CHAPTER 15 - မင်္ဂလာရှိသော နေ့တစ်နေ့

202 16 0
                                    


CHAPTER 15 - မင်္ဂလာရှိသော နေ့တစ်နေ့

နှစ်ကူးလရဲ့ 25 ရက်နေ့မှာ Gu Hai တို့ကုမ္ပဏီက တရားဝင် အားလပ်ရက်ပေးပြီ။ လှောင်ချိုင့်ထဲ အပိတ်ခံရတဲ့ အပျိုကြီးတစ်စု နဲ့ လုပ်ငန်းရှင်အမျိုးသမီးတွေဟာ ခုတော့ လှပတဲ့ငှက်လေးတွေ လိုပဲ။ သူတို့တွေဟာ ဒီအားလက်ရက်အတွင်းလေးမှာပဲ လင်းယုန် ငှက်တို့ စံပျော်ရာ နေရာတွေဆီသွားပြီးပျော်နေကြတယ်။
Gu Hai ကတော့ Yan Ya Jing ရဲ့မမာတဲ့မိခင်ဆီကို လူနာမေးဖို့ Qing Doa ကိုသွားတယ်။
Yan Ya Jing က Gu Hai ကို သူ့အမေရဲ့ဆေးရုံခန်းကနေ ဆွဲထုတ် လာပြီး တည်ကြည်တဲ့ အကြည့်နဲ့ Gu Hai ကိုကြည့် တယ်။
"Gu Hai နင်ငါ့ကို ကူညီပေးလို့ရမလား?"
Gu Hai က အေးအေးပဲပြောတယ် "နင်မေ့နေပြီလား? ငါအရင်က နင့်ဆီကအကူအညီယူထားလို့ အကြွေးတင်နေတာလေ။ ပြောကြည့်၊ ငါတတ်နိုင်ရင် မငြင်းပါဘူး"
Yan Ya Jing က ရဲ့ရဲ့လေးပြုံးလိုက်ပြီး "နင်သေချာပေါက် တတ်နိုင်ပါ တယ်။ ခက်တာက နင်လုပ်ချင်လား မလုပ်ချင်ဘူးလား ဆိုတာပဲ"
Gu Hai က ပိုင်နိုင်တဲ့အသံနဲ့ "ငါတတ်နိုင်တာသေချာရင် သေချာပေါက် လုပ်ပေးချင်တာပေါ့"
Yan Ya Jing က အသက်ပြင်းပြင်းရှုလိုက်ပြီး Gu Hai မျက်လုံးတွေကို သေချာကြည့်တယ်။
"ငါ့ကို စေ့စပ်ပါလားဟင်?"
ဒီစကားကြောင့် Gu Hai ရဲ့ပုံစံ ရုတ်ချည်းပြောင်းသွားတယ်။
"နင် ခုချိန် ငြင်းလို့ရပါတယ်"
Gu Hai သူ့ရဲ့ အံ့သြတဲ့အမူအရာကို ဖုံးထားပြီးမေးတယ်။
"ငါက နင်နဲ့စေ့စပ်ဖို့ ဗြုန်းစားကြီး လိုအပ်တဲ့အကြောင်းကို ငါ့အရင် ပြော"
Yan Ya Jing က ကြည်လင်နေတဲ့ ဖန်သားဘက်လှည့်ပြီး ပြူတင်း အပြင်ကို တိတ်တိတ်ကြည့်နေတယ်။
"ငါလေ အမေ့ရဲ့နောက်ဆုံးခရီးကို အေးအေးချမ်းချမ်းသွားစေချင် တယ်။ စိတ်မပူပါနဲ့၊ ဒါက စေ့စပ်ရုံပဲဟာ။ လက်ထပ်မှာမှမဟုတ် တာ၊ အမေဆုံး သွားရင် ငါတို့စေ့စပ်ပွဲဖျက်သိမ်းပြီး သူငယ်ချင်း ဆက်လုပ်ရုံပေါ့"
Yan Ya Jing က ဒီစကားတွေပြောရတာ သက်သောင့်သက်သာ မရှိ ဘူး။ တကယ်တော့ သူမဟာ Gu Hai ရဲ့အစဦးဆုံးတုံ့ပြန်မှုကို မြင်ရက တည်း က Gu Hai သူမအပေါ်ထားတဲ့သဘောထားကို သဘောပေါက် သွားပါပြီ။ ဒါပေမဲ့သူမက မမှန်ကန်တဲ့ ပျော်ရွှင်မှု လေးကို ထိန်းထားချင် သေးတယ်။ ပျော်ရွှင်မှု- Gu Hai ကဒီလို ပြောလာတဲ့အခါ အခွင့်ရေး ယူပြီး သူတို့နှစ်ယောက်အတူနေထိုင်သွားကြဖို့။
