CHAPTER- 62 လွတ်မြောက်ဖို့ သည်းထိတ်ရင်ဖိုခရီး
ဟိုသက်တော်စောင့်နှစ်ယောက် ပြန်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက သူတို့ကို အန်တောင် အန်စေတယ် ။
လူ (၃၀)ကျော်လောက်ရောက်လာပြီး သူတို့ဟာ Gu Hai ကိုတင်မကဘဲ Tong Zhe ကိုပါ ဖမ်းထားကြတယ် ။ Tong Zhe အရိုက်ခံနေရတာမြင်ရတော့ အဲ့ဒီသက်တော်စောင့်နှစ်ယောက်ရဲ့ မျက်နှာတွေက သွေးမရှိသလိုဖြစ်နေတယ် ။
'' ဟာကွာ !!! မှားနေပြီဟ '' သူတို့နှစ်ယောက်က လူစုကြီးထဲပြေးသွားရင်း ဆက်တိုက်ဆိုသလို အော်သွားကြတယ် ။
'' သူ့ကို မရိုက်နဲ့ ။ မရိုက်နဲ့ ။ သူက ငါတို့နဲ့ တစ်ဖွဲ့တည်းပဲ !!! ''
Tong Zhe က Gui Hai ပေါ်လဲကျသွားတယ် ။ သူကောင်းကောင်းပြန်ပြီး မတ်တတ်မရပ်နိုင်သေးခင် သက်တော်စောင့်နှစ်ယောက် သူတို့ဆီ အပြေးလာနေတာတွေ့ရတယ် ။
'' ဒု-ဥက္ကဌ ၊ ကျွန်တော်တို့ တောင်းပန်ပါတယ် ။ ဆရာ့ကို လမ်းညွှန်တာ မှားသွားတယ် ''
Tong Zhe ရဲ့မျက်နှာက စိမ်းပြီးတော့ ဖြူဖတ်သွားတယ် ။
သက်တော်စောင့်တစ်ယောက်ကတော့ ဒီဘက်လာပြီး ဟိုလူတွေကို ငေါက်နေတယ် ။
'' မင်းတို့ကောင်တွေ ဘာကြည့်နေကြတာလဲ ? ဒါ ငါတို့ ဒု-ဥက္ကဌကွ !!! မင်းတို့တွေ စ မချခင်ကတည်းက သေချာ ရှင်းရှင်းလင်းလင်း မမေးကြဘူးလား ??? '' ပြောပြီးတာနဲ့ သူက Tong Zhe ကို လှည့်ကြည့်ပြီး ချက်ချင်းဆိုသလို အသံကလည်း ပျော့သွားတယ် ။
'' ဒု-ဥက္ကဌ ၊ ကျွန်တော်တို့ ဆရာ့ကို လန့်သွားအောင်လုပ်မိလို့ တောင်းပန်ပါတယ်ခင်ဗျား !!! ''
Tong Zhe က ပြန်မပြောချင် ပြောချင်ပုံစံနဲ့ပြောတယ် '' ..... ရပါတယ် ! ''
အဲ့ဒီသက်တော်စောင့်ကပဲ ဟိုလူတွေဘက် လှည့်လိုက်ပြန်ပြီး '' မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲကွ ? ဒီလူ့ကို မြန်မြန်ချုပ်လိုက် ။ ရိုက်ရမယ့်လူကိုတော့ မရိုက်ဘဲ ၊ မရိုက်ရမယ့်လူကိုတော့ ရိုက်ကြတယ် ။ မင်းတို့ ဘာ $ ချိုး တွေ ချိုးမှန်းကို မသိဘူး ! ''
လူအုပ်ကြီးက ၀ိုင်းလာပြန်ပြီ ။ Gu Hai က ရုတ်တရက် သူ့ရင်ဘတ်ထဲက သေနတ်ကို ဆွဲထုတ်ပြီး Tong Zhe ရဲ့ နားထင်ကို တေ့လိုက်တယ် ။
'' ဘယ်သူမှ တိုးမလာကြနဲ့ ''
