CHAPTER 12 - ခေသူမဟုတ်

178 19 0
                                    


CHAPTER 12 - ခေသူမဟုတ်

သုံးရက်ကြာတော့ Bai Luo Yin က ရက်ကြပ်တွေကြားက နားချိန်ယူပြီး ကြင်ဖက်တွေ့ဖို့ စီစဉ်တယ်။ အရေးကြီးပုဂ္ဂိုလ် တစ်ယောက်နဲ့ တွေ့တော့ မယ့်အတိုင်း သူပြင်ဆင်နေတယ်။
မိန်းကလေးက Café ဆိုင်မှာ အရင်ရောက်နှင့်နေပြီ။ သူမက ပြူတင်းပေါက်နဲ့ကပ်ရက်က ခုံကို ရွေးထိုင်ပြီး တစ်ခါတစ်ခါ အပြင်က ရှုခင်းတွေကို လှမ်းကြည့်ရင်း လှုပ်ရှားနေတဲ့ သူမစိတ်ကို လျော့အောင် လုပ်နေတယ်။
Bai Luo Yin က ဆိုင်ထဲရောက်တော့ မိန်းကလေးကကြိုပြီး အသိပေးထားတဲ့ခုံနံပါတ်ဆီကို တန်းတန်းသွားလိုက်တယ်။
"မင်္ဂလာပါခင်ဗျာ ကျွန်တော်က Bai Luo Yin ပါ"
မိန်းကလေးရဲ့ နှလုံးက စိတ်လှုပ်ရှားလွန်းလို့ ပေါက်ထွက်တော့မ ယ်။ ပထမဆုရသွားတဲ့ ခံစားချက်မျိုးပဲ။
"မင်္ဂလာပါရှင် ကျွန်မက Di Shuang ပါ" မိန်းကလေးက လက်ကမ်းပေးတယ်။ Bai Luo Yin က လက်ဆွဲနှုတ်ဆက်တော့ မိန်းကလေး လက်ဖ၀ါးက စိုနေတယ်။
နှစ်ယောက်သားစကားစမြည်းတွေပြောကြတယ်။ Di Shaung အပေါ်ထားတဲ့ Bai Luo Yin ရဲ့သဘောထားက မဆိုးပါဘူး။ သူမက ကျက်သရေရှိတယ်၊ သွက်လက်တယ်၊ အကင်းပါးတယ်၊ ဥာဏ်ကောင်း တဲ့ပုံစံပါပဲ။ Bai Luo Yin အပေါ်ထားတဲ့ Di Shaung ရဲ့သဘောထားက သာကောင်းသေး။ သူက ရုပ်ချောတာအပြင် စကားပြောလည်းကောင်း တယ်။ စကားအများကြီး မပြောပေမယ့် ပြောလိုက်တဲ့ စကားတိုင်းက နုညံ့သိမ်မွေ့လွန်းလို့ မချစ်ဘဲမနေနိုင်လောက်အောင်ဘဲ။
"ဒါက ကျွန်မရဲ့ ပထမဆုံးကြင်ဖက်တွေ့ခြင်းပဲ" Di Shuang က ပြုံးပြုံးလေးပြောတယ် "ကျွန်မက  ကြင်ဖက်တွေ့တာတွေက မယုံရဘူး လို့ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မဒီကိုလာလိုက်တာ မှန်သွား ပြီ ထင် တယ်"
Di Shaung က သူ့ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောနေတော့ Bai Luo Yin လည်းဝေ့လည်ကြောင်ပတ် မလုပ်တော့ဘူး။ သူ့ရဲ့ အခြေအနေ အမှန်ကို မိန်းကလေးကို ရှင်းပြဖို့ ဆုံးဖြတ်လိုက် တယ်။