Gu Hai က တိတ်တိတ်လေး ဆေးလိပ်ကို မီးညှိလိုက်တယ်။
သူ့ဆီက ဘာတုံ့ပြန်မှုမှမကြားရတော့ Yan Ya Jing က ရုတ်တရက် တခစ်ခစ်ရီတယ်။
"နင်ဆန္ဒမရှိလည်းရပါတယ်ဟာ။ ငါအခြားလူတစ်ယောက်ကို ရှာ လိုက် မယ်လေ။ တကယ်တော့ အမေက ဒီနှစ်ပိုင်းတွေမှာ ငါတို့ နှစ်ယောက်တွဲ နေတယ်ထင်နေတာ။ ဒါကြောင့်နင်သာ သားမက်လောင်းနေရာ ၀င် လိုက်ရင် အမေလည်း စိတ်အေးသွားလောက်တယ်"
Gu Hai ရဲ့မျက်လုံးက အရောင်မှိန်သွားတယ်။
"ငါ့ကို စဉ်းစားခွင့်ပြုပါ"
သူ့လက်ထဲက စီကရက်က တိုးသည်ထက်တိုလာတယ်။ Gu Hai ရဲ့ နှလုံးသားကတော့ ဘယ် နားလွင့်နေလဲမသိဘူး။
"Gu Hai, ငါနင့်ကိုတစ်ခုမေးလို့ ရမလား?"
Yan Ya Jing က ရုတ်တရက်ပြောတယ်။ Gu Hai က သူမကို ကြည့်လိုက်တော့
"နင် Di Shuang ကိုကြိုက်နေတာလား?"
Gu Hai ပြုံးလိုက်ပြီး "နင်ဘာကြောင့် ဒီလိုထင်ရတာလဲ? ငါက နင့်ကို တစ်ရုံးလုံးက မိန်းကလေးတွေထက် ပိုပြီးထက်မြက်တယ် လို့ ထင်ခဲ့ တာ"
Yan Ya Jing က လက်ဝါးဖြန့်ပြလိုက်တော့ လက်စွပ်လေး တစ်ကွင်း။
"ဒီလက်စွပ်လေးပေးတဲ့ ရည်ရွယ်ချက်က ဘေးဝိုင်းက လူတစ်ယောက် ကို တမင်စိတ်ဆိုးစေချင်လို့များဖြစ်နိုင်သလားလို့? ဒီလက်စွပ်ကို ငါ့ အတွက် ရည်ရွယ်ပြီး စိတ်ရင်းအမှန်နဲ့ပေးခဲ့တယ် လို့ ယုံရလောက် အောင် ငါ မတုံးသေးဘူး"
**နင်မှန်းတာ မှန်ပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ နင့်အတွေးထဲ ကလူနဲ့ ငါ့အတွေးထဲက လူကို လဲလိုက်မှပဲရမယ်။ လွန်ခဲ့တဲ့ရှစ်နှစ် ကာလတစ်လျှောက် ငါ့ရင်ထဲမှာမြှုပ်နှံထားတဲ့ ချစ်သူဟာ ယောက်ျား တစ်ယောက်ဆိုတာကိုတော့ နင်ဘယ်တော့ မှသိမှာမဟုတ်ဘူး**
Gu Hai ဘာမှမတုံ့ပြန်တာမြင်ရတော့ Yan Ya Jing က လက်နဲ့ ဝေ့ယှမ်းပြလိုက်တယ်
"မနေ့က ငါပြန်တော့ သူတို့နှစ်ယောက်ကားထဲမှာ နမ်းနေကြတာတွေ့ လိုက်တယ်"
သူ့စိတ်ထဲ ပြင်ဆင်ပြီးသားဖြစ်ပေမယ့် အခြားသူတစ်ယောက်ရဲ့ နှုတ်က ပြောလိုက်တော့ ဖြစ်လာတဲ့ လူသတ်ချင်စိတ်တွေဟာ ပိုပြီ်းပြင်းတယ်။ အဲ့ဒီအချိန် Gu Hai ကသူ့ခံစားချက်ကို ဖုံးကွယ်ချင်ပေမဲ့ အလကားပဲ။ ဒီလိုခံစားချက်မျိုးက အရမ်းဆိုး တယ်။ အထူးသဖြင့် ပထမဆုံးလက်ခံမှု က ပိုဆိုးတာပေါ့။
