CHAPTER -85=> မြင့်မားသောစိတ်ဓာတ်အားပျိုးထောင်ခြင်း

118 9 0
                                    

CHAPTER -85=> မြင့်မားသောစိတ်ဓာတ်အားပျိုးထောင်ခြင်း
    
              ဇူလိုင်လထဲ ဘေဂျင်းစစ်တပ်အရာရှိများရဲ့ ရာထူးတိုးချီးမြှင့်ပွဲအခမ်းအနားကို တပ်ထဲရှိခန်းမအသေးလေးမှာပဲ စစ်တပ်ဌာနကော်မရှင်မှ ကြီးမှူးကျင်းပခဲ့တယ်။ လေတပ် ရဲ့ ဒုတိယရာထူးအကြီးဆုံးလူကြီးမင်းက အရာရှိ(၇)ဦးကို တရားဝင်လက်မှတ်နှင့်တကွ ရာထူးတိုးသည့်အမိန့်စာကို ထုတ်ပြန်ပေးတယ်။(၇)ဦးထဲမှာ၊ Gu Wei Ting က ဗိုလ်ချုပ် အဆင့်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ လည်းကောင်း၊ Zhou Ling Yun က ဗိုလ်မှူးချုပ် အဆင့်မှ ဗိုလ်ချုပ်အဆင့်သို့လည်းကောင်း ရာထူးတိုးခဲ့ကြတယ်။
       အကြီးပိုင်းအရာရှိများ ရာထူးတိုးပွဲအခမ်းအနားပြီးတဲ့နောက် (၂)ရက်ကြာတော့၊ နယ်ဘက်စစ်တပ်မှာလည်း တပ်အရာရှိများ၏ ရာထူးတွေအတွက် ရာထူးတိုးပွဲ အခမ်းအနားကို ကျင်းပပြန်တယ်။
      "Bai Luo Yin ဟာ စစ်တပ်ဝင်လာကတည်းက အများနဲ့မတူ ထူးခြားစွာ စွမ်းဆောင် နိုင်ခဲ့တယ်။ ဖေဖော်ဝါရီလက၊သူဟာကျွန်ုပ်တို့ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက် ခဲ့တဲ့ ရန်သူ့လေယာဉ်အား ပစ်ချခဲ့ပြီး၊ပထမအဆင့်ဆုတံဆိပ်ကိုရရှိခဲ့တယ်။  မတ်လမှာ၊ သူဟာလေယာဉ်ပျံသန်းမှုလေ့ကျင့်စဉ် လေသူရဲတစ်ဦးအား ကယ်ဆယ်ပြီး ဒုတိယ အဆင့်ဆုတံဆိပ်ကိုရခဲ့ပြန်တယ်။ လတ်တလောကာလ၊ လေယာဉ်မောင်းစွမ်းရည် အလှပြပွဲတစ်လျှောက် ထူးချွန်ပြောင်မြောက်စွာ သရုပ်ပြခဲ့ပြီး ၊တတိယအဆင့်ဆုတံဆိပ် ရယူခဲ့တယ်။ သုတေသနတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ်၊သူဟာတာဝန်များကို ပိုင်ပိုင်နိုင်နိုင်ထမ်းဆောင်ခဲ့ပြီး၊ လေတပ်ဆိုင်ရာ သိပ္ပံပညာရပ်နှင့် နည်းပညာ ဘာသာရပ်ကို ကျေပွန်စွာလေ့လာသင်ယူခဲ့တယ်။ ဒါ့ကြောင့် Bai Luo Yin အား ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးအပ်ပြီး၊တပ်စိတ်ဌာနခွဲ ကွန်မန်ဒါအဖြစ် တာဝန် ထမ်းဆောင်နေရာမှ တပ်မခေါင်းဆောင်တာဝန်သို့ တိုးမြှင့်ထမ်းဆောင်ရန်ချီးမြှင့်သည်"
        Liu Chong ကလည်း ထူးထူးချွန်ချွန်စွမ်းဆောင်ထားတဲ့အတွက် ဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်သို့ ရာထူးတိုးခဲ့တယ်။
