CHAPTER -66 = ကျုပ်က ဒေသခံမဟုတ်ဘူး
ဒီစကားလုံးတွေ ပြောပြီးတာနဲ့၊ Bai Luo Yin ရင်ထဲ အရမ်းကို ပေါ့ပါးသွားတယ်။ သူဟာ(၈) နှစ်လောက် မြိုသိမ့်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ့ရင်ထဲကနေ ဒီအရာတွေကို ဖယ်ပစ်နိုင်ခဲ့ပြီ။
Bai Luo Yin ရဲ့ နာကြည်းမုန်းတီးတဲ့ အမူအရာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့အထိ၊ Gu Yan ဟာ အချိန်အကြာကြီး နှုတ်ဆိတ်နေခဲ့တယ်။ အခု Bai Luo Yin ရဲ့ အမူအရာက ဝမ်းနည်းမှုနဲ့ နောင်တတရားတွေ ရောယှက်နေတဲ့ ခံစားချက်မျိုး ဖြစ်နေတယ်။ သူ့ရဲ့စကားတွေက Gu Yan ကို နက်နက်ရှိုင်းရှိုင်း တွေဝေ သွားစေတယ် ဆိုပေမယ့် သူ့မှာတော့ ရန်လိုတဲ့စိတ်တွေ မရှိတော့ပါဘူး။
" မင်းပြောလို့ ပြီးပြီလား? " Gu Yan က မေးတယ်။
Bai Luo Yin က စိတ်ကျေနပ်စွာ ပြန်ဖြေတယ်။ "ဟုတ်၊ ကျွန်တော်ပြီးပြီ"
"မင်းတို့နှစ်ယောက်ရဲ့ အရူးလုပ်တာခံရတဲ့ ငါ့ကို ကြည့်ပြီး၊ ဒီတစ်ခါတော့ မင်း...... ကျေနပ်သွားပြီပေါ့၊ ဟုတ်လား? ဒါက စိတ်ဝင်စားစရာကောင်းနေလား? "
Bai Luo Yin က မျက်ခုံးများကို ပင့်ပြီး " မဆိုးပါဘူး"
Gu Yan က" ဟ" ဆိုတဲ့ အသံကို ထုတ်လိုက်ပြီး၊ သူလုံးဝ ဂရုမစိုက်သလို ပုံစံပေါ် နေတယ်။ Bai Luo Yin က Gu Yan ခြေထောက်ကို ဒူးနဲ့ တစ်ကြိမ်တိုက်လိုက်ပြီး အေးစက်စက်နိုင်တဲ့မျက်လုံးတွေနဲ့Gu Yan ကို ဖြတ်ခနဲ ကြည့်ရင်း "ကျွန်တော် ခင်ဗျားကို ပြောနေတာတွေက အတည်ပြောနေတာနော်၊ ကျွန်တော်, နောက်ပြောနေတယ် မထင်နဲ့"
" ငါ၊ သိပါတယ်" Gu Yan မျက်နှာ အသားအရောင်က ရုတ်ချည်းပြောင်းသွားတယ်။ သူ Bai Luo Yin ရှိရာဘက်ကို လှည့်လိုက်တဲ့ အချိန်မှာတော့ သူ့အမူအရာဟာ အရမ်းကို လေးနက်တဲ့ပုံစံဖြစ်လာတယ်။ "မင်းစွပ်စွဲချက်တွေရယ် ကလဲ့စားချေတာတွေနဲ့ ပတ်သက် ပြီး၊ ငါ အကုန်လက်ခံတယ်။ ဒါပေမယ့် မင်းနားလည်ထားရမှာက ငါသာ Gu Hai ကို ပျက်စီးစေချင်ရင် ၊ ပျက်စီးအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ငါ့မှာ အများကြီးရှိတယ်။ ဒါ့ကြောင့် မင်းမှာ ရွေးချယ်စရာ (၂) ခုရှိတယ်။ ပထမတစ်ခုက မင်း..... အရင်လိုတူညီတဲ့ နည်းအတိုင်းပဲ ငါ့ကို ဆက်ဆံနေရင်တော့ ငါတို့တွေ ရန်သူတွေပဲ ဆက်ဖြစ်နေမယ်။ ဒါမှမဟုတ်၊ ဒုတိယတစ်ခုက၊ မင်း..... ငါ့ကို သာမာန်လူသားတစ်ယောက်လိုပဲ ဆက်ဆံ နိုင်တယ်။ ငါတို့တွေရဲ့ အရင်ကအငြိုးအတေးတွေ အားလုံးကို တစ်ချက်တည်းနဲ့ ဖျောက်ဖျက်ပစ်ပြီးတော့၊ နောင်အနာဂတ်မှာ ငါတို့တွေ တစ်ယောက်ဘဝကိုတစ်ယောက် မနှောက်ယှက်ကြေး"