'' အခွင့်အရေးကို ဘယ်လိုဖမ်းရမလဲဆိုတာ သူတကယ်သိတယ်ဟ ... '' Tong Zhe က Gu Hai ကို မလေးစားဘဲ မနေနိုင်ဘူး ။
'' နောက်ဆုတ် ၊ နောက်ဆုတ် .... '' သက်တော်စောင့်မျက်လုံးက Gu Hai မျက်လုံးတွေကိုပဲ စိုက်ကြည့်နေပြီး သူက သူ့လူတွေကို နောက်ဆုတ်ဖို့ ဆက်တိုက်ပြောနေတယ် ။
'' လူ့အသက်က တန်ဖိုးကြီးတယ် ။ ငါတို့ လောလို့မရဘူး ''
Gu Hai က ခပ်ကြမ်းကြမ်းနဲ့ '' မီတာ (၃၀)လောက်ထိ နောက်ဆုပ် ၊ မြန်မြန် !!! ''
ဒီလူတွေ နောက်ဆုတ်နေတုန်း Gu Hai က Tong Zhe ကို နောက်ဘက် ဖြည်းဖြည်းချင်းဆွဲသွားရင်း အနောက်ကနေ အလစ်ဝင်တိုက် မခံရအောင်လည်း မျက်စိရှင်နေရသေးတယ် ။
သူတို့တွေ နောက်ဆုံးမှာတော့ လှေကားထစ်တွေဆီရောက်သွားရင်း လူစုကြီးရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားတယ် ။ Gu Hai လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ ဒီလူတွေက ပြေးဝင်လာကြတယ် ။ Gu Hai က ရုတ်ချည်းဆိုသလို သေနတ်တစ်ချက် ပစ်ဖောက်လိုက်တယ် ။ လေဆိပ်ကနားနေဆောင်တစ်ခုလုံး ၀ရုန်းသုံးကားဖြစ်သွားရင်း လူတွေလည်း နေရာအနှံ့ လျှောက်ပြေးနေရာ Gu Hai နဲ့ Tong Zhe အတွက်တော့ လွှတ်မြောက်ဖို့ရန်အတွက် ရွှေရောင်အခွင့်အရေးတစ်ခု ဖန်တီးပေးနေသလို ဖြစ်သွားတယ် ။
'' ဒီဘက် ဒီဘက် ! '' Tong Zhe က Gu Hai ကို အော်ပြောလိုက်တယ် ။
တစ်နေရာကနေ တစ်နေရာကိုကူးရင်း သူတို့မျက်လုံးတွေကလည်း ထွက်ပြေးရမယ့်လမ်းကို ကြိုးစားပြီး ရှာဖွေကြရင်း ရုတ်တရက်ကြီး သံသယဖြစ်စရာ လူတစ်စုက သူတို့အရှေ့မှာ ပေါ်လာတယ် ။
Gu Hai ရုတ်တရက် ရပ်သွားတယ် ။ သူက တစ်ဖက်မှာရှိတဲ့ Locker တွေထားတဲ့အခန်းကို လှည့်ကြည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ Tong Zhe ကို အဲ့ဒီအခန်းထဲဝင်ပြေးဖို့ အရိပ်အကဲပြလိုက်တယ် ။
အခန်းငယ်လေးတွေအားလုံးက အပြည့်ဖြစ်နေပြီ ။ ဒါပေမယ့် ကံကောင်းချင်တော့ ခေါင်မိုးက အဖုံးမပါတော့ Gu Hai နဲ့ Tong Zhe က အခန်းငယ်လေးတွေရဲ့ ထောင့်စွန်းတွေကို ကုတ်တက်ပြီး ချက်ချင်းပဲခုန်တက်လိုက်ကာ အခန်းငယ်လေးထဲကို ၀င်လိုက်ကြတယ် ။ ဒါပေမယ့် သူတို့ အခန်းငယ်လေးထဲကို ရောက်တာနဲ့ အခန်းငယ် နှစ်ခန်းထဲက အော်သံတွေ တစ်ညီတည်း ထွက်လာတယ် ။