"ကျွန်တော်က နောက်လည်း တပ်ကထွက်မှာ မဟုတ်လို့ ကျွန်တော် နဲ့ အကြောင်းပါခဲ့ရင်  အထီးကျန်မှုတွေအတွက် စိတ်ကို ကြိုပြင်ဆင်ထားဖို့ တော့ ညီမလိုလိမ့်မယ်"
Di Shuang ကပြုံးရင်းခေါင်းညိတ်တယ်။ သူမက တကယ်ကို ကြွေနေပြီ။ ဒီအချိန်မှာ Bai Luo Yin ဘာပြောပြော သူမ ခေါင်းညိတ်မှာပဲ။
Bai Luo Yin က ဆက်ပြောတယ် "ကျွန်တော်က အရမ်း အလုပ်များတယ် တစ်ခါတစ်လေ ရက်သတ္တပတ်အနည်းငယ် လောက်က နေ လတော်တ်ာကြာ ကျွန်တော်နဲ့ မတွေ့နိုင်တာမျိုး တွေလည်း ရှိတတ်တယ်။"
Di Shuang ကပြုံးနေတုန်းပဲ "ကိစ္စမရှိပါဘူး ကျွန်မစောင့်နိုင်ပါ တယ်"
Bai Luo Yin က ဆက်ပြီးဘွင်းဘွင်းပဲပြောတယ် "ကျွန်တော် ရံဖန်ရံခါ အသက်အန္တရာယ်ရှိတဲ့ အရေးကြီး mission တွေ ယူရ တယ်နော်"
"ကျွန်မမကြောက်ပါဘူး။ နောက်ကနေ တိတ်တိတ်လေး ပါရမီဖြည့်ပါ့ မယ်"
Bai Luo Yin ကထပ်ပြောလိုက်တယ် "ကျွန်တော်ကတော့ ကျွန်တော်တို့ နှစ်ယောက် မသင့်တော်ဘူးလို့ ထင်တယ်"
Di Shuang မပြုံးနိုင်တော့ဘူး "ဘာလို့လဲ?"
"ရိုးရိုးသားသားပြောရရင် ညီမက အရမ်းပြည့်စုံလွန်းတယ်။ ညီမရဲ့ အချိန်တွေကို မဖြုန်းချင်ဘူး။ ကျွန်တော့်ဇနီးဖြစ်လာမယ်ဆိုရင် နေ့တိုင်း ကျွန်တော့်ကိုပဲ မျှော်နေရပြီး အချိန်တွေ ကုန်သွားမယ်။ ကျွန်တော်က လည်းဘာနွေးထွေးမှုမှ ညီမကို မပေးနိုင်......."
"ကျွန်မကလည်း အစ်ကိုထင်သလောက် မပြည့်စုံပါဘူး" Di Shuang က Bai Luo Yin စကားကို ဖြတ်ပြောတယ် "အစ်ကိုနဲ့ မတွေ့ခင်တုန်းက ကျွန်မတို့ Boss ကိုတောင်ကျိတ်ကြွေနေခဲ့သေး တယ်"
"ဗျာ!?" Bai Luo Yin ရဲ့ နဖူးရေ တွန့်သွားတယ်။
Di Shuang က မြန်မြန်ဆက်ရှင်းပြတယ် "ကျွန်မပြောချင်တာက ကျွန်မက အစ်ကိုထင်သလောက်လဲ မဖြူစင်ပါဘူးလို့။ ကျွန်မမှာလဲ အတိုင်းအတာတော့ ရှိပါတယ်။ အစ်ကိုလည်း ကိုယ်ပိုင် လွတ်လပ်ခွင့် မရှိဘူး၊ ကျွန်မလည်း အတူတူပါပဲ။ စစ်တပ်ကနေ အလွယ်တကူ အပြင်သွားလို့ မရသလို ကျွန်မတို့ ကုမ္ပဏီကလည်း date လုပ်ခွင့် မပေးဘူး"
"အဲ့ဒီလို ကုမ္ပဏီရှိလား?" Bai Luo Yin အံသြပြီး "ညီမက ဘာ အလုပ်လုပ်သလဲ?"
