CHAPTER -67 => သူ... လူလည်အလုပ်ဆုံး
Gu Hai တစ်ယောက် Bai Luo Yin ကိုရှာတွေ့တဲ့အခါ၊ Bai Luo Yin က သိပ်မဝေးတဲ့ တောင်စောင်းလေးပေါ်မှာ ခြေထောက်တစ်ချောင်းကိုကွေးထားပြီး၊အခြားခြေထောက်တစ်ချောင်းကို သက်သက် သာသာ xဆန့်တန်းရင်း... ကွေးထားတဲ့ခြေထောက်နဲ့ သူ့ရင်ဘက်ကိုဖိထားပြီး သူ့ဒူးပေါ် မှာပဲ မေးတင်လျက် 'ငါ့ ဒေါသကိုလာမဆွနဲ့' ဆိုတဲ့ အမူအယာနဲ့ ထိုင်နေတယ်။
Gu Hai စိတ်ပျက်လက်ပျက်လျှောက်လာတယ်။
"ထ။ ဒီမှာ မထိုင်နဲ့။ အေးတယ်" သူက Bai Luo Yin ကို ဆွဲထူတယ်။
Bai Luo Yin က Gu Hai လက်ကို အရမ်းကိုပြင်းပြင်းထန်ထန် လွှဲရမ်းလိုက်လို့၊ Gu Hai လက်ကောက်ဝတ်တောင်ကျိုးတော့မှာပဲ။ လက်တုန့်ပြန်တဲ့အနေနဲ့ ၊ Gu Hai က Bai Luo Yin ကိုယ်ခန္ဓာအပေါ် သက်တောင့်သက်သာလှဲချလိုက်ပြီး၊ ပြန်ထဖို့ကို ပျင်းရိနေတယ်။ Bai Luo Yin က သူ့ရဲ့ဂျာကင်အင်္ကျီကို ဆုပ်ကိုင်ပြီး၊ မြက်ခင်းလွင်ပြင်ဆီကို အကျယ်ကြီး အော်လိုက်တယ်။
"နွားခြံကို ဘယ်သူဖွင့်ပြီး ၊ တိရစ္ဆာန်တွေကို လွှတ်လိုက်တာတုန်းဗျို့ ? ဒီအကောင်ကြီး ကို မြန်မြန်ခေါ်သွားကြပါဦး !"
Gu Hai က Bai Luo Yin ပခုံးသားလေးတွေကို ခပ်ပြင်းပြင်းကိုက်လိုက်တော့ Bai Luo Yin ကို နာကျင်မှုနဲ့ ရုတ်တရက်လန့်သွားစေတယ်။ ဒါကြောင့်သူဟာ Gu Hai ကို ပခုံး တွေကနေ နှစ်ကြိမ်လောက် အကြမ်းနည်းနဲ့ ဖယ်ခါလိုက်တယ်။
" သွားစမ်း , ငါ့ကို လာမရှုပ်နဲ့ !"
" ဒါဆို ချစ် , အရင်ထ !" Gu Hai က Bai Luo Yin ကို နောက်တစ်ကြိမ်ထူဖို့ ကြိုးစား တယ်။ Bai Luo Yin က ခါးခါးသီးသီး စကားဆိုတယ်။
" ငါ ထထ, မထထ..... မင်းအပူပါလား ?"
Gu Hai က မျက်လုံးတွေကိုပင့်ပြီး "ချစ့်အဝတ်တွေကို သူများလျှော်ပေးမှာလား ?"