'' သေစမ်း ! '' Tong Zhe အခန်းငယ်လေးထဲ ရောက်သွားတာနဲ့ သူစိတ်ရှုပ်သွားပြီး တွေးမိတယ် ။
'' Gu Hai မင်း ဘယ်ကိုကြည့်နေခဲ့လဲ ? မင်း ငါ့ကို မိန်းမ Locker ခန်းကြီးထဲခေါ်လာတာပဲ ''
ကြောက်လန့်နေတဲ့ပုံပေါ်နေတဲ့ မိန်းမတစ်ယောက်က Tong Zhe ရှေ့မှာ သူ့ကိုအသားယူမှာစိုးလို့ စိုးရိမ်စိတ်နဲ့ အော်ချပစ်လိုက်တယ် ။
Tong Zhe က သူမပါးစပ်ကို သူ့လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းပိတ်လိုက်ပြီး သူ့ကို သွေးအေးအေးမျက်လုံးတွေနဲ့ စူးရှရှ ကြည့်နေလိုက်တယ် ။
'' မင်း အ၀တ်အစားတွေ ငါ့ကိုပေး ။ မပေးရင် မင်းကိုလည်ပင်းညှစ်သတ်ပစ်မယ် '' ဆိုပြီး တောင်းဆိုလိုက်တယ်။
ရုပ်ဆိုးတဲ့မိန်းကလေးက ကြောက်ကြောက်လန့်လန့်နဲ့ တုန်နေပြီး သူ့စကတ်နဲ့ ဒေါက်ဖိနပ်ကိုပါ ချွတ်ပြီး Tong Zhe ကို လှမ်းပေးလိုက်တယ် ။
Tong Zhe အ၀တ်အစားတွေကိုယူပြီးနောက် သူလည်း ကျောက်ရုပ်တစ်ရုပ်လို တောင့်သွားတယ် ။
Gu Hai လည်း သူ့အခန်းငယ်ထဲမှာ အခြေအနေ မကောင်းပါဘူး ။ သူ့ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ သန်သန်မာမာကြီးဆိုတော့ သူစကတ်ဝတ်မရဘူးဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး ။ သူဝတ်လို့ရရင်တောင် အလွန်ဆုံး စကတ်ကို Shirt အင်္ကျီ လုပ်ပြီးပဲ ၀တ်လို့ရလိမ့်မယ် ။ သူစိတ်ရှုပ်မသွားခင်လေးပဲ Gu Hai က ရွှေဉာဏ်တော်တစ်ချက်ရပြီး သူကစကတ်ကို ပခုံးပေါ်တင် အိမ်သာသုံးစက္ကူလိပ်ကို ခါးမှာပတ် ၊ နားမှာခြေအိတ်တွေကိုချည်ပြီး တစ်ဖက်ကအခန်းထဲကို ခုန်ကူးလာတယ်။
Gu Hai ကိုမြင်တော့ Tong Zhe လန့်သွားတယ်ဆိုတာ ပြောနေစရာကို မလိုတော့ပါဘူး ။
'' ဆရာ ၊ ဆရာ ။ ဘာတွေလုပ်နေတာလဲ ? ''
'' ရှူး ... ငါအကြံတစ်ခုရလို့ '' Gu Hai က Tong Zhe ရဲ့ နားနားလေးတိုးသွားပြီး သူ့အစီအစဉ်ကို တိုးတိုးလေး ကပ်ပြောလိုက်တယ် ။
Tong Zhe က အစီအစဉ်ကိုကြားတာနဲ့ တပြိုင်တည်း သူ့မျက်နှာလေးက ချက်ချင်းပဲ သိမ်ငယ်သွားတဲ့ပုံပေါ်လာတယ် ။
'' အဲ့သလောက်ကြီးလုပ်ဖို့ လိုလို့လားဗျာ ? ''
'' ဒီထက်ပိုကောင်းတဲ့နည်းလမ်း မင်းဆီမှာရှိလို့လား ? '' Gu Hai က မေးလိုက်တယ် ။
