CHAPTER 44 - နေရာတိုင်း စစ်မြေပြင်
Gu Hai နဲ့ Bai Lou Yin ရဲ့ စစ်အေးတိုက်ပွဲကာလအတွင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ်မလုပ်တာ သုံးရက်တောင်ရှိပြီ။ ဒီစစ်အေးတိုက်ပွဲက Bai Lou Yin ရဲ့ အစာအိမ်နဲ့ Gu Hai ရဲ့ မိစ္ဆာလေးတို့ရဲ့ သည်းခံအားကို စမ်းသပ်တဲ့ပွဲလည်းဖြစ်တယ်။ တိုက်ပွဲရဲ့ရလဒ်အဖြစ် ဘယ်သူက ပိုခံနိုင်ရည်ရှိလည်းဆိုတာ သိရလိမ့်မယ်။
ဒီနေ့, နေ့လည် Bai Lou Yin တစ်ယောက် သုတေသနအခန်းထဲ ဗိုက်ဟောင်းလောင်းနဲ့ ထိုင်နေတယ်။ သူ့နှလုံးသားနဲ့ အစာအိမ်တို့.. တစ်ခုနဲ့တစ်ခု ရန်ဖြစ်နေကြတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့ နှလုံးသားကတော့ အဆုံးထိတောင့်ခံနိုင်ဖို့..Bai Lou Yin ကို အဆက်မပြတ်သတိပေးနေတယ်။ ဒါပေမယ့် လိမ်ပိန်နေတဲ့အစာအိမ်လေးကတော့ သူ့ကို ဖုန်းပြန်ဖွင့်ချင်စိတ်တွေဖြစ်ပေါ်စေတယ်။ အစွန်းနှစ်ဖက်က သေရေးရှင်ရေးတိုက်ခိုက်နေကြတုန်း..ပိုကောင်းတဲ့အချိုးအကွေ့တစ်ခု ပေါ်ပေါက်လာတယ်။
"Xiao Bai, မင်းထမင်းဘူးရောက်ပြီ...ဒီမှာ!"
တိုက်လေယာဉ်မောင်းတုန်းကတောင် Bai Lou Yin တစ်ယောက် ဒီလောက်ရင်ခုန်သံမမြန်ဘူး။ သုတေသနအလုံခန်းနဲ့ တံခါးနဲ့က ခြေလှမ်းအနည်းငယ်ပဲဝေးပေမယ့် Bai Lou Yin ဟာ စိတ်အေးအေး ထားဖို့ သူ့ကိုယ်သူတောင် မြူဆွယ်နေရတယ်။ သူက ထမင်းဘူးကို မလိုချင်သလိုဟန်ဆောင်နေပြီး အခြားသူတစ်ယောက်က ဇွတ်အတင်းပြောပြီး သူ့လက်ထဲ ထမင်းဘူးလာထည့်တဲ့အထိစောင့်နေမယ်။ ပြီးတော့မှ သူက ယူချင်သလိုလို မယူချင်သလိုလိုနဲ့ ယူထားလိုက်မယ်ပေါ့။
လာပို့တဲ့သူက Haung Shun ဖြစ်နေတယ်။ Bai Lou Yin က ဒီအလုပ်သမားလေး အခက်တွေ့အောင် မလုပ်ချင်တာနဲ့ ထမင်းဘူးကို မြန်မြန်လက်ခံထားလိုက်တယ်။ ပြီးတော့ သူ့တပ်အိမ်ဆီကို ထမင်းဘူး ယူလာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အခြားအင်ဂျင်နီယာကို မကြည့်စေချင်လို့။ အနံ့လေးတစ်ခုတည်းနဲ့တင် Bai Lou Yin စိတ်လှုပ်ရှားလာပြီး..စားဖို့ဆိုရင် ထည့်တောင်မပြောနဲ့တော့။ သူက ထမင်းဘူးကို အိမ်မှာ ဖြေးဖြေးစားမယ်ပေါ့။
ထမင်းဘူးကို မဖွင့်ခင် Bai Lou Yin စိတ်နဲနဲငြိမ်သွားတယ်။
**ထမင်းဘူးထဲမှာ ဘာပါမှာပါလိမ့်? အသားပေါက်စီဆိုရင်တော့ အကောင်းဆုံးပဲ။ နောက်ဆုံးတစ်ခေါက်တုန်းက Gu Hai အသားပေါက်စီလုပ်တာ၊ အနံလေးက မွှေးကြိုင်နေပြီး..ဂျုံသားက နုညံ့တယ်။ အရသာကောင်းတယ်။ ပြီးတော့ သွပ်ထားတဲ့အစာက အရသာရှိပြီး..တကိုက်ပြီးတကိုက် အသားကထွက်တဲ့ဆီလေးတွေက ဆိမ့်နေတာပဲ**