Chapter-49=> အိမ်သို့ပါဆယ်ပါလာခြင်း
Gu Hai တွေးကြည့်လေလေ ပုံမှန်မဟုတ်ဘူးလို့ ခံစားရလေလေပဲ။ သူ့ဇနီးလေးအတွက် စိတ်ပူတာတွေလွန်ကဲပြီး ၊ ညသန်းခေါင်ကြီးထပြီး Bai Lou Yin ရဲ့တပ်အိမ်ဆီကားမောင်းထွက်ခဲ့လိုက်တယ်။ တံခါးဖွင့်လိုက်တော့ မီးတွေကဖွင့်ထားဆဲ။ Bai Lou Yin ကအိပ်ယာပေါ်မှာ ပက်လက်လဲလျောင်းနေတယ်။ ကြမ်းပြင်ပေါ်မှာက ပျက်စီးနေတဲ့အချစ်ကိုယ်စားလှယ်တော်လေး။ Gu Haiကအဲ့ဒါကိုကောက်ယူလာပြီး မှင်သေသေပြုံးတယ်။ သူက Bai Lou Yin ကုတင်ဆီတန်းတန်းလျှောက်လာတယ်။
Bai Lou Yin ကသူ့နောက်ကနေခြေသံတွေကြားပေမယ့်လို့ သူ့မျက်လုံးတွေကို မဖွင့်ကြည့်မိဘူး။ တကယ့်ကို သူ့မှာတစ်ဖက်လှည့်ဖို့အင်အားမရှိတော့တာ။
"ချစ်, ကစားပြီးတော့ ဖျက်စီးပစ်လိုက်တယ်ပေါ့။ ဒီအကျင့်ကမကောင်းဘူးနော်! " Gu Hai ကပျော်ပျော်ရွှင်ရွှင်ပြောတယ်။
Bai Lou Yin ငြိမ်နေတုန်းပဲ။
Gu Hai က အဲ့ဒီပစ္စည်းကို လျော့လျော့ရဲရဲကိုင်ရင်း "ဒါလေး ဒီတစ်ခါတော့တကယ်ပျက်သွားပြီကွ။ လုံးဝပြန်သုံးလို့မရတော့ဘူး"
Bai Lou Yin က တိတ်တဆိတ်တွေးတယ်။ "ကောင်းတယ်။ပျက်သွားတာပဲကောင်းတယ်....ပျက်သွားတာပဲကောင်းတယ်။ ပျက်သွားတော့ လွှင့်ပစ်ရတာထက်တောင်ပိုကောင်းသေးတယ်"
" ကိုယ် အသစ်တစ်ခုယူခဲ့မိလို့တော်သေးတယ်"
Bai Lou Yin ခန္ဓာကိုယ် တောင့်သွားတယ်။ သူက Gu Hai ကိုလှည့်ကြည့်တော့ သူ့လက်ထဲမှာတူညီတဲ့အရုပ်တစ်ခု သေချာပေါက်ရှိနေတယ်။
"F**k! ထွက်သွား! "
Bai Lou Yin ရဲ့ ဆဲရေးတဲ့ စကားလုံးက အားမပါဘူး ။ သူက (၂)ခါလောက်ပဲ ဟိန်းဟောက်လိုက်နိုင်တယ်။ ပြီးတော့စောင်ထဲကို ခေါင်းပြန်လျှိုသွားတယ်။
Gu Hai က သူ့ကုမ္ပဏီက ထုတ်ကုန်ပစ္စည်းကို အမွှန်းတင်နေတုန်းပဲ။
" ဒီပစ္စည်းအသစ်လေးက ပိုပြီးပျော့ပျောင်းမှုရှိလို့ အရင်ဟာထက်ပိုကောင်းတယ်။ ဒီဇိုင်းမှာလည်းလှည့်ကွက်တွေအများကြီးရှိတယ်။ ပြီးတော့ password လည်းမလိုဘူး။ ပိုင်ဆိုင်ကြောင်း ပြဖို့အတွက် လက်ဗွေရာပဲလိုတာ။ အရင်တခေါက်ကလို ပြဿနာမျိုးမရှိတော့ဘူး။ ပြီးတော့ဒါလေးကိုသုံးဖို့ လက်ချောင်းတွေတောင်မလိုအပ်ဘူး။ ဒီပစ္စည်းလေးကိုဘေးနားမှာထားတာက အိမ်အလှဆင်ပစ္စည်းလေးလိုပဲ။ ဒါကိုဘာအတွက်သုံးတဲ့ပစ္စည်းဆိုတာကို ဘယ်သူမှမသိနိုင်ဘူး"