CHAPTER - 95 -မြူးထူးစွာ ထိန့်လန့်သော

105 10 0
                                    

CHAPTER – 95 -မြူးထူးစွာ ထိန့်လန့်သော  

Bai Luo Yin ထွက်ပြေးသွားတာ ငါးရက်တောင်ရှိသွားပြီ။ သူ့သတင်းကို အစအနတောင် မသိရသေးဘူး။ ဒီလိုရခဲတဲ့ အဖြစ်အပျက်မှာ လက်စွမ်းပြဖို့အတွက် စစ်တပ်ကလည်း ရှာဖွေမှုမှာ စစ်သားရာချီပြီး စေလွှတ်ဖို့ တွန့်ဆုပ်နေမှာမဟုတ်ဘူး။ အချို့သတင်းဌာနတွေကလည်း ပျောက်ဆုံးနေတဲ့ ဗိုလ်မှူးကြီးအကြောင်းကို စတင်ထုတ်လွှင့်နေကြပြီး၊ သတင်းပေးနိုင်တဲ့လူအတွက် ဆုငွေယန်းငါးသိန်း ပေးမယ်လို့တောင် ထုတ်ပြန်ထားတယ်။
ဒီလိုတွန်းအားကြီးကြီးပေးတာတောင် လုံးဝတုန့်ပြန်မှု ရှိမလာဘူး။
တစ်ယောက်မှမသိတာကတော့၊ Bai Luo Yin ဟာ တစ်ကယ့်ကို ဝေးလံခေါင်ဖျား လူသူကင်းမဲ့တဲ့ နေရာမှာ ရောက်နေတာကိုပဲ။ အဲ့ဒီရွာမှာ TV မရှိဘူး၊ ဖုန်းတို့ ကွန်ပျူတာတို့ဆို ထည့်ပြောမနေနဲ့ တော့။ ဒီနေရာမှာ ရှိတဲ့ အရာအားလုံးဟာ သဘာဝအတိုင်း ကျင်လည်ကျက်စားရာ မူရင်းအတိပဲ။ ဟစ် အော်ပြောခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက် သတင်းဖြန့်ဝေတယ်။ ဘေဂျင်းကနေ တိဘက်အထိ ကြားအောင် ဟစ်အော်ပြောနိုင်မယ့်သူ မရှိရင်တော့ မိုင်ပေါင်း ငါးသိန်းကနေ ဘယ်သတင်းမှ ရောက် လာဖို့ မမျှော်လင့်နဲတော့။
နေရာတိုင်းက လူအားလုံးနီးပါးဟာ Bai Luo Yin ကို ရှာဖွေဖို့ တစ်နည်းနည်းနဲ့ ပါဝင်ခဲ့ကြတယ်။ ရှာဖွေမှုမှာ မပါဝင်တဲ့ တစ်ဦးတည်းသောလူသားကတော့ Gu Hai ပါပဲ။
Gu Yan ပြောခဲ့သလို သူအရမ်းကို စိတ်မကောင်းဖြစ်ပြီး ရူးသွားပြီနဲ့တူတယ်တဲ့။
Bai Luo Yin ထွက်သွားတဲ့ ပထမဆုံးရက်မှာ ရှာဖွေဖို့ ကြိုးစားခဲ့တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ Gu Hai က အလုပ်ကိုပဲ ဖိလုပ်နေခဲ့တယ်။ နေ့တိုင်းလိုလို သူ့အလုပ်ရုံထဲမှာပဲ။Bai Luo Yin တာဝန်ယူထားတဲ့ စီမံကိန်းပြီးသွားကတည်းက သူ့ကုမ္ပဏီက အရည်အသွေးမြှင့် အချက်ပြမီးသီးတွေထုတ်လုပ်ရေးမှာ အာရုံစိုက်ထားခဲ့တယ်။ ကုန်လှောင်ဂိုဒေါင်မှာ မီးသီးကုန်ကြမ်းပစ္စည်းတွေ အများကြီးဝယ်ထားပြီးပြီ။ သူတို့ တစ်လုံးတောင် ရောင်းမထွက်သေးဘူး။ ဒါပေမယ့် Gu Hai ကတော့ အလုပ်သမားတွေကို ကုန်ဆက်ထုတ်လုပ်ဖို့ အချိန်ပို အလုပ်လုပ်အောင် တွန်းနေတယ်။
