CHAPTER-84: ကာရံမညီတဲ့အသံများ
အဲ့ဒီနေ့နေ့လည်ပိုင်းBai Luo Yin ဆီကိုYou Qi ဖုန်းဆက်တယ်။
"Yin Zi,ဒီနေ့ ငါ့ရုပ်ရှင် အစမ်းပြမှာ။ လာပြီးငါ့ကိုအားပေးဖို့မမေ့နဲ့နော်။ ငါဒီနေ့ မင်းအတွက် မွေးနေ့လက်ဆောင်ပြင်ထားတယ်"
ဖုန်းချပြီးတဲ့နောက် Bai Luo Yin ကGu Hai ကိုမြန်မြန်မေးတယ်။ "နောက်ဆုံးတစ်ခေါက်က You Qi ပေးထားတဲ့လက်မှတ်၂စောင်ရော?"
Gu Hai စဉ်းစားမကြည့်ပဲ ပြန်ဖြေတယ်။"ကိုယ်လွှင့်ပစ်လိုက်ပြီ"
Bai Luo Yin မျက်မှောင်ကျုံ့ပြီး"မြန်မြန်သွားယူ....ခဏနေကျရင် ငါတို့အဲ့ဒါလိုမှာ!"
Gu Hai ဟာမှုန်သုန်တဲ့မျက်နှာထားနဲ့ အိမ်ထဲဝင်သွားပြီး၊ အရင်က သူလွှင့်ပစ်ဖို့ အကြိမ်ကြိမ်လုပ်ပြီးမှ မလွှင့်ပစ်ခဲ့ရတဲ့လက်မှတ်၂စောင် ကိုရှာလာခဲ့တယ်။သူ.....Bai Luo Yin ဆီပေးလိုက်တယ်။
"အခါလွန်တဲ့ရည်းစားစာ(ဇာတ်ကားနာမည်)"Bai Luo Yin က နှုတ်ခမ်းထောင့်စွန်းတွေကိုမြှင့်ပြီး"အနုပညာဆန်လိုက်တဲ့ခေါင်းစဉ်ပဲ"
Gu Hai နှာမှုတ်တယ်။"ကြည့်လိုက်တာနဲ့ ရုံတင်ဝင်ငွေ မကောင်းမယ့်ပုံကြီး"
"ကို့လိုမျိုးပြောမယ့်သူရှိဦးမလား?"Bai Luo Yin ကGu Hai ကိုဖြတ်ကနဲကြည့်ရင်း" ကို,သွားကြည့်ချင်လား?ဒါက သူငယ်ချင်းဟောင်းပါတဲ့ ရုပ်ရှင်ပဲဟာ။ ငါတို့သွားပြီးသူ့ကို အားပေးသင့်တာပေါ့?"
"ကိုယ့်မှာအချိန်မရှိဘူး"Gu Hai လေသံကလူတက်ကြီးလေသံနဲ့ "ကိုယ်... ရုံးမှာ လုပ်စရာတွေအများကြီးရှိတယ်"
"ဒါဆိုလဲ ကိုယ်ကအလုပ်လုပ်ဖို့ ပြန်လိုက်တော့ ငါ့ဖာသာပဲအစမ်းပြပွဲကို သွားလိုက် တော့မယ်။"
Bai Luo Yin ကတံခါးဆီလျှောက်ဖို့ဟန်ပြင်တယ်။
Gu Hai ကသူ့ကို နောက်ဆွဲထားပြီး မပြောချင်ပြောချင်ပြောတယ်။ "ကိုယ်ပါလိုက်မယ်ဆိုရင်ရော?"