       Zhou Ling Yun က အဆင့်အမျိုးမျိုးရာထူးတိုးကြောင်း အမိန့်စာကိုဖတ်ပြပြီးတဲ့ နောက်၊ ဘေဂျင်းစစ်တပ်ဌာနမှ လေတပ်ကွန်မန်ဒါက တရားဝင်လက်မှတ်များချီးမြှင့်ပေး တယ်။
      Bai Luo Yin နဲ့တကွ အခြားသောအရာရှိများဟာ အမိန့်ပေးစင်ရှေ့မှာ စိတ်ဓာတ် တက်ကြွနေကြတယ်။တရားဝင်လက်မှတ်များကိုတက်ယူပြီးတဲ့နောက်၊ သူတို့တွေ အားလုံး... အခမ်းအနားပွဲကို တက်ရောက်ချီးမြှင့်ပေးကြတဲ့ အထက်လူကြီးများကို အလေးပြုကြတယ်။ ပရိသတ်တွေရဲ့ နွေးထွေးတဲ့လက်ခုပ်သံတွေဆူညံသွားတယ်။
      Bai Luo Yin တစ်ယောက် စင်ပ်ါကဆင်းတော့ ၊ Zhou Ling Yun ဘေးက ဖြတ်လျှောက်သွားရတယ်။
    Zhou Ling Yun ရာထူးတိုးသွားခြင်းကြောင့် လေ့ကျင့်ရေးမှာ တပ်ကိုဦးဆောင်ဖို့ရာ တကယ့်ကိုအခွင့်အရေးနည်းသွားပြီး၊သူ့ရဲ့အားထုတ်မှုအများစုကို တပ်အုပ်ချုပ်စီမံခန့်ခွဲရေးဘက်ကို ပြောင်းရတော့တယ်။ Bai Luo Yin ရဲ့ ရာထူးတိုးခြင်း ကလည်း ထိုနည်းလည်းကောင်းပဲ--- သူလည်းလေ့ကျင့်ရေးမှာ ပါဝင်ဖို့အခွင့်အရေး နည်းသွားပြီ။
        အဓိကဆိုလိုရင်းကတော့၊ညသန်းခေါင်ကြီး Zhou Ling Yun က လေ့ကျင့်ရေး အချက်ပြဥသြဆွဲတိုင်း Bai Luo Yin တစ်ယောက်ထပြီးတိုက်ပွဲ (ပြင်းထန်တဲ့ လေ့ကျင့်ရေး) ဝင်ရတဲ့ခေတ်ကုန်သွားပြီ။ ဘယ်တော့မှ အဲဒီခေတ်ကိုပြန်မသွားရတော့ ဘူး။
      ဒါ့ကြောင့် Bai Luo Yin ဟာ Zhou Ling Yun ဘေးကဖြတ်သွားတဲ့အခါ Zhou Ling  Yun ဘေးကလေထုက သက်တောင့်သက်သာရှိပြီး လိုက်လျောညီထွေရှိလာသလို ခံစားရတယ်။
     Bai Luo Yin တစ်ယောက် နည်းနည်းလေး အောက်ခြေလွတ်သလိုဖြစ်နေတဲ့အတွက် Zhou Ling Yun ရဲ့ အေးစက်စက်စကားသံကသူ့နားထဲမှာတော့ သိပ်မရှင်းမလင်းကြား နေရတယ်။
     "မင်း မပူနဲ့၊ မင်းကိုငါ ခဏခဏလာရှာမယ်"  
    Bai Luo Yin က Zhou Ling Yun ကို ချစ်စရာကောင်းစွာ ပြုံးပြလိုက်တယ်။ တွေဝေမှု တောင်မရှိဘဲ
     * လာလိုက်စမ်းပါ။ ကျွန်တော်လိုဆရာကြီးကခင်ဗျားကိုမကြောက်တော့ဘူး*  
   Zhou Ling Yun က သူ့ရဲ့သုန်မှုန်နေတဲ့မျက်နှာကြီးကို သူ့ရဲ့အပြုံးထူထူအောက်မှာ ဖွက်ထားတယ်။ Bai Luo Yin ဟာ Zhou Ling Yun ရဲ့လက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဦးဆုံးဖြစ်ပြီး ၊Bai Luo Yin ကအရှုံးမပေးတဲ့အပြင်၊ပိုလို့ပိုလို့တောင် တော်လာတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်လာတယ်။ Zhou Ling Yun သဘောကျပါတယ်။
