CHAPTER 63 သနားစရာသားလေး မြည်းပေါက်

96 9 0
                                    

CHAPTER 63 သနားစရာသားလေး မြည်းပေါက်

များမကြာခင် ၊ Bai Luo Yin ရဲ့ တပ်သားတွေက Gu Yang ဘက်ကလာတဲ့ ပိုများတဲ့တပ်သားတွေကို မတားဆီးနိုင်ဘူး ။ သူက လေယာဉ်ခေါင်းခန်းပေါ်ကို တက်လို့ရခါနီး ၊ စစ်သားနှစ်ယောက်က သူ့ခြေထောက်ကို ဖမ်းဆွဲထားတယ်။ သူက သူ့ခြေထောက်ကို အားသုံးပြီး ခါချပြီးတော့ အောက်က ငတုံးတွေကို ကန်ပစ်ခဲ့တယ် ။ ပြီးတာနဲ့ သူက လေယာဉ်ခေါင်းခန်းကို မြန်မြန်ဖွင့်လိုက်တယ်။
'' လူ (၃၀)က လူတစ်ယောက်လေးတောင် မဖမ်းနိုင်ဘူးလား ? '' Gu Yang ရဲ့မျက်နှာ ညိုမှောင်နေတယ်။
သူကလေယာဉ်ပေါ်တက်တဲ့လှေကားပေါ်ကို မြန်မြန်တက်လိုက်တယ်။
'' ဒီလူတွေ စိတ်ဓာတ်ကျစရာပဲ ။ င့ါဖာသာငါပဲ လုပ်တော့မယ်ကွာ ! ''
Bai Luo Yin တစ်ယောက် တစ်ယောက်ယောက်ရဲ့ အကြမ်းပတမ်းဆွဲတာမခံရခင် ၊ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က လေယာဉ်ခေါင်းခန်းထဲဝင်ရောက်နေပြီ ။ အောက်ငုံ့ကြည့်တော့ Gu Yang က မျက်နှာမှုံမှုံသုန်သုန်နဲ့ သူ့ရဲ့ကွေးထားတဲ့ခြေထောက်ကို ဆွဲထားတာမြင်တယ် ။ ဒါပေမယ့် Gu Yang က သူ့ကိုသွားခွင့်မပြုရုံတင်မကပဲ သူ့လက်တစ်ဖက်က Bai Luo Yin ရဲ့ ဘောင်းဘီကို တကယ်ကြီး 12-cm လောက် အောက်ကျလောက်တဲ့အထိ ဖမ်းဆွဲထားသေးတယ် ။
Bai Luo Yin လက်က တံခါးမြောင်းကလေးကို ကုတ်တွယ်ထားတာ ၊ သူ့လက်ချောင်းတွေမှာတော့ သွေးထွက်မတတ်ပါပဲ ။
Gu Yang လုံးဝ အလျှော့မပေးဘူး ။
'' မင်း ငါ့ခံစားချက်တွေကို လိမ်တယ် ။ င့ါခံစားချက်တွေကို အသုံးချတယ် ။ ငါ့ခံစားချက်တွေနဲ့ ကစားခဲ့တယ် ။ Bai Luo Yin .... ဒီနေ့ မင်းငါ့လက်ထဲရောက်ရင်တော့ ငါ့ကို ညှာလိမ့်မယ်လို့တော့ မမျှော်နဲ့ ... ''
'' အား... အား ... အား ... ''
Bai Luo Yin က နာလွန်းလို့အော်တော့ Gu Yang လက်တွေ ခဏလောက်ရပ်သွားတယ် ။ Bai Luo Yin ရုတ်တရက် လေယာဉ်ခေါင်းခန်းထဲဝင်ဖို့ အခွင့်အရေး ရသွားတယ် ။ Gu Yang လက်က ဒေါသတကြီးနဲ့ ဆွဲချလိုက်တယ် ။
Kaaaachee ....