"ကို လိုက်စရာ မလိုပါဘူး။ ငါ,ကို့ရဲ့အချိန်တွေကိုမဖြုန်းချင်ဘူး။ ငါ တစ် ယောက်တည်းပဲသွားလိုက်ပါ့မယ်။လူတစ်ယောက်ပိုရင် ပါးစပ်တစ်ပေါက် ပိုလာတယ်။ ဆယ်လီတွေမှာ အချိန်ပေါတာမဟုတ်ဘူး။ You Qi နဲ့လည်းစကားတွေအကြာကြီး ပြောချင် သေးလို့!!"Bai Luo Yin ကGu Hai လက်ကိုဖယ်တယ်။
Gu Hai ကလက်တွေကိုဆန့်ထုတ်ပြီးBai Luo Yin ကိုအိတ်တလုံးလိုသူ့ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်ပြီး "ဒါဆို,ချစ်နဲ့ကိုပါ လိုက်မှဖြစ်မှာပေါ့"
နှစ်ဦးသားအဝတ်လဲပြီးနောက်မိနစ်၂ဝကြာတော့ ရုပ်ရှင်ရုံကိုရောက်လာကြတယ်။
ခဏကြာတော့ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ မင်းသားတွေနဲ့ မင်းသမီး တွေအားလုံးဟာ တစ်ယောက်ပြီးတစ်ယောက် အခမ်းအနားနေရာကိုရောက်လာတယ်။ ပရိတ်သတ်တွေနဲ့ အမေးအဖြေကဏ္ဌစတင်ပြီ။ မင်းသားနဲ့ မင်းသမီးတွေ အင်တာဗြူးခံရ တယ်။
ပထမပိုင်းကလူတွေ အမေးခံနေရတဲ့အချိန်၊ Bai Luo Yin သမ်းဝေနေတယ်။ You Qi အလှည့်ရောက်မှ ချက်ချင်းပဲ နိုးကြားလာတယ်။
Gu Hai တစ်ယောက် Bai Luo Yin ကိုတစ်ချက်ကြည့်လိုက်ပြီး၊ သူ့လက်တစ်ဖက်ကို ရုတ်တရက်ကြီး Bai Luo Yin ခြေထောက်နှစ်ချောင်းကြားထဲသွင်းလိုက်တယ်။
Bai Luo Yin ခြေထောက်ကြွက်သားတွေတောင့်သွားပြီး Gu Hai ကို သတိပေးတဲ့ အမူအရာနဲ့ လှည့်ကြည့်တယ်။
" ကို, ဒါဘာလုပ်တာလဲ?"
Gu Hai ပေါ့ပေါ့ပဲပြန်ဖြေတယ်" ကိုယ့်လက်ကို အနွေးပေးတာ"
ဇွန်လကြီး တငွေ့ငွေ့နဲ့ပူနေတာကြောင့် လက်ကိုအနွေးပေးနေတာလို့ပြောတဲ့လူကို ရိုက်ပစ်လိုက်ဖို့သာ ကောင်းတော့တယ်။
Bai Luo Yin က Gu Hai ရဲ့လက်ကောက်ဝတ်ကို အသံတိတ်ကိုင်လိုက်ပြီး အားကုန်သုံးကာ Gu Hai လက်ကို ဖယ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အချည်းနှီးပဲ။ မကြာပါ ဘူး You Qi စကားစပြောတယ်။ ပရိတ်သတ်တွေထိုင်တဲ့နေရာက အရမ်းမှောင်နေတာ ကြောင့် Gu Hai လက် ဘာလုပ်နေလဲဆိုတာလဲ ဘယ်သူမှမမြင်နိုင်တာမို့၊Bai Luo Yin ဟာ Gu Hai လက်ကို အဲ့ဒီနေရာမှာပဲ ဆက်ထားစေလိုက်တယ်။
သတင်းထောက်ကမေးတယ်။" အစ်ကိုရဲ့ဘဝမှာ အခါလွန်သွားတဲ့ရည်းစားစာရှိခဲ့ဖူး ပါသလား?"
You Qi ပြန်ဖြေတယ်။" အခါလွန်သွားတဲ့ ရည်းစားစာတော့ မရှိပါဘူး။ ဒါပေမယ့် မပေးလိုက်ရတဲ့စာတော့ ရှိဖူးပါတယ်"
သူ့အသံပျောက်သွားတာနဲ့ တစ်ပြိုင်နက်၊ချက်ချင်းပဲ ပရိတ်သတ်တွေ ဆူဆူညံညံနဲ့ လှုပ်ရှားသွားတယ်။ You Qi က ရုပ်ရှင်လောကကို ဝင်လာကတည်းက သူ့သတင်း/ အတင်းတွေက အဆုံးမရှိဘူး။ ဒါပေမယ့် သူကိုယ်တိုင် relationship (တစ်ယောက် ယောက်နဲ့ ချစ်ကြိုက်နေကြောင်း) ကိုတော့ တစ်ခါမှ ဝန်မခံခဲ့ဘူး။ အခုလို အံ့သြ ရင်ခုန်စရာ သတင်းကတော့ အတင်းအဖျင်းရေးတဲ့ သတင်းထောက်တွေကို ရေးစရာ ပေးလိုက်တဲ့သဘောပဲ။
" အဲ့ဒီ မပေးလိုက်ရတဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာ အချို့ကို ပြောပြပေးပါလား?"