"ကျွန်မက နည်းပညာကုမ္ပဏီမှာ စာရင်းကိုင်လုပ်နေတာပါ"
"စာရင်းကိုင်တာနဲ့ ရည်းစားမထားရတာ ဘာဆိုင်လဲ?"
Di Shuang ရဲ့ နှုတ်ခမ်းနီနီလေးက မကျေမနပ်နဲ့ ရွဲ့သွားတယ်
"စာရင်းကိုင်ဌာနတစ်ခုတင်မဟုတ်ဘူး ကုမ္ပဏီက ၀န်ထမ်းတွေ အားလုံး ဘယ်သူမှ ရည်းစားမထားရဘူး။ တကယ်လို့ ထားရင်လည်း အထက်လူကြီးကို တင်ပြရတယ်။ ကျွန်မတို့ရဲ့ ရည်းစားတွေကလည်း ကုမ္ပဏီနဲ့ ဆက်စပ်တဲ့သူဖြစ်ရမယ်။ တွေ့ကရာလူ ဆိုရင်တော့ အလုပ် ဖြုတ်ခံရ မယ်"
"ညီမတို့ ကုမ္ပဏီရဲ့ စည်းမျဉ်းက မလွန်လွန်းဘူးလား?" ဒီလို စည်းမျဉ်းကို Bai Luo Yin ကြားဖူးတာ ပထမဆုံးပဲ။
Di Shuang က ပြူတင်းကနေ စိတ်လေးလေးနဲ့ လှမ်းကြည့်တယ်။ ရုတ်တရက်ကြီး သူမစိတ်ပေါ့သွားပြီး "အစ်ကိုက လက်ခံနိုင်တဲ့ အခြေအနေရှိလို့ ကျွန်မအထက်လူကြီးဆီက ထောက်ခံချက်လည်းယူ လို့ ရနိုင်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီကလည်း စစ်တပ်အကူလုပ်ငန်းတွေ ရှိပြီးတော့ အစ်ကိုကလည်း စစ်တပ်ကပဲဆိုတော့ ကျွန်မတို့ကုမ္ပဏီ တိုးတက်မှုကို ကူညီနိုင်တယ်လေ။ ကျွန်မ တို့ MD ကလည်း သဘောတူ မှာပါ"
Bai Luo Yin ကသူ့မျက်လုံးကို မှေးလိုက်ပြီး တိုးတိုးပြောလိုက် တယ် "ကုမ္ပဏီ နာမည်က?"
Di Shaung ကတော့ နာမည်အပြည့်အစုံပြောဖို့ ဂုဏ်ယူနေပြီး "Beijing Hai Yin ပါ"
Bai Luo Yin အ, သွားတယ် "........."
