CHAPTER - 97 -ငွေကို အသည်းအသန်ရှာဖွေခြင်း

108 6 0
                                    

CHAPTER – 97 -ငွေကို အသည်းအသန်ရှာဖွေခြင်း  

ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကွင်းတစ်ခုမှာ မိတ်ကပ်ပညာရှင်တစ်ယောက်က Yan Meng ကို ဇာတ်ဆောင်မင်းသမီးအ၀တ်အစားတွေပေးဝတ်ပြီး ဆံပင်တုတပ်ပေးနေတာကို You Qi ရပ်ကြည့်နေခဲ့တယ်။ Yan Meng ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ပြီး Yan Meng အတွက် You Qi ကူရှာပေးလို့ရ တဲ့ အရံဇာတ်ကောင်တွေအားလုံးက မင်းသမီးနေရာတွေချည်းပဲ။ Yan Meng ဟာ အစပထမတော့ လိုလိုလားလားကြီးမရှိပေမယ့် သူ့ကိုပေးမယ့် လုပ်အားခကို သိသွားတဲ့နောက်မှာတော့ သူသဘောတူခေါင်းညိတ်ခဲ့တယ်။
Yan Meng က စွန့်စားခန်းအချို့လည်းပါနေပေမယ့် မင်းသမီးဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အဆင်ပြေသော်လည်း ဘယ်ချစ်ခန်းကြိုက်ခန်းကိုမှ လုံးဝရိုက်မှာတော့ မဟုတ်ဘူးလို့ သူရှင်းရှင်းလင်း လင်းပြောထားပြီးသား။
ဒီနေ့က ရေထဲမှာ ရိုက်ရမယ့်ရိုက်ကွင်း။ ဇာတ်ဆောင်မင်းသမီးက ရေမကူးတတ်တဲ့အတွက်ဒီရိုက်ကွင်းကို Yan Meng ကို နေရာပေးလိုက်တယ်။ သူရေနစ်နေစဉ်အတွင်း ကြောက်နေတဲ့ အမူအရာကို လုပ်ရမှာဖြစ်ပေမယ့် အရမ်းကို သနားစရာကောင်းတဲ့ပုံတော့ မပေါက်ရဘူး။ နောက်ဆုံးတော့ သူ့ခေါင်းကို ရေအောက်ကို ဆုန်းဆုန်းမြှပ်သွားတဲ့အခါ သူ့ရဲ့သနားကမားကူရာမဲ့မှုကို သရုပ်ပြရမယ်။
"သနားကမား ကူရာမဲ့နေတဲ့ပုံ, သနားကမားကူရာမဲ့နေတဲ့ပုံ...."
Yan Meng က မိတ်ကပ်လိမ်းနေတုန်း မှန်ထဲမှာ အိုင်တင်လေ့ကျင့်နေတယ်။
You Qi သူ့အခန်းကို ရိုက်ထားပြီးသွားတော့ Yan Meng ကို အားပေးဖို့ အပြေးလာခဲ့တယ်။
Yan Meng ဟာ သူ့အမူအရာက ဖော်ပြချက် မှန်သွားပြီလို့ ခံစားရတာနဲ့ သူက You Qi ဘက်လှည့်ပြီး သနားကမား ကူရာမဲ့ အိုက်တင်လုပ်ပြရင်း မေးတယ်။ "ငါအခုလုပ်နေတဲ့ ခံစားချက်က ဘာလဲ?"
You Qi ခဏလောက်စဉ်းစားပြီးမှ "၀မ်းချုပ်နေတဲ့ အိုက်တင်"
"မင်း အရိုက်ခံချင်နေတာလား?" Yan Meng က အာပြဲကြီးနဲ့အော်တယ်။
မထင်မှတ်ဘဲ ဒါရိုက်တာက သိပ်မဝေးတဲ့နေရာမှာ ရပ်နေတယ်။ အော်သံအကျယ်ကြီးကို ကြားတော့ သူချက်ချင်းပဲ Yan Meng ကို လက်ညှိုးထိုးပြီး "အော်မနေနဲ့တော့ မြန်မြန်လုပ် mood သွင်းထား။ မဟုတ်ရင် ရိုက်ကွင်းထဲ မင်းအလှည့်ရောက်မှ mood ၀င်ဖို့ အချိန်တွေကြာနေရင် ဇာတ်ရုပ်က အသက်ဝင်မှာ မဟုတ်တော့ဘူး!"