"ဟုတ်တယ် "Bai Luo Yin က ဒေါသထွက်ထွက်နဲ့ Gu Hai ကို ကြည့်ရင်း ၊ မျက်မှောင် ကုတ်ပြီး ပြန်ဖြေတယ်။
ပြီးတော့ အားအကုန်သုံးပြီး ၊ ဖုန်တွေရှိတဲ့နေရာပေါ်ကို အကြိမ်အနည်းငယ်လောက် သူ့ဖင်နဲ့ပွတ်တယ်။သူက သူ့ကိုယ်သူ ရွှံ့တွေပိုပေအောင်လုပ်နေတာနဲ့ လူလည်း ပိုပြီး ညစ်ပတ်လာတယ်။ ဒါပေမယ့် အဆုံးသတ်တော့၊ သူ့ဘောင်းဘီ ပြဲနေတဲ့နေရာက သစ်ကိုင်းခြောက်ရှိတဲ့နေရာတည့်တည့်ပဲ... သူ့ဖင်ကိုပွတ်နေတာကြောင့်၊ သူ့ဘောင်းဘီ က ပြဲရာကြီးလာတာ...သူ့ခြေထောက်ကွေးထားတဲ့နေရာအထိပဲ။
Gu Hai က အသက်ဝဝရှူလိုက်တယ်။ သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး Bai Luo Yin ကို ကြည့်တယ်။ ပြီးတော့ သူက Bai Luo Yin ရဲ့ မျက်နှာလေးကို နုနုညံ့ညံ့ပွတ်သတ်ပေးပြီး၊ ကောင်းမွန်တဲ့ချော့မြူတဲ့ အမူအယာနဲ့ ပြောတယ်။
"အစောပိုင်းက ကိုယ်မှားသွားတယ်။ဒီလိုရွံစရာကောင်းတဲ့ စကားလုံးစုတ်စုတ်တွေကို ကိုယ်မပြောခဲ့သင့်ဘူး။ချစ်နဲ့ ပတ်သတ်လာပြီဆိုရင်၊ ကိုယ်... ဒေါသမထိန်းနိုင်တာလဲ ချစ်သိသားနဲ့ "
Bai Luo Yin က ဘာမှ ပြန်မပြောဘူး။
Gu Hai က အရှက်မရှိ Bai Luo Yin အနားကို ကပ်သွားပြီး ၊ Bai Luo Yin နားရွက် အထက်နားက နေရာလေးကို သူ့နှုတ်ခမ်းတွေနဲ့ ခပ်ဖွဖွပွတ်နေတယ်။ ဒီလှုံ့ဆော်မှု့က Bai Luo Yin ရဲ့ ဦးရေပြားကို ယားကျိကျိဖြစ်စေတယ်။ပြီးတော့ ဆက်ချော့တယ်။
" ထားတော့ .... ဒါက ပြဿနာကြီးကြီးမားမားလည်းမဟုတ်ဘူးမလား? အကျယ်ချဲ့ မနေနဲ့တော့။ အရှက်မရှိတာတွေ တော်တော့နော် "
** ချီးပဲ ! ဘယ်သူက အရင်အရှက်မဲ့တာလဲ ?**
ခွင့်လွှတ်တောင်းပန်နေတဲ့ တချိန်တည်းမှာပဲ အပြစ်တွေကို သူတပါးဆီတွန်းပို့နိုင်တဲ့ Gu Hai ရဲ့ စွမ်းရည်ကို Bai Luo Yin လေးစားမိတယ်။
ခေါင်းလှည့်ကြည့်တဲ့အချိန် ၊ ဆူးတွေအများကြီးရှိတဲ့ ဘေးဖက်ကမြက်ခင်းချိုင့်လေး ကို Bai Luo Yin သတိထားမိသွားတယ်။ အဖျားချွန်ထက်နေတဲ့ ဆူးရှည်ရှည်ကြီးတွေက ကောင်းကင်ဘက်ကို ထောင်နေတယ်။ သူ့အောက်ခံဘောင်းဘီပေါ် ထိုးဝင်သွားတဲ့ ဆူးတွေနဲ့ အတူတူပဲ။
" ကောင်းပြီလေ ... ငါသိပြီ ။ ထကြစို့ !" Bai Luo Yin က ကူရာမဲ့စွာ စကားဆိုတယ်။
ဒါပေမယ့် Gu Hai က လက်တွေကိုပေးလိုက်တာနဲ့ ၊ Bai Luo Yinက ချက်ချင်းပဲ Gu Hai ကို မြက်ခင်းအချိုင့်ထဲကို တွန်းလိုက်ပြီး၊ အခွင့်ကောင်းယူကာ Gu Hai ကို ဖိထား ရင်း၊ အကြိမ်နဲနဲလောက် တရွတ်ဆွဲလိုက်သေးတယ်။ Gu Hai ခန္ဓာကိုယ်က မြက်ခင်း အချိုင့်ထဲမှာ စက်ဝိုင်းပုံလည်နေတယ်။သူထလိုက်တဲ့အချိန်၊ သူ့တကိုယ်လုံး ဆူးတွေနဲ့ ဖုံးနေလွန်းလို့၊ သူ့ခန္ဓာကိုယ်ကို ဆူးပေါင်းထောင်ပေါင်းများစွာ စိုက်ခင်းထားသလို တောင် ဖြစ်နေပြီ။
လျှပ်တပျက်အတွင်းပဲ၊ Bai Luo Yin လှည့်ပြေးတယ်။ သူက တကယ်ကြီးကို ပြေးလွှား နေရင်း သွားဗြဲပြီးရယ်နေတယ်။ Gu Hai က နောက်ကနေကမူးရူးထိုးလိုက်တယ်။ Bai Luo Yin က တောင်ပေါ်တက်လိုက်၊ ဆင်းလိုက်ပြေးပြီး၊ ဘယ်ဘက်ကို ရှောင်မလိုလိုနဲ့ ၊ ညာဘက်ကနေအရှိန်တင်ပြေးတယ်။ သူလှည့်ကြည့်တော့၊ Gu Hai မှီလာပြီဆိုတာတွေ့ တော့၊ သူက မြန်မြန်ပဲသစ်ပင်တစ်ပင်ပေါ်ကို ခုန်တက်တယ်။
Gu Hai က ဒေါသထွက်ထွက်နဲ့ သူ့ကိုအော်တယ်။
"အခုချက်ချင်း ဆင်းခဲ့စမ်း !"
