Chapter 18 ချစ်သောသူနဲ့ ပြန်တွေ့ခြင်းထူးဆန်းလိုက်တာ ...Bai Luoyin က ဟိုဟိုဒီဒီ ကြည့်တယ်။ သူက ရေဖုံး နေတဲ့ ရေညှိခင်းကြီးဟာ ကောဇောတချပ်လို သူ့ကို ဝန်းပတ်ထား တယ်။ ဒါတောင် သူက သိပ်မနက်တဲ့ ရွံ့တွေရဲ့ အလယ်က ကုန်းမြင့် လေးပေါ်မှာရှိနေတယ်။ လေယာဉ်စက်ချို့ယွင်းပြီး ပျက်ကျတာဟာ ကံဆိုးတယ် ဆိုတာထက် နွံ တောကြီးထဲက ကုန်းမာမာပေါ် သူပြုတ်ကျ လာတာကိုက ကံကောင်းတာပဲ။
Bai Luoyin ငုံ့ကြည့်တော့ သူ့စစ်ဝတ်ရုံက မပျက်စီးဘူး။ သူက ဒဏ်ရာရ ပုံတောင် မပေါ်ဘူး။
"ကြည့်ရတာ ငါ မသေနိုင်သေးဘူး ထင်တယ် "
Bai Luoyin က မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်မြေတို့တွေကို လိုက် စမ်းတယ်။ အသက်ရှင်လေ့ကျင့်ရေးTraining တွေ အများကြီးက အတွေ့အကြုံတွေကို အခြေခံပြီး သူသိလိုက်ရတာက သူ့ခြေထောက် အောက်က မြေမာကလွဲရင် ဧရိယာတစ်ခုလုံးက နွံတောတွေနဲ့ ပတ်လည်ဝိုင်းနေတယ်။
Bai Luoyin က လန့်သွားပြီး
"သေစမ်း၊ ငါ ဒီက ဘယ်လိုထွက်နိုင်တော့မလဲ?"
အခုပဲ သူ့ကို နတ်တွေ ကယ်ခဲ့တယ် ထင်တယ်။ အခုတော့ သူ့ကို နတ်တွေက ပယ်ခဲ့တာပဲ။ နတ်တွေ လုပ်တတ်တာက ပထမတော့ မုန့်ပေး တယ်။ ပြီးမှ ပါးရိုက်တဲ့ အလုပ်။
Bai Luoyin က သစ်ပင်တွေ ဝိုင်းနေတဲ့ နေရာဆီ အရူးလိုပဲ အော်ဟစ် လိုက်တယ်။ ပတ်ဝန်းကျင်ကို ကြည့်လေကြည့်လေ မျှော်လင့်ချက်မရှိ လေပဲ။ စိတ်ထဲမှာတော့ သူသေရမယ့်ရက်တွေ ကို ရေတွက်နေပြီ။
Bai Luoyin က မြေကြီးပေါ် ထိုင်လိုက်တယ်။အခု သူလုပ်နိုင်တာ က ကယ်တာစောင့်ဖို့ပဲ။ သူ အရမ်းပင်ပန်းနေလို့လား မသိ။ ခဏလောက် ထိုင်ပြီးနောက် အိပ်ပျော်သွားတယ်။ ခဏကြာတော့ သူ့ကို လေ အေးအေးတွေက လှုပ်နှိုးလိုက်ပြီး ကောင်းကင်ကမှောင်မဲနေပြီ ဆိုတာ သိလိုက်တယ်။ ပတ်ဝန်းကျင်မှာလဲ မြူထူထူ ဖုံးထားလို့၊ သရဲကားထဲက ကြောက်စရာ ဇာတ်ဝင်ခန်းလိုပဲခံစားရတယ်။ တကယ်တော့ Bai Luoyin မကြောက်ပါဘူး။ သူက သရဲပေါ်လာဖို့တောင် မျှော်လင့်နေတာ။အဲ့ဒီ သရဲကိုစီးပြီး ဒီက ထွက်ချင်လို့။