Yan Ya Jing ရဲ့ ရင်ထဲက ပျော်ရွှင်မှုတွေလည်း တစ်စစီကွဲကြေကုန်ပြီ။
သူမက Gu Hai လက်ထဲကို လက်စွပ်ပြန်ထည့်လိုက်ပြီး သူ့ အပြုံးမှာ အလွှာပါးလေး ဖုံးနေသလိုပဲ။
"၀န်ခံလိုက်တော့။ ငါနင့်ကိုဇွတ်အတင်းမလုပ်ခိုင်းပါဘူး။ နင့်ရင်ထဲမှာ တစ်ယောက်ယောက်ရှိပြီးသားမို့ ငါက ဒုတိယလူပဲ ဖြစ်နိုင်တော့မှာပါ၊ ငါဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားပေး"
Yan Ya Jing က လှည့်ပြန်သွားပေမယ့် Gu Hai က သူမလက်မောင်းကို ဆွဲဖမ်းလိုက်တယ်။
"ငါနင့်ကို ကူညီမယ်"  Gu Hai က မှင်သေသေပြောတယ်။
ဒီတစ်ခါတော့ Yan Ya Jing က ငြင်းတယ်။
"မလုပ်ပါနဲ့။ ငါ အပြစ်သည် မဖြစ်ချင်ဘူး"
Gu Hai က Yan Ya Jing ရဲ့ကိုယ်ကို သူ့နဲ့မျက်နှာချင်းဆိုင်ဖို့ လှည့်လိုက်ပြီး သူ့မျက်လုံးတွေကို သူမနဲ့ ဆုံစေတယ်။ သူ့အသံက ဆုံးဖြတ်ချက်ချပြီးတဲ့ အနေအထားရှိတယ်။
"ငါက နင့်ကိုကူညီဖို့ဆန္ဒရှိပါတယ်။ အခုလက်ရှိလည်း ငါ့မှာချစ်သူ မရှိလို့၊ နင်လည်း စိတ်မပူပါနဲ့တော့"
Yan Ya Jing က ကြောင်ကြည့်နေတယ်။
Gu Hai က လက်စွပ်ကိုယူလိုက်ပြီး အဓိပ္ပါယ်မရှင်းတဲ့ အပြုံးတစ်ခု မျက်နှာမှာပေါ်လာတယ်။
"ဒီလက်စွပ်က ဒီဇိုင်းဟောင်းနေပြီ။ ငါနဲ့အခြားလူတစ်ယောက်ရဲ့ အမှတ်အသားထွင်ထားတာ ဆိုတော့ နင်မ၀တ်သင့်ဘူး။ ငါနင့်အတွက် စေ့စပ်လက်စွပ်အသစ်ဝယ်ပေးမယ်။ ငါတို့ လင်မယားတွေ မဖြစ်နိုင်ရင်တောင် လက်စွပ်တွေကို အမှတ်တရ သိမ်းထားလို့ ရတာပေါ့"
                မြူးထူးတဲ့အသံတွေနောက် သုတေသနအခန်းထဲက အင်ဂျင်နီယာ တစ်သိုက်ဟာ ကွန်ပျုတာရှေ့မှာပဲ ထခုန်လိုက်ရင်း တစ်ယောက်နဲ့ တစ် ယောက် ဖက်နေကြတယ်။
"နောက်ဆုံးတော့ ငါတို့ရဲ့ခက်ခဲတဲ့ ပထမခြေလှမ်းတွေကို အောင်မြင်ခဲ့ ပြီ။ နှစ်သစ်ကူးအတွက် အိမ်ပြန်လို့ရပြီကွ"
Bai Luo Yin က မျက်လုံးစင်းပြီး ပြုံးလိုက်တယ်။ အားလုံးငြိမ်သွား အောင် လက်ဟန်ပြလိုက်ပြီး
"ငါဒီနေ့ နေ့လည်စာကျွေးမယ်။ ကောင်းတဲ့နေရာရွေးလိုက်"
"Hahaha... ဒါဆိုဈေးကြီးတာတွေချည်းမှာစားမယ်ကွ!"
