CHAPTER 9 – Gu Hai ဂျင်းကောင်!မနေ့ညက သူ မချေမငံဆက်ဆံလိုက်တဲ့လူဟာ သူအားကျနေတဲ့ (idol) ဖြစ်တယ်ဆိုတာကို ဒီနေ့မှပဲ Liu Chong သိရတယ်။
"ခင်ဗျာ? အဲ့တာက Gu Hai ဆိုတာလား? လမ်းဟောင်းကြီးကို မလိုက်ဘဲ နည်းလမ်းသစ်သုံးပြီး စီးပွါးရေးအောင်မြင်နေတဲ့ လူ......?"
Bai Luo Yin ကပြုံးလိုက်ပြီး "ဟုတ်တယ် သူက ငါတို့ ဗိုလ်ချုပ်ရဲ့သားပဲ"
Liu Chong အံ့သြသွားတယ်။ "Gu Wei Ting လား? ဘုရား ဘုရား! သူကဒီနယ်ဘက်မှာ ရာထူးအကြီးဆုံးပဲ နှစ်နှစ်အတွင်း ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးသွားသေးတယ်နော်ဆရာ Gu Hai က စစ်ထဲမ၀င်တာလည်း ထူးတော့မထူးဆန်းပါဘူး။ ဒီလောက်မိသားစု နောက်ခံကောင်းနေတာပဲ၊ အော်--တော်သေး တာပဲ ကျွန်တော်မနေ့ည က သူစိတ်တိုအောင် ဘာမှမပြောမိလို့၊ သူ ကျွန်တော့်အပေါ် အငြိုး မထားလောက်ပါဘူးနော် ..ဆရာ.. နော်"
Bai Luo Yin က မှင်သေသေပြုံးလိုက်ပြီး "အဲ့လိုမဟုတ်လောက်ဘူးကွ"
Liu Chong မျက်လုံးပြူးသွားပြီး "ဒါဆို သူအငြိုးထားမှာလားဟင်? သူက အသေးအမွှားလေးကိုတောင် အတေးမှတ်သလား?"
"သူက လူတွေအပေါ်သည်းခံစိတ်အရမ်းနည်းတာကွ၊ ငါတို့ ဟိုနေ့ က ဟိုတယ်မှာရန်ဖြစ်တဲ့ကိစ္စသာကြည့်တော့ ငါအိမ်သာတံခါးဖွင့် လိုက်တာ ကို သူ့ကိုခိုက်မိသွားလို့ဆိုပြီး ရန်ထဖြစ်တာပဲ" Bai Luo Yin က အတည်ပေါက်ကြီးပြောနေလို့ Liu Chong က တကယ်ကြီး ယုံနေတယ်။
"ဒါဆို ကျွန်တော်တော့ သေပါပြီ... ဟိုနေ့က ၀င်ဖျန်ဖြေတုန်းက လည်း ကျွန်တော် သူ့ကို လက်သီးနဲ့ထိုးမိသွားတယ်။ ဒါပေမဲ့ သူမမှတ်မိလောက် ဘူးထင်တယ်၊ ဒါကြောင့် မနေ့ညက ကျွန်တော့်ဆီက ဖက်ထုပ် တောင်း နေတာ၊ ဒီလိုမှန်းသိ ဖက်ထုပ် တောင်းတုန်းက ပေးလိုက်ပါတယ်ဗျာ"
**Bai Luo Yin, မင်းကတကယ်ကို မှင်ကောင်းတာပဲ**
"OK, ငါမင်းကို မစတော့ပါဘူးကွာ။ သူကဒီလိုကိစ္စလေးတွေကို အမှတ် မထားပါဘူး"
Liu Chong ရင်ထဲပေါ့သွားတယ် "ဒါနဲ့ မနေ့ညက သူက ဘာကိစ္စရှိလို့ ဆရာဆီလာတာလဲ?"
"သူက ငါတို့နဲ့တွဲပြီး စီမံကိန်းကို လုပ်ချင်တယ်။ သူ့ရည်ရွယ်ချက် ကို လာပြောတာ"
Liu Chong က သူ့ခေါင်းကို မြှင့်လိုက်ပြီး "ဒါဆို ဆရာလက်ခံ လိုက်တယ်ပေါ့?"
