CHAPTER -96- သူကကျွန်တော့်ရဲ့ ကလေးလေး

149 13 1
                                    

CHAPTER -96- သူကကျွန်တော့်ရဲ့ ကလေးလေး

သူ့လက်ချောင်းတွေ ထိုင်ခုံပေါ်က သတိလက်လွတ်ချော်ကျသွားတော့ Gu Hai ရဲ့ နှလုံးသားဟာ ထိန်းမရအောင် တုန်လှုပ်ပြီး အိပ်မက်ဆိုးကနေ လန့်နိုးသွားတယ်။ အဲ့ဒါ နေ့လည် သုံးနာရီပဲ ရှိသေးတယ်.... သူ့ ရုံးခန်းထဲမှာပဲ အိပ်ပျော်နေတယ်။
သူ့အိပ်မက်ဆိုးထဲမှာ Bai Luo Yin ကို ၀ံပုလွေတစ်ကောင်က စားနေတယ်လို့ Gu Hai အိပ်မက် မက်ခဲ့တယ်။ Gu Hai က နောက်ကနေအဆက်မပြတ်လိုက်နေခဲ့ပြီး အဲ့ဒီဝံပုလွေက Bai Luo Yin ခန္ဓာကိုယ်က အသားစိုင်တွေကို ဆွဲဖြဲပစ်တာကို ကူရာမဲ့စွာ ကြည့်နေရတယ်။ ၀ံပုလွေက အသားတစ်တုံးစားပြီးတိုင်း သူက အရိုးတစ်ချောင်းကို Gu Hai ဆီပစ်လိုက်တယ်။ သူလန့်နိုးလာတဲ့အချိန်မှာတော့ ၀ံပုလွေရဲ့ပါးစပ်ထဲမှာ Bai Luo Yin ရဲ့ ခေါင်းပဲကျန်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ သူ့မျက်လုံးပွင့်လာတယ်။
Gu Hai ဟာ အဲ့ဒီကြောက်မက်ဖွယ်မြင်ကွင်းကရလာတဲ့ သူ့ရဲ့ဝမ်းနည်းပူပန်စရာခံစားချက်ကို ဖယ်ထုတ်လို့ မရနိုင်သေးတဲ့အတွက် ဆယ်မိနစ်ကျော်လောက် သူ့တုံ့ပြန်မှုတွေ နှေးကွေးနေခဲ့တယ်။
**ဒီလိုအိပ်မက်ကြီး ဘာကြောင့်မက်ရတာလဲ?** သူတွေးရင်း သူ့နဖူးသူ လက်နဲ့ပွတ်နေတယ်။
**Bai Luo Yin လုံးဝအဆင်ပြေပါတယ်.. ငါကလွန်လွန်မင်းမင်းကြီး စိတ်ပူနေတာပါ** Gu Hai ရဲ့စိတ်ထဲမှာ သူ့ကိုယ်သူအဆက်မပြတ်နှစ်သိမ့်ပေးဖို့ကြိုးစားတယ်။ **သူလျှောက်သွားလို့ အားရသွားတာနဲ့ ငါ့ဆီပြန်လာမှာ။ ငါ,သူ့ကို အိမ်မှာစောင့်နေမယ်ဆိုတာ သူသိသားပဲ**
"ဒင်း ဒေါင်" တံခါးဘဲလ်မြည်လာတယ်။
Gu Hai က အသံသြသြနဲ့ "၀င်ခဲ့"
Tong Zhe တံခါးဖွင့်လာပြီး Gu Hai ဟာ ရုံးစားပွဲကထိုင်ခုံမှာ မှီထိုင်နေတာကို တွေ့တယ်။ Gu Hai ရဲ့ အသားအရေကြည့်ရတာ အလွန့်အလွန်ကို ညစ်နွမ်းနေတယ်။
"မနေ့က ဆရာလောနေတဲ့ မီးသီးတစ်သုတ်လုံး ထုတ်လုပ်မှုပြီးစီးသွားပြီ။ ထပ်ထုတ်ဖို့ ဆရာလိုသေးလား? ကျွန်တော့်ကို တစ်ခါတည်းပြောလိုက်လေ ဒါဆိုရင် ကျွန်တော်လည်း တစ်ချိန်လုံးဒီကိုလာပြီး ဆရာ့ကို နှောက်ယှက်စရာမလိုတော့တာပေါ့"
နောက်ဆုံး Gu Hai ခေါင်းညိတ်ပြီး "မလိုတော့ဘူး"