Tong Zhe က နှုတ်ခမ်းလေးမဲ့ပြရင်း '' ကျွန်တော်က ဆရာ့လောက် ဉာဏ်မကောင်းပါဘူးဗျာ ''
Gu Hai က Tong Zhe ကို ခဏလောက်ကြည့်ပြီး တစ်ခုခုလိုနေသလို ခံစားရတယ် ။ Tong Zhe ရဲ့ ရင်ဘတ်က ခပ်ပြားပြားဖြစ်နေလေတော့ Gu Hai က သူ့နားရွက်က ခြေအိတ်တွေကိုချွတ်ပြီး Tong Zhe ကို လှမ်းပေးလိုက်တယ် ။
'' အဲ့ဒါတွေ ထိုးထည့်ထားလိုက် ! ''
Tong Zhe က စိတ်တိုသွားပြီး '' ခင်ဗျားဖာသာ ထိုးထည့်ထားလိုက်ပါလား ? ''
'' ငါက မိန်းကလေးဟန်ဆောင်တဲ့လူမှ မဟုတ်တာကွ ! '' Gu Hai က ပြန်အော်ပြောလိုက်တယ် ။
Tong Zhe ရဲ့ မျက်နှာပေးတစ်ချက် အေးစက်သွားတယ် ။ ပြီးတော့ကာမှ သူက ခြေအိတ်တွေကိုယူလိုက်ပြီး တစ်ပတ်နှစ်ပတ်လောက်ထုံးကာ ရင်တု နှစ်ခုလုပ်ဖို့ သူ့ Shirt အင်္ကျီထဲကို ထိုးထည့်လိုက်တယ် ။ Gu Hai က ရင်တုတွေ နေရာမှန်သွားအောင် ကူညီပေးလိုက်တော့မှ Tong Zhe တစ်ယောက် တကယ့်ကို သေချင်စော်နံသွားလေတယ် ။
အားလုံးစီစဉ်ပြီး အဆင်သင့်ဖြစ်တဲ့အချိန်ရောက်တော့ Gu Hai နဲ့ Tong Zhe တို့ဟာ အခန်းငယ်လေးထဲက ထွက်လာကြတယ် ။
လေဆိပ် Lobby (ဧည့်ခန်း)က ကြောက်စရာအငွေ့အသက်တို့ ဖုံးလွှမ်းနေတယ် ။ ရုတ်တရက် ပုံသဏ္ဍာန်နှစ်ခုဟာ လုံခြုံရေးမှူးတွေရဲ့ မြင်ကွင်းထဲ ပေါ်လာလေတော့တယ် ။
Tong Zhe က ဂါဝန် ၀တ်ထားပြီး ပိုက်ဆံအိတ်ကိုင်ထားတယ် ။ သူအရှေ့ကနေ လမ်းလျှောက်လာတုန်း ရုတ်တရက် အရူးတစ်ယောက် (Gu Hai) က သူ့အနောက်ကနေပေါ်လာပြီး သူ့ဂါဝန်ကို ဆွဲတယ် ။ Tong Zhe က စူးနေအောင်အော်လိုက်တယ် ။ Gu Hai က ဆက်ဆွဲနေပြီး Tong Zhe က သူ့ကိုအကူအညီပေးဖို့ အော်သာအော်နေတော့တယ် ။
လုံခြုံရေးမှူးနှစ်ယောက် မြန်မြန်ပြေးလာကြပြီးမေးတယ် ။ '' ဘာဖြစ်ကြတာလဲ ? ''
Tong Zhe က သူ့ခေါင်းလေးကိုငုံ့ထားပြီး တရှုံ့ရှုံ့ ငိုနေတယ် ။
'' ဒီလူရမ်းကားက ကျွန်မကို လိုက်ဆွဲနေတယ်ရှင့် ''
လုံခြုံရေးနှစ်ယောက်က Gu Hai ကို တစ်ချက်ကြည့်လိုက်တယ် ။ Gu Hai က Tong Zhe ကို တွယ်ကပ်နေပြီး သူ့ကိုဆက်တိုက်ပွတ်သပ်နေရင်း ၊ ဘယ်လောက်ပဲဆဲဆိုခံရခံရ သူကလွှတ်မပေးဘူး ။ သူတို့က Gu Hai ၀တ်ပုံစားပုံကို ကြည့်လိုက်တာနဲ့ သူတို့ရင်ထဲချက်ချင်းသိသွားပြီ ။ ဒီကောင် ရူးနေတာပဲဆိုတာ ။