Bai Luo Yin ရဲ့ခြေထောက်တွေကြားက Gu Hai လက်က ဆွဲညှစ်လိုက်တယ်။ Bai Luo Yin က အသံတိုးပြီး သတိပေးတယ်။ " ငါ့ကို ရေးတာမဟုတ်ဘူး။ ကိုကဘာလို့ $ ရမ်းစိတ်ပူနေတာလဲ?"
You Qi စကားပြောပြန်တယ်။ ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ပွင့်က သူ့နှုတ်ခမ်းထောင့်မှာ ပွင့်နေတယ်။
" အဓိကအကြောင်းအရာ တချို့တဝက်ကိုပဲ ကျွန်တော်မှတ်မိတော့တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက အနေအထားရယ်၊လေသံရယ်ကိုသုံးပြီး ပရိတ်သတ်တွေကို မျှဝေပေးပါ့ မယ်"
အဟမ်း.... အဟမ်း(ချောင်းဆိုးသံ)
" အဲ့ဒီနှစ်က ငါတို့အထက်တန်းကျောင်းကို အတူတူတက်ခဲ့တယ်။ ကျောင်းစဖွင့်ပြီး သိပ်မကြာခင် မင်း, ငါ့ကို အိမ်သာသုံးစက္ကူတစ်ပါကင် ပေးခဲ့တာကို ငါအမှတ်ရနေသေး တယ်"
စင်အောက်ကနေ ရယ်သံကြီး ဝါးကနဲပေါ်လာပေမယ့် Bai Luo Yin တစ်ဦးတည်းသာ နာကျင်နေတဲ့ပုံပေါ်နေတယ်။
Gu Hai က Bai Luo Yin ခြေနှစ်ချောင်းကြားက အနူးညံဆုံးနေရာလေးကို ခပ်ပြင်းပြင်း ဆွဲဆိတ်တယ်။ Bai Luo Yin ကနာကျင်မှုနဲ့မျက်နှာကရှုံ့တွနေပြီး၊ ဒေါသထွက်ထွက်နဲ့ Gu Hai ကို အံ့ကြိတ်ပြီးပြောတယ်။
" သူပြောနေတဲ့လူက ငါပါလို့ မင်းဘယ်လိုသိမှာလဲ?"
You Qi ကဆက်ပြောတယ် "ခရစ်စမတ်အကြိုနေ့က ငါ, မင်းကို ပန်းသီးပုံပစ္စည်းလေး တစ်ခုပေးခဲ့တယ်"
You Qi က "မီးခြစ်တစ်လုံး" လို့မပြောရဲဘူး။ အဲ့လိုဆိုရင် သူပြောနေတဲ့လူက ယောကျာ်းလေးဆိုတာပေါ်သွားမှာစိုးလို့။
Gu Hai က Bai Luo Yin ကို ဆွဲဆိတ်ပြန်တယ်။" ချစ်ကို သူ အဲ့ဒါပေးတာ..... ကိုယ် ဘာလို့ မသိခဲ့ရတာပါလိမ့်?"
Bai Luo Yin က အခုထိငြင်းနေတုန်းပဲ။" သူပြောနေတဲ့လူက ငါ့ကို ရည်ညွှန်းနေတာလို့ မင်းဘယ်လိုလုပ်ပြီး သိမှာလဲ?"
တကယ်တော့ အဲ့ဒီအချိန်လေးမှာပဲ၊ You Qi တစ်ယောက် သူ့အကြောင်းပြောနေ တယ်ဆိုတာကို Bai Luo Yin ရင်ထဲရှင်းသွားပြီ။ ဒါပေမယ့် သူဝန်ခံဖို့ စိတ်ညစ်နေရုံပါ။ ပြီးတော့ ဒါတွေက လွန်ခဲ့တဲ့(၈) နှစ်ကကိစ္စတွေပဲ.... သူကတော့ ဟာသတစ်ခုလိုပဲ သဘောထားတယ်။ ဒါပေမယ့် သူ့ဘေးမှာထိုင်နေတဲ့ လူတစ်ယောက်ကတော့ ဂျယ်လီ တစ်အိုးလုံးကို အားရပါးရစားနေတယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။
"အရင်ကဆို ငါတို့ စောင်တစ်ထည်တည်းခြုံရင်း အိပ်ခဲ့ကြဖူးတယ်...."