-----###
      Bai Luo Yin က တပ်အဆောင်တွေတစ်လျှောက် လမ်းလျှောက်နေတဲ့အခါ၊ ရံဖန်ရံခါဆိုသလို အခြားသူတွေရဲ့ မျက်လုံးတွေထဲက အားကျပြီးချီးကျူးတဲ့ အမျိုးမျိုး သောဂုဏ်ပြုခြင်းကိုရရှိတယ်။ ဒါပေမယ့် သူကတော့ဒါကိုအလေးမထားသလိုနေရင်း သူ့ရဲ့ထုံးစံအတိုင်း  တည်ကြည်တဲ့စတိုင်ကိုထိန်းထားတယ်။ ဒီလိုချီးကျူးမှုတွေနောက်ကို တမင်တကာကြီးလိုက်နေတာမျိုးတော့ သူသေတောင်လုပ်မှာမဟုတ်ဘူး။
     Liu Chong ဟာ Bai Luo Yin ရဲ့ သိပ်မဝေးတဲ့တစ်နေရာမှာ အရာရှိတစ်ဦးနဲ့ စကားပြောနေတယ်။ Bai Luo Yin လာတာလည်းသူမြင်ရော၊ သူကချက်ချင်းပဲ မျက်နှာပိုးသတ်လိုက်ပြီး၊ ကောင်းကောင်းမွန်မွန် အလေးပြုတယ်။
    "Hi, ဗိုလ်မှူးကြီး! Hi , တပ်မခေါင်းဆောင်ကြီး !"
    Bai Luo Yin ရဲ့မျက်နှာအမူအရာကပျက်နေတယ်။ "မင်းဒီမှာဘာလုပ်နေတာလဲကွ?"
   "Xiao Dong နဲ့ကျွန်တော် , ဒီနေ့ညဂုဏ်ပြုပွဲအကြောင်းပြောနေကြတာ, ဟီးဟီး----"
    "ဒါလေးများကွာ, ဘာဂုဏ်ပြုစရာလိုလဲ?" Bai Luo Yin ရဲ့အာဏာရှင်ဆန်တဲ့ မျက်လုံးတွေက အေးစက်စက်နဲ့ သူတို့အပေါ်ရောက်လာပြီး "ဘာအတွက်လဲ? ကောင်းတာလေးဖြစ်လာတာအောက်ခြေလွတ်မနေကြနဲ့။ မင်းတို့လျှောက်ရမယ့်လမ်းကအရှည်ကြီးကျန်သေးတယ်"
     Liu Chong အလေးပြုတယ်။ "ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး!"
    သူတို့ရယ်ရင်း အဝေးကိုလျှောက်သွားတာကိုကြည့်နေပြီးမှ ၊Bai Luo Yin ဟာ သူ့တပ်အိမ်ဆီပြန်လာခဲ့တယ်။
    အခုလိုရာထူးတိုးခြင်းကြောင့် ၊သူ့လုပ်ကိုင်ခွင့်တွေကလည်း အရင်နဲ့တောင်မတူတော့ ဘူး။ မကြာခင် Bai Luo Yin ဟာ သူ့တပ်အိမ်ကနေပြောင်းရတော့မယ်။ ဘယ်နေရာကို ပြောင်းရမလဲဆိုတာကတော့ ဆုံးဖြတ်ချက် မကျသေးဘူး။ ပြီးတော့ တပ်အပြင်ဘက်မှာ သူနေခွင့်ရဖို့ လျှောက်ထားလို့ရနိုင်/ မရနိုင်ဆိုတာကလည်း ဒီအချိန်မှာ မသိရသေးဘူး။ ဒါပေမယ့်အနည်းဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်လေးရှိတယ်။ အရင်ကဆို ဒီလို ကိစ္စမျိုးတွေဆို သူတွေးတောင်မတွေးရဲခဲ့ဘူး။
  တံခါးကိုပိတ်ပြီးတဲ့နောက် ၊ယူနီဖောင်းကိုပြုပြင်တယ်... အင်္ကျီကော်လံကို တည့်မတ် လိုက်တယ်..... ခါးပတ်ကိုပြန်ကြပ်လိုက်တော့ တက်ကြွရွှင်လန်းပြီး ချောမောတဲ့ အရာရှိ တစ်ဦး မှန်ရှေ့မှာပေါ်လာတယ်။Bai Luo Yin ပါးစပ်မှာ အပြုံးတွေကလျှံကျနေတယ်။
