CHAPTER-71:သေနတ်ဟေ့၊မြန်မြန်ဝပ်လိုက်!
ညစာစားပြီးတဲ့နောက်၊ Bai Luo Yin ရဲ့တပ်အိမ်မှာနှစ်ယောက်သား ပစ္စည်းတွေ ပြန်စီနေကြတယ်။ Gu Hai က ကုတင်အောက်ကနေ သေတ္တာတစ်လုံး ရှာတွေ့တယ်။ သူဆွဲထုတ်ကြည့်တော့၊ အားလုံးက စီးပွားရေးစီမံခန့်ခွဲမှု (Business Management) နဲ့ သက်ဆိုင်တဲ့စာအုပ်တွေချည်းပဲ။ အချို့စီးပွာရေးမဂ္ဂဇင်းတွေလဲပါသေးတယ်။ များသော အားဖြင့် အကန့်အသက်နဲ့ထုတ်ထားတဲ့စာအုပ်တွေပဲ။ဒါတွေကို Bai Luo Yin ဘယ်လိုရှာ ထားလဲဆိုတာတော့ သူမသိဘူး။
"ချစ်, ဒီစာအုပ်တွေဖတ်နေတာလား?"Gu Hai မေးတယ်။
Bai Luo Yin တချက်လှမ်းကြည့်လိုက်တော့၊ သူ့အမူအရာက သက်တောင့်သက်သာ မရှိလှဘူး။
"ငါပျင်းတဲ့အခါ ဟိုလှန်ဒီလှန်ကြည့်ရုံပါ"
Gu Hai လက်တွေရပ်တန့်သွားပြီး၊ ရုတ်တရက်ကြီးလှမ်းမေးလိုက်တယ်။ "Yin Zi, မင်း စီးပွားရေးလောကထဲဝင်ချင်သေးလား? တပ်ကနေထွက်ချင်လား? အသက်မွေးဝမ်း ကြောင်းပြောင်းဖို့နောက်မကျသေးဘူးနော်။"
"ကို အဲ့လိုထင်မယ်ဆိုတာသိသားပဲ" Bai Luo Yin မချိပြုံးပြုံးကာစကားဆိုတယ်။ "ငါဖြင့်အဲ့ဒီလိုတောင်မတွေးမိဘူး"
"ဒါဖြင့် စီးပွားရေးစာအုပ်တွေအများကြီး ဘာလို့ဝယ်ထားတာလဲ?" Bai Luo Yin အကြာကြီးနှုတ်ဆိတ်နေပြီးမှ၊ တည်တည်ငြိမ်ငြိမ်နဲ့ပြန်ဖြေတယ်။ "အဲ့ဒါတွေက ကို့ အတွက်"
"ချစ်ကကိုယ့်အတွက်ဝယ်ထားတာ?"Gu Hai ကတော်တော်ကိုအံ့သြနေ တယ်။" ဒါဆိုလဲ ဘာကြောင့်ကိုယ့်ကို မပေးခဲ့လဲ?"
".......ဝယ်ပြီးတဲ့နောက် ဟိုဟိုဒီဒီ လှန်လှောကြည့်တော့ သိပ်ထူးထူးခြားခြားတွေလည်း မရေးထားတာနဲ့ ကို့ကိုလည်းပေးချင်စိတ်မရှိတော့တာ"
အထူးသဖြင့်...အဲ့ဒီလို သူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုသိပ်ဝန်မခံချင်တဲ့ Bai Luo Yin ရဲ့ ခေါင်းမာမှုလေးကို Gu Hai ချစ်မြတ်နိုးမိတယ်။ ဒါလေးက တမူထူးတဲ့ဆွဲဆောင်မှု ဖြစ်နေလို့ကို, Gu Hai ကအမြဲတမ်း သူ့ချစ်သူ အနေရခက်အောင်စ, တတ်သေးတယ်။
"ချစ်က ကိုယ့်အတွက်စာအုပ်တွေဝယ်လာတာ ဘာကြောင့်လဲ?"
Bai Luo Yin ကပေါ့ပေါ့ပါးပါးတုန့်ပြန်တယ်။"ကိုတို့ကုမ္ပဏီက အများပိုင်ကုမ္ပဏီ လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကိုပဲ ပြောခဲ့တာမဟုတ်လား?"
