CHAPTER 3 - ရှစ်နှစ်ကြာမှ ပြန်ဆုံခြင်းYang Meng ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်တဲ့ ရဲသား တစ် ယောက် သူတို့ နှစ်ဦးရှေ့ ပေါ်မလာခင်အထိ Yang Meng နဲ့ Bai Luo Yin တို့ဟာ ပျော်ရွှင်စွာ စကားပြောနေကြတယ်။ ထိုရဲက စာရွက် စာတမ်း File တစ်ထပ်ကြီးကို လွတ်ချလိုက်ပြီး ပြောလိုက်တယ်။ "ဒါတွေ က တစ်ပတ်အတွက် အစီရင်ခံစာ အသစ်တွေ။ မြန်နိုင်သမျှ အမြန်ဆုံး အခြားဌာနခွဲတွေ ဆီဖြန့်လိုက်"
Yang Meng က စာရွက်စာတမ်း File တွေကို ကောက်လိုက်ပြီး ခါသီးစွာ ပြောတယ် "ငါ့မှာ အေးအေးဆေးဆေးလေး စကား တောင်ပြောလို့ မရဘူး"
"ငါလိုက်ပို့ပေးမယ် ကားကိုအပြင်မှာ ရပ်ထားခဲ့တယ်"
"OK!" Yang Meng က ၀မ်းသာအားရ ပြောလိုက်ပြီး "ဒီနေ့တော့ ငါ စစ်တပ်က ကားစီးဖူးတော့မယ်"
လမ်းမှာ Yang Meng က မေးတယ် "Yin Zi, လေယာဉ်တွေ ဘယ် အမျိုးအစားပဲဖြစ်ဖြစ် မင်းမောင်းတတ်လား?"
Bai Luo Yin က ခဏလောက်တိတ်ပြီးမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက် တယ်။
"အစုံနီးပါးပါးပဲ"
"ဒါဆို ဒီကို Helicopter နဲ့လာတာ မဟုတ်ဘူး"
"ငါတို့က အရေးပေါ်ကိစ္စတွေလုပ်တုန်းပဲ လေယာဉ်သုံးတာ မလိုအပ်ရင် သုံးလို့မရဘူး။ လေယာဉ်က ဆင်းချင်တဲ့နေရာ ဆင်း လို့မရတော့ ကား မောင်းရတာလောက်တော့ ဘယ်အဆင်ပြေ မလဲ"
Yang Meng က အားကျတဲ့အကြည့်တွေနဲ့ကြည့်ရင်း "Yin Zi, မင်းက မိုက်တယ်ကွာ"
"မင်းလည်း အရည်အချင်းမှီလို့ တပ်ထဲဝင်လိုက်ရမယ်ဆိုလည်း လေတပ် Pilot ဖြစ်ပြီဆိုရင် မင်းလုပ်ချင်လား"Bai Luo Yin က ပြောင်တောင် တောင်မေးလိုက်တယ်။
Yang Meng က ခေါင်းရမ်းလိုက်ပြီး " ဟင်အင်.. ငါမလုပ်ချင်ပါ ဘူး"
"အဲ့ဒါပြောတာပေါ့.. ငါကတော့ လုံခြုံတဲ့နေရာမှာ အလုပ်လုပ်နေ ရတဲ့ မင်းကို အားကျမိတယ်။ နေ့တိုင်း ရပ်ကွက်တကာပတ်ပြီး ပတ်တရောင် လှည့်မယ်။ အစီရင်ခံစာအချို့ရေးမယ်။ ရံဖန်ရံခါ အရေးပေါ်ကိစ္စကြုံလာ ရင် လူတွေအများကြီးတိုင်ပင်ပြီး ဖြေရှင်းနိုင်တယ်"
"မင်းပြောသလောက်လဲ မလွယ်ပါဘူးကွာ" Yang Meng က နည်းနည်း ဖိန့်လိုက်ပြီး နောက်တော့သူ့ရဲ့ပုံစံပြောင်းသွားတယ်။ "ဒါပေမဲ့ လည်း မင်းရဲ့တပ်အလုပ်နဲ့ယှဉ်ရင်တော့ ငါ့အလုပ်က အပုံကြီး အန္တရာယ် ကင်းပါတယ်"
Bai Luo Yin က ဘာမှဆက်မပြောတော့။
Yang Meng က ဆက်မေးပြန်တယ် "Yin Zi, စစ်တပ်ထဲနေရတာ ကြပ်လား?"
