘူး။သူငယ်ငယ်တုန်းကတော့ နည်းနည်းပါးပါးတော့ အားကျဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ဝင်စားမှုက နေ့ဝက်လောက်ပဲခံပြီး နောက်မေ့သွားတာ ပဲ။ အခု သူအသက်ကြီးလာတော့ ဒီလိုလူမျိုးတွေ အပေါ်စိတ်ဝင်စားမှုတောင်ပိုနည်းလာ တယ်။ ဒါကြောင့်လည်း၊ ဆယ်လီကားပေါ်က ဆင်းလာတော့ သူကောင်းကောင်းတောင် မကြည့်ဖြစ်ဘူး။
     ပရိတ်သတ်တစ်ဦးက တားမြစ်ထားတဲ့လိုင်းကို လျှပ်တပြတ်ဖြတ်ပြီး အမျိုးသား ဆယ်လီဆီကိုပြေးလာတယ်။ မြင်ကွင်းကကစဥ့်ကလျားနိုင်တယ်။ Yan Meng ကအဲ့ဒီပရိသတ်ကို အင်တိုက်အားတိုက် တားလိုက်တဲ့အချိန် သူ့အောက်ပိုင်းနဲ့ ဝင်တိုက်မိ သွားတယ်။ နာလို့ အကျယ်ကြီးအော်လိုက်မိတယ်။ ဒီအော်သံကို ဘေးကနေ တစ်စုံ တယောက်က ရှင်းရှင်းလင်းလင်းကြီး ကြားသွားတယ်။ အဲ့ဒီလူက ခေါင်းလှည့်ပြီး သူ့ရှေ့ မှာရှိတဲ့ ရဲသားလေးကို အကြာကြီး မယုံနိုင်ဖွယ် စိုက်ကြည့်နေတယ်။
     "Yan Meng!!"
            အစပိုင်းကတော့၊Yan Meng ကအရမ်းနာကျင်နေလို့ တစ်ယောက်ယောက် သူ့ကိုခေါ်နေတာမကြားဘူး။ အဲ့ဒါဟာ သူ့ရဲ့ တွန့်တက်နေတဲ့အင်္ကျီကော်လံကို အရှေ့ဘက်လှမ်းဆွဲလိုက်တဲ့အထိပဲ။ အမျိုးသားဆယ်လီက နေကာမျက်မှန်ကိုချွတ်ပြီး သူ့ပုခုံးကို စိတ်လှုပ်ရှားစွာကိုင်လှုပ်တယ်။Yan Meng ကသူ့ရှေ့ကလူကိုကြည့်နေပြီး နောက်ဆုံးတော့ ဘယ်သူဆိုတာသဘောပေါက်သွားပြီ။
     "You Qi!"Yan Meng ကအံ့သြနေတယ်။"မင်းဒီမှာ ဘာလုပ်နေတာလဲ?"
  ဒီလိုမေးခွန်းမေးတဲ့သူကိုရိုက်ပစ်လိုက်ဖို့ပဲကောင်းတယ်။ ဘေးနားမှာ ကောင်မလေး တွေရဲ့အသံကအော်ရလွန်းလို့ပြာနေပြီ...Yan Meng ကတော့ ကောင်းမလေးတွေရဲ့idol ဘာကြောင့်ဒီကိုလာမှန်းတောင်မသိပဲ ကြောင်နေတုန်း။
"မြန်မြန်!သွားလေ"သူတို့ဘေးကရဲသားတွေနဲ့ လုံခြုံရေးမှုးကတိုက်တွန်းတယ်။
            အဲ့ဒီကျမှ Yan Mengတုံ့ပြန်နိုင်တယ်။သူဟာ မျက်လုံးကြီးပြူးပြီး သူ့မျက်ဆံ တစ်လုံးလုံးပေါ်နေတယ်။ "မင်းက ဒီနေ့ပွဲကိုတက်တဲ့အမျိုးသားဆယ်လီလား?"Yan Meng က You Qi ကိုအကြည့်တစ်မျိုးနဲ့ကြည့်လိုက်ပြီး၊ အဲ့ဒီနောက် အားပါပါထိုးကာ" ဘယ်လောက်ဒုက္ခများလဲကြည့်ဦး!ငါ, မင်းမှန်းသိရင်၊ ဒီပရိသတ်တွေကို ဝင်ခိုင်းလိုက်ပါ တယ်"
     You Qi "........"
