CHAPTER 42 - မယုံရတဲ့ နောက်တစ်ယောက်
ညနေခင်းမှာ Gu Hai လှပလွန်းတဲ့ညလယ်စာကို ပြင်ဆင်ရင်း စုံတွဲသီချင်းညည်းနေတဲ့အချိန်..ရုတ်တရက် တံခါးဖွင့်သံကြားရတယ်။ သူ့ရင်ထဲ နည်းနည်း အံ့သြသွားတယ်။ သူ့ခေါင်းထွက်ကြည့်လိုက်တော့ Bai Lou Yin ရဲ့ ဆွဲဆောင်မှုရှိတဲ့ နောက်ကျောကိုတွေ့ရတယ်။
"ချစ်..ဘယ်လိုထွက်လာတာလဲ?"
Gu Hai က ဓါးနဲ့စားစရာတွေကိုလှီးနေပြီး နှုတ်ခမ်းမှာ စီကရက်တန်းလန်းနဲ့ပုံက အရမ်းမိုက်တယ်။ Bai Lou Yin တံခါးကိုမှီရင်း ဒေါသထွက်ချင်ယောင်ဆောင်ပြီး Gu Hai ကို စိုက်ကြည့်နေတယ်။
"ဟိုလူကြီး Zhou ကို ဆေးရုံရောက်အောင်လုပ်လိုက်တာ..ကိုလား?"
Gu Hai က Bai Lou Yin ကို တစ်ချက်ကြည့်လိုက်ပြီး မရိုးသားတဲ့အပြုံးတစ်ခုနဲ့ နှုတ်ခမ်းကို ရွဲ့လိုက်တယ်။ "ဟုတ်တယ်! သူကိုယ်တိုင် ကိုယ့်ဆီလာလည်ခဲ့တာ မဟုတ်လား?"
Bai Lou Yin..မျက်မှောက်ကို အလွန်အကျွံ ကျုံ့လိုက်တယ်။ "ဒါဆို တကယ်ကြီးမင်းပေါ့!!"
Bai Lou Yin ရဲ့လေသံကိုကြားတော့ Gu Hai မျက်နှာကအပြုံးတွေတောင် အရောင်မှိန်ကုန်တယ်။ သူက မီးဖိုမီးကို မြန်မြန်ငြိမ်းလိုက်ပြီး ဟင်းတွေကို ပန်းကန်ထဲထည့်နေတယ်။ ကင်ထား/ကြော် ထားတဲ့ အသားတွေက တရှဲရှဲနားထဲမှာ ကြားနေရတယ်။
"မင်းလုပ်လိုက်တာ မလွန်လွန်းဘူးလား?" Bai Lou Yin က Gu Hai ရှေ့နားကို တိုးကပ်သွားတယ်။
Gu Hai က Bai Lou Yin ကို ကျောပေးပြီး လက်တွေကို ရေဆေးနေတယ်။ ရုတ်တရက် Gu Hai လှည့်လာပြီး၊ ရေစိုနေတဲ့လက်တွေနဲ့ Bai Lou Yin ပါးကို ပွတ်လိုက်တယ်။
"အင်း... အရင်ကထက် ပိုမွတ်လာပြီ" Gu Hai က စနောက်နေတုန်းပဲ။ Bai Lou Yin က သူ့လက်တွေကို ခါးသီးစွာ ပုတ်ချလိုက်တယ်။ Gu Hai မနာလိုဖြစ်လာပြီး ချက်ချင်းမေးတယ်။
"ချစ်, မင်းက သူ့ အတွက် စိတ်မကောင်းဖြစ်နေတာလား?"
Bai Lou Yin က ဒေါသနဲ့ မျက်နှာပျက်နေတယ်။
"ငါက သူ့အတွက်စိတ်မကောင်းဖြစ်လို့မဟုတ်ဘူး။ ဒါပေမယ့် ဒါက မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ငါထင်လို့။ သူ..ငါ့ကို ကြမ်းခဲ့တယ်ဆိုရင်တောင်..ဒါက သူ့ရဲ့လေ့ကျင့်ရေးစတိုင်ပဲလေ။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး။ တင်းကြပ်တဲ့အမိန့်တွေ ငါ့ကိုပေးလေလေ၊ ငါ့ကို အရေးပါ တဲ့ နေရာထားလေလေပဲ။ ရှင်းရှင်းပြောရရင် ငါ့အကျိုးအတွက် သူလုပ်နေတာပဲ"