Chapter 17 ပြင်းထန်တဲ့ တိုက်ပွဲလေပိုင်နက်ကို ကျူးကျော်လာတဲ့ သူလျှိုလေယာဉ်က ဘယ် နိုင်ငံကလည်းဆိုတာ မသိရဘူး။
Bai Luoyin က သူရဲ့ တိုက်လေယာဉ် အပေါ်ရောက်သွားတာ နဲ့ ချက်ချင်း သူလျှိုလေယာဉ်ကို ရှာတွေ့သွားတယ်။ဒါပေမယ့် သူလျှို ယာဉ်ကသေးပြီး အနီအောက်ရောင်ခြည်သုံး ရေဒါ အချက်ပြကိရိယာက အနုစိတ်လို့ တည်နေရာရှာဖို့နဲ့ လမ်းကြောင်းကောက်ဖို့ခက်ခဲစေတယ်။ Bai Luoyin က သူ့မျက်စိနဲ့ပဲ ရှာနေရတယ်။ အမြင့်ပျံစွမ်းရည်ကောင်းလို့ ပစ်မှတ်အနီးကို မြန်မြန်ရောက်သွားတယ် ။
နောက်ဆုံးမှာ Bai Luoyin က ပစ်မှတ်ကို ဒုံးကျည်နဲ့ ပစ်လိုက်တယ်။ ဒါပေမယ့် ရန်သူဘက်ကလည်း ချက်ချင်းဒုံးခွင်ဒုံးကို ပစ်ပြီး သူရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်တယ်။Bai Luoyin က လေယာဉ်အရှိန်ကို မြင့်လိုက်ပြီး ရန်သူအနောက်ကိုလိုက်ရင်း တရုတ်ပြည်အနောက်ပိုင်း အထိ ပျံသွားတယ်။ပထမတော့ ရန်သူက ကိုယ်ယောင်ဖျောက်ဖို့ ကြိုးစားပေမယ့် Bai Luoyin က နောက်ကထပ်ကြပ်မကွာ လိုက်နေ တယ်။ ရန်သူက အရေးနိမ့် နေသော်လည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာတယ်။ တိုက်လေယာဉ် (၂)စင်းဟာ လေထဲမှာတင် ပြင်းထန်တဲ့ တိုက်ပွဲ ကို ကျင်းပနေတယ်။
ရန်သူလေယာဉ်က အရှိန်နည်းနည်းနဲ့ ပျံနေခဲ့ပေမယ့် ချက်ချင်း ဆိုသလို အရှိန်မြင့်လိုကိပြီး ဒုံးကျည်လွတ်လိုက်တယ်။ Bai Luoyin က အမြန်ရှောင်လိုက်တယ်။ ရန်သူ့ယာဉ်က လောင်ဂျီ ကျု့ အမျိုးမျိုး ပြောင်းပျံတယ်။ Bai Luoyin က သူရဲ့ခန္ဓာခံနိုင်တဲ့ အတိုင်းအတာကို ကျော်ပြီး ပျံသန်းနေလို့ ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန်စီးနေပြီ။ Bai Luoyin ရဲ့ ဦးနှောက်ဆီ သွေးအလုံအလောက် မရောက်ဘူး။ ဒီတော့ သူ့မျက်လုံးတွေ ဝါးလာ တယ်။
ဒါပေမယ့် သူ့နှလုံးသားမှာ အကြောက်တရားဆိုတာ မရှိဘူး။ သူ့မျက်စိ ထဲမှာလဲ ငဲ့စောင်းရမယ့်သူလည်းမရှိတော့ဘူး ။
ရုတ်တရက်ကြီး Bai Luoyin က လေယာဉ်ကခုန်ထွက်ပြီး ရန်သူမြေမှာ တိုက်ဖို့ အချက်ပေးသံကို ရတယ်။ယာဉ်၂စီးဟာ သီသီလေး ဖြတ်ပျံသွား ကြတယ်။ သူက အသိစိတ်တစ်ဝက်နဲ့ပဲ အန္တရာယ်များတဲ့ စိန်ခေါ်မှုလုပ်ဖို့ ရန်သူယာဉ်ကို သူ့ရှေ့မှာ ပျံသန်းစေတယ်။ ရန်သူက တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် အရှေ့မှာ ပျံသန်းတယ်ဆိုတာ တပန်းနိမ့်တယ်။