            ပရိုမိုးရှင်းပွဲလုပ်နေတုန်း Yan Meng ကသူ့ဘေးကဝန်ထမ်းကိုမေးတယ်။" ဒါပြီးဖို့ ဘယ်လောက်ကြာမှာလဲ?"
    သူမကအလေးအနက်မထားပဲပြန်ဖြေတယ်။"အနဲဆုံး ၂ နာရီ"
    "ဒါဆို, ကျွန်တော် ခေါက်ဆွဲတစ်ပွဲလောက်သွားစားဦးမယ်။န ည်းနည်းဗိုက်ဆာနေပြီ"
     Yan Mengစားသောက်ပြီးတဲ့နောက် အခမ်းအနားပွဲက ပြီးတောင်သွားပြီ။
    ပွဲပြီးတော့ You Qi ကYan Meng နဲ့ တွေ့ချင်တယ်။ ဒါပေမဲ့ ဒီအရူးလေးက အချိန်တိုအတွင်း ပျောက်သွားမယ်မှန်း ဘယ်သူသိမှာလဲ။ You Qi ဟာ Yan Meng အလုပ်လုပ်တဲ့ရဲစခန်းကိုလိုက်သွားတော့၊Yan Mengကအလုပ်ဆင်းသွားပြီ။ You Qi က ရဲသားတစ်ယောက်ကို Yan Mengနေတဲ့အိမ်ကို လမ်းပြခိုင်းလိုက်တယ်။
     Yan Mengမိသားစုက လမ်းကြားအိမ်ကနေ လူနေတိုက်ခန်းတစ်ခုဆီ ပြောင်းသွား ကြပြီ။ တံခါးမကြီးပွင့်လာတော့ You Qi လန့်သွားတယ်။Yan Mengအမေက မျက်နှာမှာ စုန်းမကြီးလိုပုံစံ ပလာစတာကိုင်ထားပြီး ကျိန်စာချနေတယ်။ သူမ,ပြောတာတော့ ဒီနေ့ ညပလာဇာမှာ လုပ်မယ့်သူမရဲ့ဇာတ်ရုပ် အတွက်တဲ့။
    "Yan Mengနဲ့ သူ့အဖေ လမ်းလျှောက်ထွက်သွားကြတယ်။ မင်း ဒီမှာပဲ ထိုင်စောင့် ပေါ့ကွယ်။"
Yan Mengအမေကပြောတယ်။
    စောင့်တာတစ်နာရီလောက်ကြာပြီ။ ဘေးကနေYan Meng အမေက You Qi ကို တောက်လျှောက်ကြည့်နေတယ်။ သူမ ကြည့်လေလေ၊ သူ့ကို ပိုပြီးရင်းနှီးလာလေလေပဲ။ အဆုံးတော့၊ သူမက စားပွဲခုံကို"ဗြန်း" ခနဲရိုက်လိုက်တယ်။
    "မင်းကဘယ်သူ?မင်းနာမည်? ငါ,နာမည် အတိအကျတော့ မမှတ်မိဘူး။ ဒါပေမဲ့ မင်းပါတဲ့ဇာတ်ကားတစ်ကားကြည့်ဖူးတယ်"
     "You Qiပါ"You Qi ကရှက်ရှက်နဲ့ပြန်ဖြေတယ်။"ကျွန်တော်က ဇာတ်လမ်းတွဲ တစ်ခု မှာပဲ သရုပ်ဆောင်ဖူးတာပါ။ ပြီးတော့ အဓိကသရုပ်ဆောင်မဟုတ်ပါဘူး။ အန်တီ, ကျွန်တော့်ကို မှတ်မိမယ်မထင်ပါဘူး"
   "မင်းကိုငါမြင်ကတည်းကမှတ်မိတာပေါ့။ကိုလိုနီနယ်ချဲ့အလိုတော်ရှိလို မင်း သရုပ်ဆောင်တာ တကယ့်ကိုမုန်းစရာကောင်းတယ်။အဲ့ဒီအချိန်ကစပြီး ငါတီဗီဖွင့်တာနဲ့ ကျိန်ဆဲတာပဲ—ဒီပုပ်စော်နံနေတဲ့နယ်ချဲ့အလိုတော်ရိ, ငကြောက်,လူရှုပ်လူပွေ!! မင်းက တရုတ်လူမျိုးတွေကိုနှိပ်စက်ဖို့ပဲသိ......."