Bai Luo Yin ဘောင်းဘီပြဲသွားပြီ ။
ပြီးတော့ တင်ပါးအောက်ကနေ ပြဲသွားတာဖြစ်တယ် ။ Gu Yang မော့ကြည့်တော့ Bai Luo Yin ရဲ့ အနက်ရောင် အောက်ခံဘောင်းဘီကိုပဲ မြင်လိုက်ရတယ် ။ အားစိုက်မှုနဲ့ Bai Luo Yin က လေယာဉ်ပေါ် မြန်မြန်ပဲ ရောက်သွားတယ် ။ Gu Yang လက်တွေက ရှေ့ကိုလှမ်းဖို့ အချိန်မရလိုက်ဘူး ။ လေယာဉ်မှန်ခေါင်းခန်းက မှန်တံခါးက သူ့ကိုတားပြီး ပိတ်သွားတယ် ။
အဲ့ဒီတံခါးပိတ်သံကြားတော့ အောက်ကစစ်သားတွေလန့်သွားကြတယ် ။
'' အန္တရာယ်များတယ် ။ သူ့ကိုဆွဲချ ! '' တစ်စုံတစ်ယောက်ကအော်တယ် ။ စစ်သားတွေအားလုံး ရှေ့တက်လာကြပြီး လှေကားပေါ်ကနေ Gu Yang ကို ဆွဲချတယ် ။
Gu Yang မျက်နှာ ညိုမှောင်သွားပြီး လူစုကြီးကို လူသတ်ချင်တဲ့မျက်လုံးတွေနဲ့ ကြည့်တယ် ။
'' မင်းတို့လေတပ်က မဟုတ်ဘူးလား ?  ကောင်းပြီ ။ သူ့ကို ချက်ချင်းတားဆီးဖို့ တိုက်လေယာဉ် နှစ်စီးလွှတ်လိုက် ? ''
ဒီစစ်သားတွေက တစ်ယောက်နဲ့တစ်ယောက် အနေရခက်စွာ ကြည့်နေကြတယ် ။
Gu Yang က ချက်ချင်းသူတို့တွေကို သေချာအောင်မေးတယ် ။ '' ခွင့်ပြုချက်မရှိဘဲ လုပ်ရမှာ ကြောက်နေကြပြီလား ? ကောင်းပြီ ၊ ငါတပ်ချုပ်ကြီးဆီကို ဖုန်းဆက်ခေါ်လိုက်မယ် ။ ဒါဆိုသူက မင်းတို့ကို ဒီတာဝန်ပေးလိမ့်မယ် ! ''
'' မဟုတ်ဘူး ။ ဒီအကြောင်းကြောင့် မဟုတ်ပါဘူး ! '' ခပ်ရဲရဲကောင်တစ်ကောင်က အသံကျယ်ကျယ်ပြောတယ်။ '' ကျွန်တော်တို့က ခင်ဗျားကို မကူညီချင်လို့မဟုတ်ပါဘူး ။ ကျွန်တော်တို့က မကူညီနိုင်လို့ပါ ။ လေယာဉ်ချင်းယှဉ်တိုက်တဲ့ စစ်ဆင်ရေးမှာဆို ၊ ဗိုလ်မှူး Bai က စစ်တပ်မှာ အတော်ဆုံးပဲ ။ သူက ပြိုင်ဘက်ကင်း သလောက်နီးနီးပါပဲ ။ ကျွန်တော်တို့တက်လိုက်သွားရင်တောင် ဗိုလ်မှူးBai က ကျွန်တော်တို့ကို ဇွတ်ဆင်းခိုင်းမှာပဲ ''
Gu Yang မျက်နှာက ပိုပြီးအကြည့်ရဆိုးတောင်လာပြီ ။ '' စွမ်းဆောင်ရည်အကောင်းဆုံး တိုက်လေယာဉ်ကို သုံးရင်ရောကွာ ? ''
'' အဲ့ဒီစွမ်းဆောင်ရည်အကောင်းဆုံးတိုက်လေယာဉ်က ဗိုလ်မှူး Bai အခုလေးတင် မောင်းသွားတဲ့ဟာပဲ  ''