Tong Zhe "ဟင်း" ချမိတယ် (စိတ်အေးလို့ သက်ပြင်းချမိတယ်)၊၊အဲ့ဒီနောက် သူမှင်သေသေ ပြုံးရင်း "ဒါတော်တော်မလွယ်ဘူး။ ဒါတွေ နောက်ဆုံးတော့ အဆုံးသတ်ရောက်လာပြီပေါ့။ အခုရော? ကျွန်တော်တို့ နောက်ထပ်ဘာထပ်ထုတ်ဦးမှာလဲ? ဆရာ့မင်္ဂလာပွဲအတွက် ကျွန်တော်တို့သုံးလို့ရမယ့် ပစ္စည်းရှိသေးရင် ဒီကုမ္ပဏီမှာပဲ ကျွန်တော်တို့ ထုတ်လိုက်ရုံပဲ။ ကျွန်တော်တို့ဒီမှာ အရည်အချင်းရှိတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါဟာ ဒီမိန်းကလေးတွေအတွက် စွမ်းရည်ပြဖို့ အခွင့်အရေးကြီးတစ်ရပ်ပဲလေ"
"အလောတကြီး လုပ်ဖို့မလိုဘူး"
Gu Hai ထိုင်ခုံပေါ်ကထသွားကာ ရေတစ်ခွက်သောက်ပြီး သူ့စိတ်တွေငြိမ်သွားအောင်လုပ်ဖို့ water cooler ရှိရာလျှောက်သွားတယ်။
"လေဟာပြင်အလင်းပြပွဲကို ငါကိုယ်တိုင်စီစဉ်ထားတယ်။ လုပ်မယ့်တည်နေရာကိုလည်း ဆုံဖြတ်ပြီးပြီ။ ငါတို့ထုတ်ထားတဲ့ မီးသီးတွေအားလုံးကို အဲ့ဒီနေရာရောက်အောင် ငါ့ကိုကူပို့ပေးထား။ ဒီနေ့ညပဲ စပို့တော့" Gu Hai တောက်လျှောက်ကြီးပြောတယ်။
တောင်စဉ်ရေမရအတွေးတွေကို Gu Hai တစ်ယောက်တောက်လျှောက်ကြီး ပြောနေတာကြောင့် Tong Zhe လုံးဝကို နားလည်ရခက်နေတယ်။ **ဒီမီးသီးအပြုံကြီးက သူ့မင်္ဂလာဆောင်အတွက် သက်သက်လုပ်ထားခဲ့တာမဟုတ်လား? ဘယ်လိုဖြစ်ပြီး အခုကျမှလေဟာပြင်အလင်းပြပွဲအတွက်ဖြစ်သွားရတာလဲ? ဒီလောက်အများကြီး လျှပ်စစ်မီတာစားတဲ့မီးသီးတွေနဲ့ မြို့တော်တစ်ခုလုံး မီးထွန်းဖို့အတွက်တော့မဟုတ်လောက်ပါဘူးနော်?**
Gu Hai ပျော့ပျောင်းစွာမေးတယ်။ "ပြဿနာရှိလို့လား?"
Gu Hai ရဲ့ ပါးသိုင်းမွှေးတွေပေါက်နေတဲ့ နွမ်းနယ်နေတဲ့မျက်နှာကိုမြင်ပြီး Tong Zhe တကယ့်ကိုမငြင်းဆန်နိုင်တော့ဘူး။
Gu Hai ရဲ့ ရုံးခန်းကနေထွက်သွားပြီးတော့ Tong Zhe ဟာ ဒီတာဝန်ကိုဆောင်ရွက်ဖို့ တက်တက်ကြွကြွပြင်ဆင်တယ်။ သယ်ယူပို့ဆောင်ရေးယာဉ်အစီးပေါင်းများစွာကိုသုံးပြီး ဒီစွမ်းအားကြီး စလိုက်မီးတွေနဲ့ မျက်စိစူးစေတဲ့ မီးသီးလေးတွေအားလုံးကို Gu Hai ငှားထားတဲ့ ပွဲလုပ်မယ့်နေရာရောက်အောင် ပို့ပေးရတယ်။ အစပိုင်းကတော့ ပွဲလုပ်မယ့်နေရာက ဒီမီးသီးတွေအားလုံးထားဖို့မဆံမှာကို Tong Zhe စိတ်ပူနေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူအဲ့ဒီကိုရောက်သွားတဲ့အခါ ပွဲလုပ်မယ့်နေရာက အရမ်းကိုကျယ်လွန်းလို့ စည်းရိုးက မျက်စိတစ်ဆုံးမှာတောင်မမြင်ရဘူး။

Addicted? Book2 (Zawgyi)Donde viven las historias. Descúbrelo ahora