အဲ့ဒါက သူတို့တွေ တိုက်လေယာဉ်ပေါ်မှာတုန်းက Gu Hai တစ်ယောက် လွှတ်ကနဲ ပြောလိုက်မိတဲ့ကိစ္စပဲဖြစ်တယ်။အဲ့ဒီတုန်းက သူတို့ရောက်နေတဲ့ အခြေအနေကြောင့်၊ Bai Luo Yin ဟာဒီလိုသေးနှုတ်တဲ့ကိစ္စလောက်ကို မှတ်မိနေဦးမယ်လို့ Gu Hai မထင်ခဲ့ဘူး။ ဒါ့အပြင် အဲဒီအချိန်တုန်းက Gu Hai က Bai Luo Yin အတွေ့အကြုံမပြည့်ဝဘဲ၊ သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ အမှားလုပ်မိမှာကိုကြောက်ပြီး၊ သူ့ချစ်သူအတွက် တိတ်တိတ်ကလေးစိတ်ပူနေခဲ့ရတာ။
Gu Hai, သူ့ဆီတည့်တည့်လျှောက်လာတာကို Bai Luo Yin မြင်တယ်။ သူက လက်ကိုမြန်မြန်ဆန့်ထုတ်ပြီး Gu Hai ကိုတားလိုက်တယ်။" ကို့ကို သတိပေးထားမယ် နော်၊ ငါ့ကိုသိပ်လည်းချစ်မသွားနဲ့ဦး။ ငါ့မှာရှိတဲ့ ကူပွန် ၂ ရက်အတွင်းကုန်တော့မှာမို့လို့၊ အလာဟသပ်ဖြစ်သွားမှာစိုးလို့သာ ဒီစာအုပ်တွေဝယ်လိုက်တာ"
လူတွေ စူးစူးနင့်နင့်ခံစားသွားရမှာကို Bai Luo Yin အကြောက်ဆုံးပဲ။ ကံဆိုးချင် တော့ Gu Hai ကစူးစူးနင့်နင့်ခံစားလွယ်တယ်။ Gu Hai တယောက် ရင်ထဲဟတ်ထိ သွားပြီဆိုတာနဲ့ သင့်ခန္ဓာကိုယ်တခုလုံးအပေါ် ပိုးတုံးလုံးအကောင်တွေတရွေ့ရွေ့ သွားနေသလိုမျိုး၊ သင့်ကိုယ်ပေါ်ကို သူ့ကိုယ်လုံးကြီးနဲ့ ဖက်တွယ်နေလိမ့်မယ်။ ပြီးတော့ မီးမွှေးဖို့အခွင့်ကောင်းယူရင်း၊ နောက်ဆုံးတော့ သင့်ရဲ့အသားရော၊ အရိုးပါမကျန် ချက်စားပစ်လိုက်လိမ့်မယ်။
"ကိုယ်က ချစ်တတ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေကို ဖော်ပြဖို့ ကြိုးစားတာပါကွာ"ပြောပြီးတာနဲ့ အသေအချာပဲပေါ့.....Bai Luo Yin ကိုဖက်ယှက်နေပြီ။
Bai Luo Yin,သူ့ကိုအားစိုက်ပြီးတွန်းဖယ်ပေမဲ့.. .အချည်းနှီးပါပဲ။ တံခါးကလည်း ဖွင့်လျက်အတိုင်းရှိနေပြီး၊ တခါတခါ တပ်သား ၁ယောက် ၂ယောက်လောက် အသွား အလာရှိနေပေမယ့် Bai Luo Yin ကတော့ Gu Hai မျက်နှာကနေ အကြည့်ကို မခွာနိုင်သေးဘူး။သူက သူ့ဘဲကြီးကိုအတင်းအကြပ်ပြောရုံပဲတက်နိုင်တယ်။ "ကလေးလို လုပ်မနေနဲ့တော့။ငါကမနက်ဖြန်သွားရတော့မှာ အဲဒါကြောင့် တည်တည်တန့်တန့်နေ!"
ဒီစကားကိုကြားလိုက်တာနဲ့ Gu Hai စနောက်ချင်တဲ့စိတ်ကလေးတောင် ပျောက် သွားပြီ။ ဒီစကားလောက်စွမ်းတဲ့စကားမရှိတော့ဘူး။ သူတို့ပြန်တွေ့တဲ့အချိန်ကနေ သူတို့ ရန်ဖြစ်တဲ့အချိန်ထိ၊ ပြီးတော့ သူတို့ပြန်တည့်သွားကြတဲ့ ယခုထိတိုင်အောင် ဒီလို စကားမျိုးဘယ်နှစ်ကြိမ်လောက် ကြားဖူးပြီးပြီလဲဆိုတာ Gu Hai မသိတော့ဘူး။ သူက ဒီစကားကြားရမှာအကြောက်ဆုံးပဲ။ ဒါက ၁-၂-၃ရေတွက်တာထက်တောင် အစွမ်းထက် သေးတယ်။
"နောက် ၃ရက် သို့ ၅ရက်နေမှသွားရမယ်လို့ ချစ်ပြောခဲ့တယ်မဟုတ်လား? ဘာလို့ နက်ဖြန်ကိုပြောင်းသွားတာလဲ?"
