Chapter 19 နွံတောထဲက အနွေးဓာတ်Bai Luoyin စားပြီးတော့ တစ်ဖက်ကို အော်ပြောတယ်။
"မင်းမိန်းမက ဒီလို အန္တရာယ်များတဲ့နေရာလည်း မင်းကို လာခိုင်းတာပဲ လား ?"
"မိန်းမ ဟုတ်လား "
Gu Hai က "မိန်းမ"ဆိုတဲ့ Bai Luoyin ရဲ့ ဆိုလိုရင်းကို နားမလည်ဘူး။
"ဘယ်က မိန်းမလဲ?"သူ ပြန်အော်တယ်။
Bai Luoyin ပြန်ပြောပြန်တယ်။
"မင်းခုပဲ စေ့စပ်ခဲ့ပြီမလား ?"
"ငါ့ဖင်ကြီးသာ စေ့စပ်လိုက်တော့ "
Gu Hai နာလည်လိုက်တာက Bai Luoyin ဟာ သူ့ကို စေ့စပ်ပြီးသား ယောကျာ်းတစ်ယောက်လို့ ထင်နေတယ်ဆိုတာပဲ။ ဒါကြောင့် သူက အကျယ်ကြီး ပြန်ပြောတယ်။
"တကယ်လို့ ငါသာ စေ့စပ်ပြီးသားဆိုရင် ဒီလိုခက်ခက်ခဲခဲ နဲ့ ရောက် အောင် ဘာကြောင့်လာခဲ့ရမလဲ ? ပုံမှန်အတိုင်းပဲနေပြီး မင်း ဘာသာရွံထဲ ပုပ်ပွနေတောင် ဂရုမစိုက်ဘူး "
Bai Luoyin ရင်ထဲက စိတ်သက်သာရာ ရသွားတယ်။
"စေ့စပ်ပွဲ မလုပ်ခဲ့ဘူးပေါ့? ဒါဆို ဘာလို့ ငါ့ကို ဖိတ်စာကြီးလာ ပေးတာ လဲ? ငါ့ကို သက်သက် အရူးလုပ်တာလား ?"
"ဟုတ်တယ်။ ငါ သက်သက်မဲ့လုပ်တာ အရူးရဲ့ "
Bai Luoyin က မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီး အော်တယ်။
"မင်း သိပ်ရက်စက်တာပဲ "
"ငါက ရက်စက်တယ် ဟုတ်လား ? "Gu Hai ပြန်ပြောတယ်။
"ဒါဆို မင်းရည်စားက လိမ္မာလွန်းလို့၊ သူသာ လိမ္မာတယ်ဆိုရင် မင်းကို ဘာလို့ လာမရှာသလဲ၊ ကဲ ပြော?"
Bai Luoyin မျက်နှာက စူပုပ်နေပေမယ့် တကယ်တော့ သူ့ရင်ထဲ မှာ အပျော်တွေ လွန်နေပြီ။
"သူက သာမာန် မိန်ကလေးဥစ္စာ၊ ဒီလို နေရာမျိုးကို ဘယ်လိုလာမလဲ ?"
Gu Hai စိတ်ဆိုးလာပြီ။ "ငါ့လို ပုဂ္ဂိုလ်မျိုး ကျတော့ မြည်းတစ်ကောင်လို (ငတုံးလို)ဆက်ဆံတယိပေါ့? ငါ့ကျ တွင်းထဲကျကျ၊ ရွံ့လူးလူး၊ အေးတာပဲဆိုတဲ့သဘောလား? မင်းကြည့်လေ ဘယ်လို ပုဂ္ဂိုလ်များများ စားစားကများ မင်းကို လိုလိုလားလား လာရှာလို့လဲ? မင်းရဲ့ ရဲဘော် ရဲဖက် ဆိုတာတွေ ကရောလာရှာလို့လား? ပြီးတော့ မင်း အိပ်ယာပေါ် တက်အိပ်ပြီး ဖက်ထုပ်တွေ ယူလာတဲ့ ကလေးကရော လာရှာလို့လား ?"