"မင်းထင်သလောက်တော့ မပြင်းထန်ပါဘူး။ ဟုတ်တော့ ဟုတ်တယ်။ အစပိုင်းကတော့ နည်းနည်းအနေကြပ်ပေမဲ့ နောက်တော့ထုံသွားပါပြီ"
"ငါတော့ မင်းစစ်တပ်ထဲကို ရုတ်တရက်ကြီး ဘာလို့ဝင်လိုက်လဲ ဆိုတာ နားမလည်နိုင်ဘူး။ ဒါပေမဲ့ လေတပ်ထဲ ၀င်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာပဲ။ အခြားလူတွေ အများကြီး လေတပ်ထဲ ၀င်ချင်ပေမဲ့ ၀င်ခွင့်မရကြဘူးလေ။ အထူးသဖြင့် မင်းတို့လို တပ်နဲ့ အဆက်အသွယ် တွေရှိတဲ့လူဆိုရင် ရာထူးတိုးဖို့ ပိုလွယ်တယ် မဟုတ်လား? မင်း အနာဂတ်က အလားအလာတွေ ရှိပါတယ်ကွာ သူငယ်ချင်းရေ ကြိုးစား ထား။ ငါ့ရဲ့ဘ၀လက်ကျန်တစ်ဝက်လောက်က မင်းကိုပဲအားကိုးရမှာပဲ"
Bai Luo Yin က ပါကင်မှာ ကားထိုးလိုက်ပြီး ပြည်သူ့ လုံခြုံရေး ကောင်စီ အဆောက်အဦးထဲကို Yang Meng နဲ့အတူလိုက်လာခဲ့ တယ်။ နှစ်ယောက် သား စကားတပြောပြောနဲ့ အ၀င်ပေါက်ကို ရောက်လာပြီ။
"ဒီဘက်သွားရမှာ" Yang Meng က Bai Luo Yin ကိုကြည့်ရင်း ပြော တယ်။
Bai Luo Yin ဟာဘေးဘက်ချိုးကွေ့မလို့ လုပ်နေတုန်း သိပ်မဝေး တဲ့ ဘက်ဆီကလာတဲ့ လူရိပ်နှစ်ခုကြောင့် ကြက်သေသေသွား တယ်။
"ဌာနမှုးမရှိဘူး ဟုတ်လား?" Yan Ya Jing က Gu Hai ကို ကြည့်ရင်း "နင်မလာခင် သူ့ဆီ ကြိုဖုန်းဆက်မထားဘူးလား?" Gu Hai က လမ်း လျှောက်ရင်း ပြန်ပြောတယ်။ "သူက အရေးကြီးကိစ္စနဲ့ ခုနလေးကမှ အပြင်ထွက်သွားတာဆိုပေမယ့် တစ်နာရီလောက်ကြာရင် ပြန်ရောက် လိမ့်မယ်"
"ဒါဆို နင်သူ့ကိုစောင့်မှာလား?" Yan Ya Jing က Gu Hai နောက်က ကပ်လိုက်လာတယ်။
"မစောင့်ဘူး နက်ဖြန်မှ ထပ်တွေ့တော့မယ်"
Gu Hai လမ်းလျှောက်တာ သိပ်မြန်တယ်။ Yan Ya Jing က သ အနောက်က အပြေးလေး လိုက်နေရတယ်။ ဒါပေမဲ့ Gu Hai က ရုတ်တရက်ကြီး ရပ်လိုက်တော့ Yan Ya Jing ဟာ သူမကိုယ် သူမ မထိန်းနိုင်ဘဲ Gu Hai ခန္ဓာကိုယ်နဲ့ ၀င်တိုက်မိတယ်။ Gu Hai က သူမရဲ့ ပုခုံးကို လဲမကျအောင် လက်နဲ့ လှမ်းထိန်းလိုက်တယ်။
"နင်ဘာလို့ ရုတ်တရက် ရပ်လိုက်တာလဲ?" Yan Ya Jing က ကိုယ်ကို ပြန်မတ်ရင်းမေးလိုက်တယ်။
Gu Hai ရဲ့ မျက်လုံးတွေက သူနဲ့သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ Bai Luo Yin ကို တည့်တည့်ကြည့်နေတယ်။ သူတို့နှစ်ဦးရဲ့ အကြည့်တွေ ဆုံလိုက်တာနဲ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အေးခဲ သွားသလိုပဲ။ နှစ်ဦးခြား အကွာအဝေးဟာ နှစ်မီတာ (ခြောက်ပေ) လောက်ပဲ ဝေးပေမယ် ဘယ်သူမှ ရှေ့ဆက် မသွားကြဘူး။ သူတို့ဟာ အချင်းချင်း နှုတ်ဆက်ဖို့တောင် မေ့နေသလိုပဲ။
Yang Meng က Bai Luo Yin ကို လက်တို့လိုက်ပြီး "အဲ့ဒါ Gu Hai မလား?"