Bai Luoyin က အဲ့အခွင့်အရေးကို အသုံးချပြီး ကျည်လွတ်လိုက်တယ်။ ရန်သူ့ဘယ်တောင်ပံကို ထိသွားပြီး မီးထတောက်တယ်။ မကြာ ချက်ချင်း ဒုံးကျည် ထပ်လွှတ်တယ်။ "Boom" ဆိုတဲ့အသံနဲ့ အတူ ရန်သူ့လေယာဉ် က ပျက်ကျသွားတယ်။ သူ့မျက်စိရှေ့မှာပဲ သံအစအနတွေဟာ မီးခိုးငွေ့ တန်းထဲမှာ ပျောက်ကွယ်သွားပြီ။
Bai Luoyin က ပြန်လှည့်ဖို့ လုပ်တုန်း သူရဲ့ တိုက်လေယာဉ်ဟာ ရုတ်တရက် တုန်ခါလာတယ်။သူက ပြသာနာကို ဖြေရှင်းဖို့ ကြိုးစားပေ မယ့် ကံအကြောင်းမလှတော့ ထိန်းချုပ်စနစ်က အလုပ်မလုပ်တော့ဘူး။ ဒီတော့ သူ့လေယာဉ်က ဇောက်ထိုးကျနေပြီ။ သူ့ဦးနှောက်မှာလဲ တင်းကြပ်နေပြီ။ ဇောက်ထိုးဖြစ်နေတာကြောင့် ခြေစွပ်ကွင်းကို နင်းဖို့လဲ ခြေထောက်က မမှီဘူးဖြစ်နေတယ်။ လေယာဉ်ကို ထိန်းဖို့က အလွန့် အလွန့် ခက်ခဲနေတယ်။
ခဏကြာတော့ Bai Luoyin ခံစားရတာက လေယာဉ်ကိုယ်ထည် တဖြည်းဖြည်းနိမ့်လာပြီ ဆိုတာပဲ။ ပြီးတော့ သူမြင်နိုင်သမျှ အောက်ဘက် ကလဲ နွံတောကြီး!
သူ လေထီးဖွင့်လိုက်တဲ့အချိန်မှာ သူမျက်စိရှေ့မှာပဲ ပေါက်ကွဲမှု တစ်ခု ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က ကား accident ကို သွား သတိရမိတယ်။ ခုချိန်မှာ သူ့ရင်ထဲမှာ မြှပ်နှံထားတဲ့ အကြောက်တရား တွေလည်း မရှိတော့ပါဘူး ။
အဲ့ဒီတော့ ပြန်ပြောင်းတွေးကြည့်ရင် သေခြင်းတရားဆိုတာ ဒါမျိုးပေါ့။
-------------##########---------
ဝတ်ကောင်းစားလှတွေနဲ့ အခမ်းအနားမှုးက Gu Hai ဆီ သွားပြီး တိုးတိုး ပြောတယ်။
"မင်္ဂလာအချိန်ကျပြီ စကြတော့မလား?"
Gu Hai က နာရီကို ကြည့်လိုက်ပြီး၊ အခန်းပြည့်ဧည့်သည်တွေကို ဆက် ကြည့်တယ်။ အားလုံးစုံပြီ။တစ်ယောက်သောသူကလွဲလို့...။
"ခဏ ထပ်စောင့်ကြတာပေါ့"
Yan Ya Jing က သူ့အမေဘေးမှာ ထိုင်နေတယ် ။ သူအမေက အရင်က ပုံထက်ကို ပိုပြီးစိတ်ပူနေပုံပေါ်တယ်။ သူက အဆက်မပြတ်မေးနေတယ်။
"ဘာလို့ မစသေးတာလဲ? ဘာကြောင့်မစသေးတာလဲ?"
Yan Ya Jing က စိတ်မရှည်တော့တာနဲ့ Gu Hai အနားသွားပြီး မေး လိုက်တယ်။
"တစ်ယောက်ယောက် မရောက်သေးလို့လား ?"
Gu Hai ရဲ့ မျက်လုံးက Yan Ya Jing ကို ဖျက်ကနဲ လှမ်းကြည့်တယ်။ ပြီးမှ သူ စကား(၃) လုံးကို တိတ်တိတ်ဆို တယ်။
"Bai Luoyin "
"Oh!"