Bai Luoyin ဟာ တဖက်ကလာတဲ့ Gu Hai ရဲ့ ရင်တွင်းပေါက်ကွဲ သံတွေကြားတော့ သူ ဘာမှပြောစရာမရှိတော့ဘူး။ နောက်တော့ သူ ဘာပြော ရမယ်မသိတော့ အော်ပြောလိုက်တယ်။
"ကဲ ကဲ နားလိုက်ဦး "
Gu Hai ခဏတော့ ပါးစပ်ပိတ်သွားပြီ။
သူတို့ နှစ်ဦးကြားမှာ အမြှပ်တစီစီ ထနေတဲ့ နွံအိုင်ကြီး ခြားနေတယ်။ ဘေးပတ်ဝန်ကျင်ဧရိယာမှာ မြူတွေ ဆိုင်းနေတယ်။ နှစ်ယောက်သား ပုလ္လင်ခွေ ထိုင်နေကြတာ ဘုန်းတော်ကြီးတွေ တရားကျင့်နေတာနဲ့တူ တယ်။ စိတ်ငြိမ်သွားပြီဆိုမှ တစ်ယောက်ကို တစ်ယောက် အကြာကြီး စိုက်ကြည့်နေကြပြီး သူတို့ရင်ထဲမှာ ခံစားချက်တွေက ရှုပ်ယှက်ခတ်နေ တယ်။
Bai Luoyin ရဲ့ နှုတ်ခမ်းပွင့်လာပြီး မေးလိုက်တယ် ။
"အတည်ပြော။ မင်း ဒီကို ဘယ်လိုလုပ်ပြီး လာခဲ့တာလဲ?"
Gu Hai က ဒီမေးခွန်းကို ကြားတာနဲ့ ချက်ချင်းပဲ တဖက်ကနေ အမြင်ကတ်ကတ်နဲ့ စကား (၃) လုံးပဲ ပြန်ပြောလိုက်တယ်။
"ကိုယ်ဖော့သိုင်းနဲ့ "
Bai Luoyin က မျက်ရည်ထွက်တဲ့အထိ အူလိုက်သည်းလိုက် ရယ် တယ်။ သူ့ရင်ထဲမှာ အဖြေကိုသိထားပါလျက် ဘာလို့ ဒီမေးခွန်းကို မေးခဲ့မိပါလိမ့်? နှစ်တွေ အများကြီး ကြာခဲ့တာကြောင့် သူ့ပုံစံတွေလည်း ပြောင်းသွားပြီ၊ သူ့အလုပ်လည်း ပြောင်းသွားပြီ။ သူ့ရာထူးလဲ ပြောင်း သွားပြီး။ သူ့အရင်က အရာအားလုံးဟာ ပြောင်လဲသွားပြီ__ မပြောင်းလဲတာ တစ်ခုကတော့ Gu Hai သူ့အပေါ်ထားတဲ့ စိတ်ထား တစ်ခုပဲ။
Bai Luoyin ဟာ မြေပြင်ပေါ် လက်ထောက်ထိုင်နေပြီး မြူဆိုင်း နေတဲ့ ကောင်းကင်ကို ကြည့်နေတဲ့ အချိန်မှာ သူ့ခံစားချက်က ကြည်လင်နေ တယ်။
Gu Hai ဟာ သက်တောင်သက်သာလှဲရင်း တစ်ဖက်က လူကို ကြည့်နေ တယ်။ ပြီးတော့ သူ့ဖက်က မြေကြီးကို ကြည့်လိုက်တော့ (၂)ပေတောင် မကျယ်ဘူး။ ဒီအပြင် အောက်မှာလည်း ဗွက်အိုင်။ နောက်တော့ သူအော် တယ်။
"ငါ ကူးလာပြီဟေ့"
Bai Luoyin ရုတ်တရက်ထထိုင်လိုက်ပြီး အလန့်တကြား လှမ်းအော် တယ်။
"မလှုပ်နဲ့ "
Gu Hai အတွန့်တက်တယ်။ "ငါ့ဘက်က မြေနေရာလေးက ကျဉ်းကျဉ်း လေး။ ငါ့ခြေထောက်တောင်ဆန့်လို့မရဘူး။ နေရထိုင်ရ အရမ်းကြပ် တယ်။"
Bai Luoyin က လက်ကို ဝေ့ယှမ်းရင်း "ဒါဆို မင်းရဲ့ အနောက်ဘက်မှာ မာပြီး ပိုကျယ်တဲ့ မြေများ ရှိမလာလို့ ကြည့်....."