Bai Luo Yin အတွက် လက်တို့လိုက်တာဟာ အိမ်မက်က နှိုးလိုက် သလိုပါပဲ။ သူဟာ Gu Hai ရဲ့အကြည့်ကို တွေ့လိုက်ရ တော့ မတွေ့တာ တစ်ဘ၀လောက် ကြာသွားသလို ခံစား လိုက်ရတယ်။ **တကယ်ပဲ ရှစ်နှစ်ကြာသွားပြီလား?** သူ့ရှေ့က လူနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေခဲ့တာ မနေ့တနေ့ကလိုပဲ ထင်မိတယ်။ ဒါပေမဲ့ ဒီနေ့ ဒီလူကို တွေ့ရတော့ သူ့မျက်နှာဟာ ရုတ်တရက် စိတ်ထဲ စိမ်းနေတယ်။ Gu Hai ရဲ့ မေးရိုးကျ မျက်နှာ အချိုးအစားဟာ ပိုကြည့်ကောင်းလာတဲ့အပြင် အနောက်တိုင်း ၀တ်စုံနဲ့ တွေ့ရတော့ အရင်ကမမြင်ဖူးခဲ့တဲ့ တည်ကြည်မှု ကို တွေ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့အကြည့်တွေကတော့ အရင်ကလို စူးရှနေ တုန်းပဲ။ ဘာပဲပြောပြော Bai Luo Yin ဟာ ထိုအရာတွေ နောက်မှာ ဘာတွေရှိနေမလဲဆိုတာတော့ မသိနိုင်တော့ဘူး။
Gu Hai ရဲ့ မျက်လုံးထဲမှာတော့ Bai Luo Yin ရဲ့ ငယ်ရုပ် မရှိတော့ဘူး။ သူ့ မှတ်ဥာဏ်ထဲမှာရှိနေတဲ့ သန့်ရှင်းတောက်ပတဲ့ အပြုံးကိုလည်း လက်ရှိမျက်နှာမှာ မတွေ့ရဘူး။ သူရှိဦးမယ်လို့ တွေးထားတဲ့ အခြား အရာလေးတွေလည်း အခုပုံကိုကြည့်ရတာ မရှိလောက်တော့ပါဘူး။
Bai Luo Yin က အရင်ဆုံးစပြီး Gu Hai ဆီလျှောက်သွားရင်း ခင်ခင်မင်မင် ဖက်လိုက်တယ်။ သူလွှတ်လိုက်တော့ Gu Hai ဆီက သရော်တဲ့ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရတယ်။
"နိုင်ငံခြားမှာ နှစ်ကြာကြာနေလိုက်တော့ထင်တဲ့အတိုင်းပဲ မင်း အချိုး တွေ ပြောင်းသွားတယ်။ အရင်ကထက် ပိုပြီးလူမှုရေး သိတတ်လာ တာပဲ"
Bai Luo Yin ရဲ့ ရင်ထဲမှာ ဓါးနဲ့ မွှန်းခံရသလိုဖြစ်နေပေမယ့် သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းလေး တွေမှာ အပြုံးမပျက်သေးဘူး။
"မင်းကြည့်ရတာ အရပ်ပိုရှည်လာသလိုပဲ"
ဒီလိုပြောတာကြားတော့ Gu Hai က အေးစက်စက်ရယ်ရင်း "ဟုတ်တယ် အရပ်ပိုရှည်လာအောင် ငါ့အရိုးတွေချိုးခဲ့ရသေး တယ်"
လွန်ခဲ့တဲ့ ရှစ်နှစ်က ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကို စဉ်းစားလိုက် ရင် Bai Luo Yin သွေးပျက် နေတုန်းပဲ။
Gu Hai ဟာ သူ့လက်နဲ့ Bai Luo Yin ရဲ့ နဖူးထက်ကို အရပ်တိုင်းတဲ့ ပုံစံလုပ်ပြီး "မင်းလည်း နည်းနည်းလေးတော့ အရပ်ရှည်လာပါတယ်"
"နိုင်ငံခြားက ရေမြေက ပိုပြီး အဟာရကြွယ်တယ်ထင်တယ်"
