CHAPTER 14 - ဆောင်းညရဲ့ အကြောင်းမဲ့ ကရုဏာ Gu Hai တို့ကုမ္ပဏီနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Café ဆိုင်မှာ Yan Ya Jing က Gu Hai ကိုတွေ့ဖို့ စောင့်နေတယ်။
"နင့်အမေ အခြေအနေ ဘယ်လိုလဲ?"
Yan Ya Jing က ၀ိတ်တော်တော်ကျသွားပြီ။ မျက်လုံးမှာလည်း အရင်ကလို တက်ကြွမှုမျိုး မရှိတော့ဘူး။
"မကောင်းဘူးဟ။ ကင်ဆာဆဲလ်တွေက ကလီစာတွေကို ပြန့်နေ ပြီတဲ့။ ဆရာဝန်ကပြောတယ် ကု လည်းမျှော်လင့်ချက် မရှိဘူးတဲ့၊ ငါတို့လုပ်နိုင် တာက နာကျင်မှုသက်သာအောင်ရယ်၊ နေသာထိုင် သာရှိဖို့ပဲ။ ဒီတစ်ချိန် လုံး ငါတို့မိသားစုတွေက ဘေးမှာရှိပေးနေတယ်။ နေ့တိုင်း ငါတို့ ပျော်ရွှင်ယောင်ဆောင်ရတယ်။ သူရိပ်မိသွားမှာစိုးလို့ ၊ ဒါပေမဲ့ သူ့ အခြေအနေကို အမေကသိနေလောက်ပြီ ထင်တယ်။သူက စိတ်မာ တယ်၊ သိနေရင်တောင် ၀မ်းနည်း ပက်လက်ပုံကို ပြမှာမဟုတ်ဘူး"
Gu Hai က ညင်ညင်သာသာလေးပြောတယ် "ကိစ္စတစ်ခုခု ဆိုလည်း ကျိတ်မှိတ်မနေနဲ့နော်။ နင်အမေနဲ့သာ အချိန်ကုန်နေ လိုက်။ ဒါမှ နင် နောင်တရ မနေမှာ"
Yan Ya Jing က အားယူပြုံးလိုက်ပြီး "အမေကတောင် မနေ့က ပွစိပွစိ လုပ်နေသေးတယ်။ သူ့လက်ကျန်အချိန်လေးအတွင်းမှာ သားမက်ကို မြင်နိုင်ပါတော့မလားတဲ့?"
"ဒါဆို နင်အချိန်ကို တန်ဖိုးထားပြီး သွက်သွက်သာရှာတော့"
Gu Hai က ဖွဖွလေး ဖြေတယ်။
Yan Ya Jing က Gu Hai ကိုစိုက်ကြည့်ရင်း သူ့ရဲ့ ရင့်ကျက်ပြီး ပြေပြစ်တဲ့ရုပ်ရည်ကိုမြင်တော့ သူတို့တွေအတူတူ ဖြတ်သန်းခဲ့တဲ့ ကာလ တွေကိုစဉ်းစားမိတယ်။ ကုမ္ပဏီသေးသေးလေးကနေ ယနေ့ အခြေအနေ အထိ ရောက်အောင်ကြိုးစားခဲ့တာတွေကို မြင်ယောင်လာတယ်။ သူမ ဟာ တောင်းရမ်းသူတွေများတဲ့ မိန်းကလေးအဖြစ်ကနေ 'မကျန်ရစ်' လို့ လူတွေပါးစပ်က အပြောခံနေရပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံး လေးနှစ်က ကုန်သွားပြီ။ သူမဟာ သူမရဲ့မိဘတွေမျက်စိထဲက ရတနာ အဖြစ်ကနေ မိဘတွေမျက်စိမမှိတ်ခင်နောက်ဆံတင်းစရာ အထုံး တစ်ခု ဖြစ်လာပြီ။ ဒါတောင် Gu Hai က သူမဘာဆိုလိုချင်လဲ မသိသေးဘူး။ တစ်ခါတစ်လေ အဓိပ္ပါယ်နှစ်ခွ စကားလုံးတွေကို Gu Hai ပြောတတ်ပေ မယ့် အားလုံးကို အတည်ယူလို့တော့ မရဘူး။
