CHAPTER 59. = မြင်မြင်ချင်း ချစ်သေးလား?

123 15 0
                                    

CHAPTER  59. = မြင်မြင်ချင်း ချစ်သေးလား?

Gu Hai က Gu Yang ကုမ္ပဏီမှာ စောင့်နေတာ (၁၀) ရက်တောင်ရှိတော့မယ်။ ဒီအတောအတွင်း ယေဘုယျအားဖြင့် Gu Yang ရဲ့ စီးပွားရေး နောက်ခံအကြောင်းကို ပုံဖော်ကြည့်လို့တော့ ရပြီ။ Gu Yang ကုမ္ပဏီက ဘယ်ပစ္စည်းမဆို - ဥပမာ စက်ပစ္စည်းကြီးကြီးမားမား တင်ပို့တာတွေကစပြီး သေးငယ်တဲ့ ရုံးသုံး လက်မှုပစ္စည်းတွေ အထိပဲ - Gu Hai ဆန္ဒရှိသလောက် ပစ္စည်းတွေကို Beijing ( ဘေဂျင်းမြို့ ) ကို သင်္ဘောတင်ပို့လို့ရတယ်။ အဓိက စရိတ်ကို ပုံမှန်တင်ပို့ခထက်  3 ပုံ 2 ပုံသာ ကုန်ကျစေပြီး သင်္ဘောတင်ပို့လို့ရအောင် ကုန်သွယ်မှုစရိတ် လျော့ချရေးနည်းလမ်းကို Gu Hai စဉ်းစားတယ်။ ကျန်တဲ့တင်ပို့ခ (၁) ပုံ ဘယ်ရောက်သွားလဲ ဆ်ုတာတော့ Gu Hai ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး။

    Gu Hai က Gu Yang ရဲ့ လျှို့ဝှက်ကွန်ပြူတာ ဖိုင်ကို ခိုးဝင်ကြည့်ဖို့ အသည်းအသန်ကြိုးစားတယ်။ ဒါပေမယ့် ဖန်သားပြင်မှာတော့ လျှို့ဝှက်နံပါတ်မှားနေပါတယ်လို့ပဲ ပေါ်နေတယ်။ မျက်နှာ scan ဖတ်ခြင်းနဲ့ လက်ဗွေရာ တူညီမှုစစ်ဆေးချက်တွေ မတူတာကိုတော့ ပြောစရာမလိုတော့ဘူး။ ကွန်ပြူတာက အပြင်မှာရှိတဲ့ လူအ, တွေထက်တော့သာတယ်။ အဲ့ဒီလူတွေကလူချင်းလဲထားတာတောင် သတိမထားမိကြဘူး။

     အခုအချိန်မှာတော့ သူ့မှာ ဦးနှောက်ထွက်မတက် စဉ်းစားနေတုန်း Gu Hai ကရုတ်တရက် အကြံတခုရတယ်။ သူက Bai Luo Yin ရဲ့ မွေးနေ့ကို စမ်းကြည့်ချင်တယ်။ ဒါပေမယ့် ကီးဘုတ်ပေါ်ကို သူ့လက်ချောင်းတွေ တင်မယ့်ဆဲဆဲမှာတင်..သူ ရုတ်ချည်း စိတ်ဓာတ်ကျသလို ခံစားရတယ်။ password သာ Bai Luo Yin နဲ့ ပတ်သက်နေတာထက်စာရင် ဒီဖိုင်ကို ဖွင့်လို့မရတာမှကောင်းသေးတယ်။

   သို့ပေမယ့်လည်း Gu Hai က သိချင်စိတ်ကို မထိန်းနိုင်တော့တဲ့အတွက် သူဟာ Bai Luo Yin ရဲ့ မွေးနေ့ ကို ရိုက်ထည့်လိုက်တယ်။

   လျှို့ဝှက်နံပါတ် မှားနေပါတယ် လို့ ပေါ်တယ်။ Gu Hai ခုမှ သက်ပြင်းချနိုင်တော့တယ်။ ** တော်သေးတာပေါ့ အဲ့ဒါမဟုတ်လို့ **

    သူနောက်ထပ် password တစ်ခုကို စမ်းကြည့်မလို့ ရှိသေးတယ် bell သံ ရုတ်တရက်မြည်လာတယ်။" ဝင်ခဲ့ပါ" အပေါ်ဝတ် အင်္ကျီရယ် နက်တိုင်ရယ် နဲ့သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ လူငယ်နှစ်ဦး ဝင်လာပြီး နှစ်ဦးစလုံးက ရင်းနှီးတဲ့ မျက်နှာတွေ ဖြစ်နေတယ်။ ဒီလူနှစ်ယောက်က ပစ္စည်းတွေ သင်္ဘောတင်ဖို့အတွက် Gu Hai တာဝန်ပေးထားတဲ့ လူတွေ။

Addicted? Book2 (Zawgyi)Donde viven las historias. Descúbrelo ahora