Gu Yang '' ....................... ''
အကြာကြီးနှုတ်ဆိတ်နေကြပြီးနောက် စစ်သားတစ်ယောက်က Gu Yang ဆီလျှောက်လာပြီး ပြောတယ် ။ ''ဒါပေမယ့် Bai Luo Yin ပျံသန်းစွမ်းရည်ထက် ပိုသာတဲ့ လူတစ်ယောက်တော့ရှိတယ် ။ သူက ကူညီပေးချင် ၊ မပေးချင်ဆိုတာတော့ ကျွန်တော် မသိ .... ? ''
'' ဘယ်သူလဲ ? '' Gu Yang က မျက်လုံးကို အနည်းငယ်မှေးပြီး တုန့်ပြန်တယ်။
'' ဗိုလ်မှူးချုပ် Zhou ! ''
ဒီအချိန်မျာဖြစ်နေမယ့် Gu Yang ရဲ့ ၀ိရောဓိခံစားချက်တွေကို ခန့်မှန်းကြည့်နိုင်ပါတယ် ။
Bai Luo Yin ရဲ့ တိုက်လေယာဉ် ရေမျက်နှာပြင်အထက်ကို ခပ်မြင့်မြင့်ရောက်လာတာနဲ့ လေယာဉ်က အမြင့်ဆုံးအရှိန်ကို ရောက်သွားတယ် ။ တစ်နာရီလောက်ကြာတော့ လေယာဉ်က ဟောင်ကောင်လေပိုင်နက်ကို ၀င်လာခဲ့ပြီ ။ တိမ်ထုတွေကို မြန်မြန်ထိုးဖောက်လာပြီး သူဖြည်းဖြည်းဆင်းသက်ဖို့ရန် အရှိန်လျှော့လိုက်တယ်။
အဲ့ဒါနဲ့ တစ်ချိန်တည်းမှာပဲ Tong Zhe က Gu Hai ကို သတင်းပေးတယ် ။
'' ကားက ဂတ်စ် ကုန်တော့မယ် ''
Gu Hai နောက်လှည့်ကြည့်တော့ သူတို့နောက်က ကားတွေက မပါလာတော့ဘူး ။ ဒါပေမယ့် ဒါဟာ သူတို့တွေ လုံခြုံစိတ်ချသွားပြီလို့ ဆိုလိုတာမဟုတ်ဘူး ။ နောက်ယောင်ခံလိုက်တဲ့သူတွေက လမ်းကြောင်းရာနောက်ကို လိုက်ရင်ရပြီဆိုတော့ သူတို့ရဲ့ တည်နေရာကို ရှာနိုင်သွားလိမ့်မယ် ။
သူစဉ်းစားနေတုန်း ဖုန်းမြည်လာတယ် ။
'' ဘယ်နေရာမှာလဲ ? ငါဟောင်ကောင်ရောက်ပြီ '' Bai Luo Yin ကပြောတယ်။
'' ကိုက .... '' Gu Hai ပတ်ပတ်လည် လိုက်ကြည့်တယ် ။ '' ဘယ်နေရာပါလိမ့် ! '' သူကယောင်လည်လည်ပုံ ပေါ်နေတဲ့ Tong Zhe ကို ဖျတ်ကနဲ ကြည့်တယ် ။
'' ကိုယ်တို့က ဆင်ခြေဖုံးမှာ '' Gu Hai က ခက်ခက်ခဲခဲ ပြောလိုက်ရတယ် ။
Bai Luo Yin အချိန်တော်တော်ကြာ ဘာမှပြန်မပြောဘူး ။ '' ဒါဆို ကို အဲ့ဒီကနေ ဘယ်မှမသွားနဲ့တော့ ။ ငါ အာကသလမ်းညွှန်စနစ်သုံးပြီး ရှာလိုက်မယ် ! ''