"ဟင့်အင်"
Liu Chong စိတ်ရှုပ်သွားတယ် "ဘာလို့လဲ? သူတို့ကုမ္ပဏီက အခြေအနေလည်း ကောင်းတဲ့အပြင် သူတို့က အရင်ငြိမ်းချမ်းရေး ယူပြီး ကမ်းလှမ်းတာကို ဆရာရယ် ဘာလို့သဘောမတူခဲ့ရတာလဲ? သူ စိတ်ဆိုး မှာ ဆရာမစိုးရိမ်ဘူးလား?"
"စိတ်ဆိုးစရာ မကျန်လောက်အောင်ကို ငါသူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့ပြီးပြီ!"
Liu Chong က Bai Luo Yin ဆိုလိုတာကို နားမလည်တော့ဘူး။
သုံးရက်ကြာတော့ Bai Luo Yin က သုတေသနလုပ်ငန်းရဲ့ ဒါရိုက်တာကြီးဆီ လုပ်ငန်းတိုးတက်မှု အခြေအနေတွေကို ပြန် တင်ပြတယ်။ ဒါရိုက်တာကြီးက Bai Luo Yin တင်ပြတဲ့ အချက်အလက် တွေကို မျက်မှောင်ကြီးကျုံ့ပြီး ဂရုတစိုက်ကြည့် နေတယ်။ အမှန်အတိုင်းပြောရ ရင် Bai Luo Yin က အရမ်း စိတ်လှုပ်ရှားနေတယ်။ ရွေးချယ်ထားတဲ့ ကုမ္ပဏီမှာ ချို့ယွင်းချက် အချို့ရှိနေပြီး ဒီလိုစီမံကိန်း ကြီးကြီးမားမားကို ဦးဆောင်တာက လည်း ပထမအကြိမ်ဖြစ်လို့ သိပ် မရေရာသလိုပဲ။
မမျှော်လင့်ဘဲ ဒါရိုက်တာကြီးက အချက်အလက်တွေအားလုံးကို ဖတ်ပြီး နောက် သူက Bai Luo Yin ကို ချီးမွမ်းစကားဆိုတယ်။
"အရမ်းကောင်းတယ်။ စီစဉ်ထားတာ သပ်ရပ်ပြီး အရမ်းစနစ်ကျ တယ်။ ငါတို့က ဒီလို စီမံကိန်းမျိုးတွေမှာ ထူးထူးခြားခြား တိုးတက် မှုတွေလုပ်ရ မှာကွ၊ ဒါမှ ခေတ်လူငယ်ကွ၊ ငါတို့ကတော့ ခေတ်ကို လိုက်မမီတော့ပါ ဘူးကွာ။ အများဆုံးတော့ အကြံဥာဏ်လေး လောက်ပဲ ငါတို့ကပေးပြီး မင်းတို့ပဲ ဆုံးဖြတ်ချက်ချရမှာ။ မင်းတို့ လူငယ်တွေအပေါ်မှာ အားကြီး မူတည်နေတယ်"
Bai Luo Yin က ပြုံးပြလိုက်ပြီး "ကျွန်တော်တို့တွေက သင်ယူဆဲပဲ ရှိ ပါသေးတယ်ခင်ဗျာ၊ဆရာတို့ရဲ့ လမ်းညွှန်ချက်မပါဘဲနဲ့တော့ အလုပ် မဖြစ်နိုင်ပါဘူး"
"Hahaha....အေး အဲ့တာတော့ ဟုတ်တယ်ဟုတ်တယ်။ ဒါက Hai Yin နည်းပညာကုမ္ပဏီနဲ့ ပထမဆုံးတွဲလုပ်တာနော် ဟုတ်လား?"