Bai Luo Yin တစ်ယောက် သဘောတူလက်ခံနိုင်တဲ့ အမူအရာနဲ့ Gu Yan ကို ကြည့်တယ်။ " ကျွန်တော်လည်း ဘယ်တုန်းကမှ ခင်ဗျားနဲ့ ရန်သူမဖြစ်ချင်ခဲ့ပါဘူး။ ခင်ဗျားက Gu Hai ရဲ့ သွေးရင်းအစ်ကို ဖြစ်လို့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်လို ကျွန်တော်သဘောထားနိုင်ပါတယ်။ ခင်ဗျားနဲ့ ဆန့်ကျင်ဘက်လုပ်ဖို့လည်း ဘာ အကြောင်းမှ မရှိဘူး။ ဒါပေမယ့် လူတစ်ယောက်က လူမဆန်တဲ့ အလုပ်တခုခုကို လုပ်ထားတယ်ဆိုရင် အဲ့ဒီလူက ပြန်ပေးဆပ်ရမယ်လေ။ ကျွန်တော်...... ခင်ဗျားအပေါ် ဆက်ဆံခဲ့တာတွေကို၊ ကျွန်တော့်ရဲ့ ငဲ့ညာမှုလို့ ခင်ဗျားမှတ်ယူလို့ရတယ်။ ဒါပေမယ့်၊ အခု ခင်ဗျားက ဒီလိုလုပ်ချင်တယ် ပြောလာမှတော့၊ ကျွန်တော်တို့တွေ သဘောတူညီမှု ရနိုင်ပါတယ်။ တစ်ယောက်ကုမ္ပဏီက တစ်ယောက်ယူထားတဲ့ လျှို့ဝှက်စာရွက်စာတမ်း အားလုံးကို ဖျက်ဆီးရလိမ့်မယ်။ ကျွန်တော်တို့ ကိုယ့်အရှုပ်ကို ရှင်းရမယ်။ အခုကစပြီး၊ ကျွန်တော်တို့တွေ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေနဲ့ တစ်ယောက်ကုမ္ပဏီကို တစ်ယောက်က ထိခိုက်အောင်မလုပ်နဲ့တော့"
Gu Yan က ပြန်တုန့်ပြန်တဲ့အခါ ၊ သူရဲ့ အမူအရာက အရေးမလုပ်တဲ့ပုံပေါ်နေတုန်း ပဲ။
" ငါ.... အဲ့ဒါတွေ ဂရုမစိုက်ဘူး ။ ငါဆုံးရှုံးခဲ့တဲ့ ငွေတွေကို .... မင်းတို့ကို လက်ဆောင်ပေး တယ်လို့ သဘောထားလိုက်"
"ခင်ဗျား.... လူကြားကောင်းအောင် ပြောနေတာတွေ တော်လိုက်တော့ ၊ ဒါတွေက ခင်ဗျား, ကျွန်တော်တို့ အပေါ်အကြွေးတင်နေတဲ့ အရာပဲ ။ ဒါကြောင့် ခင်ဗျားပြန်ပေးတာ ဖြစ်သင့်တာပေါ့"
အရွဲ့တိုက် ပြောနေတာတွေက်ု ထပ်မကြားရအောင်လို့ Gu Yan သီးခံလိုက်တယ်။ သူ့ဘဝမှာ တစ်ခါမှ ငွေပြတ်လတ်တယ်ဆိုတာမဖြစ်ဖူးဘူး။ ပြီးတော့၊ ပိုက်ဆံကိုကောင်း တဲ့အရာလို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။
" မင်း၊ ဘာပြောစရာကျန်သေးလဲ? "
Bai Luo Yin တွေးလိုက်တယ်။ " အခုတော့၊ ကျွန်တော် အခြားစဉ်းစားလို့ မရသေးဘူး"
