CHAPTER 36- ငါသေရတော့မယ်!
တိမ်ထူပြီး အသက်မဲ့နေတဲ့ Gobi သဲကန္တာရထဲမှာ ထောင်ချီနေတဲ့ အနီရောင်မိုင်ပေါင်းများစွာကို ကြောက်စရာတံလျက်အလွှာက ဖုံးကာထားတယ်။ ရုတ်တရက် ကောင်းကင်မှာ မိုးခြိမ်းသံလိုအသံ..ခပ်အုပ်အုပ်ထွက်ပေါ်လာပြီး အနီရောင်မီးခိုးတန်းက တိမ်တွေကိုဖြတ်သွားတယ်။ ဒီခြေဆင်းသံက "တိုက်ပွဲ" ဖြစ်တော့မယ့်သဘောပဲ။
ဒီတစ်ခါ စစ်မြေပြင်ကပြင်းထန်တဲ့စစ်ပွဲတွေရဲ့သမိုင်းကြောင်းကို တဖန်ပြန်ရေးရမယ့်အချိန်အခါဖြစ်တယ်။
လေတပ်နဲ့ ရေပြင်လေတပ်တို့က ကောင်းကင်ပြာကြီးအောက်မှာ တိုက်ပွဲအတွက်ပြင်ဆင်နေကြတယ်။ စစ်တပ်သုံး တင့်ကားကြီးတွေဟာလည်း တစ်ချိန်တည်းမှာပဲ မြေပြင်မှာနေရာယူထားပြီး..လက်နက်ထိန်းချုပ်တပ်က ကောင်းကင်ကို ဒုံးကျည်လွှတ်လိုက်တယ်။ တောင်မြောက်ပိုင်းပင်လယ်မှာ ကြည်းတပ်က အထက်ရာထူးကြီးတို့ကလည်း ဒီလိုပွဲကြီးပွဲကောင်းမှာ လာဆုံကြပြီး၊ ခေတ်သစ် စစ်နောက်ခံ drama ဇာတ်ကွက်တွေကို စင်မြင့်ပေါ်ကကြည့်နေကြတယ်။
အရင်ရက်အနည်းငယ်က ဘယ်နေရာမှာတပ်သားတွေ စခန်းချခဲ့ကြသလဲဆိုတာ Bai Lou Yin မသိပေမယ့်..ဒီအချိန်ပိုင်းလေးအတွက် သူဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာတော့ ကောင်းကောင်းကြီး သဘောပေါက်တယ်။ သူကံကောင်းပါတယ်။ အနည်းဆုံး သူစစ်မြေပြင်ဆီလာခဲ့ရတယ်။ နှင်းတောထဲ မှာ ရပ်လျက်..တပ်သားထောင်ပေါင်းများစွာဟာ မျက်လုံးမှာ မျက်ရည်စတွေနဲ့..ပြီးတော့ လည်ချောင်း အက်ကွဲကွဲဖြစ်နေကြတာတောင် Bai Lou Yin ကို အလေးပြုပြီး လိုက်ပို့ပေးခဲ့ကြသေးတယ်။
လေ့ကျင့်ရေး ဆယ်ရက်ဆိုတဲ့ အချိန်တိုလေးအတွင်း အားလုံးပြန်လည်မွေးဖွားလာကြပုံပဲ။
ဒီအချိန်ပိုင်းအတွင်း Bai Lou Yin.. သူ့တပ်သားတွေနဲ့ စကားပြောဆိုတဲ့အခါ ခက်ထန်မာကြောတဲ့ အမူအရာမပြတော့ဘူး။ သူတွေးထားတာက သူတပ်ထဲပြန်ရောက်တဲ့အခါ တပ်သားတွေကို ဒီစကားလုံးတွေကို ၀ံ့ဝံ့ကြွားကြွားပြောရမယ်။
"မင်းတို့အားလုံး တော်ကြပါတယ်!" လို့။
Bai Lou Yin တိုက်လေယာဉ်ထဲဝင်ပြီး ပျံသန်းတော့မယ့်အချိန်..သူဟာ တိတ်တိတ်ကလေး Gu Hai ကို တိုင်တည်မိတယ်။