CHAPTER 23 - ပျော်စရာဆိုတာ ဒါလား?အဲ့ဒီအချိန်မှာ Gu Hai က သူ့ရုံးခန်းထဲမှာပဲ မျက်မှောင်ကျုံ့ထိုင် နေ တယ်။ သူ့ရှေ့မှာပုံနေတဲ့ စာရွက်စာတမ်းတွေကို ငေးကြည့်ရင်း သူ့စိတ်နဲ့ နှလုံးသားက အခြားတစ်နေရာကို လွင့်နေတယ်။
သေချာစဉ်းစားကြည့်တော့
**ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ခုချိန်ခါဘယ်လို အဓိပ္ပါယ် ဖွင့်ရ မလဲ? ငါလည်းအရှုပ်တွေရှင်းပြီးသလို မင်းလည်းရှင်းပြီးခဲ့ပြီ။ အတား အဆီးတွေကျော်ပြီးတော့ ငါတို့ တကယ်ပဲအတူတူဖြစ်သွားကြပြီ။ ပြန်တွေးကြည့်ရင် အရင်နှစ်တွေက အကြွေးတွေ ရှင်းပြီးပြီးဆိုပေမယ့် ငါတို့နှစ်ယောက်က ခုမှပြန်ဆက်ကြတာလား? ဒါမှမဟုတ် အစကတည်း က ဆက်ဆံရေးမပြတ်ခဲ့ကြတာလားဆိုတာတော့ ဘယ်သူပြောနိုင်မှာ လဲ? ဒီလိုမရေရာမှုတွေက အားမရစရာပဲ**
Gu Hai က ခြေနှစ်ပေါင်စာလောက် ရုံးခန်းထဲလျှောက်ရင်း သူ့ ရင်ထဲမှာတော့ Bai Lau Yin ကိုဘယ်လိုပြန်ပိုးရမလဲလို့ တိတ်တဆိတ် ကြံနေမိတယ်။ ဖွင့်ပြောဖို့ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။
သူကအတိတ်က တူညီတဲ့အမှားမျိုးတွေကို သေချာပေါက်မလုပ်တော့ ဘူး။ အရင်နှစ်တွေက ပစ်စလပ်ခတ်နဲ့ ရူးကြောင်ကြောင် ဆန်တဲ့ချစ် ၀န်ခံချက်တွေက အလကားဖြစ်ခဲ့တာတွေကို တွေးမိတယ်။ အဲ့ဒီက တည်းက နှစ်နှစ်လောက်က သူကအမြဲတမ်း အလျော့ပေးနေခဲ့ရတာ။ သူ အမြဲတမ်းတွေးတာကတော့ သူတို့ဆက်ဆံရေးမှာ သူက အမြဲတမ်း အောက်ကျို့နေခဲ့ရတယ်ဆိုတာပဲ။ ဒီလိုတွေဖြစ်လာတာက သူ့က စပြီးတန်းတန်းစွဲဖြစ်နေခြင်းက အရင်းခံခဲ့တာ။
**ဒီတစ်ခါတော့ သတိနဲ့လုပ်ရမယ်**
Gu Hai လမ်းလျှောက်နေရင်း ပြူတင်းနားရောက်တော့ ခဏ ရပ်လိုက် တယ်။ သိပ်မကြာဘူး သူက Bai Luo Yin ရဲ့ကားဝင် လာတာတွေ့ တယ်။
ပျော်တာနဲ့ပဲ Gu Hai ရဲ့ရင်ထဲမှာ လှိုင်းတွေထလာတယ်။ ခုမှ သူ့နှလုံးသားကနေခြေဖျားအထိ ခန္ဓာကိုယ်တစ်ခုလုံးက cells တွေက အသက်ဝင်လာသလိုပဲ။ သူ့ရဲ့အေးစက်စက် ခပ်တည်တည်ပုံစံကနေ တက်ကြွပြီးပျော်မြူးနေတဲ့ပုံစံကို ပြောင်းသွားပြီး ဓါတ်လှေကားထဲ ၀င် လိုက်တယ်။ ၀န်ထမ်းတွေက ကြောက်ကြောက်နဲ့မျက်ခုံးမြှင့်လိုက်တယ်။ သူတို့ MD ဘာများမှားနေသလဲလို့ပေါ့။ သူစေ့စပ်မယ်ဆို တုန်းကေ တာင် ဒီလိုအပျော် မျိုးကို သူတို့မတွေ့ဖူးဘူး။