     သူ Gu Hai ဆီသွားကြွားချင်တယ်။
     အရင်အချိန်ကတော့ Bai Luo Yin က သူ့ရဲဘော်တွေကိုမာန်ချပြီးနေစေချင်ခဲ့ ပေမယ့်၊ အခုအချိန်မှာတော့၊ သူဟာ တပ်ကကားတွေနဲ့ ဒိတ်ဒိတ်ကြဲလက်ရွေးစင် တပ်သားအုပ်စုကိုဦးဆောင်ပြီး ၊ Gu Hai ကုမ္ပဏီကို အရှိန်နှုန်းကြီးကြီးနဲ့ ခရီးထွက် လာကြတယ်။
      လမ်းရောက်တော့ Bai Luo Yin ရဲ့လက်ထောက်က Gu Hai ဆီဖုန်းခေါ်တယ်။
     "ငါတို့ဗိုလ်မှူးကြီးက မင်းတို့ကုမ္ပဏီကို စစ်ဆင်ရေးလုပ်ဖို့လာနေပြီ။ ချက်ချင်း ထွက်ကြိုနေပါ"
    ဖုန်းကို"ခွပ်" ခနဲချလိုက်ပြီး ၊ လက်ထောက်ကတောင် သူတို့ဗိုလ်မှူးကြီးရဲ့မိသားစုက သခင်လေးကို ဒီလိုပုံစံနဲ့ဆက်ဆံဖို့ အဆင့်ရှိတယ်လို့ခံစားရတယ်။ Hai Yin နည်းပညာ ကုမ္ပဏီ MD တစ်ဖြစ်လည်း ပိုင်ရှင်ကြီးက အမိန့်ထုတ်ပြန်တယ်။!
     Gu Wei Ting နဲ့ Bai Luo Yin တို့ တပ်ထဲမှာရာထူးတက်တာဟာ Gu Hai ကုမ္ပဏီ အတွက် အကျိုးရှိတယ်ဆိုတာအရှင်းကြီး။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်ချက်တွေက နှစ်ဆကျော်တက်လာတယ်။ Hai Yin ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေ.... လွန်ခဲ့တဲ့ရက်ပိုင်း က ထိုးတက်သွားတယ်။ ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်တဲ့ Gu Hai ရဲ့ကြွယ်ဝမှုလည်း မြင့်တက် လာတယ်။
    ကားတွေဟာကုမ္ပဏီအဝင်ပေါက်မှာဆိုက်ပြီး ၊ သြဇာအပြည့်နဲ့ တပ်သားတွေ အများကြီးခြံရံပြီး Bai Luo Yin ကကားပေါ်ကဆင်းလာတယ်။
     ကုမ္ပဏီရဲ့မိန်းမချောလေးတွေက သူတို့ကိုကြိုဆိုဖို့ ကော်ဇောနီရဲ့ တဖက်တချက်မှာ ခွဲပြီး နှစ်တန်းရပ်နေတယ်။ Gu Hai က ဒီကိစ္စကို အရမ်းကိုအလေးထားနေပြီး လှေကားပေါ်ကဆင်းလာတယ်။နောက်က Yan Ya Jing နဲ့ Tong Zhe လိုက်လာတယ်။
      ဧည့်ကြိုအင်အားကအရန်းကို ခမ်းနားတယ်။
     "ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်" Gu Hai ကအရင်စပြီး Bai Luo Yin ကို လက်ဆွဲ နှုတ်ဆက်တယ်။ "ကျွန်တော်တို့ ဗိုလ်မှူးကြီးBai ကိုလာလည်တဲ့အတွက်ရော၊ လမ်းညွှန်ပေးတဲ့အတွက်ရော လှိုက်လှဲဝမ်းသာစွာကြိုဆိုပါတယ်။ ဗိုလ်မှူးကြီး Bai, လာမှာ ကို ဘာလို့ ကြိုမပြောရတာလဲခင်ဗျာ? ကြိုဖို့ကားလွှတ်ပေးလိုက်မှာပေါ့"