ပတ်ဝန်းကျင်မှာတော့ ကျယ်လောင်တဲ့အသံတွေ ပြည့်သွားတယ်။ Bai Luo Yin ဆွဲဆိတ် ခံရပြန်တယ်။
" ငါတို့ကျောင်းဆင်းပွဲနေ့က ၊ငါ့နှာခေါင်းမှာအနာဖြစ်နေတာကို ကုပေးဖို့ မင်းဆေးဗူး ပေးခဲ့တယ်နော်။ အဲ့ဒါလိမ်းပြီးငါသက်သာလာခဲ့လို့ အဲ့ဒီဆေးဗူးကို အခုထိသိမ်းထားသေး တယ်...."
Bai Luo Yin တစ်ယောက် နောက်ထပ်တစ်ခါ ဒုက္ခခံရပြန်တဲ့အတွက် နာကျင်မှုနဲ့ စုတ်သပ်နေရတယ်။
"ချစ်, မင်း.... သူ့ကိုဆေးတောင်ပေးခဲ့တယ်ပေါ့? အဲ့ဒီကိစ္စလည်း ကိုယ်မသိရပါလား?"
Bai Luo Yin နာကျင်မှုကို သီးခံပြီး ရယ်ကျဲကျဲနဲ့ ပြန်ပြောတယ်။" သူပြောနေတဲ့လူက ငါမဟုတ်ပါဘူးဆို.... ကိုရာ!!"
"ဒီနေ့ အခုလို အရေးကြီးတဲ့ပွဲမျိုးမှာပဲ ငါ, မင်းကိုပြောချင်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင် ပါစေလို့!"
Gu Hai မျက်နှာက အရမ်းကိုမဲနေလို့ (အရမ်းစိတ်တိုနေတယ်) မှောင်မဲနေတဲ့ပွဲကြည့် စဉ်မှာ သူ့ကိုမြင်တောင် မမြင်ရတော့ဘူး။
" ချစ်, မင်း ဒီတစ်ခါတော့ ဘာပြောဦးမလဲ?"
Bai Luo Yin တကယ့်ကို ဘာမှ မပြောနိုင်တော့ဘူး။ စိတ်လှုပ်ရှားတဲ့ခံစားချက်ရယ်၊ သူ့ခန္ဓာကိုယ်ကနာကျင်မှုရယ်ပေါင်းစပ်ပြီး သူ့မျက်နှာက ရှုံ့တွနေတယ်။You Qi က Bai Luo Yin မျက်နှာကို မြင်လိုက်တော့လန့်သွားတယ်။**ဘယ်လိုတုန့်ပြန်မှုမျိုးပါလိမ့်?**
Yan Meng ဟာ Bai Luo Yin နဲ့သိပ်မဝေးတဲ့တစ်နေရာမှာထိုင်နေတယ်။ You Qi တစ်ယောက် ရည်းစားစာအကြောင်း စပြောနေတဲ့အချိန်ကစပြီး Yan Meng ဟာ စင်အောက်ကနေ ဘွင်းဘွင်းကြီး ဆဲဆိုပြီး မကျေမနပ်ဖြစ်နေတယ်။ ** ကောင်စုတ်! မင်းပြောတော့.... မင်းမှတ်ဉာဏ်တွေ ဝေဝါးနေပြီဆို! အရာအားလုံးကို ဒီလောက် ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေရတာတုန်း?**
မေးမြန်းတဲ့အစီအစဉ်ပြီးသွားပြီး ရုပ်ရှင်စပြတယ်။
Gu Hai က သူ့လက်ကို Bai Luo Yin ခြေထောက်တွေကြားက ဖယ်လိုက်တယ်။ သူက Bai Luo Yin ကို ဘေးကနေကြည့်တယ်။ Bai Luo Yin က အနှိပ်စက်ခံထားရတဲ့နေရာ လေးကို လက်ကလေးနဲ့ပွတ်နေတာဟာ သနားစရာလေး ။