     You Qi ရဲ့မျက်နှာမှာ အမဲရောင်အရေးအကြောင်းတွေ အပြည့်နဲ့ ပြောစရာစကား ပျောက်နေတယ်။
    "ကျွန်တော် အဲ့ဒီဇာတ်လမ်းတွဲထဲမှာ ပါတာမဟုတ်ဘူးခင်ဗျ"
    ၁၀ မိနစ်ကြာတော့၊Yan Meng အိမ်ပြန်လာတယ်။ You Qi ကိုတွေ့တော့ သူ အံသြနေတယ်။သူ့ပါးစပ်တောင်မဖွင့်ရသေးခင်၊Yan Meng အဖေကြီးက You Qi ရှေ့ကို လေပွေလို အမြန်ပြေးသွားပြီး သူ့လက်ကို စိတ်လှုပ်ရှားစွာနဲ့ဆုပ်ကိုင်ရင်း "မင်းYou Qi မဟုတ်လား?ဦးလေးကမင်းရဲ့ ခရေဇီဖန်ပါ"
    Yan Meng တစ်ယောက်သူ့အဖေမျက်နှာပေါ်က အဖြစ်သည်းနေတဲ့ ပုံပန်းကိုကြည့် ပြီး၊ ကြွက်တွင်းရှာပြီးသာ ပုန်းနေလိုက်ချင်တော့တယ်။ သူ့မှာ ဘာကြောင့်များ ဒီလို ထူးဆန်းတဲ့ ဖခင်မျိုးရတာပါလိမ့်?
    နှစ်ယောက်သားဧည့်ခန်းထဲထိုင်ပြီး စကားပြောကြတယ်။You Qi ကရုပ်ရှင်ပွဲ လက်မှတ်တစ်စောင်ကိုကမ်းပေးပြီး၊ ဧည့်ဝတ်ပြူငှာစွာ Yan Meng ကို ဖိတ်ကြားတယ်။ "ငါသရုပ်ဆောင်ထားတဲ့ဇာတ်ကားလေ နောက်တပတ် စနေ၊တနင်္ဂနွေမှာ ရုပ်ရှင်ရုံမှာပြ မှာ။ မင်းလာပြီး ငါ့ကိုအားပေးဦး"
    "Tsk Tsk......"Yan Mengကပါးနှစ်ဖက်ကို လေသွင်းပြီး အသံထွက်ရယ် တယ်။"မင်းက ဇာတ်ရံနံပါတ်၆လား၇လား?"
     You Qi ကမကောင်းဆိုးဝါးဆန်ဆန်ရယ်လိုက်ပြီး"ငါကဇာတ်ပို့မင်းသား"
    Yan Meng ခေါင်းညိတ်တယ်။"မယုံဘူး"
    You Qi ကလက်ဖက်ရည်ကြမ်းကိုစုပ်သောက်လိုက်တယ်။ "မင်းရဲသားဖြစ်လာလိမ့် မယ် လို့ ငါဖြင့်ထင်တောင်မထင်မိဘူး"
    "မင်း ထင်မထားတဲ့ကိစ္စတွေမှ အများကြီးပဲ!မင်းကိုပြောရဦးမယ်,Yin Zi လေ...."