"ငါ စကားနည်းနည်း ပြောလို့ရမလား? " Gu Yan က လေးလေးနက်နက်မေးတယ်။ ဒါပေမယ့် ယဉ်ယဉ်ကျေးကျေးပဲ။
Bai Luo Yin က'ဗိုလ်မှူးက သူ့လက်အောက်ငယ်သားတွေရဲ့အကြံပြုချက်ကို နားထောင်နေတယ်' ဆိုတဲ့ အမူအရာနဲ့ ၊ မေးဆက်ပြလိုက်တယ်။
"မင်းရဲ့သဘောတူညီချက်က ငါနဲ့ Gu Hai နှစ်ယောက်ကြားကိစ္စအတွက်ပဲ။ ငါနဲ့မင်းရဲ့ ကိစ္စကို ၊မင်း မပြောသွားသေးဘူး။ အဲ့ဒါကြောင့် မင်းအစားငါက ထပ်တိုးပြောမယ်။ အခုကစ၊ လွန်ခဲ့တဲ့ (၈) နှစ်က အကြောင်းကိုဘယ်လိုသဘောနဲ့မှ မင်း, မပြောရဘူး။ ငါလည်း မင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ်။ မင်းလည်း ငါ့ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံဖို့လိုလိမ့်မယ်။ " စိတ်ရင်းအမှန်" ဆိုတဲ့ အဓိပ္ပါယ်ကို၊ ငါ, မင်းကို ပြောဖို့မလိုဘူ ထင်တယ်။ မင်းလည်း သဘောပေါက်မှာပါ၊ ဟုတ်တယ်မလား?"
Bai Luo Yin က ကျိုးကျိုးနွံနွံ တုံ့ပြန်တယ်။ "ကျွန်တော်ကောင်းကောင်းနားမလည် လို့၊ ကျေးဇူပြုပြီး ပိုရှင်းအောင် ရှင်းပြပေးပါလား?"
Gu Yan မျက်လုံးတွေကအနောက်ဘက်ကို နည်းနည်းစောင်းကြည့်လိုက်ပြီးမှ သူက ပေါ့ပေါ့ပါးပါးပဲ အသေးစိတ်ရှင်းပြတယ်။ "ဒါက ဒီလိုကွာ..... တကယ်လို့ ငါကမင်းကို သဘောကျကြောင်း နောက်တစ်ခါထပ်ပြောရင် မင်းငါ့ကို စဉ်းစားပေးတဲ့နေရာမှာ ငါ့ခံစားချက်တွေက်ု သံသယမရှိရဘူး။ ကျေးဇူးပြုပြီး ၊ အခြားသူတွေ နည်းတူ ငါ့ကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲစဆက်ဆံပါတော့။ မင်းအပေါ်ထားတဲ့ စေတနာတွေကို လည်း အသိအမှတ်ပြုပေး။ ပြီးတော့ မင်း..... ငါနဲ့ပြောဆိုဆက်ဆံတဲ့အခါ စိတ်ပေါ့ပေါ့ ပါးပါးနဲ့နေပေးပါ။ နောက်ပြီး မင်းရင်ထဲက မကျေနပ်ချက်တွေအားလုံးကို ထုတ်ပစ်လိုက် ပါ။"
Bai Luo Yin က အသက်ဝဝတစ်ချက် ရှူလိုက်ပြီး" ဒီလိုကိစ္စမျိုးဆိုတာ လူ့သဘာဝနဲ့ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ လူ့နှလုံးသားဟာ လွတ်လပ်မှုအရှိဆုံးဆိုတာ ခင်ဗျားသိသင့်တယ်။ ဒါ့ကြောင့်ဒီကိစ္စက ခင်ဗျားစံနှုန်းပေါ်မှာပဲ မူတည်လိမ့်မယ်။ တကယ်လို့ ခင်ဗျားရဲ့စံနှုန်းတွေကောင်းနေမယ်ဆိုရင်တော့၊ ခင်ဗျားရဲ့တောင်းဆိုချက် တွေလည်း အလိုအလျှောက် ဖြည့်ဆည်းပြီးသား ဖြစ်သွားမယ်...."