Bai Luo Yin တစ်ယောက်က ပိုမြင့်တဲ့နေရာကိုတက်သွားပြန်တယ်။ တကယ်တော့ Gu Hai က Bai Luo Yin အတွက် စိုးရိမ်လို့သာဖြစ်တယ်။
"ဒီ သစ်ခေါက်တွေကကြမ်းတယ်။ ချစ် , မင်းလက်တွေနာလိမ့်မယ်နော်။ မြန်မြန် ဆင်းခဲ့ စမ်းကွာ"
Bai Luo Yin က ခေါင်းငုံ့ပြီး Gu Hai ကိုကြည့်တယ်။
Gu Hai က လက်တွေဆန့်ထုတ်လိုက်ပြီး
" လာ... ခုန်ချလိုက်။ ချစ်ကို , ကိုယ်ဖမ်းလိုက်မယ်"
" ငါ့ လာနောက်နေတာလား !" Bai Luo Yin အော်တယ်။ "ငါ့ကို ငတုံးများထင်နေလား! မင်း ကိုယ်ပေါ်မှာလည်း ဆူးတွေ အများကြီးပဲလေ !"
Gu Hai က လက်တွေကို ချလိုက်တယ်။ "ဒါဆို ဖြေးဖြေးဆင်းခဲ့။ ကိုယ်,ချစ်ကို ဘာမှ မရှုပ်ဘူး "
" ကို , ခြေလှမ်းနည်းနည်းဆုတ်လိုက်ဦး , နည်းနည်းထပ်ဆုတ်လိုက်ဦး ...."
လုံခြုံလောက်ပြီလို့ သူထင်တော့မှ ၊ Bai Luo Yin က ကုန်းကုန်းကွကွနဲ့ ဆင်းလာ တယ်။ သူဟာ Gu Hai ကို နောက်ကျောပေးပြီး သစ်ပင်ကြီးရဲ့ ဘေးတဖက်ကို ခုန်ဆင်း လိုက်တယ်။ ဒါပေမယ့် သူ, မြေပြင်ပေါ်လေးဘက်ထောက်ကျတဲ့အချိန်မှာတော့၊ သူ့ဘောင်းဘီအောက်ကို ကောင်းကောင်းခိုးကြည့်နေတဲ့ ဝံပုလွေတစ်ကောင်ရှိနေတယ်။ Gu Hai က မရှုပ်ဖူးလို့ကတိပေးထားပေမယ့်၊ Bai Luo Yin ရဲ့ မြေပြင်ပေါ် အသာအယာ ကျအောင်လုပ်နေတဲ့ အမူအရာကိုလည်းမြင်ရော ၊ ကတိတွေ အားလုံးကိုမေ့သွားတယ်။
" ဗိုလ်မှူး Bai ရေ့"
သူ့နောက်က လူအမြင်ကတ်စရာအသံကိုလည်းကြားရော ၊ Bai Luo Yin ခန္ဓာကိုယ်က ဆတ်ကနဲ့ တုန်သွားတယ်။ Bai Luo Yin ဟာဆူးတွေပြည့်နေတဲ့ ခန္ဓာကိုယ်တစ်ခုထဲကို မြန်မြန်ဆန်ဆန် နစ်ဝင်မသွားခင်၊ ဘာတုံ့ပြန်ချက်မှ လုပ်ဖို့ အချိန်မရခဲ့ဘူး။Gu Hai ရဲ့ ဆူးတွေနစ်ဝင်နေတဲ့ ခန္ဓာကိုယ်ဟာ Bai Luo Yin ကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထား တယ်။ တကယ်တော့ ၊ Bai Luo Yin အတွက်ဘယ်လိုမှ မနေပေမယ့်၊ မုန်းစရာ အကောင်းဆုံးကတော့ သူ့အောက်ခံဘောင်းဘီကိုလာထိုးနေတဲ့ ဆူးတွေပါတဲ့ အင်္ကျီ လက်ပဲ။ အဲဒါက ယားကျိကျိနဲ့ နာလည်းနာတယ်။ ပြန်စွာတဲ့အနေနဲ့ ၊ Bai Luo Yin က ရွံ့လူးငါး( ငါးခူ) တစ်ကောင်လို တွန့်တွန့်လူးပြီး ၊ Gu Hai ကိုယ်ထဲကို တိုးဝင်သွားတယ်။
