CHAPTER 39 – ဒုက္ခပြီးရင်း ဒုက္ခBai Lou Yin ရင်ထဲ မွန်းကြပ်သွားတယ်။ သူ့မျက်လုံးတွေက Gu Hai ကို ကြည့်ရင်း
"ကို တကယ်သိချင်တာလား?"
Gu Hai က "သေချာတာပေါ့" ဆိုတာကို ရုတ်ချည်းပြောချလိုက်တယ်။
"ဒါဆို ငါပြောပြီးရင် စိတ်မဆိုးပါဘူးလို့ အရင်ကတိပေး"
တကယ်တော့ Bai Lou Yin ဒီစကားလုံးတွေပြောနေချိန်..Gu Hai နှလုံးသားဟာ မီးမြိုက်ခံနေရတယ်။ ဒါပေမယ့် ဒီလိုပေါက်ထွက်မတက် တောက်လောင်ပူပင်မှုကြောင့်ပဲ..အမှန်တရားကို ဖော်ထုတ်ဖို့ ဒေါသတွေကို မြိုသိပ်ထားရတယ်။
Gu Hai ခေါင်းညိတ်ပြီး ကတိပေးလိုက်တာကို Bai Lou Yin တွေ့တော့မှ.. သူဖြေးဖြေးချင်း စကားဆိုတယ်။ "ငါ့ကို ဗိုလ်မှူးချုပ်ညှစ်လိုက်တာ"
စက္ကန့်ပိုင်းအတွင်း ရူးနေတဲ့ခြင်္သေ့ကြီး ဟိန်းဟောက်လာတယ်။
"မင်းတို့ ဗိုလ်မှူးချုပ်က မင်းပဲညှစ်ရတာလဲ? အခြားသူတွေ ညှစ်ပါလား?"
Bai Lou Yin ညီလေး..ထပ်ပြီး ပြင်းပြင်းထန်ထန် အညှစ်ခံရပြန်ပြီ။ ဒီတစ်ခါ ငရဲကျနေသလောက် နာတယ်။ သူက မျက်နှာမသာမယာနဲ့ ပြန်အော်တယ်။
"ကို စိတ်မဆိုးဘူးပြောခဲ့တယ်မဟုတ်လား? ငါ့ကို ဘာလို့လာအော်နေတာလဲ? ငါ့ကို ဘာကိစ္စအပြစ်လာတင်နေရတာလဲ? အခြားသူတွေကိုလည်း မညှစ်ဘူးလို့ ကို,သိသလား? သူညှစ်ရင်လည်း ကို့ကို လာပြောပြနေရဦးမှာလား?"
"အခြားသူတွေအကြောင်း စိတ်မ၀င်စားဘူး။ သူ..အခြားသူတွေကို သားမယားကျင့်နေတောင်ဂရုမစိုက်ဘူး!"
Gu Hai က ဒေါသတကြီး Bai Lou Yin ကို စိုက်ကြည့်ပြီး
"ဒါနဲ့ ကိုယ် မေးပါဦးမယ်။ မင်းကလည်း ဘယ်လောက် ငြို့ငြို့ငင်ငင်နေနေလဲမှ မသိတာ။ နည်းနည်း ပါးပါးလည်း သတိထားဆက်ဆံပါဦးလား? ကိုယ့်ရှေ့မှာလည်း တစ်ချိန်လုံးမူယာမာယာတွေ များနေ တာ။ အနှေးနဲ့အမြန် ကိုယ့်ခေါင်းပေါ်ကို ဦးထုပ်စိမ်းဆောင်းပေးတော့မှာပဲ"
[Note- ဦးထုပ်စိမ်းဆိုတာ တရုတ်ပြည် ယန်ခေတ်တုန်းက ပြည့်တန်ဆာတွေရဲ့အမျိုးတွေဟာ ဦးထုပ် အစိမ်းကို မဆောင်းမနေရ ဆောင်းရပါတယ်။]