    Bai Luo Yin ကမမျှော်လင့်ဘဲ အထက်စီးဆန်ဆန် Gu Hai ပုခုံးတွေကို ပုတ်လိုက်တယ်။
   "မင်းကိုဒုက္ခမပေးချင်လို့ပါကွာ"
     "ကျေးဇူးပြုပြီး ဒီလိုစကားတွေ မပြာပါနဲ့လားခင်ဗျာ?" Gu Hai ရဲ့ ကျိုးနွံပြီး အမိန့်နာခံ သယောင်ဆောင်ထားတဲ့ မျက်နှာဖုံး (ဟန်ဆောင်မှု)က တကယ့်အစစ်အတိုင်းပဲ။ "လမ်းညွှန်မှုပေးဖို့ ကျွန်တော့်ကုမ္ပဏီအထိလာခဲ့တာကိုပဲ ဆရာ့ကိုကျေးဇူးတင်လှပါပြီ။ ကားလေး(၁)စီးလွှတ်တာကို စာဖွဲ့မနေပါနဲ့.... (၁၀)စီး ၊ အစီး(၁၀၀)လွှတ်ရင်တောင် ၊ ဆရာ့ရာထူးနဲ့ဆိုရင် လွန်မယ်တောင်မထင်ဘူး"
    "ဟားဟား.. ဟား.. ဟား" Bai Luo Yin က လူကြီးလူကောင်းဆန်ဆန် အော်ရယ် တယ်။ ပြီးနောက် သူကမြောက်ကြွ မြောက်ကြွနဲ့လမ်းလျှောက်တယ်။
    စုစုပေါင်း (၁၀)လှမ်း ....... (၁)လှမ်းချင်းစီမှာ လူတစ်ယောက်ခြံရံထားတယ်။ကုမ္ပဏီ ခန်းမအတွင်းမှာ ၊ မိန်းမချောတွေအားလုံးဟာ အခြားဧည့်သည်တွေကိုကြိုဆိုရင်း ရပ်နေ ကြတယ်။
     Bai Luo Yin က Gu Hai ဘက်လှည့်ပြီးမေးတယ်။ "ဒီကြိုဆိုရေးအဖွဲ့ကို မင်းစီစဉ်တာလား?"
     Gu Hai ခေါင်းညိတ်ရင်း "ဟုတ်ပါတယ်၊ ဆရာဘာများ မှတ်ချက်ပေးချင်လို့လဲ?"
     "သိပ်မလှလို့!" Bai Luo Yin က(၂)ကြိမ် ချောင်းဟန့်တယ်။
     Gu Hai ရဲ့ မျက်နှာထားကရိုးသားချင်ယောင်ဆောင်ထားတယ်။ " ဗိုလ်မှူးကြီး Bai ရဲ့ ဝေဖန်ချက်ကို ကျွန်တော်တို့နောက်တစ်ခါ ထည့်သွင်းစဉ်းစားပါ့မယ်"
     *နောက်တစ်ခါ ဒီထက်အရုပ်ဆိုးတာတွေနဲ့တောင်လဲထားဦးမှာ။ မင်းခိုးကြည့်နေမှာ စိုးလို့.....* ဒါကမှGu Hai ရင်ထဲက အစစ်အမှန်ခံစားချက်ဖြစ်တယ်။ တကယ်တော့ ၊သူက လှပတဲ့အမျိုးသမီးဝန်ထမ်းတွေအားလုံးကိုဖွက်ထားတယ်။  
     Bai Luo Yin က အပြင်ပန်းမှာ ဇိမ်ပြေနပြေလမ်းလျှောက်နေပေမယ့်၊ တကယ်တော့ သူ့ရင်ထဲမှာ ပူပန်နေတယ်။ * Gu Hai ရုံးခန်းကလည်း မရောက် ... မရောက်နိုင်ဘူး! ငါဆက်ပြီး အောင့်မထားနိုင်တော့ဘူး။ဒီလိုတွေလုပ်နေရတာ $ ရမ်းပင်ပန်းတယ်*
    တစ်လျှောက်လုံး Gu Hai ကBai Luo Yin ရဲ့နောက်ကနေလျှောက်လာပြီး ၊ Bai Luo Yin ရဲ့ လှုပ်ရမ်းနေတဲ့ဖင်ကိုကြည့်ရင်း ၊ သူ့ရင်ထဲခံစားချင်ပြင်းပြင်းနဲ့ပြောနေတယ်။
*ဆက်လှုပ်ထား၊ ဆက်လှုပ်ထား၊ ထပ်လှုပ်တာနဲ့ မင်းကို ကိုယ်ဆွဲစားပစ်လိုက်တော့ မယ်*