Yang Meng က သူတို့နှစ်ယောက် စကားပြောနေကြတာကို ဘေးကနေ ကြည့်ရင်း စိတ်ရှုပ် လာပြီး
**ဒီနှစ်ယောက် ဘာမဟုတ်တာတွေ လျှောက်ပြော နေကြတာပါလိမ့်?"
Yan Yin Jing ဟာ Bai Luo Yin ကို အကြာကြီး စိုက်ကြည့်နေ တယ်။ အကြာကြီး စိုက်ကြည့်လေလေ Bai Luo Yin မျက်နှာကို ပိုပြီးရင်းနှီး လာသလို ခံစားရတယ်။ ရုတ်တရက် သူမ မှတ်မိ သွားပြီ Gu Hai ရဲ့ လက်ကို စိတ်လှုပ်ရှားပြီးဆွဲရင်း "ဟဲ့ အဲ့တာ နင့် Laptop ပေါ်က ကောင်လေး ....."
"သူက ငါ့ရဲ့အစ်ကိုလေ" Gu Hai က Yan Yin Jing ရဲ့စကားကို ဖြတ်ပြောလိုက်တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက Gu Hai က အစ်ကိုကြီး လို့များခေါ်လိုက်ရင် Bai Luo Yin ခမျာ သုံးရက်ဆက် တိုက်လောက် ပီတိတွေဖြစ်နေလိုက်တာ။ ခုတော့လည်း Gu Hai က သူ့ကို လိုလို လားလား အစ်ကို လို့ခေါ်လိုက်တော့ Bai Luo Yin ရဲ့ နှလုံးသားဟာ အေးစက်သွားတယ်။
Yang Meng က Yan Ya Jing ကို ခဏလောက် စိုက်ကြည့်ပြီး မနေနိုင် မထိုင်နိုင် မေးလိုက်တယ်
"သူမက ဘယ်သူလဲ?"
"ဟုတ်သားပဲ ငါမိတ်ဆက်ပေးဖို့ မေ့နေတာ"
Gu Hai ဟာ Yan Ya Jing ကို ခပ်တင်းတင်းဖက်လိုက်ပြီး ဟန်ဆောင် ပြုံးရင်း Bai Luo Yin ကို ကြည့်လိုက်တယ် "သူမက ငါ့သတိုးသမီး လောင်း မင်ရဲ့ ခယ်မလေး"
Bai Luo Yin က ရင်ထဲမှာတော့ နည်းနည်းအောင့်သွားတယ်။ ဒါပေမဲ့ တပ်ထဲမှာ ရှစ်နှစ် လောက်နေခဲ့ရတာ အလကားတော့ မဖြစ်ဘူး။ သူ့ နှလုံးသားဟာအခုတော့ဖြင့် ဘယ်လို စိတ်ဖိစီးမှုကို မဆို ခံနိုင်နေပါပြီ။
"သူမက သဘောကောင်းတဲ့ပုံပဲ။ မင်းလက်ထပ်တော့မယ်ဆို ငါ့ဆီကို ဖိတ်စာပို့ဖို့ မမေ့နဲ့ဦး။ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဒီကအစ်ကိုကို ဘာလို့မပြောပြတာလဲကွ?"