အမှန်တော့၊ ဒီအချိန် .... Gu Yan မျက်လုံးထဲမှာတော့ Bai Luo Yin ဟာ တစ်ခုခုလိုနေသလိုလို၊ နည်းနည်းလေး ချစ်စရာကောင်းနေသလိုလို ဖြစ်နေတယ်။ အတိုချုံ့ပြောရရင် Bai Luo Yin ရဲ့ ပုံစံလေးက လူကို အချစ်ရောအမုန်းပါ ပေးနေ ပေမယ့်၊ သူ့ကို စကားကို လက်လွတ်စပယ်သွားပြောလို့ မရပြန်ဘူး။
နောက်ဆုံးတော့ Gu Yan ဟာ အေးစက်စက်နဲ့ Bai Luo Yin ကို ကြည့်လိုက်ပြီး တုံ့ပြန်တယ်။ "မင်းသဘောပဲ "
Bai Luo Yin ကတော့ သူ့ခန္ဓာကိုယ်ကနေ ကျောက်တုံးသန်းပေါင်းများစွာကို ဖယ်ရှားလိုက်သလို ခံစားရတယ်။ သူ့ရဲ့ညစ်ညူးနေတဲ့ စိတ်အစဉ်ဟာလည်း လျှပ်တပျက်အတွင်းပဲ ကြည်လင်သွားတယ်။ နေမင်းကြီးက ပိုပြီး လင်းလက်လာသလား မှတ်ရတယ်.... သူ့မျက်လုံးတွေတောင် အရောင်တောက်ပလာတယ်။ သူဟာ တောက်ပ နေတဲ့စိတ်ဝိညာဉ်နဲ့ Gu Hai ရှိရာဆီကို ပြန်လျှောက်လာတယ်။
တစ်ချိန်ထဲမှာပဲ ၊Gu Hai ကဖာသာတစ်ယောက်တည်း စိတ်မတင်မကျဖြစ် နေတုန်းရှိသေးတယ်။ လန်းဆန်းတဲ့ အမူအရာနဲ့ ပြန်လာတဲ့ Bai Luo Yin နဲ့ Gu Yan ကို မြင်လိုက်တာနဲ့ သူ့ရင်ထဲ..... ပိုပြီးတောင် မသက်မသာဖြစ်ရတယ်။ အမည်နာမ, မရှိတဲ့ မီးတောက်ဟာနေရာအနှံလောင်ကျွမ်းနေပြီး၊ Bai Luo Yin ဆီပဲ ဒေါသမီးပုံ ကျသွား တယ်။
" မင်း.... သူနဲ့ ဘာတွေပြောခဲ့လဲ?"