"ကိုစုတ်! စီးပွားရေးသမားတွေက လူလိမ်တွေချည်းပဲ ဆိုတာမှန်လောက်တယ်။ စကား တစ်လုံးမှ မယုံရဘူး။ အား အု... အု...."
နောက်ဆုံးမှာတော့ ၊ သီးမခံနိုင်ဖြစ်လာတာက Gu Hai ပဲ။ သူက Bai Luo Yin ကို မြန်မြန်ဖက်ထားလိုက်ပြီး ၊ လည်ချောင်းသံကြီးနဲ့ hint ပေးတယ်။ "ပွတ်မနေနဲ့တော့ ....."
Bai Luo Yin ခေါင်းလှည့်ကြည့်လိုက်ပြီးနောက်တော့ အခွင့်ကောင်းယူကာ တဖက် လှည့်ရင်းပြေးထွက်သွားတယ်။
နောက်ခဏကြာတော့ ၊ နှစ်ယောက်သား သစ်ပင်အောက်မှာထိုင်နေကြတယ်။ တဖက် မှာ Gu Hai က သူ့ဘောင်းဘီကနေ ဆူးတွေကို နှုတ်နေတယ်။ အခြားတဖက်မှာလည်း၊ သူဟာ Bai Luo Yin ကို ဂျီကျနေတယ်။
"ဒီဝတ်စုံက ယန်းငွေ သောင်းချီတန်တယ်။ ဒီလိုပုံစံဖြစ်အောင် ချစ်,ဘယ်လိုများ ဖျက်စီး လိုက်တာလဲကွာ? ဒီအင်္ကျီဖိုးကို ချစ်, ကိုယ့်ကို ပြန်ပေးရမယ်။"
Bai Luo Yin က ညစ်ကျယ်ကျယ် ပြန်ပြောတယ်။ "ပြန်လျှော်ပေးဖို့ မတတ်နိုင်ဘူး "
"ပြန်လျှော်ပေးဖို့ မတတ်နိုင်ရင် ၊ ချစ် ခန္ဓာကိုယ်ကိုရောင်းလိုက်လေ။ ကိုယ်တွက်ကြည့် ဦးမယ်... အမ်....." Gu Hai က လက်ချောင်းနဲ့ မြေကြီးပေါ်မှာ ရေးနေတယ်။
" ကိုယ့်ဝတ်စုံက ယန်း (၄၇၈၈၈) တန်တယ်။ အဲဒါကြောင့် ကိုယ်နဲ့အိပ်ရင် ... ချစ်ကို ယန်း (၃၀) ပေးမှာဆိုတော့ ၊ ချစ်က ကိုယ်နဲ့ အကြိမ်(၁၅၀၀) အိပ်ပေးရမယ်။ဒါတောင် ယန်း (၂၈၈၈) ကျန်သေးတယ်။ မှန်းစမ်း ... SM ကစားတာက တစ်ခါကို ယန်း (၂၀၀) နဲ့ (၁၀) ကြိမ်ဆိုတော့ (၂၀၀၀) ၊ ကျန်တဲ့ (၈၈၈) အတွက် role- play က တစ်ခါကို (၈၀) နဲ့ (၁၀) ကြိမ်က (၈၀၀) ၊ နောက်ဆုံး ကျန်တဲ့ (၈၈) က ၊ ချစ် , ကိုယ့်ကို ပါးစပ်နဲ့လုပ်ပေးရင် ... တကြိမ်ကို (၈) ယန်းနဲ့(၁၀) ကြိမ်က (၈၀)။ ဒါပေမယ့် ချစ်ကကိုယ့်ကို လက်နဲ့ အာသာဖြေပေးရင်တော့ ... တကြိမ်ကို (၁) ယန်းနဲ့ (၈) ကြိမ်ဆိုတော့ (၈) ယန်း ။ ဒါဆို လောက်, လောက်ပြီ။ ချစ်, ဘယ်လိုထင်လဲ ?"