Gu Hai မပျော်ဘဲ နေပါ့မလား? သူက Bai Luo Yin ကို ဘယ်လို ပြန်ပိုးရမလဲ တွေးနေတုန်း Bai Luo Yin က မနေနိုင်မထိုင်နိုင် သူ့ဆီ အရင်လာခဲ့တာဆိုတော့။ သမိုင်းကို ပြန်ရေးရမလို ဖြစ်နေပြီ။
ဓါတ်လှေကားက ထွက်လာပြီး Gu Hai က အခြားလူတစ်ယောက် လိုပဲ တဖြည်းဖြည်းပြောင်းသွားတယ်။ သူကဘယ်လိုမှမခံစားရသလိုမျိုးဟန် နဲ့ ဓါတ်လှေကားက ထွက်လာပြီး lobby ထွက်ပေါက် ကိုဦးတည်လာရင်း Bai Luo Yin ကို မမြင်ချင်ယောင်ဆောင်နေတယ်။ သူက တစ်နေရာရာ ကို သွားသယောင်ယောင်နဲ့ Bai Luo Yin ရဲ့ ကားဘေးက ကပ်ဖြတ် သွားတယ်။
ဒါပေမဲ့ Bai Luo Yin က မြည်းရုပ်နဲ့ကစားနေလို့ သူ့ကိုမမြင်ဘူး။ သူထင်တာက Gu Hai အလုပ်မဆင်းသေးခင် ကားပေါ်မှာပဲနေပြီး ပြီးမှ ဖုန်းဆက်မယ်ပေါ့။
Gu Hai က သူ့ရဲ့ကားတံခါးကိုဖွင့်လိုက်ပေမယ့် တစ်ဖက်ကားပေါ် က လူက လှုပ်တာမတွေ့တော့ သူ့ရင်ထဲ တိတ်တိတ်ဆဲမိတယ်
**ကန်းနေတာ! ဘယ်လိုများ လေသူရဲဖြစ်လာလဲမသိဘူး?**
စူစူအောင့်အောင့်နဲ့ Bai Luo Yin ရှိရာဘက်ပြန်လာခဲ့တယ်။ neck tai ကိုပြင်ရင်း သူ့ရင်ထဲက လှုပ်ရှားမှုတွေကို ထိန်းပြီးတော့ မျက်နှာကို တည်လိုက်တယ်။ ပြီးတော့ Bai Luo Yin ရဲ့ကားတံခါး ကို ခေါက်လိုက် တယ်။
Bai Luo Yin က ကားမှန်ကနေ ခေါင်းထွက်ကြည့်တယ်။ Gu Hai က ချက်ချင်းမေးလိုက်တယ်
"မင်းဒီကိုဘာလာလုပ်တာလဲ?"
Bai Luo Yin တံခါးဖွင့်ပြီးထွက်လာတယ်။ စစ်ဝတ်စုံ ယူနီဖောင်း အပြည့်နဲ့ ပြောင်လက်နေတဲ့ သားရေဘွတ်ဖိနပ်နဲ့ ခန့်ညားနေ တယ်။ သူ့ရဲ့ ရဲရင့်ပြီး နိုင်လိုမင်းထက်လုပ်ချင်တဲ့ပုံအပြင် ချောမောတဲ့ ပုံပန်းက ရင်ဖို စေတယ်။
Gu Hai ရင်ထဲမှာတော့ သူ့လက်ကြီးနဲ့ Bai Luo Yin ကို သိမ်းကျုံးဖက် ပစ်လိုက်ချင်တယ်။
"ငါ့ကို အပေါ်ကနေမြင်ရလား? ဘာလို့အောက်ကို ဆင်းလာရတာ လဲ?" Bai Luo Yin က တမင်မေးလိုက်တယ်။
Gu Hai ကလည်ချောင်းရှင်းလိုက်ပြီးတည်တည်ငြိမ်ငြိမ်ဖြေတယ်။
"ငါအစည်းအဝေးကပြန်လာခဲ့တာ အထဲပြန်ဝင်မလို့လုပ်တုန်း မင်း ထိုင် နေတာမြင်လို့ နှုတ်ဆက်ဖို့ ခဏရပ်လိုက်တာ"
Bai Luo Yin က ဘာမှပြန်မပြောတာတွေ့တော့ Gu Hai က ဟန်ဆောင်ပြီး မေးလိုက်တယ်
"Di Shaung ကိုလာရှာတာလား? မင်းဒီမှာပဲစောင့် ငါသူမကို မင်းဆီ လွှတ်လိုက်မယ်"
Bau Luo Yin က စိတ်ဆိုးဆိုးနဲ့ Gu Hai ရဲ့လက်မောင်းကို ကိုင်လိုက်ပြီး
"မင်းအပိုတွေလုပ်မနေနဲ့တော့။ Di Shuang ကဖြင့် လွန်ခဲ့တဲ့ နှစ်ရက်က အလုပ်ထွက်သွားပြီမလား?"