Gu Hai အစောပိုင်းက လုပ်ခဲ့တဲ့ ပဟေဠိဆန်တဲ့အမူအရာကို အတုခိုးပြီး Bai Luo Yin ဟာ Gu Hai ကို မျက်လုံးမှေးကြည့်ရင်းပြောလိုက်တယ် " ဒါက လျှို့ဝှက်ချက်"
ဒီစကားလုံးတွေကြားလိုက်တာနဲ့ Gu Hai ပေါက်ကွဲသွားတယ်။
"လျှို့ဝှက်ချက် ဟုတ်လား? မင်းတို့နှစ်ယောက်ကြား လျှို့ဝှက်ချက်ဆိုတာ ရှိသေး တယ်ပေါ့? Bai Luo Yin, ငါသွားတဲ့ (၁၀) ရက်မှာ၊ ငါ့ကို ပြန်မလာဖို့ပဲ မင်း, ဆက်တိုက် ပြောနေတာက..... ငါ့ကို သူ့ကုမ္ပဏီ ကို ဖျက်ဆီးစေချင်လို့လား.... ဒါမှမဟုတ်.... မင်း သူနဲ့အတူတူ နေ့ရက်တွေကိုတိတ်တိတ်ပုန်း ဖြတ်သန်းချင်လို့လား? "
Bai Luo Yin မှာ ရှိတဲ့ ဗုံးပေါက်စလည်း ပေါက်ကွဲသွားတယ်။ သူဟာချက်ချင်းပဲ ပြန်စွာ တယ်။ "ငါလည်း မင်းကိုခြေရှုပ်ဖို့ အခွင့်အရေးပေးခဲ့တယ်လေ၊ ဟုတ်တယ်မလား? ငါ.... မင်းကို ဟောင်ကောင်ကို လွှတ်လိုက်တော့၊မင်းလည်း ကောင်လေးချောချောလေးနဲ့ တွေ့ခဲ့တယ်,မဟုတ်လား? "
Gu Hai က ခပ်ပြင်းပြင်း အသက်ရှူနေပြီး သူ့လက်နှစ်ဖက်နဲ့ Bai Luo Yin ပုခုံးတွေကို ခပ်ကြမ်းကြမ်းချုပ်ကိုင်လိုက်တယ်။ "ငါ မင်းကိုမေးမယ်၊ ငါ့အစ်ကို ကွန်ပြူတာထဲက လျှို့ဝှက်စာရွက်စာတမ်းဆိုတာက ကုမ္ပဏီနဲ့ ဆက်စပ်နေတာလား.... ဒါမှမဟုတ် အခြား အရာနဲ့ ဆိုင်နေသလား?"
ဘေးနားကနေ Gu Yan က အားအားယားယား ဝင်ပြောတယ်။ "အဲ့ဒါက လွန်ခဲ့တဲ့(၈) နှစ်က, ငါ့ကုတင်ပေါ်မှာ ရိုက်ထားတဲ့ Bai Luo Yin ရဲ့ ကိုယ်လုံးတီးပုံတွေပဲ"
Bai Luo Yin ကချက်ချင်းပဲ ကြမ်းတမ်းပြီး မကောင်းဆိုးဝါးဆန်တဲ့ အကြည့်တွေနဲ့ Gu Yan ကို လှမ်းကြည့်လိုက်ပြီး " Gu Yan,ခင်ဗျား အယုတ်တမာ!ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာလား? သူက တကယ့်သက်ရှိမြည်းပေါက်ဆိုတာ ခင်ဗျားသိရဲ့သားနဲ့။ ခင်ဗျား,သူ့ဒေါသကိုသွားဆွနေတုန်းလားဗျာ?"