"အမိန့်စာလာခဲ့တာ။ငါတို့မနက်ဖြန်ည စထွက်ရမှာ။ ဘယ်အချိန်ထွက်မလဲ ဆိုတာတော့မ သိသေးဘူး။ မနက်ဖြန်အလုပ်ပြီးတဲ့အချိန် ကို့,ကိုလာကြိုမယ်လေ။ ငါတို့ ညစာ အတူတူစားမယ်။ ပြီးမှ၊ငါသွားမယ်"
Gu Hai ကသူ့လက်ကြီးတွေနဲ့ Bai Luo Yin နောက်စေ့ကိုလှမ်းကိုင်လိုက်ပြီး Bai Luo Yin ခေါင်းကို သူ့ပခုံးပေါ်တင်လိုက်တယ်။
"ကိုယ်လေ တကယ်ကြီး ချစ်ကိုမသွားစေချင်ဘူးကွာ! ဒီတခေါက်က၊ ဘယ်နှစ်ရက် ကြာဦးမှာလဲ?"
Bai Luo Yin ကGu Hai ကိုနစ်သိမ့်ဖို့ကြိုးစားတယ်။ "ငါတို့နှစ်ယောက်ရဲ့အနာဂတ် လှပဖို့အတွက် ဒါကအခြေခံအုတ်မြစ်ပဲဟာ! ငါ့ စွမ်းဆောင်ရည်တွေကောင်းလာလေလေ၊ ငါရာထူးတက်ဖို့အခွင့်အလမ်းပိုရှိလေလေပဲ။ ပြီးတော့ ငါ့လက်ထဲအာဏာပါဝါတွေ ပိုရှိလာတဲ့တနေ့ ဘယ်သူထိန်းချုပ်မှု၊ ကန့်သတ်မှု မှမရှိဘဲ ငါသွားလို့လာလို့ရပြီလေ"
"ချစ်သွားနေတဲ့ အချိန်ကိုအသုံးချပြီး ကိုယ်လည်းကုမ္ပဏီကိုဂရုစိုက်မယ်။ ပြီးတော့ အခုဖြစ်နေတဲ့ပြဿနာတွေကိုလည်း ချစ်ပြန်မလာခင်ဖြေရှင်းထားလိုက်မယ်"
"အော်၊ဒါနဲ့....."Bai Luo Yin တခုခုကိုသတိရသွားတယ်။ သူကဗီရိုထဲက မုန့်ထုတ်ကြီး တစ်အိတ်ကို Gu Hai လက်ထဲထည့်လိုက်တယ်။" ဒါကပြန်ရင်ယူသွားဖို့။ ကို့ရဲ့ ဦးနှောက် လုပ်ဆောင်ချက်တွေကိုအားတိုးစေမယ့် ဘရဆေး"
Gu Hai အိတ်ကိုကိုင်လိုက်တယ်။ ၁၀ပေါင်လောက်တော့လေးမယ်။ သူ ဖွင့်ကြည့် လိုက်တော့ အထဲမှာသစ်ကြားသီးတွေချည်းပဲ။
"သစ်ကြားသီးတွေဒီလောက်အများကြီး ချစ်,ဘယ်ကရလဲ?"
"ဒီမနက်ပဲ လူတစ်ယောက်ငါ့အတွက်သစ်ကြားသီး၃ဖာလာပေးတာ။ဒီနေ့ နေ့လည်ခင်းပဲ အပြီးခွဲလိုက်တာ"
Gu Hai ကအံ့သြတကြီးနဲ့မျက်ခုံးပင့်ရင်း"ဘာနဲ့ခွဲတာလဲ?"
"လက်သီးနဲ့"Bai Luo Yin ကလက်သီးထောင်ပြတယ်။
Gu Hai အမူအရာပြောင်းသွားတယ်။ Bai Luo Yin လက်ကိုဆွဲယူပြီးကြည့်လိုက်တယ်။
Bai Luo Yin မြန်မြန်ဖြည့်ပြောတယ်။ "ငါ့လက်သီးနဲ့ခွဲတာမဟုတ်ပါဘူး။ ငါ့တပ်သား တွေခွဲတာ။ဒီနေ့လည်ခင်းပဲ လက်သီးအားကိုလေ့ကျင့်ဖို့ဆိုပြီး လေ့ကျင့်ချိန်တစ်ချိန်ကို ငါတိုးလိုက်တာ။ ဟီဟီး.....အာဏာကိုဘယ်လိုပြရမလဲဆိုတာ ငါသိသွားပြီမလား?"