"ဟုတ်လို့လား?" Gu Hai က မျက်စိပေကလပ်ပေကလပ်လုပ်ရင်း "အခု တလော အလုပ်ထွက်တာတွေက များတယ်။ အဲ့ဒါက အတွင်းရေးတွေ ဆိုတော့ ငါတကယ်မသိဘူးဖြစ်တာ"
Gu Hai ရဲ့လိမ်စဉ်ကြီးကိုနားထောင်ရင်းနဲ့ Bai Luo Yin မျက်စောင်း ထိုးမိတယ်။
"ဒါတွေထားပါ။ မင်းဒီကို ဘာလို့လာရတာလဲ?" Gu Hai ဆက် မေးတယ်။
Bai Luo Yin ကဒဲ့ပဲပြောတယ် "မင်းကိုလာရှာတာ!"
Gu Hai ရင်ထဲပျော်သွားတယ်။ ရင်ခုန်သွားပေမဲ့ ဘာမှမဖြစ်သလို ပုံစံဖမ်းနေတုန်းပဲ။
"ငါ့ကို ဘာလို့လာရှာတာလဲ?"
Bai Luo Yin က အထက်စီးနဲ့ပြန်ပြောတယ်။
"မင်းကို မုဒိန်းကျင့်မလို့!"
Gu Hai က နောက်ခြေတစ်လှမ်းဆုတ်လိုက်ပြီး Bai Luo Yin ရဲ့နဖူးကို လက်ညှိုးနဲ့ထိုးရင်းမေးတယ်။ "ဒီ ကိုလူဆိုးက ဘယ်က လဲ?"
Bai Luo Yin က နဖူးပေါ်ကလက်ညှိုးကို ချိုးတော့မယ့်အတိုင်း ဖယ်ရင်း
"ဟန်ဆောင်မနေနဲ့တော့။ နွံတောထဲမှာတုန်းက ညကြီး ငါ့ကို ခိုးနမ်းတာ ဘယ်သူလဲ? မသိဘူး ထင်မနေနဲ့"
Gu Hai အံ့သြသွားပြီး ပြန်ပြောတယ် "မင်းဒီလို အဓိပ္ပါယ် မရှိတာ တွေ ဆက်ပြောနေရင် လုံခြုံရေးခေါ်လိုက်မှာဗျ! လုံခြုံရေးမှုး ဒီကိုလာပြီး ဒီလူဆိုးကို အရေးယူလိုက်ပါ"
တကယ်တော့ လုံခြုံရေးမှူးက Gu Hai နောက်မှာပဲ မတ်တပ်ရပ် နေခဲ့ တာ။ ဒီလူကတော့ Gu Hai သူ့ကို အရေးယူဖို့ပြောတာ စိတ်ထဲကမပါ မှန်း မသိရှာဘူး။ သူ့လက်ရိုက်တုတ်ကို ကိုင်ရင်း Gu Hai နောက်ကနေ ပြေးလာပြီး Bai Luo Yin ဆီကို ဦးတည် လိုက်တယ်။ နောက် သူက Bai Luo Yiin ရဲ့ ညာဘက်ပုခုံးကို ပြင်းပြင်းရိုက်ချလိုက်တယ်။
Gu Hai မျက်နှာချက်ချင်းပဲ မဲမှောင်သွားတယ်။ သူက လုံခြုံရေးမှူးဆီကို ချက်ချင်းသွားပြီး ပိတ်ကန်တော့တယ်။ လုံခြုံရေးမှူးက ကားအောက်ကို မြန်မြန်လျှောဝင်လိုက်တယ်။ Gu Hai က သူ့ ကိုဆွဲထုတ်ပြီး အဆက် မပြတ် ကန်နေတယ်။
"မင်းကိုဘယ်သူက သူ့ကိုရိုက်ခိုင်းလို့လဲ?" Gu Hai ဟောက် တယ်။
"ကျွန်တော်... ကျွန်တော်လည်းမသိ...." လုံခြုံရေးမှူးက တိုးတိုးလေး ပြောတယ်။
Gu Hai က ထပ်ရိုက်မလို့လုပ်တုန်း Bai Luo Yin က ဆွဲထားလိုက် တယ်။ လုံခြုံရေးမှုးက အဲ့ဒီ အခွင့်အရေးကိုသုံးပြီး ထွက်ပြေးသွားတယ်။
Gu Hai က Bai Luo Yin ဘက်လှည့်ကြည့်လိုက်တယ်။ ဒေါသ တွေ အလိပ်လိုက်ထွက်နေတယ်။
"မင်းဘယ်လိုဖြစ်နေတာလဲ? သူက ငါ့နောက်ကနေလာတာကို မင်းဘာလို့မမြင်တာလဲ? မင်းက သူ့ကိုမတားတဲ့အပြင် လက်ရိုက် တုတ် နဲ့ အရိုက်ခံတယ်ပေါ့?"
