Epilogue 4 မင်္ဂလာဦးည
ညဟာ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတယ်။ ပြတင်းအပြင်က လရောင်ဟာ ရောင်ပြန်ဟပ်ပြီး အိမ်ထဲကို ဖြာကျနေတာက ၊ အသစ်စက်စက် လက်ထပ်ထားတဲ့စုံတွဲရဲ့ မင်္ဂလာဦးအခန်းက ကြမ်းပြင်ပေါ်မှာ လှပတဲ့ အရိပ်တွေကို ဖန်တီးဖြစ်ပေါ်နေစေတယ်။
အခန်းထဲက လျှပ်စစ်မီးအားလုံးကိုမှိတ်ထားတယ်။ အခန်းထဲမှာထွန်းညှိထားတဲ့ ဖယောင်းတိုင်အလင်းအောက်မှာ ၊ အသစ်စက်စက်လင်မယားက ခြုံစောင်အသစ်အောက်မှာပုန်းကွယ်ပြီး ၊ သူတို့လက်ချောင်းတွေကတော့ ဂဏန်းတွက်စက်ပေါ်ကို သဲကြီးမဲကြီးနှိပ်နေကြတယ်။
" ကို , တွက်လို့ပြီးပြီလား?" Bai Luo Yin က ခေါင်းစောင်းပြီး " ငါတို့ လက်ဖွဲ့ငွေအားလုံးပေါင်း ဘယ်လောက်ရလဲ?"
Gu Hai က ဂဏန်းပေါင်းစက်ကို သေသေချာချာကြည့်ပြီးမှ ပြန်ဖြေတယ်။ " သန်းသုံးဆယ်ကျော်မယ်!"
" ငါတို့ အဲလောက်တောင်ရတယ်?" Bai Luo Yin အလန့်ကြီးလန့်နေတယ်။
Gu Hai ခေါင်းညိတ်ရင်း " အရမ်းရက်ရောတဲ့လူတွေရှိတယ်.... ဥပမာ ကိုယ်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ၊ ကိုယ့်အဖေရဲ့ မိတ်ဆွေဟောင်းတွေနဲ့ You Qi ၊ Li Shou နဲ့ Fu Zhi တို့က နိုင်ငံခြားရောက်နေကြလို့ ပွဲမတက်နိုင်ကြပေမယ့် ၊ သူတို့ကလည်းသန်းချီပြီး လက်ဖွဲ့ကြတယ်။ အခြားလူတွေအားလုံးက ထောင်ချီ ၊ သောင်းချီပြီး အစားစား နေမှာပေါ့ "
Bai Luo Yin က သူ့လက်တော့ပ်ရဲ့ ဂဏန်းပေါင်းစက်ကိုကြည့်ပြီး ခဏလောက်တွေဝေနေတယ်။ " ညစာစားပွဲက အားလုံးပေါင်း ဝိုင်း(၁၈၀) နဲ့ ၊ တစ်ဝိုင်းကို 9999 ယန်းဆိုတော့ အဲဒါက 1.2 သန်းလောက်ကုန်ကျတယ်။ ငါတို့ ဟိုတယ်ဝန်ထမ်းတွေကို မုန့်ဖိုးပေးလိုက်တာက ယန်း၁ သောင်းကျော်ရယ်၊ ပြီးတော့ မင်္ဂလာခန်းမကို အလှဆင်ပြုပြင်တာ ၊ အဝတ်အစားတွေ ၊ လက်ဝတ်လက်စားနဲ့ မင်္ဂလာပွဲပစ္စည်းတွေ ဝယ်တာရယ် အားလုံး ယန်း(၅) သိန်းလောက် ကုန်တယ်။ဒီ ကုန်ကျငွေတွေကို နှုတ်ပြီး ၊ ငါတို့ သန်း (၂၀) ကျော်လောက် အသားတင်ရလိုက်တယ်။ "
" ကိုယ်တို့ မိဘတွေပေးတဲ့လက်ဆောင်တွေရော ၊ ချစ်, ထည့်တွက်သေးလား?" Gu Hai သတိပေးတယ်။