"နောက်ပြန်ဆုတ်ရမယ် ဟုတ်လား ?"
Gu Hai ရဲ့ မျက်နှာမှာ မကျေနပ်ချက်တွေနဲ့
**မင်းဆီ လာခဲ့ရတာ ငါ့အတွက် လွယ်တာ မဟုတ်ဘူး၊ ဒါတောင် ငါက အနောက်ကို ပြန်သွားရမှာတဲ့လား**
"ရတယ်။ ငါ ရွှံ့အိုင်တွေ အများကြီး ဖြတ်ခဲ့ပြီးပြီ။ ငါကိုယ်ငါ ထိန်းနိုင်ရင် ဖြတ်လို့ ရပြီ။"
အဲ့လို ပြောပြီးနောက် သူ ကုန်းလိုက်ပြီး တစ်ဖက်ကမ်းကို တွားသွား လိုက်တယ်။ Bai Luoyin ဆန့်ကျင်နေတာကို လျစ်လျူရှုထားတယ်။ အဲ့ဒီမှာ မြေက တော်တော်ပျော့တယ်။ ခြေချလိုက်တာနဲ့ ခန္ဓာကိုယ် တစ်ဝက်လောက်က နစ်ဝင်သွားပြီ။ Bai Luoyin မျက်နှာကပြာနေပြီ။ သူက (၂)ခါလောက် ဟောက်လိုက်သေး တယ်။ Gu Hai က နောက်ဆုံး မှ ရွှံ့ထဲမှာကိုယ်ကို ထိန်းလိုက် နိုင်ပြီး နည်းနည်းစီရွေ့လာတယ်။ ဒီလိုလေးပဲ သူက တစ်လက်မချင်းစီ ရွေ့သွားတယ်။ ဒါပေမယ့် ဒီလိုသာ သွားနေရင် Bai Luoyin ရှိတဲ့ဘက်ကို အန္တရာယ်ကင်ကင်းရောက်ဖို့ နာရီ ပေါင်း တော်တော်ကြာလိမ့်မယ်။ ဒီကြားထဲမှာလည်း အသက်ဆုံးရှုံးသွား နိုင်တယ်။ ရွေးချယ်စရာ မရှိလို့ Gu Hai ဟာ မြက်တွေကို အားပြုပြီး သူ့ အရင်နေရာကို တွားသွားခဲ့ရတယ်။
Bai Luoyin က ခုမှပဲ စိတ်အေးပြီး သက်ပြင်းချလိုက်တယ်။ သူ့ကျောမှာတော့ ချွေးစို့နေပြီး "မလှုပ်နဲ့ အဲ့ဘက်မှာပဲ နေပါနော်"
Gu Hai က အသက်ဝအောင်ရှုပြီးမှ ရုတ်တရက် သူ့အိတ်ထဲမှာ ပါလာတဲ့ အရာကို သတိရသွားလို့ သူက အဲ့ဒီအရာကို မြန်မြန် ဆွဲထုတ်လိုက် တယ်။
Bai Luoyin က Gu Hai ဟာ လေဖောင်းအိတ်ပြားတစ်ခုကို ဆွဲထုတ် လိုက်တာကို စိုက်ကြည့်နေတယ်။ လေဖြည့်လိုက်တာနဲ့ တပြိုင်နက် အဲ့ဒီအရာဟာ တစ်ယောက်အိပ် မွေ့ရာအရွယ်လောက် ကြီးသွားတယ်။ ဒါနဲ့ဆိုရင် ခန္ဓာကိုယ်လည်း ရွံ့တွေနဲ့ မထိနိုင်တော့ဘူး။ ကြိုးတပ်လိုက်ပြီး တစ်ယောက်က အဲ့ဒါအပေါ်မှလှဲအိပ်ပြီး နောက်တစ်ယောက်က တစ်ဖက်ကနေ ဆွဲမယ်ပေါ့။