"ငါကြားတာတော့ နင် Di Shuang ကို မန်နေဂျာရာထူးပေးပြီး နင့်ရုံးခန်းမှာခေါ်ထားတယ်ဆို" Yan Ya Jing က မေးလိုက် တယ်။
Gu Hai က ပြူတင်းတံခါးကနေ အကြည့်ခွါပြီး ပြန်ဖြေတယ် "အေး"
"နင်..." Yan Ya Jing က တွေတွေဝေေ၀နဲ့ပြောတယ်။
Gu Hai က ပြူတင်းအပြင်ကို ပြန်ကြည့်နေပြန်ပြီ။
Bai Luo Yin ရဲ့ကားဟာ ကုမ္ပဏီအ၀င်ပေါက်ကို ထိုးရပ်လိုက်ပြီး သူက တစ်ယောက်ယောက်ဆီ ဖုန်းခေါ်နေတယ်။ Gu Hai က သူ့ ဖုန်းမြည် လာလိမ့်မယ်လို့ မျှော်လင့်ပေမယ့်ကံမကောင်းစွာနဲ့ပဲ သူ့ အိတ်ကပ်ထဲက ဖုန်းကငြိမ်သက်နေတယ်။
ခဏအတွင်းမှာပဲ Di Shuang က ကုမ္ပဏီကနေထွက်တွေ့တယ်။ နှစ်ဦးစလုံးဟာ အချိန်သိပ်မရတဲ့အတွက် ကုမ္ပဏီရှေ့က Café ဆိုင်မှာပဲ စကားပြောရင်းစားဖို့ Di Shuang က အကြံပေးတယ်။ တကယ်တော့ Di Shuang ကဒါကို တမင်လုပ်လိုက်တာပဲ။ သူမဟာ Gu Hai အဲ့ဒီ Café ဆိုင်မှာ ထိုင်နေတာ အစောကြီးက တည်းက တွေ့တယ်။
သူတို့နှစ်ယောက် ထိုင်ကြတယ်။ Bai Luo Yin က Gu Hai နဲ့ Yan Ya Jing တို့ကို ဘေးက၀ိုင်းမှာထိုင်နေတာ ရိပ်ကနဲ့ တွေ့ လိုက်တယ်။ သူတို့တွေ အကြည့်ချင်းဆုံသွားတဲ့အခါ Bai Luo Yin က အရင်စပြီး လက်ပြလိုက်တယ်။ Gu Hai က နှုတ်ခမ်းထောင့် စွန်းလေးကို နည်းနည်း မြှင့်လိုက်တယ်။ အရင်ကတော့ လူမရှိ သလိုနေနေပြီး ခုမှလာပြီး Yan Ya Jing ဘက်လှည့်ပြီး ဟီးလေးဟားလေး လုပ်နေတယ်။
Yan Ya Jing က နည်းနည်းအံသြသွားပြီး Gu Hai ကိုကြည့်ရင်း မေးတယ် "Di Shuang နဲ့ နင့်အစ်ကို တွဲနေကြတာလား?"
Gu Hai က ခေါင်းညိတ်တယ်။
Di Shuang က သူမရဲ့ လက်ပွေ့အိတ်ထဲက လက်အိတ်တစ်စုံကို ထုတ်လိုက်တယ်။ သူမက အဲ့တာတွေကို Bai Luo Yin ဆီ တလေး တစားပေးလိုက်တယ်။
"ကျွန်မဘာသာ လုပ်ထားတာ။ အစ်ကိုသိတဲ့အတိုင်းပဲ ကျွန်မ နားချိန် မရှိတဲ့ကြားက ဒီလက်အိတ်ကို သိုးမွှေးထိုးပေးထားတာ။ အစ်ကိုမကြိုက် ဘူး လို့ မပြောရဘူးနော်"
Di Shuang က တမင်အသံကိုမြှင့်ပြောတယ်။ ဟိုဘက်က တစ်ယောက်သောသူကြားဖို့ ရည်ရွယ်တယ်။
Bai Luo Yin ကလည်း "ကိုးနှစ်လောက်သုံးလာတဲ့ လက်အိတ်တော့ ပြောင်းဖို့အချိန်တန်ပြီ ထင်တယ်"
"ဘုရားရေ! လက်အိတ်တစ်စုံကို ကိုးနှစ်လောက်စွပ်ခဲ့တယ်ဆိုတာ ကပ်စေးနှဲတာ မဟုတ်ဘူးလား?"