     နောက်ဆုံးတော့ ၊ Bai Luo Yin တစ်ယောက် ဥက္ကဌရုံးခန်းကို ရောက်ပါပြီ။
     "ကြွပါ!"Gu Hai က သူ့ကို အထဲဝင်ဖို့အချက်ပြရင်း လက်မြှောက်ပြတယ်။
     Bai Luo Yin အမြန်ဝင်သွားတယ်။
    တံခါးပိတ်ပြီးတဲ့နောက်၊အစောပိုင်းက လေးနက်တည်ကြည်ပြီး အထက်စီးဆန်ဆန် တက်ကြွနေတဲ့ Bai Luo Yin ဟာ ချက်ချင်းပဲ Gu Hai ကို ခုံရှည်ပေါ်တွန်းလှဲလိုက်တယ်။ သူ့ရဲ့ ပြယုပ်ကို လုံးဝလစ်လျူရှုထားပြီး အရိုင်းဆန်ဆန်ရယ်ရင်း Gu Hai ရင်ဘတ်ကို ခပ်ဖွဖွရိုက်နေတယ်။
     "ပျော်စရာကြီး ! အရမ်းအရမ်းကို ကြည်နူးဖို့ကောင်းတယ်! ငါရယ်ရလွန်းလို့ မေးရိုး တောင်နေရာလွဲတော့မှာပဲ"
    Bai Luo Yin ရဲ့ရူးကြောင်ကြောင်အမူအရာကိုကြည့်ပြီး  Gu Hai တစ်ယောက် လုံးဝကိုရယ်ချင်လာတယ်။ " ချစ်က တကယ့် ကလေးလေးကျနေတာပဲ!"
       Bai Luo Yin ကသူ့ခံစားချက်တွေကို ငြိမ်အောင်ထိန်းထားတယ်။
   Gu Hai ကမျက်လုံးတွေကိုပင့်ပြီး "ရာထူးတိုးတယ်ပေါ့?"
    Bai Luo Yin ခေါင်းညိတ်ပြတယ်။
    Gu Hai က နှုတ်ခမ်းထောင့်စွန်းတွေကိုမြှင့်ရင်း "ချစ် ပျော်နေလား?"
  Bai Luo Yin ခေါင်းညိတ်ပြပြန်တယ်။
  Gu Hai ဟာရယ်မောရင်း Bai Luo Yin ရဲ့ပါးတွေကို ဆွဲညှစ်တယ်။ "ချစ် ဘယ်လောက်မရင့်ကျက်လိုက်သလဲ ကြည့်ပါဦးကွာ ! ရာထူးနည်းနည်းလေးတိုးတာနဲ့ပဲ .... ဒီလိုပုံဖြစ်ရသလား?"
      Bai Luo Yin မျက်နှာ ချက်ချင်းတည်သွားပြီး " ဒါဆိုလည်းပြီးရော၊ ကိုနဲ့အပျော်တွေ ကို မမျှဝေတော့ဘူး။ အပျော်တွေကိုမျှဝေဖို့ အခြားလူပဲသွားရှာတော့မယ်"
    "စိတ်မဆိုးပါနဲ့။ ချစ်ပြုံးနေတာလေးကိုကြည့်ချင်လို့ ။ ကိုယ့်သွားတွေကျွတ်ထွက် ကုန်ရင်တောင်၊ ချစ်ပြုံးနေတာလေးကို ဆက်ကြည့်ချင်သေးတယ်။ " Gu Hai ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး၊ သူ့လက်ကြီးတွေက Bai Luo Yin ရဲ့စစ်ဘောင်းဘီတွေဆီ ရောက်သွားပြီး ၊ သူအကြာကြီး ရမ္မက်တက်ခဲ့ရတဲ့ နေရာကို စတင်ဖျက်စီးတော့တယ်။
        လွန်ခဲ့တဲ့အချိန်ကမှ အရမ်းကိုတည်ကြည်နေခဲ့ကြတဲ့ ဆရာကြီး(၂)ဦးကတော့ အခု တော့ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ညစ်ညမ်းနေကြတယ်။
      "ဒင်း...ဒေါင်"   လူခေါ်ဘဲလ် မြည်လာတယ်။
     Gu Hai ဟိန်းဟောက်တယ်။ "ဘယ်သူလဲဟေ့?!"
     Tong Zhe ရဲ့ အသံပေါ်လာတယ်။ "ဆရာ့လက်မှတ်လိုလို့ပါ!"