'' ကောင်းတယ် '' လို့တောင် ပြောချိန်မရလိုက်ခင်မှာပဲ Gu Hai က နောက်ကြည့်မှန်ထဲကနေ ရင်းနှီးနေတဲ့ ကားတစ်စီးကို မြင်လိုက်တယ် ။ သူက Tong Zhe ကိုကြည့်တယ် ။  Tong Zhe က Steering ခွေကို ရိုက်လိုက်ပြီး '' Gas မရှိတော့ဘူး ! ''
ဒါနဲပဲ နှစ်ယောက်သား ကားပေါ်ကဆင်းပြီး မဝေးတဲ့ရွာဆီကို ထွက်ပြေးကြတယ် ။ ကားပေါ်က နောက်ယောင်ခံသမားတွေကလည်း ကားပေါ်ကဆင်းပြီး သူတို့နောက် ကပ်ကပ်လေး လိုက်ကြတယ် ။ သူတို့က ပိတ်ထားတဲ့ လမ်းလေးခွတောင်မချန်ဘဲ ရွာထဲက အရပ်လေးမျက်နှာကို ၀င်ရှာတယ် ။
Gu Hai နဲ့ Tong Zhe က ပြန်လှည့်ပြီး နံရံကိုကျော်ကာ မုဆိုးမတစ်ယောက်ရဲ့ခြံထဲကို ၀င်လိုက်တယ် ။ သူတို့သက်ပြင်းလေးတောင် မချရသေးခင် သူတို့နောက်က ခွေးက ရုတ်တရက် အကျယ်ကြီးထဟောင်တယ် ။ နှစ်ယောက်သား လန့်ပြီးသေတော့မယ် ။ Gu Hai က ခွေးကို ဖမ်းဆွဲပြီး သူ့လက်မောင်းထဲ ဆွဲသွင်းကာ ခွေးပါးစပ်ကို အားနဲ့ ပိတ်ထားလိုက်တယ် ။ ဒီလိုလုပ်တော့ ခွေးလက်သည်းတွေက သူ့တစ်ကိုယ်လုံးကို အနှံ့ ကုတ်ခြစ်နေတော့တယ် ။
Tong Zhe က ရုတ်တရက် ကောင်းကင်ကနေ မိုးကြိုးပစ်သံကြီး ကြားလိုက်ရတယ် ။ သူမော့ကြည့်တော့ သူတို့ဆီ ပျံသန်းလာတဲ့ လေယာဉ်တစ်စီးကို မြင်ရတယ် ။ သူက Gu Hai ကို အမြန်လက်တို့တယ် ။ Gu Hai အပေါ်မော့ကြည့်တော့ သူ့ခံစားချက်တွေက ဖော်မပြနိုင်လောက်အောင် ကြေကွဲ ၀မ်းနည်းသွားတယ် ။ သူ့လက်တွေက သူ့ဖုန်းကို ကိုင်ထားရတာ သိပ်မမြဲချင်ဘူး ။
'' Yin Zi ကိုယ်မင်းကို မြင်ရပြီ ! ''
'' ကောင်းတယ် ။ နေရာညွှန်းလိုက် ။ ကို့ဆီကို ငါမောင်းလာခဲ့မယ် ! ''
Bai Luo Yin လေယာဉ်က နောက်ကလိုက်လာတဲ့လူတွေကို သူတို့ရဲ့ တည်နေရာကို သိထားတဲ့ အရိပ်အမြွက် ပေးသလို ဖြစ်နေတယ် ။ လေယာဉ်က မြေပြင်ဆင်းသက်ဖို့ အရှိန်လျှော့လိုက်တော့ ဒီနောက်ယောင်ခံသမားတွေက နေရာအနှံ့ကနေ တပြုံကြီးရောက်လာကြပြီး အဲ့ဒီခြံသေးသေးလေးထဲမှာ သွားစုပြီး နေရာတစ်ခုလုံးကို ၀ိုင်းထားတယ် ။
'' ဒီအသုံးမကျတဲ့ အောက်တန်းစားတွေက ငါ့ကို လာရှုပ်ရဲသေးလား ? ''