Bai Luo Yin ရင်ထဲလေးသွားပြီး "ဟုတ်ကဲ့ပါခင်ဗျ ၊ဒါပေမဲ့ အလတ်စားခဲယမ်းလက်နက်စုဆောင်းရေးဌာနနဲ့တော့ အဲ့ဒီကုမ္ပဏီက ပူးပေါင်းလုပ်ခဲ့ဖူးပါတယ်။ သူတို့တောင်းတဲ့ဈေးက လည်း အရမ်းကိုနည်း လို့ ဘတ်ဂျက် ဘက်ကကြည့်ပြီး သူတို့ကို ရွေးလိုက်တာပါခင်ဗျ"
"အရမ်းကောင်းတယ် အရမ်းကိုကောင်းတယ်" ဒါရိုက်တာကြီးက Bai Luo Yin ရဲ့ပုခုံးကို ပုတ်လိုက်တယ် "ငါက အစောပိုင်းက တည်းက အဲ့ဒီ ကုမ္ပဏီကို စဉ်းစားသင့်တယ်လို့ ငါပြောမလို့ကွ။ မင်းနဲ့ငါနဲ့က အတွေးတူ နေတာ"
Bai Luo Yin က ဒါရိုက်တာရုံးခန်းက ထွက်လာတော့ အရမ်းကျေနပ်နေ တယ်။ သူက ချက်ချင်းပဲ လူလွှတ်ပြီး Hai Yin ကုမ္ပဏီဆီကို အသေး စိတ် policy တွေဆွေးနွေးဖို့ ခိုင်းလိုက်တယ်။
နောက်ဆုံးမှာတော့ Hai Yin ကုမ္ပဏီက နေ့လည်လောက် အကြောင်း ပြန်လာတယ်။ သူတို့ ပူးပေါင်းဖို့ ငြင်းဆန်လိုက်တယ်။
Bai Luo Yin အရှိုက်ကို ထိုးခံလိုက်ရသလိုပဲ "ဘာကြောင့်လဲ?"
"သူတို့ပြောတာကတော့ ကျွန်တော်တို့ဘက်က တောင်းဆိုတာတွေ အရမ်းများတယ်တဲ့၊ ပြီးတော့အဲ့လိုလုပ်တာဟာ သူတို့ ကုမ္ပဏီကို မငဲ့ညာတာပဲတဲ့ဆရာ"
Bai Luo Yin မျက်နှာက ချက်ချင်းညှိုးမှောင်သွားတယ်။
**အားလုံးပြောဆိုပြီးပြီမဟုတ်လား? ဒီဈေးက သူတို့လူတွေနဲ့ ညှိနှိုင်းပြီး သားဆိုတာ အရှင်းကြီးပဲ၊ ခုမှ ဘာကြောင့် နောက်ကျောကို ဓါးနဲ့ထိုးရ တာလဲ? $ဖြစ်မရှိတဲ့ဟာတွေ! ငါက မင်းကို မျက်နှာသာပေးတယ်၊ မင်းမို့ငါ့ကိုလာကျောရဲတယ်!** CHA
Bai Luo Yin က ဒ်ီအကြောင်းကို သုတေသနဌာန ညွှန်ကြားရေးမှူး ဆီကိုသွားပြောတော့ ထိုသူက သက်ပြင်းချရင်း
"ကံမကောင်းချင်တော့ မင်းကလည်း ဒါရိုက်တာကြီးဆီကို အားလုံးပဲ တင်ပြပြီးဖြစ်နေတယ်၊ ပြီးတော့ တခြားကုမ္ပဏီဆိုရင် ကိစ္စမရှိဘူး။ အခုဟာက ဗိုလ်ချုပ်ကြီး Gu ရဲ့သား ကုမ္ပဏီလည်း ဖြစ်ပြန်၊ ငါတို့ ဒါရိုက်တာကြီးကလည်း ဗိုလ်ချုပ်ကြီး Gu နဲက တော်တော်ရင်းနှီးနေတာ ဆိုတော့.. သူက ဗိုလ်ချုပ်ကြီးနဲ့ ဒီကိစ္စ ဆွေးနွေးပြီးပြီဆို ဘယ်နှယ့်လုပ် မလဲ? စကားကို ဘယ်လိုပြန် ရုတ်သိမ်းမလဲ?"
ညွှန်ကြားရေးမှူးက ထပ်မေးတယ် "မင်းကလည်း ဘာလို့ စိတ်ပြောင်း သွားတာလဲ?"