သူ့နှုတ်ခမ်း နည်းနည်းခြောက်လာတော့ Bai Luoyin ဘေး ပတ်ဝန်းကျင်ကို ကြည့်တယ်။ ဆိုနေတဲ့ မြေနေရာမှာ သေချာပေါက် ရေရှိပေမယ့် အဆိပ်ပါလို့ သောက်လို့ မရဘူး။ ဒါကြောင့် သူက သစ်ပင် အမြစ်တွေ အောက်ကို စတူးပြီး Shirt အင်္ကျီကို ချွတ်လိုက်တယ်။ အဲ့ဒါကို မြေကြီး ကြားထဲ စွက်လိုက်တယ်။ ရေက ဖြည်းဖြည်းချင်း ထွက် လာပြီ။
ပါးစပ်အငုံနည်းနည်းမော့ပြီးတာနဲ့ Bai Luoyin က ပါးစပ်သုတ်ပြီး သစ်ပင်မှာ မှီပြီး အနားယူနေတယ်။
သူက တွေဝေဝေနဲ့ ကောင်းကင်ကို စိုက်ကြည့်နေတုန်း သူက မီးနီ မှိတ်တုတ် မှိတ်တုတ်ကို ရုတ်တရက် လှမ်းမြင်လိုက်တယ်။ လာကယ်တဲ့ လူ လာပြီ!!! သူက ပျော်ပြီး ထရပ်ပြီး၊ ကောင်းကင် ဆီ လှမ်းအော်တယ်။ သူက လေထီးကို သစ်ကိုင်းတစ်ခုနဲ့ ချည်ထားပြီး အချက်ပြအလံ အဖြစ်သုံးပြီး သူက ထပ်ခါထပ်ခါ လှုပ်ရွနေတယ်။
နောက်ဆုံးမှာ မီးနီလေးက နိမ့်နိမ့်မှာ ရှိပြီး သူ့နေရာနားမှာ အကြာကြီး ဝေ့နေတယ်။ ရှာတွေ့ဖို့ဆိုတာ အရမ်းခက်ခဲမှန်း Bai Luoyin လည်း သိပေမယ့် သူက လက်မလျှော့ချင်သေးဘူး။ နောက်ဆုံးတော့ သူ့ ဘေးနားမှာ တခါရှာပြီးပြီဆိုပေမယ့် ဒုတိယ အကြိမ်ရှာတော့ မတူတော့ ဘူး။ သူက ကျောက်တုံး ၂တုံး ရလို့ မီးခတ်ကြည့်တယ်။ သူက အားသုံးပြီး မီးခတ်တော့ မီးပွင့်သွား တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အပင်တွေ စိုနေတယ်လို့ မီးမွှေးလို့မရဘူး။ မစိုတာဆိုလို့ သူ့ေ လယာဉ်မှုး အကျီ်င်္တစ်စုံပဲ ရှိ တယ်။ သူက အကျီ်ကို မီးရှို့ပြီး အချက်ပြ တာတောင် ရှာဖွေသူတွေကမတွေ့ရင် ဒီနွံတောထဲမှာ သူအေးခဲပြီး သေသွားမှာပဲ။
ဒါနဲ့ပဲ Bai Luoyin က လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့နေရာမှာပဲ ပြန်ထိုင်လိုက်တယ်။
