CHAPTER 45 - စစ်ဖြစ်တော့မယ်
Gu Hai က Bai Lou Yin ဆီက တုံ့ပြန်လာမှာကို ရုံးခန်းထဲကနေစောင့်နေတယ်။ သူ့ရင်ထဲမှာတော့ ငိုနေပြီလေ။ **သူတကယ့်ကို စိတ်မဆိုးဘူးပေါ့?** ပြီးတော့ သူက ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တယ်။ သူကြည့်လေလေ...အလွန့်အလွန်ခံစားရလေလေပဲ။ Bai Lou Yin သာ ဒီဓါတ်ပုံတွေကို အစစ်လိုယုံသွားရင်.. နှစ်ဦးကြားတင်းမာမှုကို လျော့ဖို့နည်းလမ်းရှိမှာ မဟုတ်တော့ဘူး။
ဒီအကြောင်း ထပ်ဖန်တလဲလဲ စဉ်းစားပြီး၊ စိတ်ချရအောင် ကိုယ်တိုင်သွားကြည့်ချင်တဲ့စိတ်ဖြစ်မိတယ်။
ရုံးဆင်းတာနဲ့ Gu Hai ဟာ တပ်အိမ်ဆီကားမောင်းသွားတော့ အိမ်ကသော့ခတ်ထားတာတွေ့တယ်။ နောက်..သူက သုသေတနအခန်းထဲလိုက်သွားတော့..ဒီနေ့ Bai Lou Yin မလာဘူးလို့ ပြောလိုက်ကြ တယ်။ သူ့နာရီကိုကြည့်လိုက်တော့ ညစာစားချိန်တောင်ရောက်နေပြီ။ ဒါကြောင့် Bai Lou Yin ညစာ ထွက်စားတာနေမှာ။ Gu Hai က တပ်အိမ်တံခါးကိုဖွင့်ပြီး အတွင်းထဲမှာထိုင်စောင့်နေလိုက်တယ်။
ဓါတ်ပုံတွေက စားပွဲပေါ်မှာရှိနေတယ်။ Gu Hai ကောက်ယူကြည့်တယ်။ သူနဲ့ Yan Ya Jing ရဲ့ပုံက Bai Lou Yin ရဲ့ လုံးချေခြင်းကိုခံထားရတယ်။ ဒါဟာ Bai Lou Yin ဒေါသရဲ့သက်သေပဲ။
**ထားလိုက်တော့!**Gu Hai တွေးမိတယ်။ **ဘာပဲဖြစ်ဖြစ် ဒေါသထွက်စေချင်တဲ့အတိုင်း ဒေါသထွက်နေပြီပဲ၊ ကျန်တာတွေ ရှိပါစေတော့**
ဒီလိုအတွေးလေးနဲ့ Gu Hai က Bai Lou Yin အခန်းကို သန့်ရှင်းရေးစလုပ်တော့တယ်။ သူ မလာတာမှ ရက်ပိုင်းပဲရှိသေးတယ်။ Bai Lou Yin နေရာက ၀က်စားကျင်းကျနေတာပဲ။ Gu Hai ဟာ Bai Lou Yin ရဲ့ အ၀တ်ပေတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေတဲ့အချိန်မှာပဲ..ရုတ်တရက် ခေါင်းအုံးအောက်က အကာအကွယ်ပစ္စည်းဘူးကို တွေ့လိုက်တယ်။ Gu Hai အရင်က ဒါတွေဒီနေရာမှာ မတွေ့မိပါဘူး။ သူဝယ်လာတာမဟုတ်ရင် ဒါတွေက ဘယ်ကရောက်လာတာလဲ? အရေးကြီးဆုံး မေးခွန်းကတော့...Bai Lou Yin က ဒီတပ်အိမ်မှာ တစ်ယောက်တည်းနေနေပြီး...ဒီပစ္စည်းတွေကို သူကဘာကိစ္စလိုရတာလဲ?
မကောင်းတဲ့ခံစားချက်တစ်ခုက သူ့ဦးနှောက်ထဲ ခုန်ဝင်လာပြီး..Gu Hai ရဲ့ ခက်ထန်တဲ့စရိုက်ကို ဆွနေတယ်။ ဒါပေမယ့် သူက ဒီလို အကျိုးအကြောင်းမပြည့်ဝတဲ့ ကောက်ချက်ချမှုတွေကိုဖယ်ရှားဖို့ ကြိုးစားတယ်။ Bai Lou Yin က မျက်နှာများတဲ့လူမှ မဟုတ်တာ။ သူတို့မဆက်သွယ်တာ သုံးရက်ပဲ ရှိသေးတယ်။ ဒါကြောင့် ဒီလို အကျင့်ပျက်သွားစရာအကြောင်းမရှိလောက်ပါဘူး။