Bai Luo Yin က စိတ်ပေါက်ပေါက်နဲ့ "စိတ်ပြောင်းတာ ကျွန်တော် မဟုတ်ဘူး သူတို့။ ညှိနှိုင်းပြီးသားဈေးကိုလည်း တိုးတောင်းတယ်။ အရင် က မပါတဲ့သဘောတူညီချက်တွေကိုလည်းပြန်ပြင်တယ်။ ဒီလို ကုမ္ပဏီနဲ့ ဘယ်လိုအလုပ်ဆက်လုပ်မလဲဆိုတာ အစ်ကိုပဲ ပြောကြည့်"
ညွှန်ကြားရေးမှူးက ပြုံးယောင်ယောင်နဲ့ "စီးပွါးရေးနဲ့ စစ်တပ် အုပ်ချုပ်ရေးဆိုတာ အတူတူပါပဲ။ ငါ့မှာ အာဏာရှိရင် မင်း က အဖိနှိပ်ခံရ မယ်။ မင်းမှာ အာဏာရှိရင် ငါက အဖိနှိပ်ခံရမယ်။ ဒါပဲ။ စာချုပ်မှာ လက်မှတ်မထိုးသ၍ တောင်းဆိုချက်တွေပြင်လို့ရသေးတယ်လေကွာ။ မင်းရဲ့စိတ်ခံစားချက်ကို ဦးစားမပေးနဲ့လေ။ တကယ်လို့ လိုအပ်ရင် လည်း မင်းကိုယ်တိုင် တိုက်ရိုက်သွားလိုက်ပေါ့ကွာ။ ပိုအရေးကြီးတာက တော့ မင်းဒေါသကို မင်းထိန်းဖို့ပဲ"
ဒါတွေကိုကြားလိုက်တော့မှ Bai Luo Yin ဟာ ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။ သူဟာ Gu Hai ဆင်တဲ့ ထောင်ချောက်ထဲ ကျသွားပြီဆိုတာ။ သူကအံကြိတ်ပြီး..
**Gu Hai, မင်းတော်တော်ကိုယ်ချင်းစာစိတ် မရှိတာပဲ။ ဒီရှစ်နှစ်မှာ မင်း အလကားမနေခဲ့ဘူး။ ငါ့ကိုတောင် ချောက်တွန်းရဲ တယ်**
ရွေးချယ်စရာမရှိတာနဲ့ပဲ Bai Luo Yin ဟာ လူ တစ်ယောက်ကို ညှိနှိုင်းဖို့လွှတ်လိုက်တယ်။ နေ့လည်လောက်မှာ အဲ့ဒီလူပြန်လာပြီး ညှိနှိုင်းလို့မရတဲ့အကြောင်း သတင်းပို့တယ်။ တစ်ဖက်ကုမ္ပဏီက ညှိနှိုင်း ချင်ရင် တာဝန်ခံပုဂ္ဂိုလ်လာဖို့ ပြောလိုက်ပြီး အဲ့ဒီလူကို ၀င်ခွင့်တောင် မပြုခဲ့ဘူး။
တစ်ညလုံးလုံး သေချာစဉ်းစားပြီးမှ စော်ကားမှုကို သည်းခံပြီး တစ်ယောက်တည်းသွားရင်ဆိုင်ဖို့ Bai Luo Yin ဆုံးဖြတ်ချက်ချ လိုက် တယ်။
Gu Hai တို့ကုမ္ပဏီ ဧည့်ခန်းကိုဝင်လိုက်တာနဲ့ စူးရှတဲ့ မိတ်ကပ်နံ့တွေက လေထဲမှာနေရာယူထားတယ်။ အဲ့ဒါဟာ ကုမ္ပဏီနဲ့ မတူဘဲ ဆောင်ကြာမြိုင်နဲ့တောင်တူနေတယ်လို့ ရုတ်တရက်ကြီး Bai Luo Yin ခံစားရတယ်။
Gu Hai တံခါးဖွင့်ပြီး ၀င်လာတယ်။ Bai Luo Yin က အလယ် ကစားပွဲမှာထိုင်နေတယ်။ သူ့ရဲ့စစ်ဝတ်စုံယူနီဖောင်းဟာ သူ့ရဲ့ခန့်ညားတဲ့ အသွင်ကို ဖော်ဆောင်နေပေမယ့် သူ့ပုံစံက လူသတ်ချင်နေတဲ့ဒီဇိုင်းနဲ့။ သူ့ရဲ့ စူးရှတဲ့မျက်လုံးတွေဟာ Gu Hai တံခါးက၀င်လာတဲ့အချိန်ကနေ ထိုင်လိုက်တဲ့အချိန်အထိ စိုက်ကြည့်နေတယ်။ သူ့နှုတ်ခမ်းကို တင်းတင်း စေ့ထားတယ်။ ဒီကို လာတာ ညှိနှိုင်းတာနဲ့မတူဘဲ စစ်ကြေညာဖို့ လာ တာနဲ့တူတယ်။
Gu Hai က ပျော်ပျော်ကြီးပြုံးနေရင်းနဲ့မေးလိုက်တယ် "ငါ့ကို ဘာအတွက်လာတွေ့တာလဲ?"