ကံကောင်းစွာနဲ့ပဲ ယာဉ်မောင်းအင်္ကျီက လေအေးတွေကို ကာကွယ်နိုင် လောက်အောင် ထူတယ်။ Bai Luoyin က မြေကြီး ပေါ်လှဲပြီး ဆက်အိပ် လိုက်တယ်။ သူက ခေါက်ထားတဲ့ လေထီးတစ်ဖက်ကို ခန္ဓာကိုယ် အောက်ထားပြီး ဖျာအခင်းအဖြစ်သုံးပြီး၊ နောက်တစ်ဖက်ကိုတော့ ခန္ဓာကိုယ်အပေါ်မှာ စောင်အဖြစ်သုံးတယ်။ နောက်ဆုံးတော့ သူ အိပ်တဲ့ အကျင့် ပြန်ပေါ်လာတယ်။ အောက်ခြေက စောင်က သူ့အပေါ်မှာ လုံးပြီး ရောက်နေတယ်။ (စောင်ကန်ထားတာကို ဆိုလိုပါသည်) လေပြင်းပြင်း တစ်ချက်က စောင်ကို မှုတ်ထုတ်ပစ်လိုက်တယ်။
Bai Luoyin က ရုတ်တရက် နိုးလာပြီး အိပ်ချင်မူးတူးနဲ့ စောင်ကို ဆွဲတယ်။ ဒါပေမယ့် စောင်က လေတိုက်လို့ လွှင့်သွားပြီ။စောင်နဲ့ ဖျာ လေထဲမှာတင် ပျောက်သွားတာကို ကြည့်ပြီး ဒီအတိုင်းထားရုံအပြင် သူမှာ ရွေးချယ်စရာ မရှိတော့ဘူး။
-------------##########---------
စစ်တပ်က အဖွဲ့တွေကလဲ တစ်ညလုံး ရှာနေကြပေမယ့် Bai Luoyin ရဲ့ တည်နေရာကို မတွေ့ရသေးဘူး။ Gu Hai လွှတ်လိုက်တဲ့ လေယာဉ်က လည်း ဘာလမ်းစမှရှာမတွေ့ခဲ့ဘူး။
အရုဏ်လဲ တက်ဆိုတော့ ယာဉ်မောင်းတွေကလဲ Gu Hai ကို ကြည့် လိုက်ပြီး မေးတယ်။
"ကျွန်တော်တို့ တစ်နေရာ လေယာဉ် ခဏဆင်းပြီး တစ်ခုခု စားမလား?"
Gu Hai က တစ်ခွန်းပဲ ပြန်ဖြေတယ်။
"ဆက်သွား "
နောက်ဆုံး အရုဏ်လဲ တက်ပြီ။ နိမ့်နိမ့်ပျံတာတောင် မြေပြင်က အခြေအနေတွေကို မြင်ရဖို့ ခက်ခဲနေတယ်။ ဧရိယာတစ်ခုလုံးကို ရုတ်တရက်ကြီး မြူထုက ဝိုင်းရံပစ်လိုက်တယ်။ နေ့လည်လောက် ရောက်တော့ ရာသီဥတုက ဖောက်လာပြီ။ လေယာဉ်ပျံသန်းဖို့ တောင် ခက်ခဲလာ လို့ ရှာဖွေမှုကို ခေတ္တခဏ ရပ်လိုက်တယ်။
Gu Hai က ဘယ်လိုမှ မစောင့်နိုင်တော့လို့ တောနက်ထဲကို ကားမောင်း သွားဖို့ ဆုံးဖြတ်လိုက်တယ်။
လမ်းတစ်ဝက်လောက်ရောက်တော့ သူရဲ့ လမ်းကြမ်းသုံးကားဟာ ရွှံထဲ နစ်သွားပြီ။ ဘယ်လိုမှ လှုပ်လို့ မရတော့ဘူး။ Gu Hai ဒီလို ဖြစ်မယ် ဆိုတာ ကြိုတွေးထားလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့သေးတယ်။ သူ့ ကျောပိုးအိတ်ကြီးကို ထုတ်လိုက်ပြီး ကျောမှာ သိုင်းလိုက်တယ်။ ပြီးတော့ သူက နွံတောထဲကို ဖြည်းဖြည်းချင်း ဝင်သွားတယ်။