"ငါတမင်လုပ်လိုက်တာ!" Bai Luo Yin က အမူအရာတောင် မပျက်ဘဲ ပြောတယ်။
Gu Hai က ဒေါသထွက်နေတယ် "မင်း!"
Bai Luo Yin က Gu Hai ရဲ့ခံစားချက်အမှန်ကိုဆွချင်လို့ တမင်လုပ်တာ ဖြစ်တယ်။
"ခု မင်းစိတ်ပူနေတာမဟုတ်လား?" ပြီးတော့ ဒေါသတွေလည်း ထွက်လာတယ်ဟုတ်? ဘယ်လိုမှ စိတ်မငြိမ်တော့ဘူးမလား? ရယ်ပါဦး၊ ငါကြည့်ချင်လို့"
Gu Hai ရင်ထဲနေလို့မကောင်းဘူး **ငါဘယ်လိုရယ်နိုင်တော့မလဲ ကွာ?**
"ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့တော့။ ငါက မင်းဒဏ်ရာရ သွားမှာ စိုးလို့။ ကုမ္ပဏီကလည်း အလျှော်မပေးနိုင်ဘူး"
Gu Hai ဒီလိုတွေပြောနေလည်း Bai Luo Yin ရဲ့ဒဏ်ရာရနေတဲ့ ပုခုံးကို ဆက်တိုက်ကြည့်ရင်း စိတ်ပူနေတဲ့ပုံက သူ့ရဲ့အတွင်းစိတ် ကို အရမ်း သိသာစေတယ်။
Bai Luo Yin က ဝေ့လည်ကြောင်ပတ်မလုပ်ဘဲပြောတယ်။
"ဗိုလ်မှူးတစ်ယောက်ဖြစ်တဲ့ငါက မင်းရဲ့သားလေးကို မင်းဆီ အရောက် လာပို့တာ"
"သား ဟုတ်လား?" Gu Hai ရဲ့ပုံစံက မပြောင်းသေးဘူး။
Bai Luo Yin က ကားပြူတင်းတံခါးကနေ မြည်းရုပ်လေးကို ဆွဲထုတ်လိုက်တယ်။ Gu Hai လန့်သွားတယ်။
"ကြည့် မင်းနဲ့တူတယ်"
Bai Luo Yin က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ချက်ချင်းပဲ ကားခေါင်မိုး ပေါ်ကို မြည်းရုပ်တင်ရင်း ခလုတ်ဖွင့်လိုက်တယ်။ မြည်းလေး ခေါင်းလေး လှုပ်လာပြီး တစ်ကိုယ်လုံးခါနေအောင်က နေတယ်။ Bai Luo Yin က သဘောကျလွန်းလို့ ရယ်မောနေ တော့တယ်။
Gu Hai လည်း လိုက်ရယ်တယ်။ ဒါပေမဲ့ မြည်းရုပ်ကြောင့် ရယ်တာမဟုတ်ဘဲ Bai Luo Yin ရယ်မောနေပုံက သူကိုအူရွှင်စေ တယ်။
**ဘာတုန်းဟ! ဒီလိုမြည်းရုပ်လေးက မင်းကိုဒီလောက် အူမြူးစေ တယ် ပေါ့၊ အရင်ကဆိုငါဖြင့် သူ့အပေါ်ကို အားသွန်ခွန်စိုက်လုပ် ပေးလိုက်ရ တာ၊ သူတောင် Feel တက်ပြီး သည်းတောင်ညဉ်းနေခဲ့တာကို၊ ဒါတောင် ငါ့ရှေ့ဆို ဒီလိုလေး ဘယ်တော့မှ မရယ်ဘူး**
"ကိုင်ထား!" Bai Luo Yin က Gu Hai လက်ထဲ မြည်းရုပ်လေး ထိုးထည့်လိုက်တယ်။
Gu Hai က မြည်းလေးရဲ့ခေါင်းကိုထိလိုက်ပြီး ၀မ်းပန်းတသာပြော တယ်
"ငါမြင်းနှစ်မှာမွေးမှန်း မင်းဘယ်လိုသိတာလဲ?"