Gu Hai လည်းလိုက်ရယ်တယ်။ "ချစ်,မင်းကအာဏာကိုအလွှဲသုံးစားလုပ်နေတာပဲ။ ဘယ့်သူအတွက်သစ်ကြားသီးခွဲပေးတယ်ဆိုတာရော ချစ်တပ်သားတွေက မမေးဘူး လား?"
"မေးတယ်"
"ဒီတော့ချစ်ကဘယ်လိုဖြေလိုက်လဲ?"သူကညစ်ကျယ်ကျယ်ပြုံးကာ Bai Luo Yin နားထဲကိုတိုးတိုးလေးသွားပြောတယ်။"သစ်ကြားသီးတွေကိုချစ်ရဲ့ခင်ပွန်းသည်အတွက် ခွဲပေးတာလို့သူတို့ကိုမပြောဘူးလား?"
Bai Luo Yin ကမိစ္ဆာလေးကို ဒူးနဲ့တိုက်လိုက်ပြီး "မင်းတို့မရီးအတွက် လို့ ပြောလိုက်တယ်။ ပြီးတော့မင်းတို့ မရီးက သိပ်,ကျပ်မပြည့်ဘူးလို့"
Gu Hai "........."
ညရောက်တော့အတူတူထိုင်ပြီးရုပ်ရှင်ကြည့်နေကြတယ်။ Bai Luo Yin က ပန်းသီး တစ်လုံးကိုကောက်ကိုင်လိုက်ပြီးလက်ထဲမှာဆော့နေတယ်။ Gu Hai ဘက်လှည့်ပြီး ပြော တယ်။
"ကို့ အတွက်ပန်းသီးခွဲပေးမယ်"
အရင်တခေါက်က သူဟာGu Yan အတွက်ပန်းသီးအများကြီးခွဲပေးခဲ့ရတယ်။ ဒါဟာ Gu Hai အတွက်မတရားဘူးထင်လို့၊ တရားမျှတအောင် သူလုပ်ကိုလုပ်ပေးရမယ်။
"ချစ် အတွက်ကိုယ်ခွဲပေးပါရစေနော်" Gu Hai ပြောတယ်။" ချစ်က မနက်ဖြန်သွား တော့မှာဆိုတော့၊ ဒီနေ့ ချစ်ကိုပဲပြုစုချင်တယ်။"
"ကို,မလုပ်ပါနဲ့။ငါက ပုံစံအမျိုးမျိုးနဲ့ပုံဖော်တတ်တယ်" Bai Luo Yin ပြောတယ်။ "ကို ဘယ်လိုပုံစံကြိုက်လဲ?"
"ဘယ်လိုပုံစံကြိုက်လဲဆိုတော့....."
Bai Luo Yin ပန်းသီးတလုံးကိုရွေးလိုက်တယ်။
"အိုလံပစ်ကွင်း ၅ ကွင်းပုံစံလှီးပေး"
Bai Luo Yin လက်ထဲကဓားက ချက်ချင်းပဲပန်းသီးထဲစိုက်ဝင်သွားတယ်။
*ကိုတို့နှစ်ယောက်ဟာလေ တကယ့်ညီအစ်ကိုတွေလို့မပြောရဘူး! တစ်ယောက်ထက် တစ်ယောက်ပိုဆိုးနေတယ်!!*
Gu Yan ကအိုလံပစ်တံဆိပ်ကွင်း၅ကွင်းကို မစဉ်းစားမိပဲ ၅ထောင့်ကြယ်သာ ခွဲခိုင်းလို့တော်သေးတယ်။အိုလံပစ် ၅ကွင်းသာခွဲပေးရမယ်ဆိုရင်တော့ ဈေးထဲက ပန်းသီးတွေအားလုံးကုန်သွားလောက်တယ်။
"ကိုယ့်ပေးပါကွာ!"Gu Hai က Bai Luo Yin လက်ထဲက သစ်သီးဓားကို ဆွဲလိုက်တယ်။ "ချစ်အတွက် ကိုယ်လှီးပေးပါ့မယ်။ ကိုယ့်လက်စွမ်းက ချစ်လက်စွမ်းထက် ပိုထက်တယ်။ ကိုယ်က စားသောက်ဆိုင်မှာ အသီးပုံဖော်တဲ့သူတောင်လုပ်လို့ရတယ်"
Gu Haiဒီလိုပြောလာတော့Bai Luo Yin ရဲ့သိချင်စိတ်တွေမြင့်တက်သွားတယ်။
"ကို က ငါ့အတွက်ဘာပုံဖော်ပေးမှာလဲ?"