    တွေဝေစွာနဲ့ Gu Hai မတ်မတ်ထိုင်လိုက်တယ်။ Bai Luo Yin က အဝတ်အစား တွေကိုတည့်မတ်ပြီး ခုံတန်းရှည်ပေါ်မှာ လူလိမ္မာလေးလိုထိုင်နေတယ်။ Tong Zhe က သူနဲ့ Gu Hai တို့ရဲ့ပတ်သတ်မှုကို သိထားမယ်လို့ Bai Luo Yin မထင်ဘူး။ ဒါပေမယ့်  တကယ်တော့ Tong Zhe တံခါးအပြင်ဘက်မှာ ရပ်နေတာကြာလှပြီ။
      "သန့်စင်ခန်းကိုအရင်သွားလိုက်ဦးမယ်" Bai Luo Yin မတ်တပ်ထရပ်တယ်။
Tong Zhe က သူ့ဘေးကဖြတ်သွားတော့ ၊ နှစ်ယောက်လုံး တစ်ချိန်တည်း နှုတ်ခမ်း ထောင့်စွန်းလေးကိုမြှင့်လိုက်တာက မှန်ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် သူရဲကောင်း ဆန်ဆန် ပြုံးပြသလိုပဲ။
     "ကိုယ့်ရုံးခန်းထဲမှာ သန့်စင်ခန်းရှိတယ်!" Gu Hai က Bai  Luo Yin ကို အော် ပြောတယ်။
     Gu Hai ရဲ့အော်သံကိုအလေးမထားဘဲ Bai Luo Yin ကမာနကြီးတခွဲသားနဲ့ အပြင် ထွက်သွားတယ်။ တကယ်တော့ သူဆက်နေနေရင် ၊ Gu Haiတစ်ယောက် အလုပ်မှာ အာရုံမစိုက်နိုင်မှာစိုးရိမ်လို့ပါ။
    ဒါပေမယ့် ၊သူသန့်စင်ခန်းကပြန်ထွက်လာတဲ့အချိန် ၊ Bai Luo Yin ဟာ ဆွေးနွေးမှု တစ်ခုကို မမျှော်လင့်ဘဲ ကြားရတယ်။
  "နင် တွေ့လိုက်လား? ဒုဥက္ကဌက တကယ်ကြီးဝင်သွားတာတော့။ သူသဝန်တိုနေတာ နေမှာ"
    "ဟုတ်တာပေါ့, အစောပိုင်းက MD Gu ကစစ်တပ်အရာရှိနဲ့လက်ဆွဲနှုတ်ဆက်တော့၊ ဒုဥက္ကဌကြည့်ရတာ မပျော်သလိုပဲ ငါမြင်လိုက်တယ်"
    "ဟား ဟား...... ဒုဥက္ကဌတော့ ဒုက္ခရောက်တော့မှာပဲ"  
    Bai Luo Yin ရဲ့ခြေလှမ်းတွေ ခဏလောင်ရပ်သွားပြီးမှ ၊ Gu Hai ရုံးခန်းဆီ ဆက်လာ တယ်။
     သူ Gu Hai ရုံးခန်းအဝင်ပေါက်ရောက်တဲ့အချိန် ၊ လူနှစ်ဦးဟာ ခေါင်းချင်းဆိုင်ပြီး အလုပ်ကိစ္စတစ်ခုခုကို ဆွေးနွေးခြင်းမှာ နစ်မြှုပ်နေကြတယ်။
    Bai Luo Yin က တံခါးကိုခပ်ဖွဖွခေါက်ပြီး "နည်းနည်းလောက်တော့ နှောက်ယှက်ရ ဦးမယ်"
   နှစ်ဦးသားဟာသူတို့ရဲ့အာရုံတွေကိုလွှဲလိုက်ပြီး ၊ Bai Luo Yin ရှိရာ လှမ်းကြည့်ကြ တယ်။
     အထက်စီးဆန်တဲ့ ဗိုလ်မှူးကြီး Bai ရဲ့လေသံကို ပြန်ပြောင်းသွားပြီး " မင်းတို့ကုမ္ပဏီ ကလူတွေရဲ့ စိတ်ဓာတ်ပိုင်းကို မင်းတို့ကောင်တွေ စစ်ဆေးသင့်ပြီလို့ငါထင်တယ်"

End of CH-85

Addicted? Book2 (Zawgyi)Donde viven las historias. Descúbrelo ahora