"မှာရမှာပေါ့၊ ငါတို့မှာ ညအလင်းပေါက်အလုပ်တွေ လုပ်နေခဲ့ရ တာ"
ညနေရောက်တော့ Bai Luo Yin စိတ်ရွှင်လာတာနဲ့ Bai Han Qi ဆီ ဖုန်းခေါ်လိုက်တယ်။
"အဖေ ဒီနှစ် နှစ်ကူး ကျွန်တော် အိမ်ပြန်လာမယ်နော်!"
Bai Han Qi ဘာမှမပြောလည်း ဖုံးထားတဲ့ပျော်ရွှင်မှုကို Bai Luo Yin ကြားနေရတယ်။
ဖုန်းချပြီးတာနဲ့ Liu Chong က ဆေးရုံကဆင်းပြီဆိုတဲ့အကြောင်း ဖုန်းဆက်ပြောတယ်။ Bai Luo Yin က အင်္ကျီလဲပြီး အပြင် ထွက်သွား တယ်။ ခဏအတွင်းမှာ ကားတစ်စီးဖြေးဖြေးဝင်လာတာ တွေ့ရတယ်။
"ဆရာဘာလို့အပြင်ထွက်ရပ်နေတာလဲ?" Liu Chong ကမေးတယ်။
Bai Luo Yin ကဘာမှပြန်မဖြေဘဲ အခြားတပ်သားတစ်ဦးနဲ့အတူ Liu Chong ကားပေါ်ကဆင်းဖို့ ကူညီတယ်။ ပြီးတော့ သူ့ရဲ့တပ်အိမ်ကို ခေါ်သွားတယ်။
Bai Luo Yin က Liu Chong အိပ်ယာပေါ်မှာ မသက်မသာ ထိုင်နေရ တာ တွေ့ရတယ်။ သူက Liu Chong ကိုပြောတယ်။
"ငါ့ခုတင်ပေါ်ခဏလှဲပါလား။ မင်းတပ်က အခန်းရှင်းပြီးရင် ငါ လိုက်ပို့ ပေးမယ်"
Liu Chong က ရိုရိုကျိုးကျိုးနဲ့ "မသင့်ပါဘူး ဆရာရယ်"
Bai Luo Yin က Liu Chong ကိုတည်တည်ကြီးကြည့် လိုက်တယ်။ Liu Chong က ချက်ချင်းပဲအသာတကြည်လှဲအိပ် လိုက်တယ်။ Bai Luo Yin က လျှောက်လာပြီး စောင်ခြုံပေးတယ်။
Bai Luo Yin က ကားဟွန်းသံတစ်ချက်ကို ရုတ်တရက်ကြားလိုက် တယ်။ သူအပြင်ကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေဟာ အကြောင်း တစ်ခုကြောင့် လေးနက်သွားတယ်။
Gu Hai က Bai Luo Yin ရဲ့ တပ်အိမ်တံခါးကို ဖွင့်တဲ့အချိန်မှာပဲ Bai Luo Yin က သူ့ဆီပြေးလာတယ်။
"ဗိုလ်မှူးကတောင် လာကြိုနေတယ်ဆိုတော့ ငါမနေတတ်တော့ ဘူး"
Gu Hai ကြည့်ရတာ စိတ်ကောင်းဝင်နေပုံရတယ်။
"ကြိုဖို့လာတာမဟုတ်ဘူး။ တားမလို့လာတာ"
"တားမယ် ဟုတ်လား?" Gu Hai မျက်လုံးပေကလပ် ပေကလပ် ဖြစ်သွားတယ်။
"ဘာလဲ မင်းရည်းစားကို ဖွက်ထားလို့လား?"