လုံခြုံရေးတစ်ယောက်က နောက်တစ်ယောက်ကို တိုးတိုးပြောတယ် ။
'' ဒီလိုကောင်က ဒီထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ ? ''
'' ဘယ်လိုလုပ်သိမှာလဲ ! မြန်မြန်သာ မောင်းထုတ်လိုက်ကွာ ! ''
သူတို့နှစ်ယောက် စကားပြောပြီးတဲ့နောက် သူတို့ဟာ Gu Hai ကို တံခါးဆီကို တရွတ်ဆွဲ ခေါ်သွားပေမယ့် အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်က တားလိုက်တယ် ။
'' ဒါ ဘယ်သူလဲ ? ''
'' ပြဿနာကောင်ပါ ။ သူက ဒီဟာသိပ်မကောင်းဘူးဗျ '' ဆိုပြီး လုံခြုံရေးမှူးက သူ့ခေါင်းကိုသူ လက်ညှိုးထိုးပြတယ် ။
အဲ့ဒီလူနှစ်ယောက်က အောက်ထိုင်ချပြီး Gu Hai မျက်နှာကို ကြည့်မလို့လုပ်တုန်း Gu Hai က သူ့သားလေးကို ဆွဲထုတ်လိုက်ပြီး ခလုတ်ဖွင့်လိုက်တယ် ။ သူက သံစဉ်ကိုလိုက်ပြီး သီချင်းစဆိုတော့တယ် ။
'' မောင်လေးက ပြဿနာရှာဖို့လာတာ မဟုတ်ပါ ။ မိန်းမရှာဖို့လာတာပါ ''
လုံခြုံရေးက Gu Hai ကို ခြေထောက်နဲ့ကန်ထုတ်လိုက်ကာ '' မင်းနှမသာ မင်းသွားရှာချည် ! ''
ဒါပေမယ့် Gu Hai ဖိနပ်တစ်ဖက်ကျွတ်ကျန်ခဲ့တယ် ။ သူပြန်ကောက်ဖို့ မလုပ်တော့ဘဲ ခြေလှမ်းကျဲကျဲနဲ့သာ တံခါးပေါက်အပြင်ကို ပြေးတော့တယ် ။
လေဆိပ်တာဝန်ခံက အဲ့ဒီဖိနပ်တစ်ဖက်ကို အမှိုက်ခြင်းထဲ ပစ်မလို့ရှိသေးတယ် ။ အနောက်တိုင်းဝတ်စုံ ၀တ်ထားတဲ့လူတစ်ယောက်က သူ့ဆီလမ်းလျှောက်လာပြီး သူ့လက်ကို ကမ်းလိုက်တယ် ။
'' တဆိတ်လောက် ၊ အဲ့ဒါ ကျွန်တော်ပျောက်သွားတာ ''
အဲ့ဒီလူ ဖိနပ်ရသွားပြီးနောက် Brand (တံဆိပ်)ကို တချက်ကြည့်ုလိုက်တာနဲ့ သူ့မျက်နှာထား ချက်ချင်းပြောင်းသွားတယ် ။
'' သေစမ်းပါကွာ ! ငါတို့သူ့ကို လွတ်သွားပြန်ပြီကွ ''
ဘေးကလူတစ်ယောက်က နားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်ပြီးပြောလိုက်တယ်
'' ဘယ်သူလွတ်သွားလို့လဲ? '' ဆိုပြီးမေးကာမှ ၀တ်စုံအနက်နဲ့လူက ဖိနပ်ကို ကန်ပေါက်ပစ်ကာ
'' ဒီဖိနပ်ကိုကြည့်စမ်း ။ ဘယ်လိုအရူးက ဒီလိုငွေတစ်သောင်းလောက်တန်တဲ့ (ဒေါ်လာ ၁၄၇၀)ဖိနပ်ကို စီးမှာလဲကွ ! ''
'' အမ် ! မြန်မြန် သူ့ကိုသွားဖမ်း !!! ''
Gu Hai က မဝေးနဲ့တစ်နေရာကနေ Tong Zhe အော်ပြောသံကိုကြားတဲ့အချိန် သူက သူ့အရူးပုံစံ အ၀တ်တွေကို ဖယ်မလို့လုပ်နေတုန်းရှိသေးတယ် ။