"ချစ် အစားချင်ဆုံးအရာကို ပုံဖော်ပေးမယ်"ပြောပြီးတာနဲ့Gu Hai က အကြီးဆုံး ပန်းသီးကို ကောက်ယူလိုက်တယ်။
Bai Luo Yin တစ်ယောက်သူအစားချင်ဆုံးအရာက ဘာဖြစ်မလဲဆိုတာကို သတိလက်လွတ်တွေးနေမိတယ်။သူ့ဘေးမှာတော့ Gu Hai ကဓါးကို ခပ်မြန်မြန် လှုပ်ရှားနေတယ်။ Bai Luo Yin စဉ်းစားနေတုန်းမှာပဲGu Hai ကခွဲလို့ပြီးသွားပြီ။
"ဒီမှာကိုယ်ခွဲလို့ပြီးပြီ"Gu Hai ကBai Luo Yin ဆီလှမ်းပေးတယ်။ Bai Luo Yin လှမ်းယူလိုက်တယ်။Gu Hai လက်ထဲကအရာကို မြင်လိုက်တာနဲ့၊ သူ့လက်ကို ချက်ချင်0း ပြန်ရုတ်လိုက်တယ်။သူ့အမူအရာပြောင်းသွားပြီ၊ဆဲသံဆိုသံတွေ တစ်သီတစ်တန်းကြီး ထွက်လာတယ်။
"Gu Hai ,ကိုစုတ်,အကျင့်ယုတ်!"
Gu Hai ကသူ့ညီလေး(မိစ္ဆာလေး)ပုံတူအသေးစားလေးပုံဖော်ထားတာပါ။ ခွဲပြီး တာနဲ့ သူကဒေါသထွက်ထွက်နဲ့တောင် မေးသေးတယ်။ "ဒီဟာက မင်းအစားချင်ဆုံး အရာ မဟုတ်ဘူးလို့ပြောရဲလို့လား? ဒီပန်းသီးကသေးနေတာနာတယ်ကွာ။ တကယ့်ဆိုဒ် အမှန်ရဖို့ဆိုရင်၊ ဖရဲသီးနဲ့ပုံဖော်မှရမယ်။"
Bai Luo Yin မျက်နှာလည်းဖရဲသီးအရောင်ထသွားတယ်။
နှစ်ယောက်သားကုတင်ဆီသွားတဲ့လမ်းတလျှောက် စနောက်လာကြတယ်။ Bai Luo Yin က Gu Haiကိုတွန်းဖိလိုက်တယ်။ ခဏလေးအတွင်းပဲ၊ သူ့နှုတ်ခမ်းတွေ ဖြေးဖြေးချင်းလှုပ်ရှားလာပြီး Gu Hai နားသယ်စပ်ကို ခပ်ဖွဖွတို့နမ်းနေတယ်။ ရမ္မက် ဆန်ဆန်အသက်ရှူမြန်နေပြီး၊ အသက်ရှူသံကကျယ်လောင်နေတယ်။ သူပြောတယ်။
"ငါကမနက်ဖြန်သွားရတော့မှာဆိုတော့....ဒီနေ့....ကို့ကို...ငါပဲချစ်ပါရစေနော်"
"ချစ်အဆင်ပြေရင်လုပ်လေ"Gu Haiကဒီနေ့တော့အရမ်းရက်ရောနေတယ်။
Bai Luo Yin ချက်ချင်းပဲရမ္မက်တွေထန်လာတယ်။သူကရင်ခုန်စွာနဲ့ Gu Hai ရဲ့ မေးစေ့ကို ကိုက်တယ်။ သူ့လျှာကနှေးနှေးနဲ့ ကာမဆန်ဆန် အောက်ဘက် Gu Hai ရဲ့ ညှက်ရိုးအထိဆင်းလာပြီး ခဏလောက်ကြာအောင်သွားနဲ့ ခပ်ဖွဖွကိုက်နမ်းနေတယ်။ တချိန်ထဲမှာပဲ သူ့လက်တွေကGu Hai ရဲ့ကုတ်အင်္ကျီကိုချွတ်နေတယ်။ Gu Hai ရဲ့shirt အင်္ကျီအပေါ်ကနေ၊ Gu Haiရဲ့ ရင်ဘတ်ကအဖုလေးတွေကို လျှာနဲ့လျက်ကစားရင်း ကိုက်နမ်းနေတယ်။ အရမ်းကိုအာရုံတွေကြွလာတာကြောင့် Gu Hai လည်း Bai Luo Yin ဆံပင်တွေကိုသပ်ပေးနေမိတယ်။
