CHAPTER 4 - ကံကြမ္မာကို တားလို့မရနိုင် ညကြီး Bai Luo Yin အိပ်မလို့လုပ်နေတုန်း သူ့နည်းပြကြီး ဆီ က ဖုန်းတစ်call ၀င်လာတယ်။
"Xiao Bai, နက်ဖြန်ငါတို့တပ်စုမှာ ဂုဏ်ပြုပွဲရှိတယ် မင်းလာခဲ့ဦး"
Bai Luo Yin က ခဏလောက်တွေဝေပြီးမှ ပြန်မေးတယ် "တပ်ထဲ မှာ လုပ်မှာလား အပြင်မှာ လား ဆရာ?"
"ညစာစားပွဲကိုတော့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ပြခန်း ခန်းမရဲ့ ငါးလွှာ မှာ Booking လုပ်ထားတယ်။ မင်းဆင်ခြေဆင်လက်တွေပေးပြီး ငြင်းမနေနဲ့တော့ အခြားသူတွေဆို အပြင်သွားပြီး လမ်းသလားချင်နေကြ တာ။ မင်းကျမှပဲ စစ်လေ့ကျင့်ရေးကလွဲလို့ ဘယ်ပွဲမှ လာတယ်မရှိဘူး။ ချီးကျူး ရမှာလား အပြစ်ပေးရမှာလား ကို မသိတော့ဘူး"
"ကျွန်တော် ဒီတစ်ခေါက်လာပါ့မယ်" Bai Luo Yin အသံက နည်းနည်း ကူရာမဲ့နေသလိုပဲ။
နည်းပြကြီးက အကျယ်ကြီးရယ်လိုက်ပြီး "မင်းကွာ တပ်စု တစ်ခုလုံးရဲ့ ဗိုလ်မှူးတစ်ယောက်အနေနဲ့ တပ်သားတွေနဲ့ ရင်းနှီးမှု ယူရတယ်ကွ တည်တည်ကြည်ကြည်နေတာကတော့ ကောင်းပါတယ် ကွာ အလွန်အကျွံကြီးတော့ မလုပ်နဲ့ပေါ့ တပ်သားသစ်တွေ ဆို မင်း တွေ့ရင် ခေါင်းတောင်မဖော်ရဲကြဘူးမောင်ရာ"
Bai Luo Yin က မျက်မှောင်ကျုံ့သွားပြီး "ဆရာ ဒါက တော့ Overtine သွားပြီ!"
"ကဲကဲ အဲ့တာဆို မှန်သွားကြည့်လိုက် သွား"
Bai Luo Yin က တကယ်ပဲ မှန်ရှိတဲ့ဘက်ကို ဦးတည် လျှောက် သွားတယ်။
နည်းပြကြီးက ထပ်ပြောလိုက်တယ်။
"မှတ်ထားဦး နက်ဖြန် ယူနီဖောင်းဝတ်ခဲ့ရမှာနော် လူကြီးတွေက စားပွဲ အစပိုင်းလောက်လာ မှာဆိုတော့ အမှတ်တရ ဓါတ်ပုံရိုက်ကြဦးမှာ"
"ဟုတ်ကဲ့ပါ ဆရာ"
ဖုန်းချပြီး Bai Luo Yin က မှန်ထဲသူ့ကိုယ်သ သေချာ ကြည့် လိုက်တော့ တိုးတိုးပြောမိတယ် "ငါ့မျက်နှာ အဲ့လောက် ကြောက်စရာ ကောင်းနေပြီလား?" နုညံ့တဲ့ပုံပေါက်အောင်ဆိုပြီး Bai Luo Yin ဟာ ရေချိုးပြီး မှုတ်ဆိတ်ရိတ်ဖို့ စတင်လုပ်တော့ တယ်။
ခေါင်းကို Gel စလိမ်းတော့ တံခါးခေါက်သံ ကြားလိုကတယ်။
"ဘယ်သူလဲဟေ့"
"ဗိုလ်မှူး ကျွန်တော်ပါ" Liu Chong ရဲ့အသံ