Gu Hai က မှင်သေသေ ပြုံးလိုက်ပြီး "ဘယ်သူ့ကို မေ့မေ့ မင်းကိုတော့ မမေ့စေရဘူး။ ပြန်စဉ်းစားကြည့်ရင် ငါတို့ နှစ်ယောက်ဆုံအောင် လုပ်ပေးခဲ့တာ မင်းပဲလေ။ မင်းသာ ငါ့ကိုယ်ပေါ်က ရေမွှေးနံ့ကို အရင် မရခဲ့ရင် သူမက ငါ့ကို မြင်မြင်ချင်း ချစ်သွားမိတယ်ဆိုတာလည်း ငါသိမှာ မဟုတ်ဘူး"
Bai Luo Yin က ပေါ့ပေါ့လေး ပြန်ပြောလိုက်တယ် "Wedding Photo ရိုက်ရင် သတိထားနော် ငါ့ခယ်မလေးကို ရေထဲလွတ်ကျ နေဦးမယ်"
"မပူပါနဲ့ သူရေထဲကျလည်း ငါဆင်းကယ်မှာပေါ့"
[ မှတ်ချက်။ ။ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက Gu Hai နှင့် Bai Luo Yin ကမ်းခြေသွားတုန်းက အဲ့ဒီမှာ စုံတွဲတစ်တွဲက Wedding Photo ရိုက်နေတုန်း သတိုးသမီးရေထဲပြုတ်ကျသွားတာတွေ့လို့ Gu Hai က မင်္ဂလာဆောင် ဂါဝန်ကြီးနဲ့ သတိုးသမီးကို ရေထဲက ဆင်းကယ်လိုက် တယ်။ အဲ့အကြောင်းကို နှစ်ယောက်ထဲသာသိ လို့ အခုလို ပြောနေရတာ ပါ။ ပြီး Gu Hai ရဲ့ အဖေက သူ့လူတွေ လွှတ်ပြီး Gu Hai ကိုဖမ်းခိုင်း လို့ ထွက်ပြေးရင်း Yan Ya Jing နှင့် လမ်းမှာ တိုက်မိတာကို Yan Ya Jin က Gu Hai ကိုယ်ပေါ်ကို သူ့ရေမွှေးတွေ တမင်လောင်းလိုက်တယ်။ အိမ်ပြန်ရောက်တော့ Bai Luo Yin က Gu Hai ကိုယ်ပေါ်က မိန်းကလေးရေမွှေးနံ့ ရလို့ သ၀န်တိုနေခဲ့တယ်]
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ တယ်။ သူတို့မျက်နှာပေါ်က ဖော်ပြနေတဲ့အရာတွေဟာ သူတို့ရဲ့ ခံစားချက် အစစ်အမှန်တွေမဟုတ်ဘူးဆိုတာ မျက်ဝန်းတွေထဲမှာ အထင်းသားပေါ် နေတယ်။
Yang Meng က သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘေးကနေ၀င် လျှာရှည် တယ်။
"မင်းတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင် တင်မယ်ဆိုရင် ပြည်သူ့ အရေး ကောင်စီကိုသွားနော် အတွဲတစ်တွဲတောင် ခုပဲကွာရှင်းဖို့ဆို အဲ့ဒီကိုသွား တယ် မင်းတို့လည်း လာဘ်ကောင်းအောင် အဲ့ဒီကို အချိန်မီသွားလိုက် ကြ"
Gu Hai ဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ Yang Meng ကို ဒေါသထွက်နေတဲ့ အကြည့်နဲ့ ကြည့် လိုက်ပြီး
"ငါ အထက်လူကြီး အားလုံးနဲ့သိတယ် မင်းဝင်ပါနေစရာ မလိုဘူး"
ပထမ Yang Meng က ချက်ချင်းနားမလည်ဘူး။ နောက် Gu Hai ကို မော့ကြည့်ရင်းနဲ့မှ Gu Hai ဟာ သူ့ကို အထင်သေးလို့ နှိမ်ပြီးပြောမှန်း သိပြီး အသံတိတ် ဆဲမိတယ်
**သေလိုက်ပါလား.... လဲသေလိုက်ပါလား"
"မင်းရော? မစွံသေးဘူးလား"Gu Hai က မေးလာပြန်တယ်။ Bai Luo Yin က ပွင့်ပွင့်လင်းလင်း ၀န်ခံတယ် "ဟုတ်တယ်"
"ကြိုက်မဲ့သူ မရှိဘူးလားကွ?"
Bai Luo Yin က ဘာမှ ပြန်မပြောပေမယ့် Yang Meng ကတော့ "Yin Zi ကို ကြိုက်နေတဲ့ သူတွေမှ ပုံလို့။အခု သူက ဗိုလ် ........!"