Bai Luo Yin က တည့်တည့်ပဲပြောတယ် "စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်ဖို့!"
Gu Hai က စီကရက်ကို မီးညှိလိုက်ပြီး ဖွာနေတယ်။ ဒီလိုနဲ့ပဲ တစ်နေ့က နှစ်ယောက်သားဆွေးနွေးခဲ့ကြတဲ့အတိုင်းပဲ ပြန်ပြောနေကြ ပေမယ့် ဒီတစ်ခါတော့ Gu Hai က ချေနေတယ်။ Bai Luo Yin က ဒီစီမံကိန်းနဲ့ပူးပေါင်းရင် ရနိုင်မယ့်အကျိုးစီးပွါး တွေကို စိတ်ရှည် လက်ရှည် ရှင်းပြနေတယ်။
"ဒါက အချီကြီးပဲဆိုတော့ အပြိုင်အဆိုင်တွေလဲ များတယ်။ တကယ်လို့ မင်းတွဲမလုပ်ချင်ရင် အခြားကုမ္ပဏီတွေက နေရာဝင်ယူသွားလိမ့်မယ်"
Gu Hai က ခေါင်းညိတ်လိုက်ပြီး "ငါသိတယ်!"
Bai Luo Yin က စိတ်ထဲကနေ ဆဲနေပြီ ** သိရင်လည်း လက်ခံလိုက် ပါတော့လား?**
Bai Luo Yin က လေသံကို ပြင်လိုက်ပြီး စိတ်အေးအေးထား ပြီးပြောတယ်
"မင်းသေချာ ပြန်စဉ်းစားသင့်ပါတယ်ကွာ!"
"ပြန်စဉ်းစားရမှာက မင်းတို့"Gu Hai က လက်နှစ်ဖက်ကို ဖြန့်ပြပြီး "ငါပူးပေါင်းမှုကို ရပ်လိုက်တော့မယ်လို့ မပြောခဲ့ဘူး။ မင်းတို့သာ ဈေးတိုး ပေးလိုက်၊ ငါချက်ချင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်မယ်"
Bai Luo Yin မျက်နှာတင်းလာပြီး "ဈေးက ဒီဟာပဲ သဘောတူရင် လက်မှတ်ထိုး၊မတူရင် ထားလိုက်တော့ကွာ!"