နေ့လည်တစ်ခုလုံး Gu Hai က သူ့မျက်လုံးနဲ့ သစ်ကိုင်းကြီးကြီးကို အားကိုးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေရတယ်။ မှားပြီး တွက်ချက်မိလို့ နွံထဲကျတာ အကြိမ်ကြိမ်။ ဒါပေမယ့် မဆုတ်နစ်သောဇွဲနဲ့ သူ ကြိုးစား ပြန်တက်တယ်။ ညရောက်ပြီ။ရှေ့တိုးဖို့ တော်တော်ခက်သွားပြီ။ Gu Hai ရဲ့ အရှိန်နှုန်းက နှေးသည်ထက် နှေးလာတယ်။ သူမဖြတ်နိုင်တဲ့ နေရာတွေ အများကြီး ရှိခဲ့ပေမယ့် သူက အသက်ကို ရင်းပြီး ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ခက်ခဲတဲ့ နေရာတွေကို ဖြေးဖြေးဖြတ်ခဲ့တယ်။
အိပ်ပျက်တဲ့ နောက်ထပ်တစ်ည။ Gu Hai ရဲ့ အိတ်ထဲမှာ ရေနဲ့ စားစရာ တွေ အပြည့်ပါပေမယ့် သူ ထိတောင်မထိဘူး။
Bai Luoyin ကို ရှာဖို့က လွဲပြီးတော့ Gu Hai ဘာမှ မစဉ်းစား ချင်ဘူး။
"မရှိတော့မှ အဲ့ဒီလူရဲ့တန်ဖိုးကို သိမယ်" ဆိုတဲ့ စကားပုံက တကယ်မှန် တယ်။
ခုချိန်မှာ Bai Luoyin အပေါ်ထားတဲ့ အညိုးတွေ Gu Hai မှာ မရှိတော့ ဘူး။ သူက Bai Luoyin ရဲ့ စိတ်အစဉ်ကိုလဲ လုံးဝ သဘောပေါက် သွားပြီ။ ဒီအချိန် Bai Luoyin ကိုသာ ရှာတွေ့ခဲ့ရင်၊ နောက်တစ်စက္ကန့်မှာ Bai Luoyin က လက်ထပ်တော့မယ်ဆိုရင် တောင် သူပျော်ပါတယ်။
သူက နွံအိုင်အကြီးကြီးရှေ့မှာ ရပ်ပြီး ဘယ်အရပ်ကို ဦးတည်သွား သင့်လဲ စဉ်းစားနေတုန်း သစ်ကိုင်းမှာ ချည်ထားတဲ့ အဝတ်စတစ်ခု ကို ရုတ်တရက် လှမ်းမြင်လိုက်တယ်။ သူ့ရင်ထဲ တင်းကြပ်သွား တယ်။ သူက ချည်ထားတဲ့နေရာသွားပြီး ကိုင်ကြည့်တယ်။ ကြိုး အစွန်းမှာ အထုံးရှိနေပြီး၊ အဲ့ဒီအထုံးကလဲ လူရဲ့လက်နဲ့ လုပ်ထား တာပဲ။
Gu Hai ရဲ့ နှလုံးက ခုန်နေပြီး သူ့မျက်လုံးတွေက ပျော်ရွှင်မှုနဲ့ တောက်ပ လာတယ်။
Bai Luoyin သေချာပေါက် အသက်ရှင်နေတယ် ။