Bai Luo Yin တံခါးဖွင့်လိုကတဲ့ ဂွမ်းကပ်အင်္ကျီကြီးနဲ့ ရပ်စောင့်နေတဲ့ Liu Chong ကိုတွေ့ရ တယ်။ ပုခုံးပေါ်မှာ နှင်းလွှာပါးပါး တောင်ဖုံးနေပြီ။
"ဘာအကြောင်း ရှိလဲကွ?" Bai Luo Yin က မေးတယ်။
Liu Chong က ဘာမပြော ညာမပြောနဲ့ Bai Luo Yin လက်ထဲ အ၀တ်တစ်ထုပ်ထည့်ပေးပြီး အမှောင်ထုထဲ ပြန်ပျောက်သွား တယ်။
Bai Luo Yin ကြည့်လိုက်တော့ သူနက်ဖြန်စားပွဲမှာ ၀တ်ရမယ့် ဒိုဘီဆီ ကို အပ်ထားတဲ့ စစ် Uniform ဖြစ်နေတယ်။ သူကိုယ်တိုင် သွားယူဖို့ အချိန်မရလို့ Liu Chong က သူ့အစား သွားယူပေးတာ ဖြစ်တယ်။ Bai Luo Yin ရင်ထဲ တစ်မျိုးပဲ နွေးသွားတယ်။
Gu Hai ကုမ္ပဏီရဲ့ နှစ်ကုန်တွေ့ဆုံစည်းဝေးပွဲကလည်း ဒီနေ့ပဲ နိုင်ငံတကာ ကုန်သွယ်ရေး နှင့် ပြခန်းခန်းမရဲ့ ငါးထပ်မှာ ကျင်းပနေ တယ်။ Bai Luo Yin တို့တပ်စု ညစာစားပွဲနဲ့ နံရံတစ်ဖက်ပဲ ခြားတယ်။
နှစ်တိုင်း ဒီလိုအချိန်ကတော့ ကုမ္ပဏီအပျိုကြီးမမတို့ရဲ့ အပျော်ဆုံးအချိန်ပဲ။ ဒီအချိန်က Bonus တွေလည်းရတဲ့အပြင် သူတို့ MDနဲ့လည်း အနီးကပ်တွေ့ခွင့်ရတယ်လေ။ သူတို့ MD နဲ့ အကြည့် တစ်ချက်လောက်ဆုံလိုက်ရင်ကို နောက်ရက်တွေလည်း ဆက်ပြီး ရင်ခုန် နေကြသေးတယ်။ ဒီမတိုင်ခင်လည်း MD သတိပြုမိအောင် သူတို့ရဲ့ အလှတွေကို အစွမ်းကုန် ထုတ်ဖော်ဖို့ ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်ရသေး တယ်။
ခန်းမထဲမှာ အလှဆုံးဝတ်စားထားတဲ့ အမျိုးသမီး ချောချော လှလှတွေချည်းပဲ ပြည့်နေလို့ အခမ်းအနားစီစဉ်သူ မိန်းမတောင် အတွင်း ထဲမနေ၀ံ့တော့လို့ ယောက်ျားလေးစားပွဲထိုး တွေကိုပဲ လွှတ်ထားတယ်။
Gu Hai က ပဏာမစကားလောက်ပဲပြောပြီး ကျန်တဲ့ အခမ်းအနားအစီစဉ်တွေကို Yan Ya Jing ကပဲ ဆက်လုပ်တယ်။ သူကတော့ ထိုင်နားထောင်ရုံနဲ့ မှတ်နေရုံလေးပဲ။ တစ်ခါတစ်ခါ စိတ်ပါ လာရင်တော့ လက်ခုပ်ထတီးပေမယ့် များသောအားဖြင့် ခပ်တည်တည် ကြီးပါပဲ။
Bonus ပေးတာတွေ မိန့်ခွန်းပြောတာတွေပြီးတော့ ညစာစားဖို့ အချိန်ရောက်ပြီ။ ဘူဖေးစနစ်မို့ ပတ်ဝန်းကျင်က ပိုပြီး သက်တောင့်သက် တာ ဖြစ်နေတယ်။ မိန်းမချောတော်တော်များများ ဒီအခွင့်အရးကို အသုံးချပြီး Gu Hai အနားဝေ့နေကြ တယ်။