Gu Hai က Bai Luo Yin ကို တည့်တည့်ကြည့်လိုက်တယ်။
**မင်းအရှုံးကို ၀န်ခံဖို့ ဒီလောက်တောင်ခက်နေလား?**
Bai Luo Yin ရဲ့နှလုံးခုန်သံတွေ မြန်လာတယ်
**မင်းကိုအလျှော့မေးမယ့်အစား ငါတပ်ကပဲထွက်လိုက်တော့မယ်ကွ!**
"ပိုအရေးကြီးတာက မင်းဒေါသကို မင်းထိန်းချုပ်......." Bai Luo Yin က သူ့ရဲ့ ညွှန်ကြားရေးမှူးပြောတဲ့စကားတွေကို ရုတ်တရက် ပြန်ကြားမိ တယ်။
သူက အဆုံးစွန်ဆုံး သည်းခံမှုတွေနဲ့အတူ Gu Hai ကို မျက်နှာ ချင်း ဆိုင်လိုက်တယ်
"ကောင်းပြီ ငါတို့က ဈေးကိုတိုးပေးမယ်။မင်းက လက်မှတ်ထိုး ပေးပေါ့"
Gu Hai က မှင်သေသေ ပြုံးလိုက်ပြီး "တော်ပြီ ငါစိတ်ပြောင်းသွားပြီ။ မင်းတို့လူတွေနဲ့ အလုပ်တွဲမလုပ်ချင်တော့ ဘူး"
Bai Luo Yin ရဲ့မျက်နှာညှိးမှောင်လာပြီး Gu Hai ရဲ့လည်စည်းကို ဆွဲလိုက်တယ်
"Gu Hai, မင်းဒါတွေကို တမင်လုပ်နေတာမလား?"
"ဟုတ်တယ် အစကနေအဆုံးထိ ငါအကွက်ကျကျစီမံထားတာ"Gu Hai က Bai Luo Yin ရဲ့လည်ပင်ကို ဖက်လိုက်ပြီး "ဘာပြောဦးမလဲ?"
Bai Luo Yin က Gu Hai ဗိုက်ကို တံတောင်နဲ့ တွတ်လိုက်ပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။
"Gu Hai, မင်းလူတစ်ယောက်ရဲ့အားနည်းချက်ကို အခွင့် အရေးမယူသင့်ဘူး။ ငါဘာကြောင့် မင်းနဲ့တွဲလုပ်ချင်လဲဆိုတာ မင်းရင်ထဲ မှာ သိပြီးသားပါ။ ဒီလို $သုံးမကျတာတွေ ဆက်မလုပ်နဲ့တော့၊ ဟန်ဆောင်တာတွေလဲ ရပ်လိုက်တော့။ ဒီနေ့ငါပြောချင်တာက အရင်ဈေးအတိုင်းပဲထားပေး၊ နည်းနည်းလေးတောင် မပိုစေနဲ့၊ မင်း သဘောတူလို့ လက်မှတ်ထိုးလိုက်ရင် မင်းနဲ့ငါ ခဏခဏလည်းတွေ့ရ မယ် အဆက်အသွယ်အမြဲမပြတ်လုပ်လို့ရတယ်။ မင်းလက်မှတ်မထိုးရင် တော့ မင်းနဲ့ငါ သူစိမ်းတွေဖြစ် သွား မယ်။ ဒါပဲ!!"
Bai Luo Yin ပါးစပ်က ခံတွင်းနံ့သင်းသင်းက Gu Hai ရဲ့ ရင်ထဲကို စိမ့်ဝင်သွားတယ်။
"ဒီလို စကားလုံး နုနရွရွလေးတွေကို အစောကြီးကတည်း က သုံးလိုက်ရင် ငါတို့တွေဒီလို အချိန်ကုန်ခံစရာ မလိုဘူးပေါ့ ကွာ!" Gu Hai က Bai Luo Yin ရဲ့ ခေါင်းလေးကို ပုတ်လိုက်ပြီး အမြတ်ကြီးစား ကုန်သည်ကြီးပုံစံကနေ သဘောကောင်းတဲ့ အစ်ကိုကြီးပုံစံ ပြောင်းသွား တယ်။
Bai Luo Yin ကတော့ အံကိုကြိတ်ထားပြီး **တိုင်းပြည်ရဲ့ အသက် အိုးအိမ်စည်းစိမ်တွေအတွက် ငါဒီနေ့တော့ သည်းခံလိုက်မယ်**
Gu Hai က စီကရက်ကိုဖွါပြီး Bai Luo Yin ရဲ့မျက်နှာဆီ ကို မီးခိုးငွေ့တွေမှုတ်ထုတ်လိုက်တယ်။ အသံက အေးစက်စက်နဲ့ "ဘယ်လို လဲ... ဟိုနေ့က ဖက်ထုပ်တွေက အရသာရှိရဲ့လား?"End of Chapter 9