"မင်းရဲ့အရင်ကစရိုက်နဲ့ အခုမင်းရဲ့အရည်အချင်းနဲ့က လုံးဝ မလိုက်ဘူး သိလား!" သူက Gu Hai ရဲ့ပုခုံးကို ပုတ်လိုက်ပြီးပြော တယ်။ "ဒီက ဗိုလ်မှူးက ဒါကိုဆုတစ်ခုအဖြစ်မင်းကိုပေးတာနော်။ ဒါလေးကိုဂရုစိုက်"
အပြုံးတွေကို ဖွက်ထားပြီးတော့ Gu Hai က ရွဲ့ပြောတယ် "ဒါကြီး က ကလေးအရုပ်ကြီးဥစ္စာ ငါဘယ်လိုယူထားရမှာလဲ? ငါ့ကို ဒီအရုပ်နဲ့တွေ့ ရင် လူတွေရယ်ကုန်ကြမှာပေါ့"
Bai Luo Yin က ရှုံမဲ့ပြီး "ပြီးတာပဲ!" သူကစိတ်ဆိုးဆိုးနဲ့ မြည်းရုပ် ကို လှမ်းဆွဲလိုက်ပေမယ့် Gu Hai ကအတင်းပြန်ဆွဲထားတယ်။ Bai Luo Yin လုပ်တာနဲ့ မြည်းလေးရဲ့ခြေတစ်ဖက်တောင်ပြုတ်တော့မလို့။ ဒါပေမဲ့ သူက Gu Hai လက်ကနေဆွဲလို့မရဘူး။
"ဒီလို လက်ဆောင်ကြီးကြီးရလို့ MD တစ်ယောက်ဖြစ်တဲ့ ငါကလည်း မင်းကိုရုံးခန်းထဲ ဖိတ်ပြီးဂုဏ်ပြုမယ်လေ"
Bai Luo Yin က ဘ၀င်ကိုင်ပြီး Gu Hai ကိုကြည့်ပြီးတာနဲ့ အကြည့်ကို ပြန်လွှဲလိုက်တယ်။
"ငါအချိန်မရှိဘူး" အဲ့ဒီလိုပြောပြီး သူကားမောင်းထွက်သွား လိုက်တော့ တယ်။
Gu Hai က တိတ်တိတ်လေးနောင်တရမိတယ်
**ငါဒီလို ယဉ်ယဉ်ကျေးကျေး မပြောခဲ့သင့်ဘူး အခုတော့ ကျက်ပြီးသား ဘဲတောင် ထွက်ပြေးသွားပြီ**
Bai Luo Yin သူ့ပိုင်နက်က ထွက်ပြီးသွားတာနဲ့ သူ့ချစ်ချစ်ကြီး ဆီက လက်ဆောင်ရလို့ အပျော်တွေကို ဘယ်လိုမှ ဖုံးမထားနိုင် တော့ဘူး။ သူက မြည်းရုပ်ကလေးကို ကလေးတစ်ယောက်လို ချီပိုးရင်း တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာလိုသဘောထားနေတယ်။ သူက ရှက်ရကောင်းမှန်း ကိုမသိဘဲ သူ့ဇနီးကသူ့ကိုယ်ပွားလေးကို လာပေးတာဆိုတာ တစ်ရုံးလုံး သိသွားရင်တောင် သူစိတ်ဆိုးမိ မှာ မဟုတ်ဘူး။
တကယ်တော့ Bai Luo Yin က ထွက်သွားတာမဟုတ်ဘူး။ Gu Hai တို့ကုမ္ပဏီနားတင် ကားပတ်မောင်နေတာ။ လူတွေအလုပ် ဆင်းလာတာ တွေ့တော့ သူ့ကုမ္ပဏီကိုပြန်မောင်းခဲ့တယ်။ Gu Hai ထွက်သွားတာ လည်းမြင်ရော Gu Hai အိမ်ပြန်တဲ့နောက်ကို ကားနဲ့လိုက်ခဲ့တယ်။
Gu Hai က Bai Luo Yin နောက်က နောက်ယောင်ခံလိုက်လာ တာ မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။ အိမ်တံခါးကိုဖွင့်နေ ချိန် နောက်မှာလူတစ်ယောက်ရပ်နေတာ တွေ့လိုက်တော့ လန့်သွားတဲ့ ဟန်လုပ်ပြီး မေးလိုက်တယ်
"ဘာလို့ ငါ့နောက်လိုက်ခဲ့ရတာလဲ?"