Bai Luo Yin က မျက်ရည်ယိုဗုံး အသေးစားနှစ်လုံးကို ချလိုက်ပြီး အဲ့လူတွေကို ၁၀-မီတာထက်အဝေးဆီကို ခြောက်လွတ်လိုက်တာ ။ သူက မြေပြင်ကို ဆင်းသက်ရှာပေမယ့် ဒီလိုနေရာမျိုးမှာ သင့်တော်တဲ့ ဆင်းသက်ကွင်း မရှိတာကို သဘောပေါက်သွားတယ် ။ သူတွေဝေစဉ်းစားနေတုန်း Gu Hai နဲ့ Tong Zhe ကလည်း ပြေးထွက်လာကြတယ် ။ Bai Luo Yin က မြူခိုးဗုံးတွေကို သူတို့လမ်းရှင်းအောင် ဆက်တိုက်ပစ်ပေးနေတယ် ။
မကြာခင် နောက်ယောင်ခံသူတွေက ဒီမျက်ရည်ယိုဗုံးတွေက အန္တရယ်မရှိဘဲ သူတို့ကို ခြောက်လှန့်ဖို့သာ သုံးမှန်းသိသွားတယ် ။ နောက်တစ်ကြိမ် သူတို့က Gu Hai နဲ့ Tong Zhe တို့ဆီ ဦးတည်လာတယ် ။ Gu Hai ရဲ့ လုံခြုံရေးအန္တရာယ်ကင်းရေးအတွက် Bai Luo Yin က ဒီဗုံးတွေကို နောက်တစ်ခါ လွယ်လွယ် မပစ်နိုင်တော့ဘူး။
အချိန်ကန့်သတ်ချက်နဲ့ Bai Luo Yin က စွန့်စားမှုကြီးကြီးယူပြီး လေယာဉ်ကို နိမ့်နိမ့်လေးပျံတယ်။  မှန်လုံတံခါးကို မြန်မြန်ဖွင့်တယ် ။ Gu Hai ပျံတက်လာတော့မယ့်အတိုင်းပဲ ။ သူလေယာဉ်ရှေ့ခေါင်းထဲ ရောက်တာနဲ့ ချက်ချင် Bai Luo Yin ပေါ်ကို တင်းတင်းကြပ်ကြပ် ကုတ်တွယ်ထားတယ် ။
Bai Luo Yin က စိတ်တအားလှုပ်ရှားနေပေမယ့် မှန်လုံတံခါးကို ပိတ်ဖို့တော့ သတိရသေးတယ် ။
'' မပိတ်နဲ့ဦး ! '' Gu Hai ရုတ်တရက်ကြီး အော်တယ် ။ Gu Hai က Tong Zhe ကို ဆွဲတင်ဖို့လက်လှမ်းတယ် ။
Tong Zhe က Gu Hai ထက် ခြေတစ်လှမ်းနောက်ကျနေတယ် ။
အောက်က နောက်ယောင်ခံလိုက်သူတွေက သူ့ကိုဆွဲထားတဲ့အတွက် သူအောင်အောင်မြင်မြင်နဲ့ တက်မလာနိုင်သေးဘူး ။ သူက Gu Hai လက်ကိုပဲ အားကိုးပြီး တက်ရမှာပဲ ။
Bai Luo Yin ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာထား ပြောင်းသွားတယ် ။ '' Yin Zi ကို့ လက်ကိုဆွဲ  ! '' Gu Hai အော်တယ် ။
Bai Luo Yin ခဏလောက်တွေဝေနေပြီးမှ သူကူညီလိုက်သေးတယ်  ။
Tong Zhe ခြေထောက်တစ်ချောင်းဝင်လာတာနဲ့ Bai Luo Yin က တံခါးကိုပိတ်တယ် ။