----------##########----------
ဒီနေ့ဆို တတိယမြောက်နေ့ပဲ။ Bai Luoyin တွက်တာ ဒီနေ့က နှစ်သစ်ကူး အကြိုနေ့။
သူ့အဖေနဲ့ ဖုန်းပြောခဲ့တာကို ပြောင်းပြန်စဉ်းစားလိုက်တော့ ၊ Bai Han Qi ရဲ့ ပျော်ရွှင်နေတဲ့ အသံကို ကြားရတော့၊ သူ စိတ်မကောင်းဖြစ်မိ တယ်။ သူ့အတွက် နှစ်သစ်ကူးမှာအိမ်ပြန်ဖို့ ဆိုတာလွယ်တာမဟုတ်ဘူး။ ခုတော့ သူဟာ လူကြီးတွေကို လိမ်သလို ဖြစ်နေပြီ။
Bai Luoyin က သစ်ပင်ပင်စည်ကြီးကို ဖက်လိုက်ပြီး၊ သူ့ရဲ့ ခေါင်းကို ပင်စည်မှာမှီထားလိုက်ပြီး အဝေးတစ်နေရာရာကို ကြောင်တောင်တောင် ကြည့်နေတယ်။
ဖက်ထုပ်လေးရေ၊ ခရမ်းသီး ဖက်ထုပ်လေးရေ။
Bai Luoyin က ဆာနေလွန်းလို့ မေ့မျောသွားချင်တာ။ သူက အဝေးကလာတဲ့ လူရိပ်ကို မှုန့်ပြပြနဲ့ မမြင်မိဘူး။ သူထင်တာက အဲ့ဒါ သူ့စိတ်ရဲ့ ဖျားယောင်မှုပေါ့။ ဒီလိုတောနက်ကြီးထဲမှာ လူတွေသွားလာ နေတာ မဖြစ်နိုင်ပါဘူး။
Gu Hai က Bai Luoyin ကို မြင်တဲ့အခါ သူ့ခြေထောက်တွေ တောင့် သွား တယ်။
"Yin Zi"
အသံကြားတော့ Bai Luoyin က မျက်စိဖွင့်ကြည့်တယ်။ တကယ့်ကို သူနဲ့ ၁၀ မီတာအကွာမှာ တစ်ယောက်ယောက် မတ်တပ်ရပ်နေတယ်။ သေချာကြည့်လိုက်တော့ အဲ့ဒီလူက Gu Hai ပဲ!!! Gu Hai ရဲ့ ခန္ဓာကိုယ် မှာ ရွံတွေနဲ့ ခဲနေပေမယ့် Bai Luoyin က သူ့ကို တစ်ချက်ကြည့်ရုံနဲ့ တန်းမှတ်မိတယ်။
သူ့ရင်ထဲမှာ လှိုင်းလုံးတွေ တက်လာသလိုပဲ။
Bai Luoyin က ထရပ်လိုက်ပြီး တဖက်ကို လက်ဝှေ့ယမ်းပြတယ်။
"Da Hai !Da Hai ငါ ဒီမှာ"
Gu Hai က သူ့နဖူးက ချွေးတွေကို သုတ်ပြီး စိတ်အေးသွားတဲ့ အပြုံး တစ်ချက် ပြုံးလိုက်တယ်။
"ဟေ့ ..ပေ ၃၀ လောက်လေး ဝေးနေတာကို ဘာလို့ ဒီလောက် အော်နေရတာလဲ ? ငါ နားမလေးသေးဘူး "
တကယ်တော့ Bai Luoyin လဲ ဒီလောက် အကျယ်ကြီး မအော်ချင်ပါ ဘူး။ ဒါပေမယ့် သူ့ခံစားချက်ကို မထိန်းလိုက်နိုင်လို့ပါ။ ဒီလို တောနက်ကြီးထဲမှာ ခြင်တစ်ကောင် ဖြတ်သွားရင်တောင် သူ့ဆွေမျိုးလို ချစ်ပြလိုက်မှာ။ လာတဲ့သူက Gu Hai ဆိုတော့ ဆိုဖွယ်ရာမရှိတော့ဘူး။