Di Shaung က Bai Luo Yin မျက်နှာပျက်သွားတာကို သတိထားမိ တယ်။ သူမက Bai Luo Yin တစ်မျိုးထင်နေမှာစိုးလို့ မြန်မြန် ဆက်ရှင်းပြတယ် "ကျွန်မတို့ ကုမ္ပဏီကသမာအာဇီဝအလုပ်ပဲ လုပ်တာ ပါ။ MDက မိန်းကလေးတွေချည်း အလုပ်ခန့်ထားတယ် ဆိုပေမယ့် တရားမ၀င် ဘာမှမလုပ်ပါဘူး"
**ရှင်းမပြတာ ပိုကောင်းပါတယ်**
Bai Luo Yin စိတ်တိုလာတာတွေ့လိုက်တော့ Di Shaung က နည်းနည်း လန့်လာတယ်။
"Bai Luo Yin, အစ်ကိုရဲ့ နောက်ခံက ကောင်းတယ်ဆိုပေမယ့် ကောင်းတဲ့ကြင်ဖက်ကို တွေ့နိုင်မှာတော့မဟုတ်ဘူး။ အစ်ကို ဘေဂျင်းက လူတွေထဲက ရွေးမယ်ဆိုရင် အစ်ကိုနဲ့သင့်တော်တဲ့ မိန်းကလေးက ကျွန်မတို့ ကုမ္ပဏီမှာပဲရှိတယ်။ အစ်ကိုလို အရည်အချင်းရှိ နောက်ခံ ကောင်းတဲ့လူအတွက် ငယ်ရွယ်ပြီး လှပတဲ့ ပညာတတ်မိန်းကလေးကို ဇနီးအဖြစ်လိုချင်မှာပဲ၊ နောက်ဆုံးတော့ အဲ့လို မိန်းကလေးတွေ အားလုံး က ကျွန်မတို့ ကုမ္ပဏီမှာပဲရှိတယ်။ တကယ်တော့ ပြောချင်တာက အစ်ကို ကျွန်မကို မနှစ်မြို့ရင်လည်း ကျွန်မတို့ကုမ္ပဏီက တစ်ယောက် ယောက်နဲ့ တွေ့ရဦးမှာပဲ။ကျွန်မတို့က အပြင်ပန်းရုပ်သွင်ပဲ ကွာသွားပြီး အတွင်းသဏ္ဍာန်ကတော့ အတူတူနီးပါးပဲ။ စားရမှာက ထမင်းပဲမလား ဘာကြောင့် ပန်းကန်ရွေးနေဦးမှာလဲ?"
Bai Luo Yin အ, သွားပြန်ပြီ ".........."
ပထမဆုံးတွေ့မှုမှာတင် နှစ်ယောက်သား အဆင်ပြေကြတယ်။ Bai Luo Yinက သူ့ကားနဲ့ ကုမ္ပဏီကို လိုက်ပို့တယ်။ Di Shaung ကားပေါ်က ဆင်းတော့ သူ့ကြည့်ရတာပန်းပွင့်လေးလိုပဲ။
ဒီမြင်ကွင်းကို Xiao Tao က မြင်လိုက်တယ်။
အရင်ကဆို Xiao Tao က သူများကိစ္စ၀င်မစွက်ဖက်တတ်ဘူး။ ဒါပေမဲ့ ဒီလူက Bai Luo Yin ဖြစ်နေတယ်။ သူမက Bai Luo Yin ကို Hotel မှာကတည်းက သတိထားမိတယ်။ ပြီးတော့ သူမတို့ ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ဆွေးနွေးတုန်းကလည်း တွေ့ဖူးတယ်။ Bai Luo Yin အပေါ် သူမ ထင်မြင်ချက်က 'ကိုကျောက်တုံး'။ ဒီလိုလူကို ချဉ်းကပ်ဖို့ တော်တော် ခက်တယ်။ ခုလို Bai Luo Yin က Di Shuang ကို ကုမ္ပဏီ ပြန်ပို့တာ ကြည့်ပြီး သူမ မမျှော်လင့်ထားဘဲ မှင်သက်နေတယ်။
အဲ့ဒါကြောင့် သူမက သွက်သွက်လေးသွားပြီး Di Shuang နဲ့ ဓါတ် လှေကား စီးလိုက်တယ်။
"အစောတုန်းက လူကဘယ်သူလဲ?" Xiao Tao က တမင်မေးလိုက် တော့ Di Shuang ရဲ့ ပါးနှစ်ဖက်လုံး ရဲလာပြီး "ငါ့ရည်းစား!"