Gu Hai စိတ်မကောင်းဖြစ်လို့ သူ့လက်တွေကိုထုတ်ပြီး Bai Luo Yin က်ု ဥုံဖွလုပ် ပေးမလို့ရှိသေးတယ်..... ဒါပေမယ့် Bai Luo Yin ဟာ You Qi ရဲ့အသံလည်းကြားရော ချက်ချင်းပဲခေါင်းထောင်ပြီး ပိတ်ကားကိုကြည့်လိုက်တယ်။ ဒီလိုနဲ့ပဲ Gu Hai ရဲ့လက်က လေထဲမှာတင်ရပ်သွားတယ်။
" အေးတာပဲ!" Gu Hai လေသံက ရုတ်တရက်ပြောင်းသွားတယ်။
Bai Luo Yin က မှုန်မှုန်သုန်သုန်နဲ့ Gu Hai ကို လစ်လျူရှုထားတယ်။
ခဏကြာတော့ Gu Hai က Bai Luo Yin လက်ကိုဆွဲယူပြီး ကျစ်နေအောင် ဆုပ်ကိုင် ထားလိုက်တယ်။
သူတို့တွေရဲ့လက်ဖဝါးတွေကြားကနေ ကူးစက်လာတဲ့ နွေးထွေးမှုဟာ သူတို့နှစ်ဦး ရင်ထ က တင်းမာမှုတွေကို တဖြည်းဖြည်းနဲ့ နှင်ထုတ်ပစ်လိုက်တယ်။
"သူမရုပ်ရည်ကလည်း သာမာန်ပါပဲ" Gu Hai က ပေါ့ပေါ့ပဲ ကောက်ချက်ချတယ်။
Bai Luo Yin က မှင်သေသေ ပြန်ပြောတယ်" သူမအသံကတော့ အရမ်းကောင်းတယ်"
Gu Hai ကမှီလိုက်ပြီး Bai Luo Yin နားထဲတိုးတိုးလေးသွားပြောတယ်။" ချစ် ညည်းတဲ့ အသံလောက်တော့ မကောင်းပါဘူး"
Bai Luo Yin ကပွဲကြမ်းဖို့ ခေါင်းကိုလှည့်လိုက်တဲ့အခါ၊ Gu Hai က အခွင့်ကောင်း ယူပြီး သူ့ကိုနမ်းပစ်လိုက်တယ်။ သူမျက်နှာပူတက်လာပြီး Gu Hai ဗိုက်ကို လက်သီးနဲ့ ထိုးကာ ဒေါသထွက်ထွက်နဲ့ ပြန်လှည့်သွားတယ်။
ရုပ်ရှင်က ဇာတ်ရှိန်တက်လာတယ်။ You Qi က အမျိုးသမီးတစ်ယောက်ငြင်းတာကို ခံလိုက်ရပြီး အော်ငိုနေတယ်။
ပရိတ်သတ်အများကြီး လိုက်ငိုကြတယ်။ ပတ်ဝန်းကျင်လေထုက ယာယီအားဖြင့် တည်ကြည်လေးနက်လာတယ်။ဒါပေမယ့် အဲ့ဒီအချိန် ပတ်ဝန်းကျင်နဲ့မှမလိုက်..... Bai Luo Yin ဟာ ရယ်သံတစ်ခုကြားလိုက်တယ်။ ပထမတော့ သူ နားကြားမှားတာလို့ထင် တယ်။ ဒါပေမယ့် You Qi ငိုသံက ကျယ်လာလေလေ ရယ်သံက သူ့နားထဲရောက်လာ လေလေပဲ။ အဲ့ဒါက ရဲတင်းတဲ့ ရယ်သံမဟုတ်ပေမယ့် မထိန်းနိုင်တော့လို့ လွတ်ထွက်လာ တဲ့ အောင့်အီးထားတဲ့ ရယ်သံမျိုးပဲ။
Yan Meng က သူ့ပါးစပ်ကို လက်နဲ့ဇွတ်ဖိထားပေမယ့် အမြင်ကတ်စရာကောင်းတဲ့ ရယ်သံက သူ့လက်ချောင်းတွေကြားက စိမ့်ထွက်လာတုန်းပဲ။
သူ့ဘေးမှာထိုင်တဲ့ ငိုနေတဲ့ အမျိုးသမီးပရိတ်သတ်ကလှည့်လာပြီး၊ Yan Meng ကို နားမလည်နိုင်တဲ့ အမူအရာနဲ့ကြည့်ပြီး " ရှင်က ဘာရယ်နေတာလဲ?"
Yan Meng ကပိတ်ကားကို လက်ညှိုးထိုးပြီး" သူ့ရဲ့သနားစရာမျက်နှာကြီးကို ကြည့်ပါ ဦး၊ သူငိုတော့ နှပ်ချေးတွေစီးကျနေတာ။ ဟားဟား...."