'' မပိတ်နဲ့ဦး ! '' Gu Hai  အော်ပြန်တယ်။ '' ကိုယ့်သားလေးက အောက်မှပဲရှိသေးတယ် ! ''
အစောပိုင်းက သူ Tong Zhe ကိုဆွဲတုန်းက မတော်တဆ မြည်းရုပ်လေးကျသွားတာ ဖြစ်တယ် ။ အခုမြည်းရုပ်လေးက အဲ့ဒီလူတွေရဲ့ ခြေထောက်အောက်ရောက်နေပြီ ။ Gu Hai စိတ်ပူနေတယ် ။
'' ခဏပဲစောင့် ။ ကိုယ်သွားခေါ်လိုက်မယ် ! ''
'' မလုပ်နဲ့တော့ ! '' Bai Luo Yin က မှင်သေသေ တုန့်ပြန်တယ် ။ '' မင်းရောက်ပြီပဲ ။ အဲ့ဒါက အရေးကြီးဆုံးပဲ ''
မှန်တံခါးက ပိတ်သွားပြီ ။ မြည်းရုပ်လေးက လူအုပ်ကြီးရဲ့ ခြေထောက်အောက်မှာ တက်နင်းခံနေရတာကို Gu Hai ၀မ်းနည်းစွာကြည့်နေတယ် ။ သူ့စိတ်တွေက အခုတော့ မြည်းရုပ်ကလေး ကတဲ့အခါဖြစ်နေတဲ့ အရူးလို လှုပ်ခါနေတဲ့ လှုပ်ရှားမှုမျိုးလိုဖြစ်နေပြီ ။
'' ကိုယ်သွားခေါ်မှာကို ဘာလို့ ခွင့်မပြုတာလဲ ? '' Gu Hai က Bai Luo Yin ကို တည်တည်ငြိမ်ငြိမ်နဲ့ မေးတယ် ။
Bai Luo Yin ရန်ပြန်တွေ့လိုက်ချင်တယ် ။
'' အဲ့ဒါလေး ဘယ်လိုအောက်ကျသွားရသလဲ ? ကိုယ်စွန့်ပစ်ခဲ့တာ အသိသာကြီး ! ''
ဒါပေမယ့် သူတကယ်ပြောတာကတော့ '' အဲ့ဒါ အစာသွတ်ထားတဲ့ သတ္တ၀ါတစ်ကောင်ပဲဥစ္စာ ။ ငါတို့ပြန်ရောက်ရင် နောက်တစ်ရုပ်ဝယ်လိုက်ပေါ့ ! ''
Gu Hai ဘာမှ ပြန်မပြောနိုင်ဘူး ။
Gu Yang က နောက်တစ်ကြိမ် မေးမြန်းစုံစမ်းရေးအခန်းထဲ ၀င်သွားပြန်တယ်။ Zhou Ling Yan က နံရံကို လက်သီးထိုး ကျင့်နေတယ် ။ နံရံမှာ ပင့်ကူအိမ်ပုံ အက်ကြောင်း နှစ်ခု ပေါ်လာတာကို Gu Yang တွေ့တယ် ။ ချိုင့်ဝင်နေတဲ့နေရာက လူသားတစ်ယောက်ရဲ့ လက်သီးရာပဲ ။
Gu Yang သူ့ဆီလာနေတာကိုတွေ့တာတောင် Zhou Ling Yun မျက်နှာထားက ပြောင်းမသွားဘူး ။
Zhou Ling Yun ကိုတွေ့တာနဲ့ Gu Yang  ဟာ သူလှည့်ပြန်ပြီး ထွက်သွားချင်စိတ်တွေ ရွှံ့ရှာမုန်းတီးစွာ ဖြစ်ပေါ်လာတယ် ။
ဒါပေမယ့် Bai Luo Yin နဲ့ Gu Hai တို့ သူ့ကိုနာကျင်အောင်လုပ်ထားတာနဲ့ယှဉ်လိုက်ရင် Zhou Ling Yun ရဲ့ လှောင်ပြောင်တာခံရတာက ဘာမှ မပြောပလောက်တော့ဘူး ။