Yan Meng အော်တာကိုရပ်ပြီး ကြောက်ရွံတဲ့ ခံစားချက်နဲ့ သနားကမားကူရာမဲ့တဲ့အိုက်တင်ကို တိတ်ဆိတ်စွာ ပျိုးနေတယ်။
နောက်ဆုံးတော့ တကယ်စရိုက်ပါပြီ။ ဒါရိုက်တာက အကျယ်ကြီးအော်တယ်။ "တစ်ကွင်းလုံ ငြိမ်ငြိမ်နေကြ။ ငါတို့ ရိုက်တော့မယ်!"
Yan Meng က ရေထဲကို "ဗွမ်း" ဆိုခုန်ချလိုက်တယ်။ သူခဏလောက် ရုန်းကန်နေခဲ့ပြီး ရေထဲကို သူ့ခေါင်းငုံ့လျှိုးသွားတယ်။ သူအကြာကြီးစောင့်နေခဲ့ပေမယ့် ဒါရိုက်တာရဲ့ "ရပ်" ဆိုတဲ့ အော်သံကို မကြားရသေးဘူး။ Yan Meng ရေထဲက ကူးထွက်လာတော့ လူတွေအားလုံးက သူ့ကို ငြိုငြင် တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာကို တွေ့ရတယ်။
"ဘာဖြစ်လို့လဲ?" Yan Meng မေးတယ်။
You Qi က ဘေးကနေချောင်းဟန့်ရင်း "မင်း ဇာတ်ညွှန်းရော ဖတ်ခဲ့ရဲ့လား?"
"ငါပြောရမယ့် စာကြောင်းမှမပါတာ။ ဘာကိစ္စငါက ဇာတ်ညွှန်းဖတ်နေရဦးမှာလဲ?" Yan Meng က ထင်ရာမြင်ရာပြောတယ်။
ဘေးမှာရပ်နေတဲ့ ဒါရိုက်တာရဲ့ မျက်နှာက ဖြူရော်နေပြီ။ You Qi က ဒါရိုက်တာဘက်ကို ကျောပေးပြီး Yan Meng ကို ညင်ညင်သာသာပြောတယ်။ "ဇာတ်ညွှန်းအရဆိုရင် မင်းကို တစ်ယောက်ယောက်က ရေထဲတွန်းချလိုက်ရမှာ။ ဖာသာခုန်ချရမှာမဟုတ်ဘူး"
Yan Meng "................."
ဒါကြောင့် Yan Meng က ခါးသီးစွာသူ့မူလထိုင်ခုံဆီပြန်လာထိုင်ပြီး မိတ်ကပ်ဖို့တယ်။
You Qi က ဒါရိုက်တာဆီသွားပြီး ရှင်းပြတယ်။ "ရေကူးကန်ပတ်ပတ်လည်က ကြမ်းပြင်က ချောနေလို့ သူ,မတော်တဆရေထဲကျသွားတာပါ ဆရာ"
ဒါရိုက်တာကြည့်ရတာ စိတ်ပျက်နေတဲ့ပုံပေါ်နေပေမယ့် ဘာမှတော့ မပြောဘူး။
Yan Meng တစ်ယောက် မိတ်ကပ်ဖို့ပြီးတဲ့နောက် နောက်တစ်ခါ လာပြန်ပြီ။
ဒီတစ်ခါသူက စတန့်ဒါရိုက်တာရဲ့ စကားတွေကို သေသေချာချာနားထောင်နေတယ်။ ဘယ်လို ရှောင်တိမ်းပြီး ခုန်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သူမှတ်မိတယ်။ ဒါနဲ့ နောက်တစ်ဖန် ရေကူးကန်ရှိရာ ပြန်လျှောက်လာခဲ့တယ်။ ဒါရိုက်တာကြီးရဲ့ လက်နဲ့ အချက်ပြတာတွေကို မြင်ပြီး "စ" ဆိုတာ ကိုကြားတော့ သူချက်ချင်းကြီး အပြည့်အ၀ အာရုံနှစ်ထားတယ်။
လက်တစ်စုံက Yan Meng ရဲ့ ရင်ဘတ်ကို တအားတွန်းပစ်လိုက်တယ်။ သူ့လက်မောင်းတွေကို လှုပ်ရမ်းရင်း (ယက်ကန်ယက်ကန်နဲ့) Yan Meng ရေထဲကျသွားတယ်။
Yan Meng က "အငိုက်မိ" သွားတဲ့ အိုက်တင်ကို သရုပ်ဆောင်တာ မှန်ပေမယ့် သူ့လှုပ်ရှားမှုတွေက နည်းနည်းလေး ကြောင်တောင်တောင်နိုင်တယ်။ သူ့ကိုကြည့်ပြီး ဘယ်သူမှတော့ သနားစရာကောင်းတယ်လို့ ခံစားရမယ့်အစား သူ့ခေါင်းပေါ်ကသာ တက်ဖိထားချင်နေကြမှာ။
"အစက ပြန်စမယ်ဟေ့!"