အဲ့ဒီအမျိုးသမီးလည်း ပြောစရာမရှိတော့ဘူး။
အကြာဆိုအကြာကြီး Bai Luo Yin က ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးတဲ့နောက် ရယ်သံလာရာနေရာကို ရှာလ်ို့မတွေ့ဘူး။ ဒါနဲ့ပဲ သူက ခေါင်းပြန်လှည့်လာပြီး ရုပ်ရှင် ဆက်ကြည့်နေလိုက်တယ်။
ရုပ်ရှင်က တဖြည်းဖြည်းနဲ့ ဇာတ်သိမ်းပိုင်းရောက်လာပြီ။ အခါလွန်သွားတဲ့ရည်းစားစာကို ခေါင်းဆောင်မင်းသမီးအခန်းထဲယူလာတယ်။ မင်းသမီးကစာကိုကောက်ယူတယ်။ You Qi ရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက ပိတ်ကားထက်မှာပေါ်လာတယ်။ သူက ဆွေးဆွေး မြေ့မြေ့........ ဒါပေမယ့် ရိုးရိုးရှင်းရှင်းပဲ စကားစုတစ်ပိုဒ်ကို စဖတ်တယ်။
[Note : ဇာတ်ကားတွေထဲ စာကိုဖောက်ဖွင့်ရင် ရေးတဲ့သူအသံပေါ်လာသလိုမျိုး မြင်ကွင်းဖြစ်ပါတယ်]
လူတွေအများကြီးငြိမ်ငြိမ်လေးနားထောင်နေတယ်။ ရုတ်တရက် တစ်ယောက်ယောက် အန်နေသလိုမျိုး " ဝေါ့... ဝေါ့" ဆိုတဲ့အသံထွက်လာတယ်။
အဲ့နောက်တော့ Yan Meng ဆီ များစွာသောအကြည့်တွေဝိုင်းသွားတယ်။
"ကျွန်တော်အဆင်ပြေပါတယ်...... အဆင်ပြေပါတယ်။ ခင်ဗျားတို့ဆက် ကြည့်ကြပါ။ ကျွန်တော့်ကို အရေးမလုပ်ပါနဲ့...." Yan Meng ကလူအုပ်ကြီးကို ရှက်ရှက်နဲ့ လက်ဝှေ့ယမ်းပြတယ်။
Bai Luo Yin နောက်ဆုံးတော့ ပွဲဖျက်ငညိုကိုရှာတွေ့သွားပါပြီ။ အနီးကပ်ကြည့်ကြည့် တော့ သူတို့နဲ့ လူသွားလမ်းကြားသာခြားနေတဲ့ဘေးမှာထိုင်နေတဲ့ Yan Meng ကြီးဖြစ်နေ တယ်။
Bai Luo Yin ကမြန်မြန်ပဲ ခေါင်းပြန်လှည့်လိုက်တယ်။ သူနဲ့အဲ့ဒီအရူးနဲ့သိတယ်ဆိုတဲ့ အကြောင်း အခြားလူတွေကို မသိစေချင်ဘူး။
ဒါပေမယ့် Yan Meng ကလည်း Bai Luo Yin ကိုမြင်သွားတယ်။
" ဟေ့, Yin Zi မင်းလည်းလာကြည့်တာလား?" သူ့အသံကြီးကအတော့်ကိုကျယ်တယ်။ ရှေ့နဲ့နောက်မှာ ထိုင်နေတဲ့ လူနှစ်တန်းစလုံးကြားရလောက်တယ်။
Bai Luo Yin ဟာ အနေရခက်စွာ Yan Meng ကိုလက်ပြတယ်။
Yan Meng ကဝမ်းသာကြည်နူးစွာရယ်ရင်း " You Qi ဖတ်ပြတဲ့ ရည်းစားစာအကြောင်း ကြားလိုက်လား? အဲ့ဒါမင်းကို ပြောနေတာလေ!!"
ဒီစကားလုံးတွေပြောပြီးပြီးချင်း ဇာတ်ရုံတစ်ရုံလုံးငြိမ်ကျသွားတယ်။
အားလုံးက သူတို့ရဲ့အကြည့်တွေကို ပိတ်ကားပေါ်ကနေခွာပြီး Bai Luo Yin မျက်နှာဆီ ရွှေ့ကြည့်လိုက် ကြတယ်။End of Chapter - 84