Bai Luo Yin က နှုတ်ခမ်းအနည်းငယ်မြှင့်ပြီး "ဒါပေါ့ ပြောစရာ လိုသေး လား။ တကယ်ပဲ ဖွက်ထားတာ"
Gu Hai မျက်နှာ ချက်ချင်းပျက်သွားပြီး Bai Luo Yin နဲ့ အထဲ ၀င်လာ တယ်။ Liu Chong က ဧည့်သည်လာတာတွေ့တော့ အိပ်ယာကထ လိုက်ပေမယ့် Bai Luo Yin က ၀င်တားတယ်။
"နေ နေ ဒါ မင်းကိစ္စမဟုတ်ဘူး"
ဒီမြင်ကွင်းကိုကြည့်လိုက်ရင် Gu Hai ရဲ့စိတ်အခြေအနေ ဘယ်လို ဖြစ်နေမလဲပြောနေစရာ မလိုတော့ဘူး။ ဒါပေမဲ့ သူက ဟိုဟိုဒီဒီ အတွေး တွေ မတွေးချင်တော့ဘူး။ နောက်ဆုံးမှာ Bai Luo Yin တောင် ရည်းစား ရနေပြီပဲ။ သူသိတာက သူမပျော်ဘူး။ သူစိတ်မချမ်းသာတာ ထက်ကို ပိုတယ်။
Bai Luo Yin က Gu Hai အတွက်ရေနွေးတစ်ခွက်ကို ငှဲ့ပေးပြီး
"ငါ့ဆီ ဘာကိစ္စရှိလို့လဲ?"
သူထင်တာက Gu Hai အကြောင်းအမျိုးမျိုးပြပြီး တမင်လာတယ် ထင်ထားတာ။ အဲ့ဒီအစား Gu Hai က အိတ်ထဲက ဖိတ်စာကို ထုတ်လိုက် တယ်။ ဖိတ်စာအနီရောင်ကို မြင်တာနဲ့ Bai Luo Yin ရဲ့ ကြွက်သားတွေ တောင့်သွားပြီ။
Gu Hai က လေသံပြေပြေနဲ့ပြောတယ်။
"မင်းညီ,ငါ သန်ဘက်ခါဆို စေ့စပ်တော့မယ်။ မင်း အစ်ကိုတစ်ယောက် အနေနဲ့ လာပေးမယ်မလား?"
Gu Hai ရဲ့ ထိုးနှက်ချက်က ထိရောက်ပါတယ်။ အရာရှိ Bai တစ်ယောက် ပြင်းထန်တဲ့ခံစားချက်ကို မခံစားနိုင်ပေမယ့် ဘာမှမဖြစ် သလို ဟန်ဆောင်နေလိုက်တယ်။ သူ့ရင်ထဲမှာခံစားနေရတဲ့ ခံစားချက် အစစ်အမှန်တွေကတော့ သူ့မျက်နှာတင်းတင်းမှာ ပေါ်နေသေးတယ်။
Bai Luo Yin ရဲ့ မျက်လုံးက အချိန်အတော်ကြာလှုပ်လို့ မရတော့ ဘူး။ သူ့နှုတ်ခမ်းကို ကြိုးစားမြှင့်ရင်း ဒီတစ်ခါတော့ သူ့ဟန်ဆောင် မှုအားလုံး ကွာချသွားပြီ။
"Congratulations"
Gu Hai က Bai Luo Yin ရဲ့မျက်နှာကို အကြာကြီး ငေးကြည့်နေတယ်။ သူ့ရင်ထဲအောင်နိုင်သူ တစ်ယောက်လို ပျော်ရွှင်မနေဘူး။ Bai Luo Yin ဂုဏ်ပြုဖို့ လက်ကမ်းလိုက်ချိန်မှာ သူနေရတာ သိပ်မကောင်းတော့ဘူး။ သူ့စကားလုံးတွေ အများကြီးပြောဖို့ ပြင်ဆင်ခဲ့ပေမဲ့ အခုတော့ တစ်လုံးမှ ထွက်မလာ ဘူး။
Gu Hai လှည့်ပြီး ထွက်သွားတယ်။
Liu Chong က Bai Luo Yin ကို စိတ်လှုပ်ရှားစွာနဲ့မေးတယ်။
"ဗိုလ်မှူး  , MD Gu ကလက်ထပ်တော့မှာလား?"
Bai Luo Yin က သူ့ကို နောက်ကျောပေးပြီး ခေါင်းညိတိုက်တယ်။
"ဟာ ဒါဆိုဆရာ ဒီနေ့က မင်္ဂလာရှိတဲ့နေ့ပဲနော်"

End of Chapter 15

Addicted? Book2 (Zawgyi)Donde viven las historias. Descúbrelo ahora