Gu Hai ရဲ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြေးဖြေးဖြုတ်ပြီးတဲ့အခါ ဆွဲဆောင်မှုအပြည့်နဲ့ သန်မာတဲ့ရင်အုပ်ကြွက်သားကြီးတွေပေါ်လာတယ်။ Bai Luo Yin လည်း ချီးကျူးဖို့ တွန့်တိုမနေဘူး။
"Gu Hai ,ကို့ body ကတော့ မိုက်တယ်ကွာ"
Bai Luo Yin, အပေါ်မှာနေတဲ့အခါ၊ Gu Hai အတွက်ရတဲ့တစ်ခုတည်းသော အားသာချက်ကတော့ Bai Luo Yin ရဲ့ချီးကျူးသံပဲ။
Gu Hai ရဲ့ဘောင်းဘီတွေချွတ်ပြီးသွားတော့၊ နောက်ဆုံးမှာ သူအစားချင်ဆုံးအရာကို စားရဖို့ Bai Luo Yin ရဲ့ဆန္ဒလည်းပြည့်သွားပြီ။ သူကဖြေးဖြေးချင်းနေရာရွှေ့ကာ၊ Hai Zi အငယ်လေးကိုသူ့ပါးစပ်ထဲ ထည့်လိုက်ပြီး၊စ,စုပ်တော့တယ်။
Bai Luo Yin စုပ်နေတဲ့လှုပ်ရှားမှုရဲ့အရှိန်စည်းချက်ကိုလိုက်ပြီး၊ Gu Hai ရဲ့ လိင်စိတ်ကြွနေတဲ့ အသံရှူသံတွေပေါ်လာတယ်။
"ကောင်းလား?"Bai Luo Yin မေးတယ်။
သူ့ခေါင်းကိုကိုင်ထားပြီးGu Hai ကလည်ချောင်းသံကြီးနဲ့ပြန်ဖြေတယ်။ "နည်းနည်း လေး အောက်ဆင်းလိုက်ဦး၊ ဟုတ်တယ်..ဟုတ်တယ် အဲ့တိုင်းလေးပဲ"
Bai Luo Yin ဟာ ချစ်ဖို့အားခဲထားတယ်။ ဒါပေမယ့် Gu Haiက ရုတ်တရက် သူ့ခေါင်းကို ထိန်းလိုက်တယ်။
"ခဏ ....ကိုယ်ရေချိုးခန်းသွားလိုက်ဦးမယ်"
Bai Luo Yin ယာယီတန့်သွားတယ်။
"ဘာဖြစ်လို့လဲ?"
"ရှူးရှူးပေါက်မလို့...."
ဒီစကားတွေပြောပြီးတာနဲ့ Gu Hai တစ်ယောက်ရေချိုးခန်းထဲမြန်မြန်ပြေးဝင် သွားတယ်။
Bai Luo Yin ကဒီအချိန်လေးမှာတံခါးတွေကိုပိတ်တယ်။ ဘယ်သူမှချောင်းကြည့်လို့ မရအောင် လိုက်ကာဆွဲပိတ်လိုက်တယ်။
ဒုံး... ဒုံး ... ဒုံး...
Bai Luo Yin အိပ်ယာပေါ်ပြန်တက်ခါစပဲရှိသေးတယ်။.....ရုတ်တရက်သေနတ်သံ ၃ ချက်ကြားလိုက်ရတယ်။ စစ်မှုထမ်းတစ်ယောက်... စစ်လေ့ကျင့်ရေးမှာ စစ်ရေးပြ ကျွမ်းကျင်မှုနဲ့အသင့်အနေအထားမှာနေရင်း၊ သူဟာ အိပ်ယာပေါ်မှာ မြန်မြန်မှောက် လိုက်တယ်။ သူ့တုံ့ပြန်ချက်တွေကမြန်ဆန်တယ်။ ထိမိတယ်။
နောက်တော့၊လူတစ်ယောက်က သူ့ကျောပေါ်တက်လိုက်ပြီး Bai Luo Yin လက်တွေကိုလက်ထိပ်ခတ်လိုက်တယ်။
Bai Luo Yin ခန္ဓာကိုယ်ကတောင့်တင်းသွားတယ်။ သူလှည့်ကြည့်လိုက်တော့၊ သူ့ရှေ့မှာပဲ ဓားပြတစ်ယောက်ရဲ့မျက်နှာကိုမြင်ရတယ်။
Gu Hai ကသေနတ်အလွတ် တစ်လက်ကို မိုးပေါ်ထောင်ထားတယ်။
"ဗိုလ်မှုး Bai ,မင်း ဝပ်ချလိုက်တဲ့အပြုအမူက ကျွမ်းကျင်မြန်ဆန်ပါ့လား၊ မင်း အိပ်ယာပေါ်မှာတော်တော်လေ့ကျင့်ခဲ့ရသလား?"