"မင်းပြောတာမှန်တယ်၊ ငါကတကယ်ကို မြည်းတစ်ကောင်ပဲ" Gu Hai က တဖက်ကို ဖြတ်ခနဲလှည့်လိုက်တယ်။ " ငါ့မှာတော့ တစ်နေကုန်တနေခမ်း မင်းကိုယ်ပေါ်တက်ပြီး စိုက်ပေးလိုက်ရ.. နုတ်ပေးလိုက်ရနဲ့။ မင်းရဲ့ကာမဆန္ဒတွေကို....ငါ့မှာဖြင့် အားသွန်ခွန် စိုက်ဖြည့်ဆည်းပေးလိုက်ရတာ။နောက်ဆုံးတော့ မင်းက ငါ့ကို နွားဖြစ်အောင်လုပ်လိုက် တာပေါ့ ၊ ဟုတ်လား? "
Bai Luo Yin ဒေါသတကြီးနဲ့ Gu Hai ရဲ့ ပါးစပ်ကို လက်နဲ့ဆွဲပိတ်လိုက်ရတယ်။
" ဒီလိုစကားလုံးတွေကို အခြားသူတွေရှေ့မှာ မပြောလို့မရဘူးလား? "
" သူ့ရှေ့ ပြောတော့ဘာဖြစ်သွားမှာမို့လို့လဲ? သူ့ရှေ့မှာတင် ငါ,မင်းကို ချစ်ပစ်နိုင်တယ်။ ဒါက ဘာမှ လွန်တာမဟုတ်ဘူး !!"
Gu Hai က မျက်နှာညှိုးညှိုးမှောင်မှောင်နဲ့ Bai Luo Yin ခါးကို ခပ်ကြမ်းကြမ်းဆွဲဖက် လျက် (၁၀) မီတာ {ပေ ၃၀} ထက်မနည်းဝေးတဲ့ နေရာဆီကို ဆွဲခေါ်သွားပြီးမှမေးလိုက် တယ်။
"သူပြောတဲ့ ကိုယ်လုံးတီးဓာတ်ပုံတွေဆိုတာ ဘာတွေလဲ? ငါ လှိုဏ်ခေါင်းထဲမှာရှိနေတဲ့ ရက်တွေတုန်းက၊ ငါ့ကို ခေါ်ထုတ်ဖို့ သူ့အတွက် မင်း, ဘာလုပ်ပေးခဲ့ရလဲ?"
Bai Luo Yin လုံးဝ ယုံကြည်သွားပြီ.... Gu Hai သာ ဝထ္ထုရေးစားရင်၊ တကယ့် စာရေးဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ။ ကြိုးတစ်ထုံးတည်းနဲ့ ချည်လို့ မရတဲ့ ဝါးလုံး(၈)လုံးကို တစ်ခါတည်းအတူတူ ချည်ပစ်လိုက်တယ်။ ဒါတင်မက ပေါက်ကွဲထွက် တော့မယ့်အဆင့် ထိရောက်အောင်ချည်လိုက်သေးတယ်။ အတင်းအဖျင်းရေးတဲ့ သတင်းထောက်,မလုပ်တာဟာ Gu Hai ရဲ့ စွမ်းရည်တွေကို ဖြုန်းတီးတာနဲ့ အတူတူပဲ။
Bai Luo Yin ဘာမှ ပြန်မပြောတာတွေ့တော့ ၊ သူဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံတာပဲ လို့ Gu Hai မှတ်ယူလိုက်တယ်။ Bai Luo Yin ခါးကို ကိုင်ထားတဲ့လက်နဲ့ ပြင်းပြင်း ထန်ထန်ဆွဲဆိတ်လိုက်တယ်။ အစောပိုင်းတုန်းက Bai Luo Yin တစ်ယောက်နာကျင်မှု ကို အောင့်အီးသည်းခံခဲ့ပေမယ့်၊ ဒီလိုရုတ်တရက် ခပ်ပြင်းပြင်း ဆွဲဆိတ်တော့၊ အရမ်းကို နာလွန်းလို့ ခုန်မိတော့မလို ဖြစ်သွားတယ်။ သူချက်ချင်းပဲဆဲပစ်လိုက်တယ်။