တကယ်တော့ သူ့ရင်ထဲမှာ ဒီဘေးကလူကို အိမ်ထဲဆွဲသွင်း၊ တံခါးလော့ချပြီးတော့၊ ပြီးတော့..."
Bai Luo Yin က ဟန်မဆောင်ဘဲဖြေတယ် "မင်းဆီက ထမင်း တစ်နပ် လောက် အလကားစားမလို့ လာတာ"
ဒီလိုပြောပြီးနောက် သူ့မျက်လုံးတွေက မြည်းရုပ်ကိုကိုင်ထားတဲ့ Gu Hai ရဲ့လက်တွေဆီ ရောက်သွားတယ်။ "ဒီအရုပ်နဲ့ လူ ရယ်စရာဖြစ်မယ်လို့ မင်းမပြောခဲ့ဘူးလား? ဒါဆို ဒါကိုဘာလို့ အိမ်အထိ ယူလာရတာလဲ?"
Gu Hai က ဆက်ဟန်ဆောင်နေလိုက်ပြီး "ကုမ္ပဏီမှာ ထားခဲ့ရင် ပိုပြီးလူရယ်စရာဖြစ်မှာစိုးလို့ အိမ်ကိုယူလာခဲ့တာ"
"ဒါဆိုလဲ ငါ့ကိုပြန်ပေးလိုက်တော့။ ငါလည်းဒီမှာမစားတော့ဘူး"
Bai Luo Yinက မြည်းရုပ်ကို ပြန်ယူဖို့ကြိုးစားရင်း မျက်နှာက ညိုးမှောင်နေတယ်။ Gu Hai က အရုပ်ကို တခြားတဖက်ကို ပြောင်း လိုက်တယ်။ တကယ်တော့ သူက Bai Luo Yin အိမ်ထဲ ၀င်လာအောင် ရည်ရွယ်တာ။ သူက သူ့အားကြီးနဲ့တွန်းလိုက်လို့ အိမ်ရှေ့လူဝင်ပေါက် တံခါးက ဒိုင်းဆို ပိတ်သွားတယ်။ သူ့လက်တွေကို ဖြေလျော့ရင်း Bai Luo Yin ကို စိုက်ကြည့်နေတယ်။
"ဗိုလ်မှူး Bai ဒါမင်းအမှားတွေပဲ။ ငါမင်းကို အရုပ်ပြန်ပေးမယ် ပြောတာကို မင်းကဇွတ်ဆွဲတာကိုး။ အခုတော့ ငါ့အိမ် သော့ပျက်သွား ပြီ။ ဒီသော့က အစောကြီးကတည်းက သိပ်ကောင်းတာ မဟုတ်ဘူး။ အခု အားလေးနည်းနည်းသုံးပြီး ပိတ် လိုက်တာနဲ့ ပြန်ဖွင့်လို့မရလောက် တော့ဘူး။ အခုဘယ်လိုလုပ်မလဲ?"
Bai Luo Yin က လက်သီးထောင်ပြပြီး သူ့လက်သီးက အရိုးတွေ ညံသွားအောင် တင်းတင်းဆုပ်ရင်း "လာစမ်းကွာ ဗိုလ်မှူး အကြောင်း ပြရဦးမှာပေါ့"
End of Chapter 23