CHAPTER 35- ခံနိုင်ရည်အားကို ကျော်လွန်၍

198 17 0
                                    

CHAPTER 35- ခံနိုင်ရည်အားကို ကျော်လွန်၍

**ဒီနေရာမှာပဲ စခန်းချရတော့မယ်နဲ့တူတယ်** Bai Lou Yin တိတ်တိတ်လေး တွေးမိတယ်။ Zhou Ling Yun က ဒီလေ့ကျင့်ရေးအတွက် သူတို့ကို ခေါ်ထုတ်လာကတည်းက သူတို့တွေ အပြည့်အ၀ ရှုံးမယ်ဆိုတာ သိပြီးသားဖြစ်ရမယ်။ ဒါကြောင့်မို့လည်း စစ်သားတွေအတွက် လေ့ကျင့်ရေးနေရာထိုင်ခင်းတွေလည်း သေချာပေါက်စီစဉ်ပေးမှာ မဟုတ်တော့ဘူး။ ၄င်းရဲ့မူလရည်ရွယ်ချက်ကိုက တပ်သားတွေရဲ့သဘောထားတွေကို အစွမ်းကုန်ချို့နှိမ်ဖို့..ဖြစ်ပြီး၊ ဒီလိုမှပဲ တပ်သားတွေဟာ သူ့ရဲ့အမိန့်ကိုအပြည့်အ၀ နာခံလာကြမှာပေါ့။

Bai Lou Yin က သူတို့တိုက်လေယာဉ်ကို ထိန်းချုပ်နေတုန်း သူ့လက်ဒဏ်ရာနည်းနည်းရသွား တယ်။ လေယာဉ်ခေါင်းခန်းထဲက မထွက်ခင်ကမှ သွေးထွက်လွန်နေခဲ့မှန်း သူသိရတယ်။ လက်ရှိလုပ်ရ မယ့်လုပ်ငန်းစဉ်တွေ အတည်တကျဖြစ်ပြီဆိုမှ..ဒဏ်ရာရကြတဲ့ စစ်သားတွေကို ဂရုတစိုက်စစ်ဆေးပေ မယ့် ဘယ်သူမှ အပြင်းအထန်ဒဏ်ရာရကြပုံ မပေါ်ဘူး။ ဒါပေမယ့် တိုက်လေယာဉ်အများစုကတော့ ပြင်းပြင်းထန်ထန် ပျက်စီးသွားကြတယ်။ အဲ့ဒါတွေကို ပြင်နေရတာတော့ ဒုက္ခနည်းနည်းများမယ်။ သူဟာ တပ်သားအရေအတွက်ကို ရေတွက်နေတုန်း..သူရင်ထဲတင်းကြပ်သွားစေတဲ့ လူရိပ်ကိုတွေ့လိုက်တယ်။

**ဘယ်လိုဖြစ်တာလဲ? Liu Chong ကဘာလို့ရှိနေတာလဲ? သူ့ကို တမင်,စာရင်းထဲက ထုတ်ထားခဲ့တာပဲ!**

Bai Lou Yin က Liu Chong ဆီအပြေးသွားလိုက်တယ်။

"Liu Chong"

Bai Lou Yin အသံကြားတော့ အလိုအလျောက် Liu Chong ခေါင်းလှည့်ပြီး သူ့မျက်လုံးတွေက ကျေနပ်မှုနဲ့ အံသြနေတယ်။

"ဗိုလ်မှူး..ကျွန်တော်က ဆရာ့ကိုလိုက်ရှာနေတာ။ ဆရာ့တိုက်လေယာဉ် ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံရတာတွေ့လို့။ ဆရာတစ်ခုခုဖြစ်နေပြီလားလို့ ကျွန်တော်စိုးရိမ်နေတာဗျ"

**မင်းကများ စိတ်ပူရတယ်ရှိသေး** Bai Lou Yin ဆဲသင့်သလား၊ စိတ်လှုပ်ရှားသင့်သလား ဆိုတာ မသိတော့ဘူး။

"မင်းဘယ်လိုဖြစ်ပြီး ပါလာတာလဲကွ? မင်းကို ဒီကိုလိုက်လာဖို့ ဘယ်သူပြောလဲ?"

Addicted? Book2 (Zawgyi)Where stories live. Discover now