"မင်း အဲ့မှာပဲ နေနော်။ မလှုပ်လိုက်နဲ့။ ငါ ကူးလာခဲ့မယ်"Gu Hai က ကျယ်ကျယ်ပြောတယ်။
Bai Luoyin ရဲ့ မျက်နှာ ချက်ချင်း ပြောင်းသွားတယ် ။သူက အလောတ ကြီး ပြောတယ်။
"ကူးမလာနဲ့။ အန္တရာယ် များတယ် "
"မပူနဲ့။ ရောက်အောင် ကူးလာနိုင်တယ်"
Gu Hai က ရှေ့တစ်လှမ်းလှမ်းကာ ရှိသေးတယ်။ အခြားတစ်ဖက်က Bai Luoyin ရဲ့ အော်သံကို ကြားရတယ်။
"ရှေ့တစ်လှမ်း တိုးရဲ တိုးကြည့်။ ငါ ဒီနွံထဲ မြန်မြန်ခုန်ချလိုက်မှာ နော်။ယုံချင်ယုံ မယုံချင်နေ"
Bai Luoyin ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို မြင်တော့ Gu Hai က ခြေ တစ်လှမ်း ပြန်ဆုတ်လိုက်တယ်။ လူကောင်လုံးကြီး တွေ့နေပြီးမှ တော့ နည်းနည်းထပ်စောင့်ရတာကို သူစောင့်နိုင်ပါတယ်။ သူက အခုမှ ပင်ပန်း နေမှန်း သိတော့တယ်။ နွံတောဆိုတာ ကြောက်စရာ ကောင်းလွန်း လို့ နောက်တစ်ခါ မစွန့်စားခင် နားနားနေနေ အနားယူဖို့လိုတယ်။ နောက်ဆုံးတော့ သူက ကျောပိုးအိတ်ကို ချလိုက်ပြီး မြေကြီးပေါ် ထိုင်ချ ရင်း အသက်ကို ပြင်းပြင်းရှုနေ တယ်။
Gu Hai ထိုင်နေတာ တွေ့ရတော့ Bai Luoyin လဲ ခဏတော့ စိတ်အေးသွားတယ်။ ရုတ်တရက် သူက Gu Hai ရဲ့ ကျောပိုးအိတ်ကို မြင်လိုက်တော့ မျက်ခွံလေး ပင့်ပြီး အော်မေး လိုက်တယ်။
"မင်းအိတ်ထဲက ဘာတွေလဲ?"
Gu Hai က ရေပုလင်းကို ထုတ်ပြီး ရေလုတ်ကြီးကြီး(၂)လုတ် လောက် သောက်ပြီး ပြန်အော်တယ်။
"မုန့်တွေ။ မင်းစားချင်လား ?"
Bai Luoyin မျက်နှာက မီးတောက်နေပြီ။
"ခရမ်းသီး ဖက်ထုပ်ရော ပါလား ?"
Gu Hai က ပြုံးလိုက်ပြီး "ဒီကိုလာရတာတောင် လွယ်တာ မဟုတ်ဘူး ဒါတောင် ငါ့ကို ခရမ်းသီးဖက်ထုပ် ယူခဲ့စေချင်သလား? ဆီးသီးခြောက် အကင် ၂ကင်လောက်ရော ယူပေးခဲ့ရဦး မှာလား ?"
"ဝက်စတူး၊ ငါးသံပုရာပေါင်း၊ကိတ်မုန့်အလိပ်၊ဝက်သားပြားကင်၊အသားသွပ်ပိုင်မုန့် ၊...."