Bai Luoyin က Gu Hai ကို မစွန့်စားခိုင်းချင်လို့ အော်ပြောလိုက်တယ်။
အဲ့ဒီလေအိတ် ငါ့ဆီ ပေးလိုက်၊ ငါကူးခဲ့မယ်"
Gu Hai က မျက်နှာညိုညိုနဲ့ ပြန်ဖြေတယ်။
"ငါ့ဖက်က နေရာက အားလုံးပေါင်းမှ ဒီလောက်ပဲ ကျယ်တာ၊ ငါတောင် မနည်းထိုင်ရတယ်။ မင်းလာရင် ကျပ်နေမှာပေါ့?"
မတတ်နိုင်ဘူး။ Bai Luoyin အော်ရတယ်။
"ဒါဆို ငါ့ဆီ ကြိုးပစ်ပေးလိုက်"
ဒါနဲ့ပဲ တစ်ယောက်က air pad ပေါ်တက်ပြီး ကျန်တစ်ယောက်က တစ်ဖက်ကနေ ကြိုးနဲ့ဆွဲတယိ။ ၁၀ မိနစ်တောင် မကြာဘူး၊ Gu Hai ဟာ ဒီဖက်ကမ်းကို ချောချောမွေ့မွေ့ ရောက်လာတယ်။
(၈) နှစ်ကြာပြီးမှ သူတို့ နှစ်ယောက် စိတ်ရင်းအမှန်နဲ့ ဖက်လိုက်ကြ တယ်။ တင်းတင်းကြပ်ကြပ် ဖက်နေကြတယ်။
နီးကပ်နေတော့ သူတို့ ခနဲ့တဲ့တဲ့ စကားတွေလဲ မပြောချင်တော့ ဘူး။ Gu Hai ရဲ့ လက်က Bai Luoyin ရဲ့ ခေါင်းနောက်ကို ကိုင် ထားပြီး သူ့ လေသံက အားငယ်နေတယ်။
"မင်း ဒီရက်ပိုင်း အသေချမ်းနေခဲ့မှာပေါ့၊ ဟုတ်တယ်မလား ?"
"ငါ ချမ်းတာ ခံနိုင်ပါတယ်။ဗိုက်ဆာတာလေးသာ ...."
Bai Luoyin က အမှန်အတိုင်းဖြေတယ်။
Gu Hai က သူ့ရှေ့မှာ ရှိတဲ့ သစ်ခေါက်တွေကွာနေတဲ့ သစ်ပင်ကို မြင် တော့ သူ့ဗိုက်ထဲ နေလို့ မကောင်းတော့ဘူး
"အိတ်ထဲမှာ စားစရာတွေ ရှိသေးတယ်။ နည်းနည်းထပ်စား လိုက်ဦး "
Bai Luoyin ရဲ့ လက်တွေက Gu Hai ပခုံးကို တင်းတင်းဆုပ် ထားပြီး အသံကလည်း ခြောက်သွေ့နေတယ်။
"လွန်ခဲ့တဲ့ (၃)ရက်စလုံး ငါ့ကို ရှာနေခဲ့တာမလား? ဒီသုံးရက်စလုံး လည်း မင်း ဒီအိတ်ထဲက မုန့်တွေ တခုမှ မစားခဲ့ဘူးမလား ? ဘယ်လိုလုပ်ပြီး မုန့်တွေက အများကြီး ကျန်နေရတာလဲ ?"