Xiao Tao ရဲ့ ရင်တွေလှုပ်ရှားနေတယ်။ Bai Luo Yin ကို စိတ်ဝင်စား တာမျိုးမဟုတ်ပေမဲ့ အမျိုးသမီးဆိုတာ မနာလိုစိတ် တော့ ရှိတယ်မလား
**ငါက Di Shaung ကိုမမှီတဲ့နေရာ ဘယ်မှာရှိလို့လဲ? ဘာလို့ အရာရှိ ချောချောက သူ့ကိုရွေးရတာလဲ?**
နောက်ဆုံးတော့ ဒီသတင်းက MD ဆီကို သွားပြောဖို့ ဖြစ်လာတယ်။
"MD Gu, စာရင်းကိုင်ဌာနက Di Shaung က date လုပ်နေတယ် ဆိုတာ ကြားပြီးပြီလား ဆရာ? သူမက ကုမ္ပဏီစည်းကမ်းကို လစ်လျူရှု နေတာပဲ။ ဆရာက အရေးမယူရင် သူများတွေလည်း ဒီစည်းကမ်း မလိုက်နာတော့ မှာ စိုးရိမ်ရတယ်"
Gu Hai က Xiao Tao ကို တစ်ချက်ကြည့်လိုက်ပြီး
"သက်သေအတိအကျရရင် ငါဖြေရှင်းလိုက်မယ်"
"ကျွန်မကိုယ်တိုင် မြင်ခဲ့တယ်လေ" Xiao Tao က အော်တယ်။
Gu Hai က ဟောက်လိုက်တယ်။
"မင်းမျက်စိက ခိုင်မာတဲ့သက်သေ ဖြစ်နေမလား?"
Xiao Tao လည်းရှက်ပြီး ဘာမှမပြောရဲတော့ဘူး။
Xiao Tao ပြန်ထွက်သွားတော့ Gu Hai က ခုံပေါ်ထိုင်ပြီး မျက်နှာ ကျက် ကို မျက်လုံးမှေး ကြည့်နေတယ်။ သူတောင် မသိလိုက်ဘဲ သူ့ရဲ့စိတ်ထဲ မှာ Bai Luo Yin ရဲ့ နှုတ်ခမ်းထောင့်က အစွန်းရေးရေးကို သတိရလိုက်ပြီး၊ company ရှေ့ပေါက်မှာ အလောတကြီး တွေ့လိုက်ရပြီး တဲ့နောက် Bai Luo Yin ဆီက ဘာအဆက် အသွယ်မှ မရတော့ဘူး။ သူ့ရင်ထဲမှာ မောသွားတယ်။
Gu Hai က ရင်ဘက်ကို လက်နဲ့ အသာဖိလိုက်ပြီး ကိုယ့်ဘာသာ ကိုယ် တိတ်တိတ်လေးတွေးမိတယ် ** မင်းက ဒီနေရာလေးမှာ ရှိသင့်တာ**
Di Shuang ရဲ့ ကောလဟာလက တစ်ရုံးလုံးပြန့်သွားတယ်။ ဒီ သောကြာနေ့ Bai Luo Yin က Liu Chong ကိုဆေးရုံသွား ကြည့်ရင်းနဲ့ သူ့ကောင်မလေးကိုတွေ့ဖို့ Gu Hai တို့ကုမ္ပဏီကို မောင်းလာတယ်။
ဒီအချိန်မှာ လူတွေရုံးဆင်းပြီး အပြင်ကိုထွက်လာကြပြီ။ Bai Luo Yin က ဒီအချိန်ကို ရွေးပြီး လာတာမဟုတ်ပါဘူး။ သူလုပ်ရမယ့် ကိစ္စတွေပြီးပြတ် တဲ့အချိန်မို့ လာခဲ့တာပါ။
ဒီတစ်ခါ Di Shaung က သူ့ကောင်လေးကို လူတွေရှေ့မှာတင် ဖက်လိုက်တယ်။
ဒီအရာရှိကို လူတိုင်းနီးပါး မြင်လည်းမြင်ဖူး၊ လေးလည်းလေးစား နေလို့ ကို ဒီလိုလုပ်လိုက်တော့ ကုမ္ပဏီအ၀င်ပေါက်မှာ ပွက်လော ရိုက်သွား တယ်။

End of Chapter 12

Addicted? Book2 (Zawgyi)Onde histórias criam vida. Descubra agora