Gu Yan က သူတို့တွေ ဘာပြောနေသလဲဆိုတာတော့ မကြားရပေမယ့်၊ Gu Hai လုပ်နေတဲ့ဟာကို ရှင်းရှင်းကြီးမြင်ရတာကြောင့် သူက ကြင်ကြင်နာနာသတိပေးတယ်။
" သူ့ခါးက ဒဏ်ရာရထားတယ်။ ဖြေးဖြေးလုပ်ဦး"
Gu Hai က Bai Luo Yin ရဲ့ ရှပ်အင်္ကျီအစွန်းကို ချက်ချင်း မ,ကြည့်တော့၊ သူ့ခါးမှာ အနီရောင်အကွက်စွဲနေတဲ့ အကွင်းအကြီးကြီးတွေ့ရတယ်။ သူ လန့်သွားတယ်။
Bai Luo Yin က ဒေါသတကြီးနဲ့ စုတ်သပ်နေတုန်း ရှိသေးတယ်။
**ကျားလက်သည်းတွေ ကျနေတာပဲ။ ဒီလိုလူမျိုးကို ဒေါသသွားစွလို့ကို မရဘူး**
"မင်းခါးမှာ ဒဏ်ရာရနေတာကို သူကဘယ်လိုသိလဲ? " Gu Hai မျက်နှာတည် နေတယ်။
Bai Luo Yin နှလုံးသားဟာ အေးစက်လာတယ်။
** သူစိတ်ပူမှာဆိုးလို့ ငါ့မှာ..သူ,မသိအောင် ဖုံးထားခဲ့ရတာ။ ကိုကတော့ သိပ်ကောင်း တယ်.... ငါနာတာကို မြင်တာတောင် နှစ်သိမ့်စကားပြောဖို့တောင် စိတ်မကူးဘဲ၊ ဒီလို မေးခွန်းကို အရင်မေးရတယ်လို့ ။ ကိုဟာလေ တကယ့်ကို ကြင်နာတတ်တာပဲ **
"ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက ငါ့ကို သူကိုက်ထားလို့ပဲ!! မင်းစွမ်းရင် ငါ့အသားထဲ ကနေ အဲ့ဒီ အညိုအမဲအကွင်းကို လှီးထုတ်.... ပြီးတော့ သူ့သွားတွေ အားလုံးကိုလည်း ရိုက်ချိုးပစ်လိုက်။ အဲ့ဒီကိုယ်လုံးတီးပုံတွေ ဘယ်လိုပါလာတဲ့အကြောင်းပါ ငါပြောပြ မယ်!!"
ဒီလို ပြောပြီးတာနဲ့ Bai Luo Yin တစ်ယောက် အကြောက်အလန့်ကင်းစွာ ပြန်လျှောက် လာတယ်။ အတော်အတန် ကြာမှ Gu Hai လည်းပြန်လျှောက်လာတယ်။ ဒါပေမယ့် Bai Luo Yin ရှိရာကိုသွားတာတော့ မဟုတ်ဘူး။ အဲ့ဒီအစား Gu Yan နဲ့ (၁) မီတာတောင် မဝေးတဲ့ သူ့နဂိုနေရာကိုပဲ ပြန်လာလိုက်တယ်။ သူဟာ အဲ့ဒီကြာကူလီကို သတ်ချင်ရင်၊ သူလက်လှမ်းလိုက်တာနဲ့ ရနေပြီ။
Gu Hai ဆီကလာတဲ့ လေထုက စိတ်ညစ်ညူးစေပြီး ကျောချမ်းစရာကောင်းနေပေ မယ့် Gu Yan ကတော့ တလျှောက်လုံးတည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ။
ခဏကြာတော့၊ Gu Hai ရုတ်တရက် Gu Yan ကို လှည့်ကြည့်တယ်။ " မင်း...ငါတို့ နှစ်ယောက်ကြားဝင်ပြီး သက်လျှိုနေတာမလား? "(ရန်တိုက်တာကို ဆိုလိုတာ)