"အဲ့ဒီလို မဟုတ်ပါဘူးကွာ "
Gu Hai က နှစ်သိမ့်စကားဆိုတယ်။
"ငါ ၁ရက်ပဲ မင်းကို ရှာခဲ့တာ။ ကျန်၂ရက်က လေယာဉ်ပေါ်ကနေ လိုက်ရှာတာ။ ငါ အစားလည်း စားတယ်။ ငါ ဒီလို မုန့်တွေ အများကြီး ယူခဲ့တယ်ဆိုတာလည်း ငါ ဒီတောထဲမှာ မျက်စိလည် နေပြီး ဒီမှာပဲ ငတ် သေသွားမှာ စိုးလို့ "
တကယ်တော့ Gu Hai ရေလဲ မသောက်၊ အစားလဲ မစားတာ ၃ရက် ရှိပြီ။
"ငါ မယုံဘူး "
Bai Luoyin က Gu Hai နည်းနည်းခွာပြီး သေချာကြည့်လိုက် တယ်။
"ငါ မင်းဗိုက်ကို ကိုင်ကြည့်တာနဲ့ ဘယ်နှစ်ရက် ထမင်းမစားထားလဲ ဆိုတာ သိတယ်"
"ဒီလိုစွမ်းရည်တွေ ကျန်သေးလို့လား ?"Gu Hai က သရော်တယ်။
Bai Luoyin က တကယ်ပဲ Gu Hai အင်္ကျီထဲကို လက်နှစ်ဖက်စလုံး ထည့်လိုက်တယ်။ Gu Hai ရဲ့ အရေးပြားကို ရေခဲလို အေးစက်နေတဲ့ လက်တွေ ထိလိုက်တာနဲ့ သူရဲ့ ကြွက်သားတွေတောင် နဲနဲကျုံ့သွား တယ်။ Gu Hai ဟာ ဒီလို အေးစက်စက် ဖြစ်နေတဲ့ အထိအတွေ့ အာရုံ ကို မခံစားရတာ ကြာပြီမို့ နဲနဲ အနေရခက်တယ်။
"မင်း ဘာမှ မစားတာ ၃ရက် ရှိပြီ "Bai Luoyin က ပိုင်ပိုင်နိုင်နိုင် ပြောလိုက်တယ်။
နောက်တော့ သူ့လက်ကို ပြန်ထုတ်မလို့ လုပ်ပေမယ့် Gu Hai က လက် ကို လှမ်းဆွဲလိုက်တယ်။
"မင်းလက်တွေက အေးစက်နေတာပဲ။ အတွင်းထဲ ပြန်ထည့်ထား "Bai Luoyin လည်း ဟန်လုပ်မနေတော့ဘူး။ ဒီလို အခွင့်အရေးမျိုးမရတာ ကြာလှပြီမို့ ဒီအတိုင်းလေး နေရတာ ပျော်စရာပဲ ။
အမျိုးသား ၂ယောက်စလုံးက သစ်ပင်ကို မှီပြီး ထိုင်နေကြတယ်။ Bai Luoyin က Gu Hai ရဲ့ ကျောထဲကို လက်ထည့်ထားပြီး Gu Hai နောက်မှာပဲထိုင်နေတယ်။ ခဏကြာတော့ သူက Gu Hai ရဲ့ ကျောရိုး မကြီး တစ်လျှောက် ကြောက်စရာ အမာရွတ်ကြီးနဲ့ ထိတွေ့မိတယ်။ ခါးက အမာရွတ်နဲ့ ယှဉ်လို့တောင် မရဘူး။
"အရမ်းကြောက်နေခဲ့မှာပေါ့""Gu Hai မေးတယ်။
Bai Luoyin က Gu Hai ရဲ့ ကျောပေါ်ကို ခေါင်းမှီလိုက်ပြီး တိုးတိုးလေး ပြောတယ်။
"ငါ့ကို မုန်းနေသေးလား ဟင်?"