စားနေတုန်း အမျိုးသမီးတစ်ယောက် အားရ၀မ်းသာနဲ့ ခန်းမထဲ က သူ့လုပ်ဖော်ကိုင်ဖက် ညီမတွေဆီ ၀င်လာတယ်။
"ငါ ခုပဲ Toilet သွားတာ ဟိုဘက်ခန်းမမှာ တစ်ခန်းလုံး အပြည့် စစ်သားတွေချည်းပဲ။ အားလုံက လေတပ်က Pilot တွေ တော့ ချောလိုက် တာမှ အရမ်းပဲ"
"နင့်ကြည့်ရတာ ထီပေါက်တာကျနေတာပဲ" အခြားမိန်းကလေး တစ်ယောက်က ရိသဲ့သဲ့ ၀င်ပြောတယ်။ "ကျားဆိုတဲ့အသံ မကြားရတာ တောင် ဘယ်လောက်ကြာသွားပြီလဲ?"
"အော် ငါညာပြောတာမဟုတ်ဘူး သူတို့က အဟုတ်ချောတာ မယုံရင် ကိုယ်တိုင်တံခါးပေါက်ကနေ သွားကြည့် နင်လည်းငါ့ပုံစံ အတိုင်း ပြန်လာ မှာပဲဆိုတာ အာမခံတယ်"
အဲ့ဒီအမျိုးသမီးက မယုံလို့သွားကြည့်တယ်။ မြောက်ကြွမြောက်ကြွ နဲ့ လျှောက်သွားပြီး တစ်မိနစ်အတွင်း ပြန်ရောက်လာတယ်။
"ဘုရားကယ်ပါ။ ငါတံခါးဝမှာရပ်နေတဲ့ စစ်ဗိုလ်တစ်ယောက် တွေ့ခဲ့ တယ် ပြီးတော့ ငါ့ကို ကြည့်နေတာတော့ ငါရင်တွေခုန်လိုက်တာ - အဲ ... အဲ ငါထပ်သွားကြည့်လိုက်ဦးမယ်"
Bai Luo Yin က နောက်ဆုံးအတန်းမှာ ထိုင်နေတယ်။ သူ့ နောက်ဘက်က လေအေးတွေတိုက်နေတယ်လို့ ခံစားရလို့ လှည့်ကြည့် လိုက်တော့ တံခါးမကြီးက ပွင့်နေတာတွေ့ရတယ်။ ဒါကြောင့် တံခါးပိတ် ဖို့ထအသွား တံခါးပေါက်ရောက်တော့ သူ့ကို စားတော့ဝါးတော့မယ့် အတိုင်းစိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ဦး ကို တွေ့လိုက်တော့ သူ ကျောချမ်းသွားတယ်။ ပြီးတော့ သူက တံခါးကို မြန်မြန်ပိတ်လိုက်တယ်။
အရာရှိလူကြီး အကြီးပိုင်းတွေ အားလုံးနီးပါး ပြန်သွား ကြပြီ။ ဓါတ်ပုံဆရာတောင် အိမ်ပြန်သွားပြီ။ လူပျိုတစ်သိုက်ပဲ အဆိုတော် ကောင်မလေးတွေကို ငမ်းရင်းကျန်နေခဲ့တယ်။ တစ်ခန်းလုံး စိတ်လှုပ်ရှား နေပြီး ဆူညံပွက်လောရိုက်နေတယ်။ တပ်သားသစ်တစ်ယောက်က ခုမှ Toilet သွားပြီးပြန်လာတော့ ခန်းမတစ်ခုလုံး ငြိမ်ကျသွားအောင် ၀ီစီ သုံးခါမှုတ်ပြီး တပ်သား အားလုံးကို တစ်ခုခု ပြောချင်တဲ့ပုံနဲ့ကြည့်လိုက် တယ်။
"ရွှီ ရွှီ ...... ကျွန်တော်ဘာတွေ့ခဲ့လဲ ဆိုတာ သိချင်ကြပါ သလား?"