(Note:: SMကစားတယ်ဆိုတာက လက်ထိပ်၊ လည်ပင်းစွပ် ၊ ခြေထိပ်နဲ့ ကြာပွတ်တို့ကို သုံးပြီး လိင်စိတ်ကြွလာအောင်လုပ်ရင်း ၊ တဖက်သတ် ကိုယ်လက်နှီးနှောတာကို ဆိုလိုပါ တယ်။)
Bai Luo Yin က Gu Hai ကို သွားဖြဲပြီး ရယ်ပြရင်း
" ဘာလို့ ခက်ခက်ခဲခဲ တွက်ချက်နေဦးမှာလဲ ၊ ကို့ ,ကို ငါ ....(၄၇၈၈၈) ကြိမ် အာသာကူဖြေပေးလိုက်မယ်လေ ! "
Gu Hai က သူ့ရဲ့မကောင်းဆိုးဝါးလက်သည်းတွေကို Bai Luo Yin ဆီဆန့်ထုတ် လိုက်တယ်။
နှစ်ယောက်သား ခဏလောက်ရန်ဖြစ်နေကြတယ်။ Gu Hai က Bai Luo Yin ကို ဖိလှဲ လိုက်တယ်။
" လာကွာ , ချစ် ဘောင်းဘီတွေလဲကြစို့ "
" ဟမ် ?! " Bai Luo Yin နားမလည်ဘူး။ "ဘာနဲ့လဲရမှာလဲ ?"
" ပူမနေနဲ့ ! ကိုယ့်ဘောင်းဘီနဲ့သာ လဲလိုက် "
Gu Hai က Bai Luo Yin ကို သူ့ဘောင်းဘီနဲ့လဲဝတ်ဖို့ ... တောင်းပန်နေတယ်။ အဆုံးကျ ၊ Bai Luo Yin လည်း တင်းမထားနိုင်တာကြောင့် Gu Hai ရဲ့ အကြံပြုချက်ကို ကူရာမဲ့စွာလက်ခံလိုက်ရတယ်။ သူက ပြဲနေတဲ့ဘောင်းဘီကိုချွတ်ပြီး Gu Hai ဆီကမ်းပေး တယ်။
Gu Hai က ဘောင်းဘီတွေကို ယူလိုက်တာနဲ့ ၊ သူ့မျက်လုံးတွေက Bai Luo Yin ရဲ့ မျက်စိမလွှဲနိုင်တဲ့ အဝတ်မပါတဲ့ခြေထောက်တွေဆီ ရောက်သွားပြီးနောက်... ခြေထောက် နှစ်ချောင်းကြားက အငယ်လေးဆီကို မျက်စိရောက်သွားတယ်။ သူ့လက်ကြီးတွေက ထွက်လာပြီး ၊ Bai Luo Yin ခွကြားထဲ လက်ထည့်ရင်း နှိပ်နယ်ပေးတော့တယ်။ Bai Luo Yin တုန်ရီသွားပြီး ၊ Gu Hai ကို ဒေါသထွက်ထွက်နဲ့ မျက်စောင်းခဲကာ ၊ တံတောင်နဲ့ တွက်လိုက်တယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့၊ Gu Hai က Bai Luo Yin ကို လစ်လျူရှုထား ပြီး ၊ သူ့မျက်လုံးထဲမှာ အငယ်လေးပဲရှိတော့တယ်။
" လွှတ်! မင်းအစ်ကိုက ဒီဘက်ရောက်လာတော့မယ် "
"သူလာတော့ရော ဘာဖြစ်မှာလဲ ?" Gu Hai ဟာ Bai Luo Yin ရဲ့ အားနည်းချက် နေရာကို နိုင်လိုမင်းထက်ဆန်ဆန် ဆက်ပြီး နှိပ်စက်နေတယ်။
" ကိုယ်က သူ့ကို... ဒါကိုတမင်မြင်စေချင်တာ "
Gu Hai ဟာBai Luo Yin ရဲ့လက်တွေကို သူ့ကိုယ်ပိုင် အောက်ခံဘောင်းဘီပေါ်တင် လိုက်တယ်။ ပြီးတော့သူက နောက်ပြောင်ပြီးပြောသေးတယ်။
" ပထမ ယန်းငွေ (၁) ကျပ်အတွက် အာသာဖြေပေးတာစတော့။ မဟုတ်ရင်... ဘယ်အချိန်မှကိုယ့်ကို ပြန်လျှော်တာပြီးတော့မှာလဲ ?"