Gu Yan တကယ်ကို ပြန်ခံပြောချင်တယ်။ ** မင်းက အခုမှသိလား? ငါ့ကုမ္ပဏီက ပစ္စည်းတွေ ခိုးဖို့က တကယ့် အလုပ်အကိုင်စွမ်းရည်ပြည့်မှရတဲ့အရာ။ Bai Luo Yin နဲ့ ပက်သက်လာပြီဆိုရင် မင်းဦးနှောက်ကို ဘာကြောင့် မင်းခွာတွေနဲ့ပဲ ကန်ထုတ်ပစ် ရသလဲ? **
Gu Hai မတ်တပ်ထရပ်ပြီး Gu Yan ကို ဒေါသတကြီးနဲ့ပြောတယ်။
" မင်းနဲ့ နောက်မှစာရင်းရှင်းမယ်"
ပြောပြီးတာနဲ့ သူဟာ Bai Luo Yin ဆီကို ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်လာခဲ့တယ်။ Gu Yan ကတော့ ဝမ်းမြှောက်ကျေနပ်စွာနဲ့ ပြန်ပက်တယ်။ "မင်းထိုက်နဲ့ မင်းကံပဲ! "(အေးတာပဲ) ရင်းနှီးတဲ့ ပုံသဏ္ဌာန်ဟာ သူ့မြင်ကွင်းထဲ ရုတ်တရက်ပေါ်လာတော့၊Gu Yan ခဏလောက်တော့အံ့သြမှင်သက်နေမိတယ်။
ဒီကမ္ဘာမှာ သူနဲ့ Gu Hai အပြင် အရမ်းကို ရုပ်တူတဲ့ အခြားနှစ်ယောက်ရှိသေးတယ်။ အဲ့ဒီလူက GU Yan ကိုမြင်တော့ သူလည်းလန့်သွားတယ်။
Tong Zhe နဲ့ Gu Hai စွန့်စားခန်းဝင်တုန်းက သူတို့တွေ နဂိုမူလအတိုင်း ပုံမှန် အဝတ်အစားတွေကို ဝတ်ထားခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးဝတ်စုံဝတ်ပြီးတဲ့နောက် အဝတ်အစားပြန်လဲဖို့ အချိန်မရှိတော့ဘူး။ နောက်ယောင်ခံလိုက်တဲ့သူတွေ မှတ်မိသွားမှာ စိုးတဲ့ အကြောက်တရားက နှစ်ဆဖြစ်လာတော့ သူတို့တွေ စုတ်စုတ်ပြတ်ပြတ် အဝတ် အစားဟောင်းတွေပဲ ဝတ်လိုက်ကြတယ်။ တောလမ်းတလျှောက်လမ်းလျှောက်လာရ တော့ သူကြည့်ရတာ တကယ်ကို ဒေသခံတစ်ယောက်နဲ့ တူနေတယ်။
** ဒါက Gu Yan လား Gu Hai လား? ** ဒီတစ်ခါ Tong Zhe လည်း ခေါင်းရှုပ် သွားတယ်။ သူ့,မသိစိတ်ထဲမှာတော့ ဒီလူက Gu Yan ပဲ .... ဒါပေမယ့် Gu Yan ဒီကို ရောက်နေတာဟာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူနဲ့အတူ ခုန်ချခဲ့တဲ့သူက Gu Hai ဆို တာ အရှင်းကြီးပါ။
Gu Yan ကသူ့သရုပ်ကို သေသေချာချာမြင်ချင်တာနဲ့ပဲ တမင်တကာမေးလိုက်တယ်။ "အဆွေ...ဒီကနေ Shijiazhaung (Hebi ပြည်နယ်၏ မြို့တော်) ရောက်ဖို့ ဘယ်လောက် ဝေးသေးလဲ?"
Tong Zhe က သူ့လက်တွေနဲ့ သူ့အင်္ကျီကို ဆုပ်ကိုင်ပြီး Shan Dong လေသံနဲ့ ပြော တယ်။
" အဟမ်း.... ကျုပ်က နယ်ခံမဟုတ်ဘူးဝေ။ ကျုပ်က Shan Dong က။ နင် ဟိုဘက် ဝေး.....!"
Gu Yan သွားမေးပါလား "......."
End of chapter -66