Di Shuang ရဲ့ အမူအရာက သိသာနေတယ်။
သူတို့ဘေးမှာတော့ တစ်စုံတစ်ယောက်ရဲ့နှလုံးသားမှာ ဗြောင်းဆန်နေပြီ။
Di Shuang က မျက်နှာရဲလာပြီး "မြန်မြန်ဝတ်ကြည့်လေ၊ တော်လား သိချင်လှပြီလို့"
တစ်စုံတစ်ယောက်ရဲ့အကြည့်တွေအောက်မှာ Bai Luo Yin က လက်အိတ်ကို ဖြည်းဖြည်းချင်း ၀တ်ကြည့်နေတယ်။ တစ်ဖက်က သေးပြီး ထူနေလို့ ၀တ်ရတာလေးနေတယ်။ Bai Luo Yin နောက် လက် အိတ်တစ်ဖက်စမ်းကြည့်တော့ သူ့လက်က လုံးဝလှုပ်လို့ မရတော့ဘူး။
"Hahaha...." Di Shuang ရဲ့ပါးတွေ သွေးရောင်တောက်လာတယ်။
"တစ်ဖက်ကြီး တစ်ဖက်သေးနဲ့ ဘယ်လိုလုပ်မလဲ?"
Bai Luo Yin က သည်းခံပြီးပြုံးတယ် "ဘာမှမဖြစ်ပါဘူး ၀တ်ရင်းနဲ့ ကျယ်သွားမှာပါ"
"ဒါဆို မချွတ်နဲ့တော့နော်" Di Shuang က တမင်အကျယ်ကြီး ပြောတယ်။
Bai Luo Yin ကတော့ငြိမ်နေတယ်။
Di Shuang က Bai Luo Yin ဘာမှမပြောတာတွေ့တော့ စိတ်ပူတဲ့ပုံစံနဲ့ Bai Luo Yin ခုံဘေးကို ရွှေ့ထိုင်ပြီး တိုးတိုးကပ် ပြောတယ်။
"ကျွန်မတို့ MD ရှေ့မှာ ကြိုက်ချင်ယောင်ဆောင်လိုက်ပါ"
"ဘာလို့ သူ့ရှေ့မှာလုပ်ပြရမှာလဲ?" Bai Luo Yin သိချင်တယ်။
**ငါမင်းကိုဘာမှ မပြောမိဘူးထင်ပါတယ်**
Di Shuang က Bai Luo Yin နားထဲကပ်ပြောတယ်
"သူကျွန်မအပေါ် စိတ်ကုန်သွားအောင်လို့ပါ"
Bai Luo Yin က Gu Hai ဆီတစ်ချက်ကြည့်လိုက်တော့ ကျော ချမ်းစရာ မျက်လုံးတွေနဲ့ သွားဆုံတယ်။ သူ့ရင်ထဲ တင်းကြပ်သွား တယ်။ Gu Hai က Di Shuang ကို တစ်ခုခုများပြောလိုက် သေးလား? Di Shuang က နောက်ထပ်ပြောတယ်
"အစ်ကိုရဲ့ညီက ကျွန်မအပေါ် မရိုးသားဘူး"
ဒီစကားက Bai Luo Yin ကိုတကယ်လန့်သွားစေတယ်။ သူ့ရဲ့ ခံစားချက်တွေကို အသာထားပြီးနောက် သူရဲ့ ဖြူနုနေတဲ့မျက်နှာ မှာ အပြုံးတစ်ခု ပေါ်လာတယ်။
"ဒါညီမ အတွေးလွန်နေတာမဟုတ်လား? သူနဲ့ထိုင်နေတာ သူ့ ကောင်မလေးမလား?"