အားလုံးက သူ့ကို မျှော်လင့်တကြီး ၀ိုင်းကြည့်နေကြတယ်။
အဲ့တပ်သားက စားပွဲကို လက်နဲ့ရိုက်လိုက်ပြီး သုံးခါ လောက် အသံထွက်ရယ်လိုက်တယ်။ "ဟိုဘက်ခန်းမထဲမှာ ကုမ္ပဏီတစ်ခုက နှစ်ကုန်တွေ့ဆုံပွဲကျင်းပနေကြတာ အားလုံက ချောလွန်းလို့ ငါ့မျက်လုံး တွေကို ပြာသွားတာပဲ။ သူတို့ဥက္ကဌကို ဖြုတ်လိုက်ချင်တယ်။ ဘုရား ကလည်း မျက်နှာလိုက်လိုက်တာ ယောက်ျားလေးတစ်ယောက်က ဒီလောက် အများကြီးကိုပိုင်ထားတာ။ ငါတို့လူပျိုလေးတွေရဲ့ ဘ၀ကသာ သနားစရာ!"
သူ့အသံက တိမ်ဝင်သွားပေမယ့် ခန်းမတစ်ခုလုံးက ကျွပ်ကျွပ် ကြံလာတယ်။
"အဲ့တာဆို နှစ်ယောက်လောက်သွားဆွဲလိုက်။ဒါဆို အားလုံး ပျော်သွား ကြမယ်"
"ဟာ နှစ်ယောက်နဲ့ ဘယ်လောက်မလဲ အနည်းဆုံး နှစ်ဆယ် လောက် မှ"
သူတို့တွေ ငါးမိနစ်လောက် ငြင်းခုံနေပြီးမှ နည်းပြကြီးက ချက်ချင်းကြီး ထပြောတယ် "ထိုင်ပြီး စားကြ အိနြေ္ဒရရနေကြ စမ်း"
ခုနက ပျော်မြူးနေကြတဲ့ မျက်နှာလေးတွေဟာ စိတ်ရှုပ် လာတဲ့ ဟန်ပေါ်လာပြီး တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ဆိုသလို စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြတယ်။
နည်းပြကြီးက လည်ချောင်းရှင်းလိုက်ရင်း "အဲ့ဒီဘက်ကို တစ်ယောက်လွှတ်ပြီး မိန်းကလေးတွေ ငါတို့နဲ့ မိတ်ဖွဲ့ချင်လားလို့ သွား မေးခိုင်းလိုက်!"