Yan Ya Jing ပုံစံက ပြောင်းသွားတယ်။
"ဒါဆို ခဏ စောင့်ကြတာပေါ့"
ဧည့်သည်တွေအားလုံး နေရာယူနေကြပြီ။ အကူတွေနဲ့ အခမ်းအနားမှုးက လွဲရင် Gu Hai တစ်ယောက်ပဲ ခန်းမထဲ ခေါက်တို ခေါက်ပြန်လျှောက်နေတယ်။ သူက တံခါးနားလေးက နေရပ်ကြည့်ရင်း စိတ်ပူလာတယ်။ သူ့ရင်ထဲမှာလဲ အကြောင်းအရင်းမရှိပဲ လေးလံနေ တယ်။
Gu Wei Ting က ထသွားပြီး Gu Hai ဆီ သွားတယ်။
"မင်း ဘာတွေ အချိန်ဆွဲနေတာလဲ?"
Gu Hai က သူ့အဖေကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးပြောတယ်။
"Bai Luoyin မရောက်လာသေးဘူး "
Gu Hai ရဲ့ ပါးစပ်ကနေ ဒီနာမည် ကြားလိုက်တော့ Gu Wei Ting ရဲ့ ရင်ထဲ နေလို့ မကောင်းဘူး။ အသံမာမာနဲ့
"လူတစ်ယောက်ကြောင့် Xiao Yan ရဲ့ မိဘတွေကို စောင့်ခိုင်းေ ရတာ မကောင်းဘူးမလား?"
Gu Hai က မမာတဲ့ Yan ရဲ့ အမေကို လှမ်းကြည့်တယ်။ သူမရဲ့ ပုံစံက အရမ်းကို ဆိုးနေတယ်။ဖြစ်နိုင်တာကတော့ သူရဲ့ မမာတဲ့ ခန္ဓာကိုယ်နဲ့ ဒီလိုဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ အကြာကြီး နေရလို့ ဖြစ်မယ်။
"ဒါဆို OKလေ "
Gu Hai အတွင်းထဲ ဝင်မယ့်ဆဲဆဲ အဝင်ပေါက်မှာ လူသဏ္ဌာန် တစ်ခုကိုရိပ်ခနဲမြင်လိုက်တယ်။ သူမျှော်နေတဲ့လူတော့ မဟုတ် ဘူး။ ဒါပေမယ့် စစ်ဝတ်စုံနဲ့ သူ မရင်းနှီးတဲ့ စစ်သားတစ်ယောက် ဖြစ်နေ တယ်။
စစ်သားက Gu Wei Ting ဆီကို တည့်တည့်မတ်မတ် သွားပြီး နားနားကပ် တိုးတိုးပြောလိုက်တော့ Gu Wei Ting ရဲ့ မျက်နှာ ချက်ချင်း ပျက်သွားတယ် ။ပြီးတော့ သူက Gu Hai ဘက်ကို တချက်ကြည့်ပြီးမှ အကြည့်ကို မြန်မြန်ပြန်လွှဲလိုက်တယ်။
အဲ့ဒီအကြည့်တချက်က Gu Hai ရဲ့ ရင်ကို စူးနင့်သွားစေတယ်။
Gu Haiက အဲ့ဒီနှစ်ယောက်ဆီ (၂) လှမ်းလောက်တိုးလိုက်ပြီး မြန်မြန် မေးလိုက်တယ်။
"တခုခု ဖြစ်လို့လား ?"
"မင်း အလုပ် မဟုတ်ဘူး "
Gu Wei Ting ရဲ့ မျက်နှာက သွေးရောင်မရှိတော့ဘူး။
"မင်းလုပ်သင့်တာကိုပဲ မင်းလုပ်။ တပ်ထဲမှာ ကိစ္စလေး နည်းနည်း ရှိလို့ပါ ကွာ။ ငါခဏ လိုက်ကြည့်လိုက်ဦးမယ်။ အစီအစဉ်တိုင်းသာ ပွဲကို ဆက် လုပ်။ ငါ ..."
"Yin Zi တစ်ခုခု ဖြစ်နေတယ်မလား?"