Gu Hai က တမင် ခါးသီးမုန်းတီးတဲ့ လေသံကြီးနဲ့ ခပ်လေးလေး အသံပြုတယ်။
"ဟင်း ဟင်း ...ဟင်း "
Bai Luoyin က လေးလံတဲ့ စိတ်တွေနဲ့ သက်ပြင်းချလိုက်တယ်။
"အဲ့ဒီအချိန်တုန်းက ငါတကယ်ကို ထွက်မသွားချင်ပါဘူး။ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာမှ မရှိတာ။ တစ်ယောက်ယောက်က ငါ့ကို မရှိစေချင်ဘူး။ ပြီးတော့ မင်းကလဲအိပ်ရာထဲမှာ သတိမေ့နေ တယ်။ မင်းအသက်နဲ့ ငါ့ကို ခြိမ်းခြောက်မှာလဲ ငါ ကြောက်တယ်။ ငါလေ မင်းရှိတဲ့အဆောင် ကိုလဲ လာမကြည့်ရဲဘူး။ မင်းကို မြင်လိုက်ရင် ထွက်မသွားနိုင်တော့မှာ စိုးလို့။ တကယ်တော့ ဒီနှစ် တွေမှာ မင်းကို အမြဲ အားနာနေခဲ့ရတာပါ"
အဆုံးရောက်ခါနီး ဗိုလ်မှူး Bai အသံက တိမ်ဝင်သွားတယ်။ သူရဲ့ နှလုံးသား တစ်ခုလုံးကို ဆွဲနှုတ်သွားခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေ ကို သတိရနေပေမယ့် ဖြစ်ပြီးသမျှတွေကိုတော့ ဘာမှမပြောင်းလဲနိုင်တော့ ဘူး။
Bai Luoyin ဒီလို ကြင်ကြင်နာနာ လေသံနဲ့ ပြောတာကို Gu Hai ကြားဖူး တာ ဒါပထမဆုံးပဲ။သူ့နှလုံးသားတွေလဲ ပျော့ပျောင်းတည်ငြိမ်လာပြီ။
"မင်းလည်း စိတ်ချမ်းသာခဲ့ရတာမှ မဟုတ်တာ။ ဒီတစ်ခေါက် ခုလို မတော်တဆမှုဖြစ်တော့ ငါ့ရင်ထဲမှာ အားလုံး နားလည်သွားနိုင် ပါပြီ"
"ဒါဆို ငါ့ကို မမုန်းတော့ဘူပေါ့"Bai Luoyin က ရှိုက်မေးတယ်။
Gu Hai က သူ့လက်ကိုလှုပ်ရင်း "ပြီးခဲ့တာတွေ ပြီးပါစေတော့။ ဒီနှစ်တွေ က မင်းအတွက်လည်း မလွယ်ကူခဲ့ဘူးမလား ?"
Bai Luoyin က Gu Hai အကျီ်ထဲက လက်ကို ထုတ်လိုက်ပြီး Gu Hai မျက်နှာကိုကိုင်ကာ သူနဲ့ မျက်နှာချင်းဆိုင်စေတယ်။ Gu Hai ရဲ့ နှလုံးသားထဲကို စူးနစ်သွားအောင် ကြည့်လိုက်ပြီး သူ အမိန့်ပေးလိုက တယ်။
"ဒါဆို အဲ့ဒီကောင်မလေးကို ဖြတ်လိုက်တော့ "
Gu Hai က သူ့ရှေ့က သူရဲကောင်းဆန်ဆန်ချောတဲ့ မျက်နှာလေး ကို ကြည့်ရင်း မှင်သေသေ ပြန်မေးတယ်။
"ဖြတ်ရမယ်?"