စကားဆုံးတာနဲ့ ငြိမ်ကျနေတဲ့ ခန်းမတစ်ခုလုံး ညံလာကြ ပြန်တယ်။
"Hahaha.... ဒါမှ ငါတို့နည်းပြကွ အရမ်းသိတတ်တာပဲဟေ့"
နည်းပြကြီးက ရယ်ချင်တာကို အောင့်ထားတယ်။** ယောက်ျားချင်းပဲကွာ မင်းတို့ဘာတွေး နေလဲ ငါသိတာပေါ!**
အားလုံးဟာ ခဏလောက် တိုင်ပင်လိုက်ပြီး Bai Luo Yin ကို သွားဖိတ်ဖို့ ရွေးချယ်လိုက်တယ်။
လေတပ်ရဲ့ ရတနာ ကိုလူချော_ သူသာသွားရင် တံခါးမှာ ရပ်လိုက်ရုံနဲ့ အမျိုးသမီးအုပ်လုံးက ကြည်ကြည်ဖြူဖြူလိုက်လာ ကြမှာပဲ။
ဒီလိုပျော်ပွဲရွှင်ပွဲမှာ ဘယ်သူ့မှ စိတ်မပျက်စေချင်လို့ Bai Luo Yin က တည်ခန့်တဲ့ အသွင်ဆောင်ပြီး ထွက်သွားလိုက်တယ်။
ဟိုဘက်က ခန်းမတံခါးက ဖွင့်ထားတယ်။ Bai Luo Yin ခန်းမအပေါက်ရောက်တော့ Yan Ya Jing ကို ရုတ်တရက်သွား တွေ့တယ်။ သူမက မိုက်ကြီးကိုင်ထားပြီး Stage ခုံပေါ်မှ ရပ်နေ တာ တွေ့ပေမယ့် သူမက ဘာတွေပြောနေသလဲတော့ သူမကြား ဘူး။ Bai Luo Yin က မိန်းမချောလေးတွေ ၀ိုင်းနေပြီး လျှောက် လမ်းအလယ်မှာ ထိုင်နေတဲ့ Gu Hai ကိုလည်း တွေ့တယ်။ လူတွေကတော့ sex party တရားဝင် ကျင်းပနေတယ်လို့ ထင်တော့မှာပဲလို့ Bai Luo Yin တွေးမိတယ်။
Bai Luo Yin ဟာ ခေါင်းကိုငုံလိုက်ပြီး တပ်အင်္ကျီက အပွင့် Bar ဘက်ကို စောင်းငဲ့နေလိုက်တယ်။ သူ့ရင်ထဲ တင်းကြပ် လာလို့ လှပတဲ့ မီးရောင်တွေဆီကနေ အမြန်ထွက်ပြေးလာခဲ့ တယ်။
သူတို့ဘက်က ခန်းမမှာတော့ စစ်သားတွေ အားကိုး တကြီး မျှော်နေကြတယ်။ Bai Luo Yin ဟာ ကိုယ့်လိပ်ပြာကိုယ် မလုံပေမယ့် လည်ချောင်းရှင်းပြီး "အမျိုးသမီးတွေက ဒီဘက်ကို လိုက်ဖို့ ဆန္ဒမရှိကြ ဘူး" ပြောပြီးလိမ်လိုက်ရတယ်။
ဒီသတင်းဆိုးကြောင့် ယောက်ျားရင့်မာကြီးတွေဟာ လဲသေချင် စိတ်ပေါက်သွားတယ်။
အခြားတစ်ဖက်က ခန်းမမှာ အမျိုးသမီးတစ်ဦးက တီးတိုး ပြောလိုက်တယ် "ငါ ဟိုစစ်ဗိုလ် ချောချောကို ထပ်တွေ့လိုက် သလိုပဲ"
"ဟဲ့ နင်မတော်နိုင်သေးဘူးလား? ဒီတစ်ခါတော့ မရတော့ ဘူး နင်အစွမ်းရှိရင် တစ်ယောက် လောက်သွားဆွဲခဲ့"
အခြားအမျိုးသမီးတွေက ထိုအမျိုးသမီးကို အရူး တစ်ယောက် လို ဆက်ဆံလိုက်တယ်
ဒါကြောင့် သူမဟာ မခံချင်စိတ်နဲ့ Gu Hai ဆီသွားပြီးပြောတယ်။
"MD, ကျွန်မတို့ ဟိုဘက်ခန်းမမှာရှိတဲ့ လူတွေကို ဖိတ်ပြီး မိတ်ဆက်ပွဲ လုပ်လို့ရမလား?"
Gu Hai က ပွင့်ပွင့်လင်းလင်းပဲ "မင်းတို့ သဘောပဲ!"