Gu Hai က Gu Wei Ting ရဲ့စကားကို ဖြတ်ပြောတယ်။
Gu Wei Ting ရဲ့ မျက်နှာ ပျက်သွားတယ်။သူက ဒေါသတကြီး ပြောတယ်။
"ဒါက အတွင်းရေးကိစ္စတွေ။ မင်းနဲ့ ဘာမှမဆိုင်ဘူး "
Gu Hai က သူအဖေရဲ့ သတိပေးချက်ကို ဂရုမစိုက်ဘဲ အသံပြဲကြီးနဲ့ အော်တယ်။
"Yi Zi ဟုတ်တယ်မလား "
Gu Wei Ting ရဲ့ မျက်နှာတင်းပြီး စကားမပြောနိုင်တော့ဘူး။
ဆူညံနေတဲ့ ခန်းမက ရုတ်ချည်း ငြိမ်ကျသွားတယ်။ ဧည့်သည် တွေက အပြင်ကို လှမ်းကြည့်နေပေမယ့် ဘာဖြစ်နေကြလဲတော့ မသိဘူး။Yan Ya Jing က အဝေးကနေ Gu Hai ကို ကြည့်ရင်း ရင်တွေတင်းကြပ်လာ တယ်။ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်နေပြီဆိုတာ သူမ ခံစားနိုင် တယ်။
Gu Hai က အမြန်ပဲ သူ့အဖေရှေ့ကဖြတ်လျှောက်ပြီး တံခါးဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတယ်။
"မင်း ပြန်လာခဲ့စမ်း"
Gu Wei Ting က အကျယ်ကြီးအော်တယ်။
Gu Hai က ရဲသားအစောင့် ၂ယောက်ရှေ့က ဖြတ်လျောက်ခဲ့ တယ်။
"သူ့ကို တားလိုက်"
အမိန့်ပေးလိုက်တာနဲ့ ချက်ချင်း အစောင့်နဲ့ ဝန်ထမ်းအချို့ဟာ Gu Hai နောက်ကို ပြေးလိုက်ကြတယ်။ Gu Hai က အခမ်းအနား လုပ်တဲ့ကြားထဲ ဖြတ်ပြီး လူအုပ်ကြီးရဲ့ မျက်စိရှေ့မှာတင် ရှောင်တိမ်း ပြေးလွှားပြီး တတိယထပ် ပြတင်းပေါက်ကနေ တိုက်ရိုက်ခုန်ချသွား တယ်။
GU Wei Ting က အလျင်အမြန်နောက်က လိုက်ကြည့်တော့ ကြောက်လန့်နေတဲ့ပုံပေါက်နေတဲ့လူ ၇ ယောက် ၈ယောက် လောက် လှေကားနားမှာ ရပ်နေတာ တွေ့တယ်။
"သူ ဘယ်ရောက်သွားလဲ ?"
အစောင့်တစ်ဦးက ဖြေတယ်။
"သူ ...သူ တိုက်ပေါ်က ခုန်ဆင်းသွားတယ် "
Gu Wei Ting က ဒေါသအရမ်းထွက်နေပြီ။သူ လှေကားကနေ ဆင်းပြီး ပြတင်းကငုံ့ကြည့်တော့ သူ့သားက ကားမောင်းပြီး ထွက်တောင်သွားပြီ။
Yan Ya Jing လည်း ထွက်လာတယ်။Gu Wei Ting ကို စိုးရိမ်တကြီး ကြည့်ပြီး မေးတယ်။
"အန်ကယ် ဘာတွေ ဖြစ်နေတာလဲ?"
