CHAPTER -104 - ကျွန်တော်တစ်ယောက်တည်းအတွက် ဖြေဖျော်ခြင်း
အစောပိုင်းက Gu Hai ကို တံခါးဖွင့်မပေးဘူးဆိုပြီး ဆူညံပွတ်လောရိုက်နေကြတဲ့ စစ်သားအုပ်ကြီးဟာ အခုတော့ မိန်းမချောလေးတွေကိုမြင်တော့ အိမ်အပြင်ဘက်ကိုထွက်ဖို၊့ အားလုံးပဲလောနေကြတယ်။ Bai Lou Yin ဟာ၊ အစောပိုင်းကတော့အခန်းအပြင်ကို တစ်ပိုင်းသေအောင် ထွက်ချင်နေခဲ့ပေမယ့်၊ အခု သူ စိတ်ပြောင်းသွားပြီ။ အခန်းအလယ်မှာ ကျောက်ချထိုင်နေပြီး လက်ခါပြလျက် သူက တံခါးပေါက်မှာ ရပ်နေတဲ့လူကို အေးအေးဆေးဆေးပြောတယ်။
"တံခါးပိတ်ထား သူ့ကိုအထဲပေးမ၀င်နဲ့!"
အသံကျယ်ကျယ် ကလေးမျက်နှာလေးနဲ့ စစ်သားလေးက ထပြောတယ်။
"ဗိုလ်မှူးကြီး! ကျွန်တော်တို့ သူ့ကိုပေးဝင်လိုက်ရအောင်လား? ဒီအထိဆရာ့ကို ကြိုဖို့ စက်ဘီးနင်းလာရတာ သူ့အတွက်လွယ်တာမဟုတ်ဘူး"
"အတိအကျပဲပေါ့! သူနဲ့သာလိုက်သွားလိုက်ပါဗျာ။ သူက တကယ့်လူကောင်းပဲ။ ဆရာ့ဆီက သူ့ကိုတစ်ယောက်ယောက်လုသွားရင် ဘယ်နှယ့်လုပ်မလဲ?"
"ဗိုလ်မှူးကြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဒီပွဲကို စီစဉ်တာမလား? သိပ်မူနေရင်မကောင်းဘူးနော်..ဆရာ"
Bai Lou Yin ခါးခါးသီးသီးအံကြိတ်မိတယ်။ ** ကောင်စုတ်တွေ! အခု မင်းတို့ ဒီအချောအလှလေးတွေ မြင်လိုက်တော့ မင်းတို့အားလုံး သူတော်ကောင်းတွေဖြစ်သွားကြပြီပေါ့! ငါက မင်းတို့ကို ဒီအခွင့်အရေးမပေးဘူး! 'မြင်သာမြင် မကြင်ရတဲ့' ခံစားချက်က ဘယ်လိုဆိုတာကို မင်းတို့ သိစေရမယ်**
"သူ့ကို ဖျော်ဖြေပွဲတစ်ခုလုပ်ခိုင်းလိုက်။ ဖျော်ဖြေတာမကောင်းရင် သူ့ကို အထဲပေးမ၀င်နဲ့"
အောက်ခြေလွတ်ပြီး ဆရာလုပ်တတ်တဲ့ Liu Chong က တံခါးဝမှာရပ်ပြီး လူညစ်လိုသရုပ်ဆောင်တယ်။ "ကျွန်တော်တို့ ဗိုလ်မှူးကြီးကပြောတယ်။ ခင်ဗျား ဖျော်ဖြေပွဲလုပ်ရမယ်တဲ့။ အကယ်လို့ ခင်ဗျား မဖျော်ဖြေရင် ခင်ဗျားအထဲဝင်လို့မရဘူး"
Gu Hai က မိတ်ဆွေဝန်ထမ်းတစ်အုပ်ကြီးဘက် မျက်နှာလှည့်ကြည့်ပြီး ရိုးရိုးရှင်းရှင်း အချက်ပြလိုက်တယ်။