Bai Luo Yin က ဘာမှမတတ်နိုင်ပေမယ့် သွားကိုတင်းတင်းစေ့ထားမိတယ်။
သူတို့ နှစ်ဦးစလုံး၊ အသက်ရှူသံတွေ မြန်လာကြပေမယ့် ၊ ရုတ်တရက်ဆိုသလို အသံ တစ်ခုက စိတ်အားထက်သန်မှုတွေကို ငြိမ်သက်သွားစေတယ်။
" ခင်ဗျားတို့ နှစ်ယောက်က ဘာလိုကြောင့် ဒီကိုရောက်နေတာလဲ?" Tong Zhe ရဲ့ အသံသြသြပေါ်လာတယ်။
Bai Luo Yin ကချက်ချင်းပဲ Gu Hai လက်တွေကိုပုတ်ထုတ်လိုက်ပြီး၊ ဘောင်းဘီ ကောက်ယူကာ ဝတ်လိုက်တယ်။
Tong Zhe မျက်လုံးတွေက Gu Hai တစ်ကိုယ်လုံးကို အံ့သြမင်သက်စွာ ကြည့်နေ တယ်။
" ဆရာ ဘာလုပ်နေတာလဲ? "
"ဘာမှမလုပ်ဘူး" Gu Hai က တကယ်တည်ငြိမ်တယ်။ " ငါတို့...ဘောင်းဘီလဲဝတ် နေကြတာ"
Bai Luo Yin မတ်တပ်ထရပ်ပြီး ၊ သူ့ အင်္ကျီချွတ်ကာ Gu Hai ဆီ ပစ်ပေးလိုက်တယ်။
" ငါတို့လဲဝတ်မယ်ဆိုလည်း၊ ဝတ်စုံတစ်စုံလုံးလဲကြစို့။ အခုဝတ်ထားတဲ့ အတွဲအစပ်က အရမ်းကြည့်ရဆိုးတယ် "
ဒါနဲ့ပဲ Gu Hai က Bai Luo Yin ရဲ့လေတပ်ပြောက်ကျားအင်္ကျီကိုဝတ်ပြီး ၊ Bai Luo Yin က Gu Hai ကုတ်အင်္ကျီကို ဝတ်လိုက်တယ်။ အင်္ကျီတွေလဲဝတ်ပြီးကြတာနဲ့၊ ဒီလူ နှစ်ယောက်ရဲ့ သဘောသဘာဝတွေဟာလည်း ချက်ချင်းပြောင်းသွားတယ်။
Tong Zhe ကဘေးကနေ မှင်သေသေပြောတယ်။
" တစ်ယောက်အဝတ်အစားကိုတစ်ယောက်.... ဝတ်ထားကြတဲ့ နှစ်ယောက်စလုံးပဲ စတိုင်အရမ်းမိုက်တယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့နှစ်ယောက် ဘဝပုံစံပါပြောင်း လိုက်သင့်တာ "
Bai Luo Yin က သူ့ဘက်လျှောက်လာပြီး ၊ မျက်ခွံတွေကို အနည်းငယ်ပင့်ထားရင်း၊ လေသံကနွေးထွေးနေတယ်။ "မင်း အမြင်လေး မဆိုးဘူး "
Tong Zhe ဘာအရိပ်အမြွက်မှမရှိတဲ့ အပြုံးကို ပြုံးတယ်။
ခဏကြာတော့ ၊ Bai Luo Yin ခပ်ဝေးဝေးရောက်သွားပြီဆိုမှ ၊ Tong Zhe က Gu Hai ဘက်လှည့်ပြီးမေးတယ်။ "Gu Yan က ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေရတာလဲ ?"