Gu Wei Ting က စိတ်ကို စုစည်းပြီးတော့ အသံနိမ့်နိမ့်နဲ့ ပြောတယ်။
"အိမ်မှာ ကိစ္စလေးတစ်ခု ဖြစ်နေလို့ သမီးရေ။ Xiao Hai က သူ့အစ်ကိုရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ တပ်ထဲလိုက်သွားတယ်။ အန်ကယ်လည်း သွားကြည့်ရဦးမယ်။ သမီးမိဘတွေကို အကျိုး အကြောင်းပြောဖို့ သမီးကို ဒုက္ခပေးရဦးမယ်။ ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် အန်ကယ်တို့လည်း ရှက်မိပါတယ်။ ဒီကိစ္စလေး ဖြေရှင်းပြီးသွားရင်တော့ အန်ကယ်တို့ သေချာလာပြီး တောင်းပန်ပါဦးမယ်နော် သမီး"
Yan Ya Jing က ယဉ်ယဉ်ကျေးကျေးပဲ
"အန်ကယ်ရယ် အဲ့လိုမပြောပါနဲ့။ အန်ကယ်မြန်မြန်သွားလိုက်ပါ။ အသက်ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး "
Gu Wei Ting ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပဲ အခြားအရာရှိတစ်ဦးနဲ့ အတူ ထွက်သွားတယ်။
Yan Ya Jing သက်ပြင်းချလိုက်တယ်။
"တကယ့်ကို လိမ်ညာတဲ့လူတွေရဲ့ အဆုံးသတ်ကကောင်းတာ မရှိဘူး "
{Note- သူမက Bai Luoyin တို့ ကားပေါ်မှာ နမ်းနေကြတယ် ဆိုတာ ညာပြောခဲ့တာပါ }
------------#########----------
အခင်းဖြစ်တဲ့နေရာကို Gu Hai ရောက်သွားတဲ့အချိန်က ညဘက်ကြီး ရောက်နေပြီ။
စုံစမ်းရှာဖွေမှုတွေ လုပ်နေတဲ့ အရာရှိတွေက အများကြီးဆိုပေမယ့် တစ်ယောက်ကပဲ လေယာဉ် အကျိုးအပဲ့တွေကို တွေ့တယ်။
လေအေးတွေ တိုက်နေတာကြောင့် Gu Hai က သူ့ခြေလှမ်းတွေ လေးနေတယ်လို့ ခံစားမိတယ်။ သူ့ဆီလျှောက်လာတဲ့ အရာရှိရဲ့ မနှစ်မြို့ စရာမျက်နှာရိပ်ကို Gu Hai မြင်တယ်။ သူ့စိတ်ထဲမှာတော့ အဲ့ဒီမျက်နှာ ကို ဆွဲဖြဲလိုက်ချင်တယ်။
"Bai Luoyin ရဲ့ တိုက်လေယာဉ်က ရန်သူ့ယာဉ်နဲ့ ယဉ်ပြိုင် တိုက်ခိုက် တယ်။ ဖန်သားပြင်ကို ကျွန်တော်တို့ တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဘက်က ယာဉ်ကရန်သူ့ယာဉ်ကို ဖျက်ချပြီးတဲ့နောက်မှ မထင်မှတ်တဲ့ ပြသာနာ ပေါ်လာတဲ့ပုံပဲ"
"ငါ အသေးစိတ်သိချင်တာ မဟုတ်ဘူး "
Gu Hai ရဲ့ မျက်လုံးမှာ ခံစားချက်မဲ့နေတယ်။
"ရလဒ်သာ ပြော"
အရာရှိက တံထွေးမျိုချလိုက်ပြီး အသံတိမ်တိမ်နဲ့ ပြောတယ်။
"လေယာဉ်က ပျက်ကျပြီး လေယာဉ်မှုး ပျောက်နေတယ်"
ပျောက်နေတယ် ဟုတ်လား ? ဒီလို နှစ်သိမ့်တဲ့ စကားတွေက ....
ဟိုအရင်ကတည်းက အမျိုးမျိုးသော မတော်တဆမှုတွေနဲ့ ပျောက်နေတဲ့ သူရဲကောင်းတွေမှ အများကြီး။သူတို့ ဘယ်မှာရှိလဲ ဆိုတဲ့ အတိအကျ အကြောင်းကို ယနေ့ထက်တိုင် မသိရသေး။
အရာရှိက ဂရုတစိုက် ထပ်ပြောတယ်။
"လေယာဉ်ပျက်မကျခင် Bai Luoyin က လေထီးခုန်လိုက်ပြီး အမြင့်က လည်း စိတ်ချရလို့ အသက်ရှင်နှုန်းများမှာပါ "
"သူ ဘယ်နေရာ ခုန်ချသွားတာလဲ ?"
Gu Hai က အေးအေးပဲ မေးတယ်
အရာရှိက ခေါင်းငုံ့လိုက်ပြီး တိုးတိုးပြန်ဖြေတယ်။
"ခုချိန်မှာတော့ ....."