Bai Luo Yin ပြန်ရောက်လို့ထိုင်တာ ဖင်တောင်မပူသေး ဘူး ဟိုဘက်ခန်းမက 'ဟေး' ဆိုတဲ့ လူအုပ်ကြီးရဲ့ အော်သံကို ကြားရ တယ်။ သူထွက်ကြည့်လိုက်တော့ ခုနက ကျားစီးဝါးစီး ကြည့်နေတဲ့ အမျိုးသမီးတစ်ဦး သူတို့ဆီကို လာနေတာတွေ့ရ တယ်။
"အမိ နေရာမှားလာပြီထင်တယ်!" တစ်ဦးက မနေနိုင် မထိုင်နိုင် အော် လိုက်တယ်။
အဆင့်ရှိရှိလှပတဲ့ အဲ့ဒီမိန်းမချောလေးက Bai Luo Yin ကို ဦးတည်လာ တယ်။
"ဗိုလ်မှူးရှင့် ကျွန်မ ဗိုလ်မှူးတပ်သားတွေကို ကျွန်မညီအစ်မတွေနဲ့ မိတ်ဖွဲ့ စေချင်လို့ ဖိတ်လို့ရမလားဟင်?"
Bai Luo Yin အ သွားတယ် " .........."
နောက်ဆုံးတော့ ထင်တဲ့အတိုင်း ကြောင်ခံတွင်းပျက်တစ်သိုက် ဟာ မစားရတာကြာပြီဖြစ်တဲ့ အသားတုံးလေးတွေဆီကို ပြေးသွားလိုက်ကြ တယ်။ နှစ်ဖက်စလုံး ဆန္ဒတွေတက်ကြွနေလို့ Intro တောင်မလိုပဲ နှစ်ဖွဲ့တစ်ဖွဲ့ ဖြစ်သွားကြတယ်။ မိန်မချောလေးတွေ က ပြင်ဆင်လေ့ကျင့် လာတဲ့ အကအလှများနဲ့ စင်ပေါ်မှာ ဖျော်ဖြေကြပြီးနောက် စစ်တပ်က လူတွေကို ပညာစမ်းကြတယ်။
တပ်သားအများစုက ခန့်ချောကြီးတွေဆိုပေမယ့် ဖျော်ဖြေရေး စွမ်းရည် ကောင်းတာက လူနည်းစုပဲ။ ဘယ်သူအော်လိုက်မှန်း မသိသော အသံ ထွက်ပေါ်လာတယ် "ငါတို့ ဗိုလ်မှူးက အဆို ကောင်းတယ် ငါတို့အစွမ်းပြ ရသေးတာပေါ့ကွ"
စကားဆုံးတော့ တပ်သားတွေရော မိန်းမချောလေးတွေကပါ အဲ့ဒီ ပြိုင်စံရှား ဗိုလ်မှူးဆိုတာကိုလိုက်ကြည့်နေကြပေမယ့် အဲ့ဒီဗိုလ်ကြီး ကို ဘယ်မှ ရှာလို့မရတော့ဘူး။
Bai Luo Yin အိမ်သာထဲထိုင်နေတာ တစ်နာရီကျော်သွားပြီ။ သူထိုင်တာ ကြာနေပြီမို့ ရင်ထဲကြပ်လာပြီး အသက်ရှုရခက်လာ တယ်။ နောက်ဆုံး တော့ သူတိတ်တိတ်လေး အိမ်ပြန်လစ်ဖို့ စိတ်ကူးလိုက်ပြီး နောက်မှ နည်းပြကြီးကို ရှင်းပြတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူ အိမ်သာအခန်းလေးထဲကထွက်ပြီး လက်ဆေးကန်မှာ လက်ဆေးနေတယ်။ သူ့ဘေးမှာ နောက်ထပ်လူတစ်ယောက်လည်း လက်ဆေးနေတယ်။ Bai Luo Yin သတိမထားမိဘူး။ သူလည်း အဲ့လူကို လက်ဆေးစင် မှန်ထဲကလည်းတွေ့လိုက်ရော သူ့တစ်ကိုယ်လုံး တောင့်ခဲသွားတယ်။End of Chapter 4