'' ကျုပ်မှာ တာဝန်တစ်ခုရှိတယ် ။ ခင်ဗျားအဲ့ဒီတာဝန်ကို ပြီးဆုံးတဲ့အထိ ဆောင်ရွက်ပေးရင် ခင်ဗျား ဒီကထွက်သွားလို့ရအောင် ကျုပ်ကူညီပေးမယ် ! '' Gu Yang ပြောတယ် ။
Zhou Ling Yun က ယာယီ ရပ်တန့်သွားပြီး Gu Yang ကိုလှည့်ကြည့်တယ် ။
'' ဘာတာဝန်လဲ ? ''
Gu Yang က စကားတစ်လုံးချင်းစီကို နားနားပြီး ရှင်းအောင်ပြောတယ် ။
'' တိုက်လေယာဉ်တစ်စီးကို တား-ဆီး-ဖို့ ! ''
'' တားဆီးရမယ် ၊ ဟုတ်လား ? '' Zhou Ling Yun က မှင်သေသေ ပြုံးတယ် ။
'' မင်းက ဘယ်အချိန်ကစပြီး လေတပ်ကို ဦးစီးတဲ့ တာဝန်ယူလိုက်ရတာလဲကွ ? ''
Gu Yang က နောက်ဆုံးလက်ကျန်သည်းခံမှုနဲ့  ရှင်းပြဖို့ကြိုးစားတယ် ။
'' ခင်ဗျား ဒီထဲကို ဘာလို့ရောက်လာသလဲဆိုတာ သိချင်လား ? ကျွန်တော်ပြောမယ်နော် ။ Bai Luo Yin က ကျွန်တော့်လက်သီးကိုသုံးပြီး ခင်ဗျားကို ဒီထဲရောက်အောင် ထည့်လိုက်တယ် ။ သူ့စရိုက်ကိုက ပျင်းတာ ။ သူက ခင်ဗျားရဲ့ ဖိအားမြင့်တဲ့ဝါဒတွေကို ခံနိုင်ရည်မရှိတော့ ကျွန်တော်တို့နှစ်ယောက်ကို ရန်တိုက်ဖို့ သူကနည်းလမ်းပေါင်းစုံ စဉ်းစားခဲ့တယ် ''
နောက်တစ်ကြိမ် Zhou Ling Yun က နံရံကိုလက်သီးနဲ့ထိုးလိုက်တယ် ။ ဒီတစ်ခါကျတော့ လက်သီးရာတစ်ဝိုက် အက်ကွဲကြောင်းတွေ အများကြီး ထင်သွားတယ် ။
'' ဒီလိုလုပ်ရအောင် ။ ခင်ဗျားနဲ့ကျွန်တော်က မိတ်ဖက်လုပ်ပြီး Bai Luo Yin ကို ဘုံရန်သူအဖြစ် ပူးပေါင်းတိုက်ခိုက်သင့်တယ် ။ သူက အခုတိုက်လေယာဉ်တစ်စီးကိုမောင်းပြီး ထွက်ပြေးဖို့ ကြိုးစားနေတယ် ။ ဒီတပ်မှာ သူ့ကိုတားစီးပြီး အောက်ရောက်အောင်လုပ်နိုင်တဲ့ တစ်ယောက်တည်းသောသူက ခင်ဗျားပဲ ''
'' မိတ်ဖက် .... '' Zhou Ling Yun က ဒီစကားလုံးအပေါ် တွေဝေနေတယ် ။ '' အဲ့ဒီမိတ်ဖက်က ငါ့ကို သေးစိမ်ပေါက်စိကို ဇွတ်ကျွေးခဲ့တယ်ပေါ့ ဟုတ်လား ? ''
Gu Yang မျက်နှာထားပြောင်းသွားသည် ။ သူက မသက်မသာပြောတယ် ။ '' ဒီကိစ္စနဲ့ပတ်သတ်လို့ ခင်ဗျားကို သင့်လျှော်တဲ့အကြောင်းပြချက်ကို နောက်ကျ ပေးပါ့မယ်ဗျာ ! ''