"ဟုတ်တယ် မင်းမှ သူ့ကို မကြိုက်တာ။ အဲ့ဒီတော့ သူမအချိန်တွေ ကို မဖြုန်းပါနဲ့လား "
Gu Hai လန့်သွားတယ်။ ဒီလိုခံစားမှုမျိုးက တစ်ယောက်ယောက် က သူ့ သွေးကြောထဲကို ဘိန်းဖြူထိုးသွင်းနေပေမယ့် သူက အဲ့ဒီဆေးရဲ့ အစွမ်း ကို ထိန်းချုပ်ထားနေသလိုမျိုးပဲ။ သူရဲ့ ရီဝေဝေ မျက်လုံးတွေနဲ့ Bai Luoyin ကို တည့်တည့်ကြည့်ရင်း ပြန်ဖြေတယ်။
"မကြိုက်ဘူးလို့ မင်းကို ဘယ်သူပြောသလဲ?"
Bai Luoyin ရဲ့ မာနကြီးနေတဲ့ စရိုက်ကြောင့် ခုလို သူ့ရင်ထဲက လိုချင်တဲ့အရာနဲ့ သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းကြီး ပြောဆို ဆက်ဆံတယ်ဆိုတာ သူ့ဘက်က 100% သေချာနေလို့ပဲ။ အကယ်၍ တစ်ယောက်ယောက်က အဲ့တာကို အသိအမှတ် ပြုမပေးရင် တော့ ဒါဟာ တော်တော်အားမလိုအားမရ ဖြစ်စရာ အခြေအနေပဲ။
Bai Luoyin က သူ့ဒူးကို သုံးပြီး Gu Hai ရဲ့ မြီးညှောင့်ရိုးကို ထိုးလိုက် တယ်။ Gu Hai ရဲ့ အောက်ပိုင်းတစ်ခုလုံး ထုံသွားတယ်။
"ဒါက အမိန့်ပဲ။ မင်း နာကို နာခံရမယ်"
Gu Hai က ကျိတ်ပျော်နေတယ်။ "ဗိုလ်မှူး အာဏာကို သုံးပြီး ငါ့ကို ဖိတာလား? ပြောထားမယ်နော်။ ငါ့ကို အပျော့ဆွဲပဲ ဆွဲလို့ ရမယ်။ ဇွတ်အတင်းလုပ်လို့ မရဘူး။တကယ်လို့ သင့်တော်တဲ့ အကြောင်းပြချက် တစ်ခု ပေးနိုင်ရင်တော့ စဉ်းစားပေးမယ်"
Bai Luoyin က Gu Hai ဘာကြားချင်လဲဆိုတာ သိပေမယ့် သူ မပြော ဘူး။
"ဇွတ်အတင်းခူးတဲ့ ဖရဲသီးက မချိုဘူးတဲ့။ ဒီက အစ်ကိုက မင်းကောင်းဖို့ ပြောတာ"
Gu Hai ကလည်း အရိုက်ခံချင်နေတာနဲ့ တမင်ဖြေတယ်။
"အချစ်ဆိုတာလုပ်ယူလို့ရပါတယ်။ ရှေးကဆို တစ်ယောက်နဲ့ တစ်ယောက်မမြင်ဖူးဘဲနဲ့တောင် လက်ထပ်ကြသေးတယ်။ သူတို့ သက်ဆုံးတိုင် ပေါင်းသင်းကြတာပဲမလား ?"
Bai Luoyin က Gu Hai ကို လည်ပင်း ညှစ်လိုက်ပြီး
"တည်တည်တန့်တန့် မနေနိုင်ဘူးလား ?"
Gu Hai က Bai Luoyin နဖူးကို လက်ညိုးနဲ့ ထိုးပြီး "သတိပေးထား မယ်။ ငါနဲ့ ရန်ဖြစ်ဖို့ မကြိုးစားနဲ့။ငါက အခု လူကြီးလူကောင်း ဖြစ်နေပြီ"
"လူကြီးလူကောင်းဖြစ်ဦး။ ကဲ ဖြစ်ဦး "
ဗိုလ်မှူး Bai က တပ်သားသစ်တွေပေါ် သုံးခဲ့တဲ့ ပါဝါတွေ ထုတ်ပြီး MD Gu ကို တဗြန်းဗြန်း ရိုက်နေပါတော့တယ်။End of Chapter 19