'' Gu Hai မြန်မြန် ကားထဲဝင် ! ''
Gu Hai က အနောက်ဖက်က ခြေသံတွေ အမြောက်အမြားကို ကြားရတော့ သူ့အာရုံကြောတွေ တင်းကြပ်သွားပြီး သူ့ခြေထောက်တွေက ခပ်သွက်သွက် လှုပ်ရှားရတော့တယ် ။ သူက မြန်မြန်ပဲ Tong Zhe ရဲ့ ကားထဲဝင်လိုက်ပြီး ခရီးသည်ထိုင်ခုံမှာထိုင်လိုက်တယ် ။ တံခါးတောင် မပိတ်ရသေးဘူး ။ ကားက ထွက်နေပြီ ။
'' မြန်မြန် ။ သူတို့နောက်လိုက် ! ''
အဖွဲ့တောင့်တဲ့အုပ်စုက သူတို့ကားနောက်လိုက်လာကြတယ် ။
Tong Zhe က လမ်းပေါ်မှာ ကားကိုပြိုင်မောင်းရင်း သူ့အ၀တ်တွေကို ချွတ်နေတယ် ။ Steering ခွေကို လက်နဲ့ တစ်ဖက်တည်းထိန်းရင်း သူ့နောက်ကလိုက်လာတဲ့ကားတွေကို မျက်ခြေဖြတ်ထားခဲ့ပြီး သူ့ရဲ့ ကားမောင်းစွမ်းရည်ထက်မြက်မှုကို ပြနေလေတယ် ။
'' ကျွန်တော့်ဘ၀မှာ ဒီလောက်အရှက်ရတာမျိုး မကြုံဖူးဘူး '' Tong Zhe ကပြောပြီး သူ့ဂါဝန်ကြီးကို ချွတ်နေတယ် ။
Gu Hai က ထိုင်ခုံမှာမှီရင်း မျက်လုံးတွေကိုမှေးထားပြီး သူ့နှုတ်ခမ်းမှာလည်း အပြုံးမှိန်မှိန်အဖြစ် မြင့်တက်နေလေတယ် ။
'' ငါလည်း မထူးပါဘူးကွာ ။ မင်းခြေထောက်ကို ခဏခဏ ပွတ်နေခဲ့ရတယ် ... ''
'' ဆရာက ဘာသဘောလဲ ? '' Tong Zhe က စိတ်တိုလာတယ် ။
'' ဆရာ ၊ ကျွန်တော့်ခြေထောက်ကို ပွတ်ခဲ့တဲ့အကြောင်းကို ပြောတောင် မပြောရသေးဘူး ။ ဆရာကတော့ ဆရာပဲနစ်နာသွားသလိုလို ခံစားနေပြီလား ? ''
Gu Hai က မြည်းအရုပ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ရင်း ဘာမှမပြောဘဲ ရပ်နေတယ် ။ သူ့ရင်ထဲမှာတော့ တိတ်တိတ်ကလေး ပြောနေမိတယ် ။
'' Yin Zi စိတ်မဆိုးပါနဲ့နော် ! ကိုယ့်မှာ ရွေးချယ်စရာ မရှိလို့ပါ ။ ကိုယ်ပြန်ရောက်တဲ့အခါ ကိုယ်တောင်းပန်ပါ့မယ်ကွာ ''
Tong Zhe ဖျက်ကနဲ ကြည့်လိုက်တော့ မြည်းရုပ်ကလေးကို တွေ့သွားတယ် ။ အစောပိုင်းတုန်းက သေရေးရှင်ရေးအခြေအနေကနေ လွတ်မြောက်ဖို့ ပြေးနေခဲ့ရလို့ ၊ သူမေးကြည့်ဖို့ အခွင့်အရေး မရခဲ့ဘူး ။ ဒါပေမယ့်အခုအခြေအနေက ယာယီတော့ နည်းနည်းငြိမ်သွားပြီဖြစ်တဲ့အတွက် သူမနေနိုင်လို့ မေးမိတယ် ။
'' ဆရာက ဒါကို ၂၄-နာရီ ဘယ်သွားသွားသယ်သွားရတာ ဒီမြည်းရုပ်ကလေးက ဆရာ့အတွက်ဘာလဲ ?