"MD Gu, အချက်ပြမီးသီးအသစ်တွေ ဂိုဒေါင်ထဲထည့်ပြီးပါပြီ" ထုတ်လုပ်ရေးဌာနက တာဝန်ရှိသူ တစ်ဦးက သတင်းပို့တယ်။
Gu Hai ခေါင်ညိတ်ပြပြီး နောက်ထပ်လိုအပ်တဲ့ ပမာဏစာရင်းကို သူမဆီပစ်ပေးလိုက်တယ်။
"ဒီလိုပမာဏစာရင်းအတိုင်းဆက်ထုတ်ထား"
တာဝန်ရှိသူက အံ့အားသင့်သွားတဲ့ပုံနဲ့ "MD Gu ဒီလောက်မီးသီးအများကြီးကို ဘယ်လေယာဉ်ကွင်းက လိုအပ်လို့လဲရှင်?"
"အဲ့ဒါငါ့အတွက်"
"ရှင်?...."
တာဝန်ရှိသူက ဒီထက်ပိုပြီး မေးချင်ပေမယ့် Gu Hai က လှည့်တောင်ထွက်သွားပြီ။
ဂိုဒေါင်မန်နေဂျာက စိတ်ပူပန်နေတဲ့ အမူအရာနဲ့ Tong Zhe ကို သွားရှာတယ်။
"ဒု ဥက္ကဌရှင့်၊ ဂိုဒေါင်မှာ နေရာလွတ်တကယ်မရှိတော့ဘူး။ ကျွန်မတို့ ထပ်ထည့်ရင် ကုန်ပို့ယာဉ်တွေ သွားလို့လာလို့ ရမှာမဟုတ်တော့ဘူး"
Tong Zhe ခဏလောက် တွေဝေသွားပြီးမှ အဲ့ဒီမန်နေဂျာကို ကြည့်လိုက်တယ်။ သူဘာမှမပြောဘဲ လှည့်ကာ Gu Hai ရုံးခန်းဆီကို ဦးတည်သွားတယ်။
တံခါးဖွင့်လိုက်တော့ Gu Hai ကြည့်ရတာ blueprint ပေါ်ကတွက်ချက်မှုတစ်ချို့မှာ အရမ်းကိုအာရုံကျနေပုံပဲ။ သူ့မျက်နှာထားက အလွန့်အလွန်ကို လေးနက်နေတယ်။ Tong Zhe က ခုံရှည်ပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကို စောင့်နေတယ်။ အချက်အလက်တွက်ချက်မှုတွေပြီးတဲ့အခါ Gu Hai က စားပွဲပေါ်ကိုသူ့ဖောင်တိန်နဲ့ ခေါက်နေပြီး Tong Zhe ရှိနေမှန်းအံ့အားသင့်စွာ တွေ့ရှိသွားတယ်။
"မင်း ဘယ်အချိန်က ၀င်လာတာလဲ?"
Tong Zhe က Gu Hai ရဲ့ မျက်ကြောပေါက်နေတဲ့ မျက်လုံးတွေကိုကြည့်ရင်း "ကျွန်တော် ခုနလေးကမှ ၀င်လာတာ"
Gu Hai ခေါင်းညိတ်ပြပြီး Tong Zhe ကို အဲ့ဒီ blueprint ကို ကမ်းပေးတယ်။
"ဒီ blueprint မှာပါတဲ့အရေအတွက်နဲ့ ညွှန်ကြားချက်အသေးစိတ်အတိုင်းဆောင်ရွက်ပါ၊ မနက်ဖြန် မမှောင်ခင် မီးသီးတွေကို သင်္ဘောတင်ဖြစ်အောင်တင်ပေး"
Tong Zhe အကြာကြီးနှုတ်ဆိတ်နေခဲ့တယ်။ နောက်ဆုံး သူပြောပြီ "ဂိုဒေါင်မှာ နေရာလပ် မကျန်တော့ဘူး"
Gu Hai က မော့တောင် မကြည့်ဘူး "ကုမ္ပဏီမှာ နေရာမပိုတော့ဘူးလား? ဂိုဒေါင်မဆန့်တော့ရင်..ဒါဆိုလည်း အဲ့ဒီမီးသီးတွေကို အစည်းအဝေးခန်းတို့ စီမံရေးနဲ့ဝန်ထမ်းဌာနတို့ ဒါမှမဟုတ်ရင် ကော်ရစ်တာတို့ မီးသီးတွေလုံခြုံစိတ်ချရတဲ့ နေရာမှန်သမျှ မင်းတို့ထားလို့ရတာပဲ"

Addicted? Book2 (Zawgyi)Where stories live. Discover now