"ဘာ?!" Di Shuang က နှုတ်ခမ်းဆူလိုက်ပြီး "အဲ့ဒီလိုသာ အမှန်ဆို ကျွန်မကို သူကြိုက်နေတယ်လို့ ထင်မိမှာမဟုတ်ဘူး။ သူတို့နှစ်ယောက် က ကုမ္ပဏီမှာလဲ တတွဲတွဲနဲ့ပဲ၊ ဒါပေမဲ့ ဘယ်သူကမှ သူတို့နှစ်ယောက် ကြိုက်နေတယ်လို့မထင်ကြဘူး။ သူတို့ကြည့်ရတာ ချစ်သူတွေနဲ့ တစ်စက်ကလေးမှ မတူဘူး။"
Bai Luo Yin က ချက်ချင်းသဘောပေါက်သွားပြီး Gu Hai ကို တိုက်ရိုက်လှမ်းကြည့်တယ်။
Yan Ya Jing က သူမရဲ့ခေါင်းကို ပြန်လှည့်ပြီး မှင်သေသေစကား ဆိုတယ် "ငါလေ Di Shuang ကို အရမ်းအားကျတာပဲ"
"သူ့ကိုဘာအားကျစရာလိုလဲ?" Gu Hai မျက်နှာက မှုန်သုန်သုန် နဲ့။
Yan Ya Jing က အဓိပ္ပါယ်ပြည့်ဝနေတဲ့ မျက်လုံးတွေနဲ့ Gu Hai ကိုကြည့်တယ် "အားကျတာက သူမက သူမရဲ့အချစ်ကို ရဲရဲ တင်းတင်း ဖော်ပြနိုင်တယ်လေ"
Gu Hai က ခပ်ငေါ့ငေါ့ပြောတယ်
"နင်အားကျစရာမလိုဘူး။ နင်က ဟိုတစ်ယောက်ထက်ပို ကံကောင်း တယ်။ သူမက သူများကို လက်ဆောင်ပေးလိုက်လို့လား? ဒီနေ့ ငါနင့်ကို လက်ဆောင်ပေးမယ်"ပြောရင်းဆိုရင်း သူ့ရင်ဘက်ထဲက လက်စွပ် တစ်ကွင်းထုတ်လိုက်တယ်။
"ငါဒီလက်စွပ်ကို ၀တ်လာတာ ကိုးနှစ်ရှိပြီ ဒီနေ့ ဒါကိုနင့်ကို ပေးမယ်"
Yan Ya Jing က Gu Hai ကို အံ့သြတပန်းကြည့်နေတယ်။ Gu Hai ကနည်းနည်းကလေးမှ နောက်ပြောင်နေတာနဲ့မတူဘူး။ သူက သူမ လက်ကိုဆွဲယူပြီး Yan Ya Jing ရဲ့ လက်ချောင်းမှာ ၀တ်ပေးလိုက်တယ်။
အစောပိုင်းက လေးဆယ့်ငါးဒီဂရီစောင်းပြီးပျံတက်သွားတဲ့ Bai Luo Yin ရင်ထဲက လေယာဉ်က အခုတော့ ကိုးဆယ်ဒီဂရီစောက် ထိုးကျနေပြီး မြေပြင်နဲ့ဆောင့်ပြီး တစ်စစီကျိုးပဲ့သွားတယ်။
သူကDiShuangရဲ့မျက်နှာကိုကြည့်လိုက်တယ်။
သူ့အသံက အသက်မရှိတော့ပဲပြောလိုက်တယ် "ခုဆို ညီမ စိတ် အေး သွားရပြီမလား?"