သူထင်တာက ဒီအရာလေးက သူ့ရဲ့ ကွယ်လွန်သွားတဲ့ အမေဆီက လက်ဆောင်မို့လို့ (ဒါမှမဟုတ်) သူ့ရည်းစားဦးကပေးထားတဲ့လက်ဆောင်ဆိုပြီး Gu Hai ပြောမယ်လို့ သူထင်ထားခဲ့တယ် ။ Gu Hai ဒီလို တုန့်ပြန်မှာကိုတော့ သူမမျှော်လင့်မိခဲ့ဘူး ။
'' ဒါ ငါ့သားလေး ... ''
'' ဆရာက သိပ်ရီရတာပဲ ''
Tong Zhe က Gu Hai ရဲ့ အေးစက်စက်အမူအရာကိုလှည့်ကြည့်ပြီး တစ်ခါ သူ့ရင်ခွင်ထဲက မြည်းပေါက်ကလေးကို ကြည့်တယ် ။ သူ့အတွက်တော့ ဘယ်လိုအမေမျိုးနဲ့ စပ်မွေးလို့ ဒီလိုမြည်းလေး မွေးလာသလဲဆိုတာ စိတ်ကူးကြည့်ဖို့ ခက်နေတယ် ။Gu Hai လွတ်သွားတဲ့အကြောင်း Message ကို Gu Yang ရပြီးတဲ့နောက် ၊ သူကလမ်းတလျှောက် ကျောချမ်းစရာလေးတွေကို ဖြန့်ကျက်ပြီး Bai Luo Ying တပ်အိမ်ဆီ ပေါက်ချလာတယ် ။
တပ်အိမ်က သော့ခတ်ထားတယ် ။ Gu Yang က ဘေးကဖြတ်သွားတဲ့ စစ်သားလေးကို ဖမ်းမေးလိုက်တယ် ။
'' Bai Luo Yin ဘယ်မှာလဲ ? ''
စစ်သားလေးက ကြောင်သွားတယ် ။ '' ဗိုလ်မှူး Bai က စစ်ဆင်ရေးကွင်းမှာ ရှိနေမှာမဟုတ်လား ? သူတို့တပ်စုက အခုတလော တိုက်ပွဲလေ့ကျင့်ရေး လုပ်နေကြတယ်လေ ''
Gu Yang မျက်နှာကြီးညိုမှောင်မည်းလာပြီး သူကစစ်ဆင်ရေးကွင်းဆီကို ဦးတည်လိုက်တယ် ။ သူက လမ်းလျှောက်လာတုန်း သူသိတဲ့အရာရှိဆီကို ဖုန်းဆက်ပြီး လူနည်းနည်းလောက် အမြန်လွှတ်ပေးဖို့ တောင်းဆိုတယ် ။ သူ Bai Luo Yin ကို ဖမ်းထားမှရမယ် ။
Bai Luo Yin က လေယာဉ်မှန်ခေါင်းလေးထဲက ထွက်လာတုန်း ၊ တစ်ခုခုပြောမလို့ရှိသေးတယ် ။ သူ့ဖုန်းကမြည်လာတယ် ။
'' Yin Zi ကိုယ်ဒီမှာ ဒုက္ခတွေ့နေပြီ '' Gu Hai အသံပေါ်လာတယ် ။
Bai Luo Yin ခေါင်းကြီးသွားတယ် ။ '' ဘာကြောင့်လဲ ? ကို အခုဘယ်မှာလဲ ? ငါ အခုလေယာဉ်နဲ့ လာခေါ်လှည့်မယ် ''