    "သူက လေတပ်ကလေသူရဲ"You Qi ကYan Mengကိုစကားဖြတ်ပြော တယ်။"အရင်တနေ့ကမှသူနဲ့တွေ့သေးတယ်။သူက Gu Hai နဲ့အတူလာခဲ့တာ"
    "ဟမ်?"Yan Mengအံ့သြတယ်။"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?သူ ငါ့ကို နောက်ဆုံးလာ တွေ့တုန်းက,သူ Gu Hai ကိုမြင်တော့ ရန်သူကြီးကျနေတာပဲ"
     "အဲဒါ ဘယ်လောက်ကြာပြီလဲ?"You Qi မေးတယ်။
    Yan Meng ခဏလောက်စဉ်းစားပြီးမှ "Oh,နှစ်ဝက်လောက်ရှိပြီ။အခုခေတ် အချိန်ကုန် တာမြန်လိုက်တာနော်"
    You Qi မှင်သေသေပြုံးမိတယ်။
    Yan Mengကသူ့ကိုခဏစိုက်ကြည့်နေပြီး၊စိတ်စမ်းကြည့်တယ်။"မင်း Yin Zi အကြောင်းစဉ်းစားနေတုန်းပဲလား?"
    "ဘာ?"  You Qi ချက်ချင်း ငြင်းချက်ထုတ်တယ်။"နှစ်တွေတောင်ကြာနေပြီ။သူ့ကို ဟိုးအရင်ကတည်းက စိတ်မဝင်စားတော့တာ။ဒါပေမဲ့ အမှန်တော့ ငါမင်းအကြောင်းကိုပဲ စဉ်းစားနေခဲ့တာ။ ဒီနှစ်တွေမှာ ငါလေ မင်းကို မမေ့နိုင်ခဲ့ဘူး"
    Yan Meng တစ်ယောက် ကော်လံဖားခံရပြီ။"ငါ့အကြောင်းစဉ်းစားတယ်? ငါကမင်းကို ဘာတွေများ သတိရအောင်လုပ်ထားလို့တုန်း?"
  "ငါကိုယ်တိုင်တောင် မသိဘူး"You Qi ကမျက်လုံးစင်းပြီး"ငါ့ကိုကြည့်စမ်း,အဲ့ဒီတုန်းက ငါ့စိတ်ထဲမှာ Yin Zi နဲ့ပြည့်နေခဲ့ပေမယ့် နှစ်တွေအများကြီးကုန်သွားတော့၊ ငါ့မှတ်ဉာဏ် ထဲကYin Zi ကတဖြည်းဖြည်းနဲ့ဝေဝါးသွားတယ်။ အဲ့ဒါနဲ့ပြောင်းပြန်၊ ငါတို့နှစ်ယောက် ကြားမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကိုတော့ တစ်ခုမကျန် ရှင်းရှင်းကြီး မှတ်မိနေသေးတယ်"
Yan Mengရဲ့ပါးစပ်တွန့်သွားပြီး၊အကြာကြီးနေမှ နောက်ဆုံးပြောချလိုက်တယ်။
    "မင်း.......ဦးနှောက်တော့ကောင်းပါသေးတယ်နော်?"
     You Qi "........."

End of CH-80

{Note : အဲ...ကြည့်ပါဦး။ဒီအခန်းလေးကျတော့တိုတိုလေး။ ဘာသာပြန်တဲ့သူဦးနှောက် လည်းကောင်းသေးရဲ့လားမသိဘူး။ ဝန်ခံပါတယ်...စာပိုဒ်အနည်းငယ်ကို ချန်လှပ်ထားခဲ့ ပါတယ်။}

Addicted? Book2 (Zawgyi)Where stories live. Discover now