'' ငါစဉ်းစားပါရစေဦးကွာ ! '' Zhou Ling Yun က နံရံကို လက်သီးနဲ့ ထိုးနေပြန်တယ် ။
Gu Yang မျက်နှာပျက်သွားတယ် ။ '' ဘေဂျင်းကနေ ဟောင်ကောင်ကို အသွားအပြန်မှ ၃-နာရီပဲကြာတာ ။ ခင်ဗျားကို စဉ်းစားဖို့ အချိန်ပေးနေရရင် လေယာဉ်က ဆင်းပြီးနေလောက်ပြီပေါ့ ! ''
'' အသွား အပြန်  ဟုတ်လား ? '' Zhou Ling Yun ရဲ့ မျက်ခုံးမွှေးထူထူမျက်ခုံးတွေ တွန့်သွားတယ် ။ ''မထူးလည်း သူပြန်လာမှာပဲဆိုရင် မင်းက ဘာကိစ္စနဲ့ လေယာဉ်တစ်စီးလွှတ်ပြီး သူ့ကိုသွားတားနေဦးမှာတုန်း? လေသူရဲတွေကို အားယားနေတယ်များ မင်းထင်နေလား ? ''
Gu Yang က သူ့ကိုမေးလိုက်ဖို့ ဖိအားပေးရတယ် ။
'' ခင်ဗျားလုပ်မှာလား ၊ မလုပ်ဘူးလားပဲ ပြော ! ''
Zhou Ling Yun က အရမ်းကို ရှင်းရှင်းကြီး ပြန်တုန့်ပြန်တယ် ။ '' နိုင်ငံတော်ပိုင်ပစ္စည်းတွေက မင်းကိုယ်ရေးကိုယ်တာ ပဋိပက္ခဖြေရှင်းဖို့အတွက် မဟုတ်ဘူးကွ ! ''
Gu Yang က စကားလုံးကြမ်းကြမ်းအချို့ကို ပလုံးပထွေးပြောရင်း လှည့်ထွက်သွားတယ် ။
'' တပ်ချုပ်ကြီး Zhang ၊ ကျွန်တော်လေ Bai Luo Yin နဲ့ယှဉ်နိုင်မယ့် အရည်အချင်းမြင့်တဲ့ လေသူရဲ နှစ်ယောက်လောက် လိုချင်လို့ခင်ဗျ ! ''
'' မင်း အချိန်ကိုက် ဖုန်းဆက်လာတာပဲ ။ ငါ့မှာ အဲ့ဒီလိုတစ်ယောက်တော့ ရှိတယ် ။ သူက ငါအခြားတပ်စုကနေ ရွေးကောက်ထားတဲ့ လက်ရွေးစင် တပ်သားတွေထဲကပဲ ။ သူက ဖြစ်ချင်တော့ ဘေဂျင်းကို အစည်းအဝေး တစ်ခုတက်ဖို့ ရောက်နေတာ ။ သူနဲ့မင်းကို ဆက်သွယ်ပေးမယ် ။
သူဖုန်းချလိုက်ပြီး Gu Yang ရင်ထဲ နည်းနည်းတော့ အားတက်သွားတယ် ။
'' ဘုရားမတာပဲ ! ''
အကယ်၍ ရလာဒ်ကိုသာ သူကြိုသိခဲ့ရင် အစကတည်းက ဟိုလူ့ကိုသွားတွေ့ခဲ့မှာ မဟုတ်ဘူး ။ Gu Yang က မေးမြန်းစစ်ဆေးရေးတံခါးပေါက်ကိုကြည့်တော့ သူ့မျက်လုံးမှာ နာကျည်းချက်တွေ အပြည့်ပဲ ။
'' Zhou Ling Yun ခင်ဗျား စောင့်ကြည့်နေလိုက် ! ''

End of CH-63

Addicted? Book2 (Zawgyi)حيث تعيش القصص. اكتشف الآن