'' အခု ဘယ်မှာလဲဆိုတာ သိပ်မသေချာသေး ..... ''
Gu Hai ပြောနေတုန်း Bai Luo Yin က ရင်းနှီးနေတဲ့ ပုံသဏ္ဍာန်တစ်ခု သူ့ဆီလာနေတာတွေ့တယ် ။ Gu Yang ရဲ့ကျောချမ်းစရာကောင်းတဲ့ မျက်နှာထားကိုကြည့်ပြီး အခြေအနေမကောင်းဘူးဆိုတာ Bai Luo Yin ပြောနိုင်ပြီ။ သူက မြန်မြန်လေယာဉ်ပေါ်ပြန်တက်မယ်လုပ်ပေမယ့် Gu Yang နားက စစ်သားတစ်စုက ပြေးတက်လာပြီး သူ့ကိုဆွဲထားတယ် ။ Bai Luo Yin အချိန်မီ မလွတ်နိုင်ဘူး ။ သူ့ခြေထောက်တစ်ဖက်က နှစ်ကြိမ်တောင် ချော်ကျပြီး သူ့တပ်သားတွေက သူ့ကိုလာကူလို့တော်သေးတယ် ။ မဟုတ်ရင် သူအောက်ကို မျက်နှာနဲ့ ကျသွားမှာ ။
'' မင်းတို့ကောင်တွေ ဘာလုပ်ကြတာလဲ ? '' Bai Luo Yin ဒီစစ်သားတွေကို အမိန့်ပေးတယ် ။
ပြောရရင် သူက ဗိုလ်မှူးပဲလေ ။ ဒီစစ်သားတွေက သူ့ကို ထပ်ခါတလဲလဲ ဖိအားမပေးရဲကြဘူး ။ အကယ်၍ သူသာတစ်ခုခု ဖြစ်သွားခဲ့ရင် သူတို့တွေ ဘယ်တာဝန်ခံရဲပါ့မလဲ ။
'' မင်းတို့တွေ ဘာမှ မစားခဲ့ရဘူးလား ? '' Gu Yang က ကြောက်စရာကောင်းအောင်မေးတယ် ။
'' တပ်ချုပ်ကြီးကို ငါပြောပြီး မင်းတို့ကို နည်းနည်းကျွေးခိုင်းလိုက်ရမလား ? ''
သူတို့တွေ တပ်ချုပ်ကြီးဆိုတာလည်းကြားရော ဒီစစ်သားတွေက ကြောက်အားလန့်အားနဲ့ Bai Luo Yin ကိုဖမ်းဖို့ ကြိုးစားပေမယ့် Bai Luo Yin ရဲ့ ကိုယ်ပိုင်စစ်သားတွေဟာလည်း သူတို့ဗိုလ်မှူးကို ကာကွယ်ဖို့ အသေအလဲကြိုးစားကြတယ် ။ ကံဆိုးတာက လူမမျှတာပဲ ။ Bai Luo Yin ဘက်က စစ်သားတွေက လေ့ကျင့်ရေးပြည့်ဝနေတဲ့ စစ်သားတွေဖြစ်ပေမယ့် (၁၀)ယောက် တစ်ယောက်နှုန်းလောက်ဖြစ်နေတော့ အခွင့်မသာဘူး ။ Gu Yang လူတွေအများကြီး စုခိုင်းလာခဲ့ပုံပေါ်ပါတယ် ။End of CH – 62