Bai Luo Yin က Yang Meng ရဲ့ လက်ကို ဆွဲလိမ်လိုက်လို့ ကျန်တဲ့ စကားလုံးတွေကို Yang Meng ဆက်မပြောနိုင်တော့ဘူး။
"Meng Zi, မင်းဘယ်လိုရောက်လာတာလဲ?" ဒီရုံးကို မကြာခင်က မှ ပြောင်းလာတဲ့ Yang Meng ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက မေးလိုက်တယ်။ သူဟာ Yang Meng ကို မတွေ့တာ ကြာပြီဖြစ်လို့ ဆွဲခေါ်သွားပြီး တစ်ဖက်မှာပဲ စကားပြောပြီး ရယ်လိုက်မောလိုက် လုပ်နေတယ်။
"ငါမေးလို့ ရမလား မင်းအခု ဘာလုပ်နေလဲဆိုတာ?" Gu Hai က အကြံနဲ့ မေးလိုက်တယ်။ Bai Luo Yin က ကြောင်သွားပြီး ပြန်ဖြေတယ် "CEO"
"တယ်ဟုတ်ပါလား!" Yan Ya Jin က အံသြနေတယ်။ "ရှင်က ငယ်ငယ် ရွယ်ရွယ်နဲ့ နိုင်ငံခြား ကုမ္ပဏီမှာ CEO တောင်ဖြစ်နေပြီ!"
Bai Luo Yin က အရှက်မဲ့စွာ ပြုံးလိုက်ပြီး Gu Hai ကို ပြန်မေးတယ်။ "မင်းရော အခု ဘာတွေလုပ်နေလဲ"
"ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး ကုမ္ပဏီသေးသေးတစ်ခုရဲ့ဥက္ကဌ လုပ်နေတာ"
Bai Luo Yin ဟာ Gu Hai ရဲ့ ဒီလိုနှိမ်ချပြောဆိုမှုကို အရင်က မတွေ့ဖူးဘူး။ ဒါဟာ ဟန်ဆောင်မှုတစ်ရပ်ဖြစ်ပေမဲ့ ဘွင်းဘွင်းနေ တတ်တဲ့ လူတစ်ယောက်ကခုလိုဖုံးဖိနေတတ်တဲ့ လူတစ်ယောက် အဖြစ် ပြောင်းလဲသွားတာ Bai Luo Yin အဖို့ အံ့သြဖွယ်ဖြစ်နေ တယ်။
Yang Meng က ဝေးကနေ လှမ်းအော်တယ် "Yin Zi, မသွားသေးဘူး လား? ငါ့အလုပ်တွေပြီးပြီ အိမ်ပြန်ပြီး ပစ္စည်းလေး တော့ယူရဦးမှာ"
Bai Luo Yin ဟာ Gu Hai ကို တစ်ခါပြန်လှည့်ကြည့်ပြီး "ငါသွားတော့ မယ်" Gu Hai က ခေါင်းညိတ်ပြလိုက်တယ်။
သူတို့နှစ်ဦး ပုခုံးချင်းယှက်သွားတဲ့အခါ အကြည့်ချင်းလည်း ဆုံသွား တယ်။ သူတို့ရဲ့ ရင်ထဲမှာဗလောင်ဆူသွားပေမယ့် မျက်နှာ မှာတော့ သိသိသာသာ ပြောင်းလဲသွားတဲ့အမူအရာ မပြကြဘူး။
Bai Luo Yin ဟာ Yang Meng နဲ့ လမ်းလျှောက်ပြီး အပြင်ထွက် လာတယ်။ Bai Luo Yin က Yang Meng ကိုဆွဲပြီး လမ်းပေါ်က Taxi တစ်စီးငှားလိုက်တယ်။
"ကားပါလာတယ် မဟုတ်လား?" Yang Meng က စိတ်ရှုပ်သွား တဲ့ပုံနဲ့ "မင်းကားမယူတော့ဘူးလား?"
Bai Luo Yin က မျက်နှာညှိုးညှိုးနဲ့ပြန်ဖြေလိုက်တယ် "ပြီးမှ တစ်ခေါက်ပြန်လာယူမယ်" Yang Meng က ပိုပြီးစိတ်ရှုပ် သွားတယ် "ဘာကြောင့်လဲ?"
"စစ်တပ်က ကားမို့!"
Yang Meng နောက်လှည့်ကြည့်လိုက်တော့ Gu Hai ထွက်လာ တာ တွေ့ရတယ်။ သူက Bai Luo Yin ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက် သွားပုံပဲ။ Bai Luo Yin နဲ့အတူ အသာတကြည်ပဲ Taxi ပေါ်တက်လိုက် တယ်။ Taxi ကားပေါ်မှာ Bai Luo Yin ဟာ မှန်တံခါးအပြင်ကိုပဲ တစ်လမ်းလုံး ငေးလာ လိုက်တယ်။ Yang Meng ဟာ သူ့သူငယ်ချင်းရဲ့ စိတ်ကို မှန်းလို့မနိုင်ဘူး။
"Yin Zi"
"ပြော"
"မင်းတပ်ထဲဝင်လိုက်တဲ့အကြောင်းကို ဘာလို့ Gu Hai ကို မသိစေချင် တာလဲ?"