Gu Hai သက်ပြင်းချရင်း " သူစီးလာတဲ့ တိုက်လေယာဉ်လည်း ပစ်ချခံလိုက်ရတယ်!"
Tong Zhe "........"
Gu Yan ဟာ Gu Hai ရယ် ၊ Bai Luo Yin ရယ် ၊ Tong Zhe ရယ်တို့ ... တချိန်တည်း အားလုံးပေါ်လာကြတာကိုတွေ့တဲ့အခါ၊ ဒါဟာတိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်ဟန်ဘူးဆို တာကို သူတစ်ယောက် နောက်ဆုံးတော့ နားလည်သွားတယ်။ အဲဒီကောင် တကယ်ပဲ သူ့ကို သစ္စာဖောက်သွားပြီ။
" အဆွေ ...." Gu Yan ရဲ့ မျက်လုံးတွေက Tong Zhe ကိုထိုးဖောက်မတတ် ကြည့်နေ တယ်။
" မင်း အိမ်က Shandong မှာဆိုတာ အခုမှ ငါသိသွားတော့တယ် "
Tong Zhe က အသက်ဝဝရှူလိုက်ပြီး မှင်သေသေပြောတယ်။ "ကျွန်တော်တောင်းပန် ပါတယ် MD Gu။ ဒါပေမယ့် ဆရာ့ကုမ္ပဏီကထွက်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးပြီမို့လို့ပါ။ "Gu Yan ရဲ့ မျက်နှာထားက အရမ်းကြီးပြောင်းလည်းမသွားပေမယ့် ၊ ဒါဟာ အန္တရာယ် ရှိတဲ့အရိပ်လက္ခဏာဆိုတာ သေချာပါတယ်။ သူ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ အခြေအနေဆိုးကိုတော့ ဘယ်သူမှ သတိမပြုမိကြဘူး။
**ငါ့ကုမ္ပဏီကပစ္စည်းတွေကိုခိုးတယ်.... ငါ့ပိုက်ဆံတွေကိုအဝေးကို လွှဲတယ်.. ငါ, ဒါတွေအားလုံးကိုလစ်လျူရှုထားပေးနိုင်တယ်။ ဒါပေမယ့်ဟောင်ကောင်က ငါ့အယုံကြည် ရဆုံးဝန်ထမ်းကို ခိုးသွားတာကတော့ ...... ။ Gu Hai, ဒီနှစ်တွေမှာ မင်း, ငါ့ကို'အစ်ကို ... အစ်ကို' ခေါ်ခဲ့တာ အလကားတော့မဖြစ်ဘူးပဲ**
Bai Luo Yin သတိမပေးပဲ မနေနိုင်တော့လို့ သတိပေးရသေးတယ်။ " Gu Yan , ကျွန်တော်တို့သဘောတူညီထားတာကို မမေ့နဲ့လေ "
"သဘောတူညီချက်ထဲမှာ Tong Zhe ရောပါတယ်ဆိုတာကို ...မင်း,ငါ့ကို ဘာကြောင့် ကြိုမပြောခဲ့သလဲ ?" Gu Yan က Bai Luo Yin ကို ပြင်းထန်တဲ့ မကောင်းဆိုးဝါးဆန်တဲ့ မျက်လုံးတွေနဲ့ တည့်တည့်ကြည့်တယ်။
Bai Luo Yin က ဖြူစင်ရိုးသားစွာ ပြန်ဖြေတယ်။ "ကျွန်တော်လည်း အခုမှ သူနဲ့တွေ့ တာ။ သူက ကျွန်တော်ရှေ့က အရင်ခုန်ချသွားတာဥစ္စာ။ သူအသက်ရှင်သေးလား၊ သေပြီလားဆိုတာတောင် ကျွန်တော်မသိဘူး။ ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို သူ့ အကြောင်း ထည့်ပြောရဦးမှာလဲ ?"
Gu Yan နှာခေါင်းရှုံ့လိုက်ပြီး ၊ ဘာမှ မပြောတော့ဘူး။
Bai Luo Yin ညင်ညင်သာသာစကားဆိုတယ်။ "အစ်ကိုကြီး Gu ရယ် ၊ အစ်ကိုပြောခဲ့တဲ့ စကားတွေကိုတော့ ပြန်မရုတ်သိမ်းပါဘူးနော်?"