အဲ့ဒီညကတပ်ထဲပြန်ရောက်တော့ Bai Luo Yin က အလုပ်လုပ် ချင် စိတ်မရှိဘူး။ အဲ့ဒီအစားတပ်ထဲလှည့်ပတ်စစ်ဆေးဖို့ ထသွား လိုက်တယ်။
အခုတပ်သားသစ်ကလေးတွေက အထက်တန်းကျောင်းပြီးခါစ ၁၉၉၉နှစ် ၀န်းကျင်ဖွား ကလေးတွေ။ အများစုက အိမ်မှာအလို လိုက်ခံထားရတဲ့ ကလေးတွေ။
တပ်မှာက စည်းကမ်းချိုးဖောက်ရင် အပြစ်ပေးတဲ့စနစ်ကြောင့် သူတို့လေး တွေလည်းအရင်ကနဲ့စာရင် နေရတာခက်ခဲတယ်။ သူတို့ထဲမှာ အရည်အချင်းရှိတဲ့ကလေးတွေအများကြီးပါပေမယ့် ပတ်ဝန်းကျင်အသစ်နဲ့ ကျင့် သားရဖို့ခက်နေတယ်။ Bai Luo Yin ကို အဲ့ဒီအချက်တွေက ခေါင်းကိုက် စေတယ်။
သိပ်မဝေးတဲ့ တစ်နေရာမှာ လူရိပ်နှစ်ခုကိုတွေ့တယ်။ ခြေသံကြား တာနဲ့ သူတို့ဟာ အရိပ်ဘက်ကို တိမ်းသွားကြတယ်။
Bai Luo Yin က ခြေလှမ်းကျဲကြီးတွေနဲ့ နောက်ကလိုက်သွား တယ်။ ခဏကြာတော့ နှစ်ယောက်စလုံးကို လက်ဆွဲပြီး ရုံးခန်းထဲ ကို ခေါ်လာ တယ်။
"ဘယ်နှစ်/ဘယ်အခန်း/ဘယ်အတန်းကလဲကွ?"
တပ်သားသစ်နှစ်ဦးက Bai Luo Yin ရဲ့ အေးစက်နေတဲ့မျက်လုံး တွေ ကိုကြည့်ပြီး ကြောက်လွန်းလို့ သတိအနေအထားမှာ ရပ်နေကြတယ်။
"မင်းတို့ဘာလုပ်နေကြတာလဲ?"
နှစ်ယောက်ထဲက တစ်ယောက်က သူ့အိတ်ကပ်ထဲက ဆေးလိပ် ကို ထုတ်လိုက်ပြီး Bai Luo Yin လက်ထဲကို ထည့်လိုက်တယ် "ဗိုလ်မှူး သောက်ပါဦး"
Bai Luo Yin အမုန်းဆုံးက စည်းကမ်းမလိုက်နာတဲ့လူမျိုးပဲ။ အပြစ်ကို ၀န်ခံမယ့်အစား ရှောင်လွှဲမယ့်နည်းလမ်းရှာနေတဲ့လူမျိုး။
"မင်းတို့နှစ်ယောက် ဆေးလိပ်ခိုးသောက်နေကြတာမလား?" Bai Luo Yin မေးတယ်။
တပ်သားလေးကငြင်းတယ် "မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့ အိတ်ကပ်ထဲကို တစ်ယောက်ယောက်ထည့်ထားတာပါ။ ကျွန်တော်တို့ ဆေးလိပ် မသောက်ပါဘူးခင်ဗျ"
Bai Luo Yin က မတ်တပ်ထရပ်လိုက်ပြီး ဆေးလိပ်ပြာခွက်ထဲက ပြာတွေနဲ့ အစီခံတွေကိုယူပြီး ရေခွက်ထဲထည့်လိုက်တယ်။ ပြီးတော့ အဲ့ဒီ ကလေးနှစ်ယောက်ဆီ လက်ကမ်းပေးလိုက်တယ်။ ကလေး နှစ်ယောက် က ကြောက်လွန်းလို့ တုန်နေပြီ။
"သောက်စမ်း"
အဲ့ဒီထဲကတစ်ယောက်က ကြောက်လန့်ပြီးမျက်လုံကြီးပြူးရင်း
"ဒါက အင့်နိမ့်တပ်သားတွေကိုပေးတဲ့ အပြစ်ပဲ"
"မင်း ငါ့ကိုတရားစွဲလို့ ရတယ်" Bai Luo Yin ရဲ့အသံက ပြတ်ပြတ်။
