CHAPTER - 101 နောက်ကျတဲ့ ခေါင်းညိတ်မှု
အိမ်ပြန်တဲ့လမ်းမှာ Bai Luo Yin က Gu Hai ကိုမေးတယ်။ " ငါတို့လက်ထပ်တော့မယ်ဆိုတာ ကို့အဖေသိလား?"
" သူ့ကို ကိုယ်ပြောပြီးပြီ" Gu Hai ချက်ချင်းမျက်နှာပျက်သွားတယ်။ "သူ ပွဲတက်ချင်ရင်၊ သူတက်လိမ့်မယ်။ မတက်ချင်ရင်လည်း ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်အလုပ်ကိစ္စတွေထဲ ဝင်မရှုပ်ဘူးလို့ သူပြောခဲ့ပြီးသားပဲ။ ကိုယ်ကလည်းသူ့ကို မမျှော်ပါဘူး၊ ကိုယ်တို့မင်္ဂလာပွဲကို လာမဖျက်ရင်တော်ပြီ၊ အဲ့ဒါအရေးကြီးဆုံးပဲ"
Bai Lio Yin ခဏလောက်နှုတ်ဆိတ်နေခဲ့တယ်။ အဲ့ဒီနောက် သူခပ်ဖွဖွပြောတယ်။" ငါတို့လက်မထပ်ခင်၊ သူ့ကို , ကို တစ်ကြိမ်လောက်သွားတွေ့သင့်တယ် မဟုတ်လား? ကို မသွားရင် ၊ သူ့ကိုဖခင်အဖြစ် သဘောမထားဘူးလို့ သူထင်နေလိမ့်မယ်"
" သူဘာထင်ထင်၊ ကိုယ် ဂရုမစိုက်ဘူး" Gu Hai ရဲ့မျက်နှာထားက နဲနဲစိတ်မပျော်ရွှင်တဲ့ပုံပေါက်နေတယ်။ ခဏတာမျှ အေးစက်စက်ငြိမ်သက်သွားပြီးမှ Gu Hai ထပ်ပြောတယ်။" ကိုယ်အရင်က သူဘယ်လိုထင်မလဲဆိုတာတွေကို ဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကိုယ်, အရမ်းကိုစိတ်ပျက်တယ်။ ကိုယ်သင်ခန်းစာတွေ ရခဲ့ပြီးပြီ။ သူ့မျက်နှာကြောတင်းတင်းရှေ့....မျက်နှာချိုသွေးပြီး ကိုယ်မသွားတော့ဘူး"
" တကယ်တော့ သူက သူ့ကိုယ်သူ ဘယ်လိုဖော်ပြရမယ်ဆိုတာ...မသိတာလို့ပဲ ငါခံစားမိတယ်"
" သူ့အတွက် ကူပြောပေးမနေနဲ့" Gu Hai အသံအရမ်း ကျယ်သွားတယ်။ " ချစ်, မင်း, ဒီလောက်နှစ်တွေကြာပြီ ၊ မင်းလည်း မမှတ်သေးဘူးလား? မင်း , သူ့အပေါ်ဘယ်လိုဆက်ဆံခဲ့သလဲ? ပြီးတော့ သူက မင်းကိုဘယ်လိုဆက်ဆံခဲ့သလဲ? မင်း စစ်ထဲမဝင်ခဲ့ရင်တောင် ၊ မင်းက သူ့မယားပါသားပဲ; မင်းကိုဂရုစိုက်ကြောင်းလေးတော့ အနည်းဆုံးသူပြသင့်တာပေါ့၊ နည်းနည်းပါးပါးလောက်ပဲ ဖြစ်ဖြစ်၊ ဟုတ်တယ်မလား? ဒါပေမယ့် သူ့ရဲ့ဆိုးဝါးတဲ့အပြုအမူကိုကြည့်၊ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေသလို လုပ်နေတာ"
Gu Hai ပြောရင်းပြောရင်း ဒေါသတွေ ပိုထွက်လာတယ်။ သူက စတီယာရင်းခွေကို ကြမ်းကြမ်းတမ်းတမ်း ရိုက်လိုက်သေးတယ်။