Yan Meng မိတ်ကပ်ဖို့ရပြန်ပြီ။ သူ့မိတ်ကပ်ပြီးတာနဲ့ အ၀တ်အစားတွေတောင် ခြောက်ချိန်မရှိဘူး။ သူရေထဲ တွန်းချခံရပြန်တယ်။
"Cut!" ဒါရိုက်တာအော်ပြန်ပြီ။ "အစက ပြန်စမယ်ဟေ့!"
Yan Meng တွန်းချခံရပြန်ပြီ။ ဒီတစ်ခါလှုပ်ရှားမှုက အနည်းငယ်ကောင်းလာပေမယ့် ကြည့်ရတာ မလှသေးဘူး။
"cut! နောက်တစ်ကြိမ်ပြန်လုပ်"
Yan Meng နောက်ထပ်တစ်ကြိမ် တွန်းချခံရပြန်ပြီ။
"Cut!" ဒါရိုက်တာက လက်ခါပြလိုက်တယ်။
Yan Meng နောက်တစ်ခေါက်ရေထဲကျပြန်ပြီ။
အကြိမ် ၂၀ ကျော် ရေထဲကို ထပ်ခါထပ်ခါကျပြီးတဲ့နောက်မှာတော့ Yan Meng လေးဟာ နောက်ဆုံးတော့ ရုပ်ရှင်တစ်ခန်းရိုက်လို့ အောင်မြင်သွားပါပြီ။
သူ အသက်တောင် ၀၀ မရှုရသေးဘူး။ နောက်တစ်ခန်းရိုက်ဖို့ ပြောလာတယ်။ အဲ့ဒီအခန်းက ရေနစ်တဲ့ အခန်း။
ဒီတစ်ကြိမ်မှာတော့ Yan Meng ဟာ သူ့ရဲ့အရင်က ရိုက်ချက်က သင်ခန်းစာရသွားပြီ။ ဒီတစ်ကြိမ်သူ့ရဲ့လှုပ်ရှားမှုက အစပိုင်းရေနစ်တာကစပြီး ရေပေါ်တစ်ဝက် မြှပ်တစ်ဝက် ဖြစ်နေတာ လှလှပပလေးရယ်။
Yan Meng က ဘေးကနေ စတန့်ဒါရိုက်တာရဲ့ လှောင်ပြောင်နေတာကိုကြားရတဲ့အချိန် ရေမျက်နှာပြင်ပေါ် သူ့ခေါင်းထွက်လာတယ်။ "မင်း ရေကူးအလှပြပွဲ ဖျော်ဖြေနေတာလား?"
Yan Meng "............"
You Qi က ကမ်းပေါ်ကနေ ရီတာမရပ်တော့ဘူး။ အကူဝန်ထမ်းတွေ၊ မင်းသမီးမင်းသားတွေဟာ ရိုက်ကွင်းပေါ်မှာ You Qi ဒီလောက်ကြီး ရူးကြောင်ကြောင်ရယ်နေတာမျိုးအရင်က မမြင်ဖူးခဲ့ဘူး။ You Qi က တကယ့် idol အချောအလှလေးပဲ။ သူ့ပြရုပ်ကို ဘယ်နည်းနဲ့မှ အပျက်စီးခံမှာ မဟုတ်ဘူး။
"စ!"