Bai Luo Yin က ကူရာမဲ့စွာ အလွန်ဒေါသထွက်တယ်။Gu Hai ကသူ့ကို အိပ်ယာနဲ့ ကပ်ပြီး ဖိထားတယ်။ သူ့လက်နှစ်ဖက်ကလည်း လက်ထိပ်ခတ်ခံထားရသေးတယ်။ ကျန်နေတာဆိုလို့သူ့ရဲ့ဂျစ်ကန်ကန်ဆဲဆိုတက်တဲ့ပါးစပ်ပေါက်ပဲ။
"Gu Hai ,ကိုစုတ်,ဒီနေ့ည မင်းကိုငါချစ်လို့ရတယ်လို့မင်းပြောခဲ့တယ်မလား?"
"ကိုယ်သာအဲ့ဒီလိုမပြောခဲ့ရင်၊ချစ်ကရောယူနီဖောင်းဝတ်ထားရင်းနဲ့အချစ်ခံဖို့သဘောတူမှာလား?"
Bai Luo Yin အံကျိတ်ထားတယ်။ "မင်းလုပ်မယ်ဆိုလည်း၊ ငါ့အဝတ်အစားတွေကို အရင်ချွတ်။မဟုတ်ရင်မင်းလစ်တော့,သွား!"
"အမယ်လေး......ဘာလို့ ဒီလောက်တောင်အတွန့်တက်နေရသလဲ? ချစ် အဝတ်အစားတွေကို ချွတ်ပေးဖို့ လူတွေကို အော်ခေါ်လိုက်ပါ့လား......."
Bai Luo Yin အော်ဟစ်တယ်။"လာကြပါဦး! ဒီမှာ ရာဇဝတ်ကောင်တစ်ကောင်က ငါ့ကိုနာအောင်လုပ်နေလို့ဗျို့!!!"
Gu Hai နှုတ်ခမ်းတွေက မကောင်းဆိုးဝါးဆန်ဆန် ဆွဲဆောင်မှုရှိတဲ့အပြုံးအဖြစ် မြင့်တက်သွားတယ်။
"လုပ်လေ.....အော်လိုက်!ကျယ်ကျယ်လေးသာအော်....ဒါမှလူတွေလာတော့ ပျော်စရာ ပွဲလေး ကြည့်လို့ရသွားတာပေါ့"
ခဏအကြာ Bai Luo Yin ရဲ့ယူနီဖောင်းအပေါ်ပိုင်းကိုဆွဲဖွင့်လိုက်တော့၊ စစ်ယူနီဖောင်းအောက်က သူ့အရေပြားမှာ ခပ်ကြမ်းကြမ်းကြွက်သားအမြောင်းတွေ ထင်းနေတယ်။ သူ့ခါးကောက်ကြောင်းကအရိုင်းဆန်ဆန် ရင်ဖိုစေတယ်။ Gu Hai က အရင်တုန်းကအချိန်တွေထက်ပိုပြီး ရမ္မက်ကြွနေတယ်။ သူကအသာငမ်းငမ်းနဲ့ Bai Luo Yin ရဲ့အဝတ်မပါတဲ့အရေပြားပေါ်က နေရာအကုန်နီးပါးကိုလိုက်ကိုက်ပြီး Bai Luo Yin တစ်ကိုယ်လုံးမှာညိုပုပ်ပုပ်အကွက်တွေကို ကျန်ရစ်စေတယ်။
Gu Hai ကBai Luo Yin ခန္ဓာကိုယ်ကိုဆွဲလှည့်လိုက်တော့ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက အိပ်ယာပေါ်မှာလှဲနေပြီး ခါးအောက်ပိုင်းကကြမ်းပြင်ပေါ်မှာ ရပ်နေတဲ့ အနေအထားဖြစ်နေတယ်။