မီးနူးထဲက ဟင်းအမယ်တွေကို ဖတ်နေသလိုမျိုး တဖက်ကနေ Bai Luoyin က စားစရာနာမည်တွေ အော်ပြောနေတယ်။ သူက သွားရေ ကျနေပြီ။ ငတ်ကြီးကျနေတဲ့ ချာတိတ်ကလေးလို လုပ်နေတဲ့ ဗိုလ်မှူး ဆိုတာ ကြားလို့မှ ကောင်းသေးရဲ့လား။
Gu Hai ဘာပြောရမလဲဆိုတာ မသိဘူး။ ဒါဟာ Bai Luoyin စရိုက်ပဲ။ သူကလေးဆန်ပြီဆို သူများတွေထက်ကို ပိုချစ်ဖို့ ကောင်းတယ်။
"ဒီဘက်ကို မြန်မြန်ပစ်ပေးလိုက် "Bai Luoyin က တိုက်တွန်းတယ် ။
Gu Hai က Bai Luoyin စိတ်ဆိုးအောင် တမင်ရည်ရွယ်ပြီး
"ငါ ပစ်တာ လွဲသွားရင် ဘယ်နှယ့်လုပ်မလဲ? နွံထဲမှာ ကျသွားခဲ့ရင် အကုန်လုံးအလကား ဖြစ်ကုန်မယ် "
Bai Luoyin က စိတ်ဆိုးဆိုးနဲ့ ပြန်အော်တယ်။
"မင်း တည့်အောင်တောင် မပစ်နိုင်ဘူးလား ?"
Gu Hai က ခေါင်းကို မြှင့်ပြီး မုန့်အိတ်ကို ကြည့်ရင်း သူရဲ့ ညစ် ကျယ်ကျယ်စိတ်က ပေါ်လာတယ်။ "အေး ငါ မပစ်နိုင်ဘူး "Gu Hai က ငေါ့တယ်။
Bai Luoyin က လှည့်ပြီး တုတ်ချောင်းရှာပေမယ့် တွေ့တဲ့ တုတ်က သိပ်မရှည်လို့ တုတ်(၂)ချောင်း ဆက်ဖို့ လုပ်နေရတယ်။ တစ်ဖက်က တုတ်ဆက်တာတောင်မပြီးသေးဘူး၊ ပေါင်မုန့်ထုပ် က သူ့ခြေထောက် ကို လာမှန်တယ်။ Bai Luoyin က ကောက်ပြီး ယူကြည့်လိုက်တော့ ပေါင်မုန့်ထုပ်က ကြိုးနဲ့ စည်းထားတယ်။Gu Hai က အကုန် ပြင်ဆင်ပေး ထားတဲ့ ပုံပဲ။
"ငါ စားပြီးသွားရင် ငါမင်းနဲ့ ယှဉ်လို့ ရသွားပြီ...."
Bai Luoyin က ပေါင်မုန့်ကို ကြီးကြီးကိုက်တယ်။အဲ့ဒါ အသာပြေ သွားတယ်။
"Yin Zi"
မထင်ထားဘဲ ဟိန်းသံအကျယ်ကြီး ထွက်ပေါ်လာတယ်။ Bai Luoyin က ရုတ်တရက်ပေါင်မုန့်နင်သွားပြီး တဖက်ကို လှမ်းကြည့် တယ်။
"ငါ မင်းကို ရှာတွေ့ပြီကွ!!!!!!!"
မိုးကြိုးသံလို ကျယ်လှောင်တဲ့အော်သံဟာ ကောင်းကင်တခွင် ပျံသွား တယ်။ ၁၀ မီတာလောက်ပဲ ဝေးတာမို့ Bai Luoyin နားအူသွားတယ်။
"မင်း အစောကတော့ မအော်ဘဲ ခုမှဘာအတွက် လာအော်နေ တာလဲ?"
Gu Hai မျက်နှာမှာ အပြုံးရိပ်တွေနဲ့ "ငါ ပြန်ပြီး သရုပ်ဆောင် နေတာ လေ!"
Gu Hai က ချဲ့ကားပြောတာမဟုတ်ဘူး။အစောပိုင်းက Bai Luoyin က ဟိုဘက်ကနေလက်ကိုဝှေ့ယမ်းပြနေတုန်းက သူ ကိုယ်သူရဲ့ မထုံတသေး တုန့်ပြန်မှုကို အားမရလိုက်လို့။End of Chapter 18