ဒီတစ်ခါ Yan Meng ဟာ တစ်ကဒ်ထဲနဲ့ လှုပ်ရှားမှုအားလုံးကိုအပြီးသတ်လိုက်နိုင်ပြီး ယုံကြည်မှုရှိရှိ ရေနစ်နိုင်ခဲ့တယ်။ သူဟာ ရေထဲအတွန်းချခံရတဲ့လူတစ်ယောက် ကြောက်ရွံထိန့်လန့်နေတဲ့ အမူအရာကို အပီအပြင် အရုပ်ဖော်နိုင်ခဲ့ပြီ။ အဲ့ဒီနောက် သူနောက်ဆုံးရေထဲမှာ ပေါ်တစ်ဝက်မြှပ်တစ်ဝက်လုပ်နေချိန်မှာတော့ သူ့ကိုယ်သူ ကျေနပ်အားရနေခဲ့လို့ သနားကမားကူရာမဲ့တဲ့ သရုပ်ကိုဘယ်လိုမှ သရုပ်မဆောင်နိုင်တော့ဘူး။
Yan Meng ကမ်းပေါ်တက်ပြီး နောက်ထပ်တစ်ကြိမ် မိတ်ကပ်ဖို့တဲ့အခါမှာတော့ သူနှာချေမိလို့ မိတ်ကပ်ပညာရှင်ကိုင်ထားတဲ့ မိတ်ကပ်အမှုန့်ဘူးက ကြမ်းပြင်ပေါ်လွှင့်စင်သွားတယ်။
"မင်းအအေးမိသွားတာလား?" You Qi စိုးရိမ်တကြီးမေးတယ်။
Yan Meng က သူ့နှာခေါင်းသူပွတ်ပြီး ပေါ့ပေါ့လေးပြန်ပြောတယ်။ "မဟုတ်ဘူး။ ငါ့အကြောင်းကို တစ်ယောက်ယောက်စဉ်းစားနေလို့ နေမှာ"
သူပြောပြီးတာနဲ့ ဒုတိယအကြိမ် နှာချေပြန်တယ်။ သူက ဒုတိယနှာချေရတဲ့ အဓိပ္ပါယ်တောင် ရှင်းပြချိန်မရဘူး။ နောက်ထပ် ချက်ချင်းဆိုသလို တတိယအကြိမ်၊စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ် နှာချေခြင်းတွေ ဆက်လာတယ်။
အဆုံးသတ်တော့ You Qi ရဲ့ မေးခွန်းထုတ်နေတဲ့အကြည့်တွေရှေ့မှာ Yan Meng ရှက်ရှက်နဲ့ ရယ်ရင်း "ငါ့အကြောင်းစဉ်းစားနေတဲ့လူတွေ အများကြီးရှိတယ်နဲ့ တူတယ်"
အရမ်းကို မြန်မြန် Yan Meng စစ်မြေပြင်ကို နောက်တစ်ခေါက်ထပ်ရောက်လာပြန်ပြီ။ ဒါပေမယ့် သူရေနစ်တဲ့ mood တော့ မသွင်းနိုင်တော့ဘူး။ နာရီဝက်လောက် ရေပေါ်မှာ ပေါ်လိုက်မြှပ်လိုက် လုပ်နေရတာနဲ့ သူသရုပ်ဆောင်တာ အကြိမ်များလာလေလေ ခံစားချက်က နည်းလာလေလေပဲ။ ဒါကြောင့် ဒါရိုက်တာလည်း သည်းခံနိုင်စွမ်းကုန်သွားပြီ။ သူအကျယ်ကြီးအော်တယ်။ "မင်းလုပ်ရော လုပ်နိုင်ဦးမှာလား? မလုပ်နိုင်တော့ရင် ငါတို့ အခြားလူတယောက်ယောက်နဲ့ လဲမယ်ကွ!"
You Qi ချက်ချင်းပဲ ဒါရိုက်တာဆီလျှောက်လာပြီး ကောင်းမွန်တဲ့ စကားတွေအများကြီးပြောပြီး ဒါရိုက်တာကို အယုံသွင်းတယ်။ နောက်ဆုံး ဒါရိုက်တာက Yan Meng ကို နောက်ထပ် အခွင့်အရေး တစ်ခုထပ်ပေးတယ်။
**ဒါက နောက်ဆုံးအခွင့်အရေးပဲ** Yan Meng က သူ့ကိုယ်သူ တိတ်တဆိတ်ပြောတယ်။

Addicted? Book2 (Zawgyi)Where stories live. Discover now