ဒါနဲ့ သူကစစ်ယူနီဖောင်းဘောင်းဘီအပြည့်ဝတ်ထားတဲ့Bai Luo Yin ရဲ့တင်ပါးပေါ် အဖော်အချွတ် ဇာတ်လမ်းခင်းဖို့စတယ်။Bai Luo Yin တစ်ယောက် အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေတယ်။ ဆဲရေးကျိန်ဆဲမိတာလည်း အကြိမ်ပေါင်းများစွာပဲ။ဒီလူ့ရဲ့ အမြင်ကတ်စရာလုပ်ရပ်တွေက ရပ်မသွားတဲ့အပြင်၊ သူ့စစ်ဘောင်းဘီကိုဇစ်ဖြုတ်ပြီး တင်ပါးအောက်ထိဆွဲချတာတောင်ခံလိုက်ရတယ်။ ဒီလိုအနေအထားနဲ့ပဲGu Hai ကBai Luo Yin ခန္ဓာကိုယ်ထဲကို ခပ်နက်နက်ရောက်တဲ့အထိ ပြင်းပြင်းလေးဆောင့်လိုက်တော့၊ သူ့မျက်ဝန်းတွေက စစ်စိမ်းရောင်ပေါက်နေတယ်။
မကြာခင်ပဲ၊နှစ်ယောက်သားသူတို့ရဲ့ထိန်းမနိုင်သိမ်းမနိုင်တဲ့ ကာမဆန္ဒတွေနဲ့ အရမ်းပူတဲ့ရမ္မက်မီးတွေကြားထဲ စီးမျောသွားတော့တယ်။ Bai Luo Yin က အိပ်ယာခင်း ကိုမြဲနေအောင် ဆုပ်ကိုင်ထားပြီး၊ ကျုံ့နေတဲ့သူ့မျက်ခုံးတွေက ဒီအချိန်လေးမှာ ဖြစ်နေတဲ့ သူ့ရင်ထဲကလှိုက်ဖိုမှုကိုဖော်ပြနေတယ်။
နောက်.....ဒုံး! ဒုံး! ဒုံး! တံခါးကိုခေါက်နေတယ်။
ရင်းနှီးတဲ့အသံတစ်သံပေါ်လာတယ်။"ဗိုလ်မှူး၊ ကယ်ကြပါဦးလို့များခေါ်လိုက်သလားလို့?"
*သေစမ်း....မင်းတို့က အခုမှလာနေတယ်*Bai Luo Yin က သူ့ရင်ထှဲဆဲနေတယ်။
Gu Hai ကတချက်လောက်ခပ်ပြင်းပြင်းဆောင့်လိုက်တယ်။ Bai Luo Yin ရဲ့ ညည်းသံက စောင်ထဲမှာတင်ပျောက်သွားတယ်။
"ဗိုလ်မှူး?အဆင်ပြေလားလို့?"
"ချစ်ကိုလူတစ်ယောက်မေးနေတယ်လေ!" Gu Hai ကကြင်ကြင်နာနာလေးနဲ့ သတိပေး ပြီးတဲ့နောက်၊ ဆက်တိုက်ဆိုသလို အားပြင်းပြင်းနဲ့အရှိန်မပြတ် Bai Luo Yin ကိုယ်ထဲ အသွင်းအထုတ်လုပ်နေတော့တယ်။
Bai Luo Yin ကGu Hai ကိုသတ်ပစ်လိုက်ချင်တယ်။ ဒီလိုအနေအထားမှာ သူဘယ်လိုလုပ်ပြီးစကားပြောနိုင်မှာလဲ?
"အဆင်......."Bai Luo Yin တစ်ယောက်စကားလုံးတွေကိုဖျစ်ညစ်ထုတ်ရင်း......
"အဆင်ပြေတယ်......"
"အော်ဟုတ်ကဲ့၊ ဒါဆို ကျွန်တော်တို့ပြန်နားဦးမယ်နော်"
"မြန်မြန်......."
Bai Luo Yin က"သွားတော့"ဆိုတဲ့စကားကိုပြောမလို့ရှိသေးတယ်....Gu Haiဟာသူ့ရဲ့အဆက်မပြတ်တဲ့ပင့်ဆောင်ချက်တွေကို အရှိန်မြှင့်လိုက်တော့၊ Bai Luo Yin တစ်ယောက်ပါးစပ်ကိုစောင်နဲ့စို့ပြီး အသက်ရှူနေရတော့တယ်။End of CH-71