Bai Luo Yin ဟာ ဟိုဘက်ပြန်လှည့်သွားတယ်။ သူ့ရဲ့ ဘေး တစ်စောင်း မျက်နှာကို ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံပေါ်တယ်။ သူဟာ အဲ့ ခံစားချက်ကို အတင်းမျိုသိပ်ထားသော်လည်း Yang Meng က အခြေအနေ မကောင်းဘူးဆိုတာလောက်တော့ ရိပ်မိသွားတယ်။
"သူက မင်းကိုလာရှာမှာ စိုးလို့လား?"
"မမေးပါနဲ့တော့ကွာ နောင်အခွင့်သင့်ရင် မင်းကိုရှင်းပြပါမယ်"
Gu Hai ကားပေါ်ရောက်တော့ ဘာစကားမှမပြောဘဲ ရှေ့တူတူကို မျက်မှောင်ကျုံ့ပြီးကြည့်ရင်း အချိန်အတော်ကြာကားစက်မနှိုးဘဲ Steer Ring ကို လက်ချောင်းလေးတွေနဲ့ ခေါက် နေတယ်။
"MD Gu, နင်ခုနက ပြောလိုက်တဲ့ .. သတို့သမီးလောင်းဆိုတာ? အဲ့ဒါ ဘာအဓိပ္ပါယ်လဲဟင်? ငါနားမလည်လို့"
Gu Hai ဟာ ရုတ်တရက်ကြီး ဒေါသပုန်ထရင်း Steer Ring ကို လက်သီးနဲ့ထိုးလိုက်တယ်။ ကားတစ်ခုလုံး လှုပ်ခါသွားတယ်။
Yan Ya Jing ဟာ Gu Hai ကို တက္ကသိုလ်တက်ရင်း မထင်မှတ် ဘဲ တွေ့ခဲ့တာဖြစ်တယ်။ အဲ့ဒီကတည်းက Gu Hai ဘေးမှာ ငါးနှစ် ကျော်နေခဲ့ ပေမယ့် ဒီလိုပုံစံနဲ့ Gu Hai ကို သူမ တစ်ခါမှ မမြင်ဖူးဘူး။
"နင် အထင်.. အထင်မလွဲပါနဲ့...." Yan Ya Jing က နည်းနည်း လန့်နေသလိုပဲ။ "နင်နောက်ပြောင်ပြီးပြောလိုက်တယ်ဆိုတာ ငါ နားလည်ပါတယ်။ ငါအတည်မယူပါဘူး ဒီတိုင်းမေးကြည့်ရုံ သက်သက် ပါ"
ဒီစကားတွေပြောနေတုန်း Gu Hai ကားစက်နှိုးနေပြီ။ သူဟာ U-turn ကွေ့လိုက်ပြီး လမ်းမကြီးပေါ် တက်လိုက်တယ်။
Yan Ya Jing ရဲ့ နှလုံးခုန်သံက မြင့်တက်လာတဲ့ကားအရှိန်နဲ့ အတူ မြန်လာတယ်။ Gu Hai ဟာ အရှိန်တင်တယ် ဘရိတ်စောင့် အုပ်တယ် ဇွတ်ကျော်တယ်။ Yan Ya Jing က ဆက်တိုက် သတိပေးနေရတယ် "MD Gu, ဒီလိုကားမောင်းတာ အရမ်း အန္တရာယ် ......."
သူမပြောနေတုန်းပဲ ကားခေါင်မိုးက ဖြည်းဖြည်းချင်းပွင့်သွားပြီး လေအေး တွေဟာ အကြမ်းပတမ်း ၀င်လာတော့ Yan Ya Jing အသက်တောင် မရှုနိုင်တော့ဘူး။
"Ahaa....... နင်ဘာလုပ်တာလဲ? အခုက ဆောင်းတွင်းကြီးလေ MD...... Gu Hai!!!"
Gu Hai က တစ်ခွန်းတည်းပဲ ပြန်ပြောလိုက်တယ်
"ဒီလိုလုပ်လိုက်မှ နင်လည်း ပါးစပ်ပိတ်သွားမှာ"End of Chapter 3