Gu Yan က သူ့မျက်လုံးတွေကို Gu Hai ဆီ ဦးတည်လိုက်တယ်။ ပြီးတော့ တဖန် Tong Zhe ဆီ ဦးတည်ပြန်တယ်။အဲဒီလူ နှစ်ယောက်ကြား သူ့ရဲ့ခေါင်းက အရှေ့ဘက် လှည့်လိုက်... အနောက်ဘက်လှည့်လိုက်နဲ့ ရမ်းခါနေတယ်။ သူတစ်ခုခုကို သတိရသွား သလိုမျိုး၊ သူ့မျက်လုံးတွေက ရုတ်တရက်ကြီး လှုပ်ရှားသွားပြီး၊ သူ့နှုတ်ခမ်းမှာတော့ လှောင်ပြုံးတစ်ခုပေါ်လာတယ်။
"မရုတ်သိမ်းပါဘူး။ ငါက ဘာကိစ္စပြောပြီးသားစကားတွေကို ရုတ်သိမ်းရမှာတုန်း? ငါတို့တွေအားလုံးက မိသားစုတွေပဲဟာ။ သူက ဘယ်ကုမ္ပဏီမှာပဲအလုပ်ဝင်ဝင် ၊ အတူတူပဲ... ဟုတ်တယ်မလား?"
ပြီးတဲ့နောက်, သူက Bai Luo Yin ကို သတိပေးတဲ့အမူအရာနဲ့ပြောတယ်။
" Bai Luo Yin , မင်းသာ ကံကောင်းပါစေကွာ!"
အပြန်လမ်းမှာကျတော့ ၊ Bai Luo Yin က Gu Hai ကိုမေးတယ်။ "အတည်ပြော ... Tong Zhe ကို ကုမ္ပဏီကထွက်ဖို့ ကို,ဘယ်လိုလုပ်ပြီး အယုံသွင်းခဲ့တာလဲ?"
"Tong Zhe က ချစ်နဲ့ အရမ်းတူတယ်လို့ ကိုယ်ထင်တယ် ။ ဒါကြောင့် ကိုယ့်အစ်ကိုက သူ့ကိုတန်ဖိုးထားတာဟာ ချစ်အစားထိုးအနေနဲ့ အသုံးချတာလို့ သူ့ကိုကိုယ်ပြောလိုက် တာပေါ့ "
Bai Luo Yin က ရှက်ရှက်နဲ့ ပြန်စွာတယ်။ "အမှန်က ဘာလဲ?" (တကယ့် အကြောင်းပြချက်ကိုမေးတာပါ)
"အမှန်ကိုတော့ ကိုယ်တောင်မသိဘူး" Gu Hai က လက်တွေကိုဖြန့်ပြတယ်။ Bai Luo Yin အဲ့ဒီအကြောင်းကို သေသေချာချာစဉ်းစားကြည့်တယ်။သူ စဉ်းစားလေလေ၊ ပုံမှန် မဟုတ်ဘူးလို့ ထင်လာလေလေပဲ။
" ....... ကို, ဒီအားလုံးထဲမှာလေ၊ မင်းပဲ အကျိုးအမြတ်အများဆုံးရသွားပြီး၊ မင်းက အကြီးဆုံးအောင်နိုင်သူဆိုတာ ငါသဘောပေါက်သွားပြီ"
Gu Hai က မပြုံးမိအောင်မနည်းထိမ်းထားရတယ်။ "ကိုယ်ကဘာအကျိုးအမြတ်များ ကိုယ်ရလိုက်လို့လဲ?"
"စဉ်းစားကြည့်လေ ...... ဒီကိစ္စထဲမှာ လူဘယ်နှစ်ယောက်ပါဝင်ပတ်သတ်နေသလဲဆို တာ? လေးယောက်, ဟုတ်တယ်နော်? ဒီ(၄)ယောက်ထဲမှာ ဒုက္ခမခံရသူ၊ ဘာမှမဆုံးရှုံး တဲ့သူ၊ မနစ်နာတဲ့သူဆိုလို့.... ဈေးတွက်ကို တွက်ပြီးရင်းတွက်နေတဲ့ ကို,တစ်ယောက်ပဲရှိ တယ် ... သိလား ကိုစုတ် "
"လူ,မစွမ်းတော့နတ်မတယ်တဲ့"GuHai က ရိုးရိုးရှင်းရှင်းပြုံးတယ်။
" မင်း ဘွားအေပါ့လား !!! ကို ... လူလည်အလုပ်ဆုံးပဲ !!"
End of Ch-67