"သူ ဘယ်နေရာမှာ ခုန်ချသွားတာလဲ "
Gu Hai ရဲ့ မျက်လုံးတွေက ဘေးကလူတွေကို ကြက်သီးထ သွားစေ တယ်။
အရာရှိရဲ့ အသံက တိမ်သွားတယ်။
"နွံတောထဲ "
Gu Hai ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ့ရင်ဘတ်ကသွေးက ဦးနှောက်ကိုတည့်တည့်စီးနေတယ်။ သူရဲ့ တင်းတင်းဆုပ်ထားတဲ့ လက်သီးက အရိုးလိမ့်သံတွေ ညံနေပြီ။
"မင်းတို့ ဘာကြောင့် သူ့ကို ဒီလို အန္တရာယ်များတဲ့ mission ခိုင်းရတာ လဲ? မင်းတို့ကောင်တွေ ဘာစားကြီးခဲ့ကြလဲ? လေသူရဲတွေမှ ရိုက်သတ် လို့ မကုန်ဘူး။ ဘာလို့ သူ့မှ သေတွင်းထဲ ပို့ခဲ့ကြသလဲ ?"
ဒီအချိန်မှာတော့ Gu Hai က အထိန်းချုပ်မဲ့နေတဲ့ ခြင်္သေ့အရိုင်း တစ်ကောင်လိုပဲ၊ တွေ့ကရလူကို ကိုက်မှာပဲ။
"ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ တာဝန်လဲ မဟုတ်ဘူး။ ကျွန်တော် တို့က ရှာတာနဲ့ ကယ်တာအတွက်ပဲ တာဝန်ရှိတာ။
Gu Hai ရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေက အပြစ်မဲ့တဲ့လူတွေရဲ့ မျက်နှာတွေကို စိုက်ကြည့်နေတယ်။သူ့က ဒီလိုအပေါ်ယံပဲ ရှာနေကြတဲ့ လူတွေကို မုန်းတယ်။
"တပ်ကလည်း နေရာဖြန့်ရှာဖို့ လူတွေ များများလွှတ်ထားပါတယ်။ ၂ရက်အတွင်း ရှာတွေ့မယ်လို့ အာမခံပါတယ်"
Gu Hai က လေအေးတွေနဲ့ အတူ လျှောက်သွားတယ်။
မင်း နွံတောထဲမှာ ပိတ်မိနေရင်တောင် ငါဆွဲထုတ်ကယ်မယ်။
Bai Luoyin မြေပြင်ပေါ် ခြေမကျခင်အချိန် သူတွေးတာက သ ခန္ဓာကိုယ်က နွံတောထဲ ဘယ်လောက်အနက်အထိ မြှပ်သွားမှာ ပါလိမ့် လို့။ တကယ်လို့ ရင်ဘတ်အောက်ပိုင်းပဲ မြှပ်ရင် အသက်ရှင် နိုင်ကိန်းရှိ ပေမယ့် ရင်ဘတ်လောက်ထိလား သို့မဟုတ် လည်ပင်းအထိလား။ အဲ့ဒါကတော့ကံပဲ။ အကယ်လို့ ခေါင်းထိမြှပ်သွားရင် သူသေမှာ သေချာတယ်။
နောက်တော့ စက္ကန့်အနည်းငယ်အကြာ Bai Luoyin က ထုံကျင်ကျင် နာကျင်မှုကိုခံစားရပြီး သူ့ခန္ဓာကိုယ်တစ်ဝက်က ထုံနေပြီ။ Bai Luoyin က လေအေးတွေကို ရှုရှိုက်နေတယ်။ နာကျင်မှုတွေ သက်သာသွားတော့ တစ်ခုခုမှားနေပြီလို့ သူ နားလည်သွားတယ်။
"ဘယ်လိုဖြစ်တာလဲ? နွံတောထဲ မဟုတ်ဘူးလား ?"
Bai Luoyin က မြေကြီးပေါ် ထိုင်လိုက်ပြီး လက်နဲ့ မြေကြီးကို ဖိလိုက်တယ်။ နောက်မှ ဒါကမြေကြီးအမာဆိုတာကို သိသွား တယ်။End of Chapter 17