လိမ်ပြောတဲ့စစ်သားဟာ စပြီးတောင်းပန်တော့တယ် "ဗိုလ်မှူးရယ် ကျွန်တော်တို့တကယ်မသောက်တာပါ။ တပ်ထဲမှာပျင်းနေလို့ အပြင် ထွက်ပြီး လေညင်းခံရင်း စကားပြောရုံပါ။ ကျွန်တော်တို့ကိုတော့ ဇွတ် မသောက်ခိုင်းပါနဲ့နော် ဗိုလ်မှူး။ အဲ့ဒါတွေမြင်တာနဲ့ အန်ချင်လို့ပါ"
"သောက်ရင်သောက်၊ မသောက်ရင် တပ်ကထွက်၊ ကိုယ့်ဘာသာ ကိုယ် စဉ်းစား" အဲ့ဒီကတည်းက ကလေးနှစ်ယောက်ဆေးလိပ် ပြတ်သွား တော့ တယ်။
ညကြီး နှစ်နာရီထိ Bai Luo Yin အလုပ်များနေတယ်။ နှစ်ကုန်တာ လဲ မြန်တယ်။ သူအိပ်မရတာလည်းကြာနေပြီ။ သူ့အိပ်ချိန်တောင် ကျော်နေပြီဖြစ်ပေမယ့် စောင်အောက်မှာပဲ ဟိုလှိမ့်ဒီလှိမ့် မအိပ်နိုင်ဖြစ် နေတယ်။ သူ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဖြစ်ပေမယ့် သူ့စိတ်က အနားယူ ဖို့ ငြင်းဆန်နေတယ်။
သူ့ရဲ့ cell phone က ရုတ်တရက်ထမြည်တယ်။ Bai Luo Yin က အကျင့်အတိုင်း ချက်ချင်း ကောက်ထပြီး တွေးလိုက်တာက အရေးကြီး mission ရှိပြီပေါ့။ ဒါပေမဲ့ ဖုန်းဆက်တဲ့လူက Gu Hai ဖြစ်နေတယ်။
သူ့ရင်ထဲ အောင့်သွားပေမယ့် သူဖုန်းကိုင်လိုက်တယ်။
"Bai Luo Yin, ဒီရှစ်နှစ်အတွင်း မင်းငါ့အကြောင်းတွေးနေခဲ့ဖူး လား?" တစ်ဖက်ကမေးတယ်။
Bai Luo Yin ရဲ့ ပုံပျက်နေတဲ့ လက်ချောင်းလေးက ထောင့်လေးမှာ တွန့်လိမ်နေပြီး သူ့နှလုံးသားက မငြိမ်ဘူး။ ညက တိတ်ဆိတ် လွန်းလို့ ဖြစ်နိုင်တယ်။ တိတ်ဆိတ်နေလွန်းလို့ လိမ်ပြောဖို့ အားလည်းမရှိတော့ ဘူး။
"အင်း တွေးဖူးတယ်"
တစ်ဖက်လူက အကြာကြီးငြိမ်နေပြီးမှ ရုတ်တရက်ကြီးပြောလိုက်တယ်။ "လွန်ခဲ့တဲ့ ရှစ်နှစ်က မင်းဇီးသီးခြောက်ကင်စားတာနဲ့ ပတ်သက်ပြီး ရန်ရှာခဲ့တာကို ငါတကယ်နောင်တရတယ်။ အဲ့ဒါ မင်းရဲ့နာက်ဆုံး ဇီးသီးခြောက်အကင်မှန်းသိရင် ငါမင်းကိုဆူခဲ့မှာ မဟုတ်ဘူး"
[Note; Book 1, Chapter- 199 မှာ Gu Hai နဲ့ Bai Luo Yin ခိုးပြေးကြတဲ့အချိန်၊ သူတို့နှစ်ဦး လမ်းမှာ လူချင်းကွဲသွားကြတယ်။ Gu Hai က ဒေါင်းတောက်အောင်ရှာနေတဲ့အချိန် Bai Luo Yin က ဇီးသီးခြောက်အကင်သွားဝယ်နေတာဖြစ်တယ်။ ဒါနဲ့ အကြီးအကျယ် ရန်ဖြစ်ရင်း Gu Hai က Bai Luo Yin လက်ထဲက အကင်ကို လွှင့်ပစ်လိုက်တယ်]End of Chapter 14